Premier League

တော့ဒ် ဘိုလီရဲ့အမှားကနေ နာလံပြန်ထူဖို့ ချဲလ်ဆီးတို့ကြာဦးမယ်လို့ ပြောလိုက်တဲ့ နဗီး

ဂယ်ရီ နဗီးက ချဲလ်ဆီးအသင်းအနေနဲ့ တော့ဒ် ဘိုလီရဲ့ ပထမဆုံး အပြောင်းအရွှေ့ဈေးကွက်မှာ လုပ်ဆောင်ခဲ့တဲ့ အမှားကနေ ပြန်လည် နာလံထူနိုင်ဖို့အတွက် နှစ်အတော်ကြာကြာ အချိန်ယူရမယ်လို့ ယုံကြည်နေပါတယ်။

အမေရိကန်လုပ်ငန်းရှင် ဘီလျံနာ တော့ဒ် ဘိုလီ ဦးဆောင်တဲ့ လုပ်ငန်းစုနဲ့ Clearlake Capital တို့ဟာ ပြီးခဲ့တဲ့ မေလမှာ ချဲလ်ဆီးအသင်းကို ပေါင် ၄.၂၅ ဘီလီယံနဲ့ လက်လွှဲ ဝယ်ယူခဲ့ကြတာဖြစ်ပြီး တော့ဒ် ဘိုလီက အသင်းပိုင်ရှင်သစ် အာဏာပြဖို့ အချိန်သိပ်မယူခဲ့ဘဲ ချန်ပီယံလိဂ်ဖလားရယူပေးခဲ့တဲ့ နည်းပြ တူဟယ်ကို ရာသီအစောပိုင်းမှာ ထုတ်ပယ်ခဲ့သလို ပေါင်သန်း ၂၅၀ အထိ သုံးစွဲပြီး ကစားသမားသစ်ခေါ်ယူမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကစားသမားသစ် ၉ ဦးအထိ စတမ်းဖို့ဒ် ဘရစ်ချ်ကို ရောက်ရှိလာခဲ့ပြီး ဖိုဖာနာ၊ ကူကူရယ်လာ၊ ရာဟင်းစတားလင်းနဲ့ ကူလီဘေလီတို့လို နာမည်ကြီး ကစားသမားတွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဂယ်ရီ နဗီးက ချဲလ်ဆီးရဲ့ နွေရာသီအပြောင်းအရွှေ့ကာလ ချဉ်းကပ်မှုဟာ မိုက်မဲမှုလို့ ယုံကြည်နေပြီး အနောက်လန်ဒန်ကလပ်အသင်းအနေနဲ့ အရင်လို အခြေအနေပြန်ရောက်နိုင်ဖို့ နှစ်အတော်ကြာ အချိန်ယူရလိမ့်မယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အစပိုင်းတုန်းက တူဟယ်ရဲ့နေရာမှာ အစားထိုးခန့်အပ်ခဲ့တဲ့ နည်းပြ ပေါ့တားလက်အောက်မှာ အထင်ကြီးဖွယ်ကောင်းခဲ့ပေမယ့် နောက်ဆုံး ၄ ပွဲစလုံး ရှုံးနိမ့်ခဲ့ပြီးနောက် ပရီးမီးယားလိဂ် အဆင့် ၈ နေရာအထိ ကျဆင်းခဲ့သလို ကာရာဘောင်းဖလားပြိုင်ပွဲကနေလည်း ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ “ကျွန်တော်တို့ ချဲလ်ဆီးအသင်းအကြောင်း ပြောကြမလား။ တော့ဒ် ဘိုလီရဲ့ စီမံကိန်း၊ ကျွန်တော်တို့ ချဲလ်ဆီးအကြောင်း ပြောရပါမယ်”

“ကျွန်တော် ရာသီအစတုန်းက ချဲလ်ဆီးပရိသတ်တွေရဲ့ ရန်ရှာတာ ခံခဲ့ရပေမယ့် ချဲလ်ဆီး ဖြစ်ပျက်သွားတာနဲ့ပတ်သက်ပြီး ကျွန်တော် မအံ့သြမိပါဘူး။ ဒီဟာက အချိန်ယူရမယ့် စီမံကိန်းတစ်ခုရဲ့ လက္ခဏာတွေ အားလုံး ရှိနေပါတယ်။ ခင်ဗျား ရာသီအစမှာ ဘာဖြစ်ခဲ့လဲဆိုတာကို ကြည့်လိုက်ရင် အပြောင်းအရွှေ့ဈေးကွက်ကို ကိုင်တွယ်ခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီး မိုက်မဲတဲ့ပုံစံနဲ့ ကိုင်တွယ်ခဲ့တယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ဒီအပြောင်းအရွှေ့ဈေးကွက်က ချဲလ်ဆီးကို မှန်ကန်အောင် မလုပ်နိုင်ဘူးဆိုရင် အရင်လို ပြန်ဖြစ်အောင်လုပ်ဖို့ နှစ်အတော်ကြာ အချိန်ယူရစေနိုင်ပါတယ်။ ဂရေဟမ် ပေါ့တားက ကြီးမားတဲ့ ဖိအားအောက်မှာ ရှိနေတယ်။ သူ အဲဒီလို မရှိနေဖို့ ကျွန်တော် မျှော်လင့်မိပြီး သူတို့တွေ အဲဒါကို ဖြတ်သန်းနိုင်မယ်လို့ မြင်မှာပါ”

“ဘာလို့လဲဆိုတော့ ရိုမန် အေဘရာမိုဗစ်ချ် ထွက်ခွာမှုက အခက်အခဲတွေရဲ့အထွတ်အထိပ်ဖြစ်ပြီး ပိုင်ရှင်သစ် ရောက်လာပြီးတော့ သူ့ပိုက်ဆံသေတ္တာပိုက်ပြီး ဥရောပတလွှားကို သွားရင်း သူ Football Manager ကစားနိုင်တယ်လို့ ထင်နေလို့ပါ။ ကျွန်တော် အရင်တုန်းက အဲဒါကို မြင်တွေ့ခဲ့ဖူးပြီး အဲဒါက အလုပ်မဖြစ်ပါဘူး။ ချဲလ်ဆီးက ကစားသမားသစ် ခေါ်ယူရာမှာ ထိရောက်တဲ့ လုပ်ငန်းဆောင်ရွက်မှု၊ အကျိုးဖြစ်ထွန်းမှု၊ တကယ် ပါးနပ်မှု အမြဲတမ်း ရှိခဲ့တယ်လို့ ကျွန်တော်ထင်တယ်”

“အဲဒီတော့ အခုအချိန်မှာ ချဲလ်ဆီးက ဇာတ်လမ်းကြီးတွေထဲက တစ်ခု ဖြစ်နေတယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေ တိုးတက်လာလိမ့်မယ်လို့ ကျွန်တော် ထင်တယ်။ ဒါပေမယ့် မေးခွန်းထုတ်စရာတွေ ရှိနေတာ သိသာပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက ပေါင်သန်း ၂၅၀ ဘယ်ရောက်သွားလဲဆိုတာ ကျွန်တော် သိချင်နေတဲ့ မန်ယူနိုက်တက်လိုမျိုး အသင်းဖြစ်နေလို့ပါ”

“အဲဒါက တစ်ဘီလီယံရဲ့ လေးပုံတစ်ပုံဖြစ်ပြီး ဘယ်ရောက်သွားခဲ့တာလဲ။ သူတို့တွေ လူစာရင်းကို ဘယ်လို အဆင့်မြှင့်တင်မှာလဲ။ ချဲလ်ဆီးအတွက် မေးခွန်းတွေကတော့ အများကြီးရှိနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂယ္ရီ နဗီးက ခ်ဲလ္ဆီးအသင္းအေနနဲ႔ ေတာ့ဒ္ ဘိုလီရဲ႕ ပထမဆုံး အေျပာင္းအေ႐ႊ႕ေဈးကြက္မွာ လုပ္ေဆာင္ခဲ့တဲ့ အမွားကေန ျပန္လည္ နာလံထူႏိုင္ဖို႔အတြက္ ႏွစ္အေတာ္ၾကာၾကာ အခ်ိန္ယူရမယ္လို႔ ယုံၾကည္ေနပါတယ္။

အေမရိကန္လုပ္ငန္းရွင္ ဘီလ်ံနာ ေတာ့ဒ္ ဘိုလီ ဦးေဆာင္တဲ့ လုပ္ငန္းစုနဲ႔ Clearlake Capital တို႔ဟာ ၿပီးခဲ့တဲ့ ေမလမွာ ခ်ဲလ္ဆီးအသင္းကို ေပါင္ ၄.၂၅ ဘီလီယံနဲ႔ လက္လႊဲ ဝယ္ယူခဲ့ၾကတာျဖစ္ၿပီး ေတာ့ဒ္ ဘိုလီက အသင္းပိုင္ရွင္သစ္ အာဏာျပဖို႔ အခ်ိန္သိပ္မယူခဲ့ဘဲ ခ်န္ပီယံလိဂ္ဖလားရယူေပးခဲ့တဲ့ နည္းျပ တူဟယ္ကို ရာသီအေစာပိုင္းမွာ ထုတ္ပယ္ခဲ့သလို ေပါင္သန္း ၂၅၀ အထိ သုံးစြဲၿပီး ကစားသမားသစ္ေခၚယူမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ကစားသမားသစ္ ၉ ဦးအထိ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေရာက္ရွိလာခဲ့ၿပီး ဖိုဖာနာ၊ ကူကူရယ္လာ၊ ရာဟင္းစတားလင္းနဲ႔ ကူလီေဘလီတို႔လို နာမည္ႀကီး ကစားသမားေတြ ပါဝင္ခဲ့တာျဖစ္ပါတယ္။

ဂယ္ရီ နဗီးက ခ်ဲလ္ဆီးရဲ႕ ေႏြရာသီအေျပာင္းအေ႐ႊ႕ကာလ ခ်ဥ္းကပ္မႈဟာ မိုက္မဲမႈလို႔ ယုံၾကည္ေနၿပီး အေနာက္လန္ဒန္ကလပ္အသင္းအေနနဲ႔ အရင္လို အေျခအေနျပန္ေရာက္ႏိုင္ဖို႔ ႏွစ္အေတာ္ၾကာ အခ်ိန္ယူရလိမ့္မယ္လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ အစပိုင္းတုန္းက တူဟယ္ရဲ႕ေနရာမွာ အစားထိုးခန႔္အပ္ခဲ့တဲ့ နည္းျပ ေပါ့တားလက္ေအာက္မွာ အထင္ႀကီးဖြယ္ေကာင္းခဲ့ေပမယ့္ ေနာက္ဆုံး ၄ ပြဲစလုံး ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္ အဆင့္ ၈ ေနရာအထိ က်ဆင္းခဲ့သလို ကာရာေဘာင္းဖလားၿပိဳင္ပြဲကေနလည္း ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။ “ကြၽန္ေတာ္တို႔ ခ်ဲလ္ဆီးအသင္းအေၾကာင္း ေျပာၾကမလား။ ေတာ့ဒ္ ဘိုလီရဲ႕ စီမံကိန္း၊ ကြၽန္ေတာ္တို႔ ခ်ဲလ္ဆီးအေၾကာင္း ေျပာရပါမယ္”

“ကြၽန္ေတာ္ ရာသီအစတုန္းက ခ်ဲလ္ဆီးပရိသတ္ေတြရဲ႕ ရန္ရွာတာ ခံခဲ့ရေပမယ့္ ခ်ဲလ္ဆီး ျဖစ္ပ်က္သြားတာနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ မအံ့ၾသမိပါဘူး။ ဒီဟာက အခ်ိန္ယူရမယ့္ စီမံကိန္းတစ္ခုရဲ႕ လကၡဏာေတြ အားလုံး ရွိေနပါတယ္။ ခင္ဗ်ား ရာသီအစမွာ ဘာျဖစ္ခဲ့လဲဆိုတာကို ၾကည့္လိုက္ရင္ အေျပာင္းအေ႐ႊ႕ေဈးကြက္ကို ကိုင္တြယ္ခဲ့တဲ့ပုံစံနဲ႔ပတ္သက္ၿပီး မိုက္မဲတဲ့ပုံစံနဲ႔ ကိုင္တြယ္ခဲ့တယ္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။ ဒီအေျပာင္းအေ႐ႊ႕ေဈးကြက္က ခ်ဲလ္ဆီးကို မွန္ကန္ေအာင္ မလုပ္ႏိုင္ဘူးဆိုရင္ အရင္လို ျပန္ျဖစ္ေအာင္လုပ္ဖို႔ ႏွစ္အေတာ္ၾကာ အခ်ိန္ယူရေစႏိုင္ပါတယ္။ ဂေရဟမ္ ေပါ့တားက ႀကီးမားတဲ့ ဖိအားေအာက္မွာ ရွိေနတယ္။ သူ အဲဒီလို မရွိေနဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္မိၿပီး သူတို႔ေတြ အဲဒါကို ျဖတ္သန္းႏိုင္မယ္လို႔ ျမင္မွာပါ”

“ဘာလို႔လဲဆိုေတာ့ ႐ိုမန္ ေအဘရာမိုဗစ္ခ်္ ထြက္ခြာမႈက အခက္အခဲေတြရဲ႕အထြတ္အထိပ္ျဖစ္ၿပီး ပိုင္ရွင္သစ္ ေရာက္လာၿပီးေတာ့ သူ႔ပိုက္ဆံေသတၱာပိုက္ၿပီး ဥေရာပတလႊားကို သြားရင္း သူ Football Manager ကစားႏိုင္တယ္လို႔ ထင္ေနလို႔ပါ။ ကြၽန္ေတာ္ အရင္တုန္းက အဲဒါကို ျမင္ေတြ႕ခဲ့ဖူးၿပီး အဲဒါက အလုပ္မျဖစ္ပါဘူး။ ခ်ဲလ္ဆီးက ကစားသမားသစ္ ေခၚယူရာမွာ ထိေရာက္တဲ့ လုပ္ငန္းေဆာင္႐ြက္မႈ၊ အက်ိဳးျဖစ္ထြန္းမႈ၊ တကယ္ ပါးနပ္မႈ အၿမဲတမ္း ရွိခဲ့တယ္လို႔ ကြၽန္ေတာ္ထင္တယ္”

“အဲဒီေတာ့ အခုအခ်ိန္မွာ ခ်ဲလ္ဆီးက ဇာတ္လမ္းႀကီးေတြထဲက တစ္ခု ျဖစ္ေနတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူတို႔ေတြ တိုးတက္လာလိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဒါေပမယ့္ ေမးခြန္းထုတ္စရာေတြ ရွိေနတာ သိသာပါတယ္။ ဘာလို႔လဲဆိုေတာ့ သူတို႔ေတြက ေပါင္သန္း ၂၅၀ ဘယ္ေရာက္သြားလဲဆိုတာ ကြၽန္ေတာ္ သိခ်င္ေနတဲ့ မန္ယူႏိုက္တက္လိုမ်ိဳး အသင္းျဖစ္ေနလို႔ပါ”

“အဲဒါက တစ္ဘီလီယံရဲ႕ ေလးပုံတစ္ပုံျဖစ္ၿပီး ဘယ္ေရာက္သြားခဲ့တာလဲ။ သူတို႔ေတြ လူစာရင္းကို ဘယ္လို အဆင့္ျမႇင့္တင္မွာလဲ။ ခ်ဲလ္ဆီးအတြက္ ေမးခြန္းေတြကေတာ့ အမ်ားႀကီးရွိေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.