Analysis Article Premier League

အဆင့် ၆ က လီဗာပူးလ်တို့ ဆောင်းရာသီမှာ အားဖြည့်ပြင်ဆင်လာနိုင်မှာလား

လီဗာပူးလ်အသင်းအနေနဲ့ ရာသီအစမှာ ရလဒ်တွေ ဆိုးရွားခဲ့သလို လက်ရှိမှာလည်း ပြိုင်ဘက်တွေ ခြေချော်ခဲ့ချိန်မှာ နိုင်ပွဲတချို့ ပြန်လည် ရရှိခဲ့တာကြောင့် အဆင့် ၆ နေရာအထိ တက်လှမ်းလာနိုင်ခဲ့ပေမယ့် ပွဲရလဒ်နဲ့ စုဆောင်းထားနိုင်တဲ့ ရမှတ်တွေကတော့ အားရစရာ မရှိခဲ့ဘဲဖြစ်နေခဲ့လို့ ပရိသတ်တွေရဲ့ ဖိအားပေးမှုတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ ၁၄ ပွဲ ကစားအပြီး ၆ ပွဲနိုင် ၄ ပွဲသရေ ၄ ပွဲရှုံး၊ ရမှတ် ၂၂ မှတ်နဲ့ ဥရောပဝင်ခွင့်ကို ပြန်လည်မျက်စောင်းထိုးလာခဲ့ပေမယ့် ထိပ်ဆုံးက အာဆင်နယ်တို့နဲ့ ၁၅ မှတ် ကွာဟနေခဲ့သလို ချန်ပီယံလိဂ်ကစားခွင့် နောက်ဆုံး အဆင့် ၄ နေရာကို ရယူထားတဲ့ စပါးစ်တို့နဲ့ ၇ မှတ် ကွာဟနေသေးပြီး ဒါက သူတို့အတွက်တော့ လက်ကျန် ၂၄ ပွဲမှာ ကြိုးစားရဦးမှာပါ။

ပြီးခဲ့တဲ့ နွေရာသီမှာ ကွင်းလယ်အားဖြည့်ဖို့ကို ပျက်ကွက်ခဲ့ပြီး ဘင်ဖီကာက ခေါ်ယူခဲ့တဲ့ တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်၊ ဖူလ်ဟမ်တောင်ပံသမား ဖာဘီယို ကာဗာလ်ယို၊ ဘယ်နားမှမှ သုံးဖို့ မရှိတဲ့ အဘာဒင်းန်နောက်ခံလူ ကယ်လ်ဗင် ရမ်ဆေးတို့ သုံးဦးနဲ့သာ ရာသီသစ်ကို စတင်ခဲ့ချိန်မှာ နည်းပြ ယာဂန် ကလော့ပ်အနေနဲ့လည်း သူ့ရဲ့အသင်းကို ပုံစံကောင်းမှာ ထိန်းသိမ်းမထားနိုင်ခဲ့တာဖြစ်ပါတယ်။

အဓိကအားဖြင့်တော့ ကပ္ပတိန် ဂျော်ဒန် ဟန်ဒါဆန်ကို ပွဲတိုင်းမသုံးနိုင်ချိန်မှာ အတွဲဒီလောက်မညီလှတဲ့ သီယာဂို အယ်လ်ကန်တာရာနဲ့ ဖာဘင်ညိုတို့ကို Double Pivot အဖြစ် သုံးစွဲနေရပြီး ၄-၂-၁-၃ ကစားလိုက် ၄-၃-၃ ကစားလိုက်နဲ့ လှည့်ပတ်နေရတဲ့ လီဗာပူးလ်တို့အနေနဲ့ နိုင်သင့်တဲ့ ပွဲတွေကိုလည်း လက်လွှတ်ထားခဲ့ရပြီး နော့တင်ဟမ် ဖောရက်စ်နဲ့ လိဒ်စ်ယူနိုက်တက်တို့ကို ရှုံးနိမ့်ခဲ့တာတွေက လက်မခံနိုင်စရာပါ။

မော်ဒန်ဘောလုံးမှာ ကွင်းလယ်ဟာ အရာအားလုံးပဲလို့ ဆိုထားချိန်မှာ သီယာဂို၊ ဖာဘင်ညိုတို့နှစ်ယောက်သာ အမာခံရှိပြီး ကျန်တဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုမှာ လိုအပ်ချက်တွေ ရှိနေတဲ့ ကစားသမားတွေဖြစ်ကြတဲ့ ဟန်ဒါဆန်၊ ဟာဗီ အဲလီးယော့၊ နာဘီ ကီတာ၊ အဲလက်စ် ချိမ်ဘာလိန်၊ ကားတစ်ဂျုံးစ်တို့လို ကစားသမားတွေနဲ့ အဆင်ပြေသလို တွဲဖက်ပေးနေခဲ့ရသလို ဂျူဗင်တပ်စ်က အငှားနဲ့ခေါ်ထားတဲ့ အာသာ မယ်လိုက ဂျင်းမိခဲ့သေးတာဖြစ်ပါတယ်။

ဒါကြောင့် လီဗာပူးလ်တို့အနေနဲ့ ကမ္ဘာ့ဖလားကြောင့် ပွဲတွေ ရပ်နားထားချိန်မှာ ဦးစားပေး လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ကတော့ ဇန်နဝါရီမှာ အသင်းကို အဆင့်အတန်းမြင့် ကွင်းလယ်လူတစ်ဦး ခေါ်ယူနိုင်ဖို့ပဲဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၂၈ ရာခိုင်နှုန်းသာ ရရှိထားချိန်မှာ အသင်းကြီး တစ်သင်းအဆင့်ကို မယိမ်းမယိုင် ရပ်တည်နိုင်ဖို့ ဒီထက် ပိုကောင်းအောင် လုပ်ရဦးမှာပါ။

လက်ရှိမှာတော့ လီဗာပူးလ်တို့အနေနဲ့ အာဆင်နယ်၊ မန်ချက်စတာစီးတီးတို့ကို မေ့ထားပြီး တတိယနေရာကိုသာ ပစ်မှတ်ထား ကြိုးစားရမှာ ဖြစ်သလို နယူးကာဆယ်လ်၊ စပါးစ်၊ မန်ချက်စတာယူနိုက်တက်တို့ကို ကျော်ဖြတ်နိုင်ဖို့ လုပ်ရမယ့်အချိန်မှာ ချဲလ်ဆီးကတော့ ပြိုင်ဘက်စာရင်းထဲက နောက်ကျန်နေခဲ့လို့ သူတို့အတွက် အာရုံစိုက်စရာ တစ်သင်း လျော့သွားမယ်လို့ ယူဆရပါတယ်။

ဒီအချိန်မှာ အသင်းကို လက်လွှဲရောင်းဖို့ ကြံနေတဲ့ ဖင်းဝေး စပို့စ်ဂရုရဲ့ အကြံအစည်ကတော့ အသင်းအတွက် ကစားသမားသစ် ခေါ်ယူနိုင်ခြေကို နှောင့်နှေးစေမှာဖြစ်ပြီး ရောင်းမယ်သေချာရင်လည်း မြန်မြန်ဆန်ဆန် အပြီးသတ်နိုင်မှ အဆင်ပြေမှာဖြစ်သလို ဒါမှသာ ဘဏ္ဏာရေးရှင်းတမ်းတွေကို လက်လွှဲပြီးမှ လီဗာပူးလ်ပရိသတ်တွေနဲ့ ကလော့ပ်အတွက် လိုအပ်သူကို တောင်းဆိုနိုင်မှာဖြစ်ကြောင်းလည်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္အသင္းအေနနဲ႔ ရာသီအစမွာ ရလဒ္ေတြ ဆိုး႐ြားခဲ့သလို လက္ရွိမွာလည္း ၿပိဳင္ဘက္ေတြ ေျခေခ်ာ္ခဲ့ခ်ိန္မွာ ႏိုင္ပြဲတခ်ိဳ႕ ျပန္လည္ ရရွိခဲ့တာေၾကာင့္ အဆင့္ ၆ ေနရာအထိ တက္လွမ္းလာႏိုင္ခဲ့ေပမယ့္ ပြဲရလဒ္နဲ႔ စုေဆာင္းထားႏိုင္တဲ့ ရမွတ္ေတြကေတာ့ အားရစရာ မရွိခဲ့ဘဲျဖစ္ေနခဲ့လို႔ ပရိသတ္ေတြရဲ႕ ဖိအားေပးမႈေတြနဲ႔ ရင္ဆိုင္ေနခဲ့ရတာျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ ၁၄ ပြဲ ကစားအၿပီး ၆ ပြဲႏိုင္ ၄ ပြဲသေရ ၄ ပြဲရႈံး၊ ရမွတ္ ၂၂ မွတ္နဲ႔ ဥေရာပဝင္ခြင့္ကို ျပန္လည္မ်က္ေစာင္းထိုးလာခဲ့ေပမယ့္ ထိပ္ဆုံးက အာဆင္နယ္တို႔နဲ႔ ၁၅ မွတ္ ကြာဟေနခဲ့သလို ခ်န္ပီယံလိဂ္ကစားခြင့္ ေနာက္ဆုံး အဆင့္ ၄ ေနရာကို ရယူထားတဲ့ စပါးစ္တို႔နဲ႔ ၇ မွတ္ ကြာဟေနေသးၿပီး ဒါက သူတို႔အတြက္ေတာ့ လက္က်န္ ၂၄ ပြဲမွာ ႀကိဳးစားရဦးမွာပါ။

ၿပီးခဲ့တဲ့ ေႏြရာသီမွာ ကြင္းလယ္အားျဖည့္ဖို႔ကို ပ်က္ကြက္ခဲ့ၿပီး ဘင္ဖီကာက ေခၚယူခဲ့တဲ့ တိုက္စစ္မႉး ဒါဝင္ ႏူးညက္ဇ္၊ ဖူလ္ဟမ္ေတာင္ပံသမား ဖာဘီယို ကာဗာလ္ယို၊ ဘယ္နားမွမွ သုံးဖို႔ မရွိတဲ့ အဘာဒင္းန္ေနာက္ခံလူ ကယ္လ္ဗင္ ရမ္ေဆးတို႔ သုံးဦးနဲ႔သာ ရာသီသစ္ကို စတင္ခဲ့ခ်ိန္မွာ နည္းျပ ယာဂန္ ကေလာ့ပ္အေနနဲ႔လည္း သူ႔ရဲ႕အသင္းကို ပုံစံေကာင္းမွာ ထိန္းသိမ္းမထားႏိုင္ခဲ့တာျဖစ္ပါတယ္။

အဓိကအားျဖင့္ေတာ့ ကပၸတိန္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကို ပြဲတိုင္းမသုံးႏိုင္ခ်ိန္မွာ အတြဲဒီေလာက္မညီလွတဲ့ သီယာဂို အယ္လ္ကန္တာရာနဲ႔ ဖာဘင္ညိဳတို႔ကို Double Pivot အျဖစ္ သုံးစြဲေနရၿပီး ၄-၂-၁-၃ ကစားလိုက္ ၄-၃-၃ ကစားလိုက္နဲ႔ လွည့္ပတ္ေနရတဲ့ လီဗာပူးလ္တို႔အေနနဲ႔ ႏိုင္သင့္တဲ့ ပြဲေတြကိုလည္း လက္လႊတ္ထားခဲ့ရၿပီး ေနာ့တင္ဟမ္ ေဖာရက္စ္နဲ႔ လိဒ္စ္ယူႏိုက္တက္တို႔ကို ရႈံးနိမ့္ခဲ့တာေတြက လက္မခံႏိုင္စရာပါ။

ေမာ္ဒန္ေဘာလုံးမွာ ကြင္းလယ္ဟာ အရာအားလုံးပဲလို႔ ဆိုထားခ်ိန္မွာ သီယာဂို၊ ဖာဘင္ညိဳတို႔ႏွစ္ေယာက္သာ အမာခံရွိၿပီး က်န္တဲ့ ေျခစြမ္းနဲ႔ ႀကံ့ခိုင္မႈမွာ လိုအပ္ခ်က္ေတြ ရွိေနတဲ့ ကစားသမားေတြျဖစ္ၾကတဲ့ ဟန္ဒါဆန္၊ ဟာဗီ အဲလီးေယာ့၊ နာဘီ ကီတာ၊ အဲလက္စ္ ခ်ိမ္ဘာလိန္၊ ကားတစ္ဂ်ဳံးစ္တို႔လို ကစားသမားေတြနဲ႔ အဆင္ေျပသလို တြဲဖက္ေပးေနခဲ့ရသလို ဂ်ဴဗင္တပ္စ္က အငွားနဲ႔ေခၚထားတဲ့ အာသာ မယ္လိုက ဂ်င္းမိခဲ့ေသးတာျဖစ္ပါတယ္။

ဒါေၾကာင့္ လီဗာပူးလ္တို႔အေနနဲ႔ ကမာၻ႔ဖလားေၾကာင့္ ပြဲေတြ ရပ္နားထားခ်ိန္မွာ ဦးစားေပး လုပ္ေဆာင္ရမယ့္ လုပ္ငန္းစဥ္ကေတာ့ ဇန္နဝါရီမွာ အသင္းကို အဆင့္အတန္းျမင့္ ကြင္းလယ္လူတစ္ဦး ေခၚယူႏိုင္ဖို႔ပဲျဖစ္ၿပီး ဒီရာသီ ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲ ၂၈ ရာခိုင္ႏႈန္းသာ ရရွိထားခ်ိန္မွာ အသင္းႀကီး တစ္သင္းအဆင့္ကို မယိမ္းမယိုင္ ရပ္တည္ႏိုင္ဖို႔ ဒီထက္ ပိုေကာင္းေအာင္ လုပ္ရဦးမွာပါ။

လက္ရွိမွာေတာ့ လီဗာပူးလ္တို႔အေနနဲ႔ အာဆင္နယ္၊ မန္ခ်က္စတာစီးတီးတို႔ကို ေမ့ထားၿပီး တတိယေနရာကိုသာ ပစ္မွတ္ထား ႀကိဳးစားရမွာ ျဖစ္သလို နယူးကာဆယ္လ္၊ စပါးစ္၊ မန္ခ်က္စတာယူႏိုက္တက္တို႔ကို ေက်ာ္ျဖတ္ႏိုင္ဖို႔ လုပ္ရမယ့္အခ်ိန္မွာ ခ်ဲလ္ဆီးကေတာ့ ၿပိဳင္ဘက္စာရင္းထဲက ေနာက္က်န္ေနခဲ့လို႔ သူတို႔အတြက္ အာ႐ုံစိုက္စရာ တစ္သင္း ေလ်ာ့သြားမယ္လို႔ ယူဆရပါတယ္။

ဒီအခ်ိန္မွာ အသင္းကို လက္လႊဲေရာင္းဖို႔ ႀကံေနတဲ့ ဖင္းေဝး စပို႔စ္ဂ႐ုရဲ႕ အႀကံအစည္ကေတာ့ အသင္းအတြက္ ကစားသမားသစ္ ေခၚယူႏိုင္ေျခကို ေႏွာင့္ေႏွးေစမွာျဖစ္ၿပီး ေရာင္းမယ္ေသခ်ာရင္လည္း ျမန္ျမန္ဆန္ဆန္ အၿပီးသတ္ႏိုင္မွ အဆင္ေျပမွာျဖစ္သလို ဒါမွသာ ဘဏၰာေရးရွင္းတမ္းေတြကို လက္လႊဲၿပီးမွ လီဗာပူးလ္ပရိသတ္ေတြနဲ႔ ကေလာ့ပ္အတြက္ လိုအပ္သူကို ေတာင္းဆိုႏိုင္မွာျဖစ္ေၾကာင္းလည္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.