International Premier League World Cup

နည်းပြ ဆောက်ဂိတ်ရဲ့ အင်္ဂလန်ကျောနံပါတ်တွေ ထွက်ပေါ်လာပြီး ဝေဖန်မှုတွေရှိနေ

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲတင် အင်္ဂလန်အသင်းအတွက် ကျောနံပါတ်တွေကို မနေ့ညနေက ထုတ်ပြန်လိုက်ပြီး ဒီထဲမှာ နံပါတ်တွေနဲ့ ကစားသမားတွေကို နေရာချထားပေးအပ်မှုတွေအတွက် နည်းပြ ဂါရက်သ် ဆောက်ဂိတ်ရဲ့ လူထုတ်ပုံနဲ့ ရွေးချယ်လာနိုင်မှုတွေအပေါ် ကြိုတင်ခန့်မှန်းမှုနဲ့ ဝေဖန်မှုတွေ ရှိနေခဲ့ကြပါတယ်။

စစချင်းမှာတော့ အင်္ဂလန်ဂိုးသမားသုံးယောက်ဖြစ်ကြတဲ့ ဂျော်ဒန် ပစ်ခ်ဖို့ဒ်၊ နစ်ခ် ပုပ်နဲ့ အာရွန် ရမ်းစ်ဒေးလ်တို့က ကျောနံပါတ် ၁၊ ၁၃ နဲ့ ၂၃ တို့ကို အသီးသီး ရရှိသွားခဲ့ကြချိန်မှာ ပရိသတ်တွေအနေနဲ့ အဲဗာတန်နဲ့ ရလဒ်တွေ ဆိုးနေပြီး အမှားတွေ ကျူးလွန်နေတဲ့ ဂိုးသမားကို နံပါတ်တစ် ပွဲထွက်နေရာ ဆက်ပေးမလားလို့ စိုးရိမ်နေခဲ့ကြတာဖြစ်ပြီး ပုပ်နဲ့ ရမ်းစ်ဒေးလ်တို့ တစ်ဦးဦးကို ပိုမိုအလိုရှိနေခဲ့ကြတာပါ။

ခံစစ်သမားတွေရဲ့ နံပါတ်တွေကတော့ ၂။ခိုင်လ် ဝေါ်လ်ကာ ၃။လုခ် ရှော ၅။ဂျွန် စတုန်းစ် ၆။ဟာရီ မက်ဂွိုင်းယား ၁၂။ကီရန် ထရစ်ပီယာ ၁၅။အဲရစ် ဒိုင်ယာ ၁၆။ကွန်နာ ကိုဒီ ၁၈။ထရင့် အလက်ဇန်းဒါး-အာနိုးလ်ဒ် ၂၁။ဘန် ဝှိုက်တို့ ဖြစ်ကြပြီး ဒီအဖွဲ့မှာလည်း ကလပ်အသင်းက ပုံစံတွေကို မကြည့်ဘဲ ၅ နဲ့ ၆ ကို ထုံးစံအတိုင်း ရွေးချယ်ခဲ့ရင် ဒုက္ခပါပဲလို့ ထင်မြင်နေကြတာပါ။

ကွင်းလယ်ကစားသမားတွေထဲမှာတော့ ၄။ဒက်ကလန် ရိုက်စ် ၈။ဂျော်ဒန် ဟန်ဒါဆန် ၁၄။ကယ်လ်ဗင် ဖိလစ် ၁၉။မေဆန်မောင့် ၂၂။ဂျုဒ် ဘယ်လင်ဂမ် ၂၅။ဂျိမ်းစ် မက်ဒီဆန် ၂၆။ကွန်နာ ဂါလာဂါတို့ ဖြစ်ကြပြီး ဆောက်ဂိတ်အနေနဲ့ ရိုက်စ်နဲ့ ဟန်ဒါဆန်တို့ကို ဘယ်သူနဲ့ တွဲပေးမလဲဆိုတာတော့ စိတ်ဝင်စားစရာဖြစ်နေခဲ့ပါတယ်။

တိုက်စစ်သမားတွေရဲ့ နံပါတ်တွေကတော့ ၇။ဂျက်ခ် ဂရီးလစ်ရှ် ၉။ဟာရီကိန်း ၁၀။ရာဟင်းမ် စတာလင် ၁၁။မားကပ်စ် ရက်ရှ်ဖို့ဒ် ၁၇။ဘူကာယို ဆာကာ ၂၀။ဖီးလ် ဖိုဒန် ၂၄။ကယ်လမ် ဝီလ်ဆန်တို့ဖြစ်ကြပြီး ဒီထဲမှာလည်း ခြေစွမ်းဆိုးရွားနေတဲ့ စတာလင်လို ကစားသမားမျိုးကို နံပါတ် ၁၀ ပေးပြီး အာဆင်နယ်ရဲ့ ဆာကာနဲ့ မန်စီးတီးရဲ့ ဖိုဒန်တို့ကို နောက်ပို့ခဲ့တာက ဝေဖန်စရာဖြစ်ခဲ့ရတာပါ။

ဆောက်ဂိတ်ရဲ့ အင်္ဂလန်လူစာရင်းမှာ ခြေစွမ်းပြနေတဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန် တိုနီကို ချန်လှပ်ထားခဲ့တဲ့အတွက်တော့ ကြီးကြီးမားမား ဆန့်ကျင်ကန့်ကွက်စရာဖြစ်နေခဲ့ပြီး မန်ယူမှာ မကစားရတဲ့ မက်ဂွိုင်းယားကို ရွေးခဲ့တာနဲ့ စပါးစ်ခံစစ်မှာ နှေးကွေးလွန်းတဲ့ ဒိုင်ယာတို့ ပါဝင်လာတာကလည်း ခြင်္သေ့သုံးကောင်ဖန်တွေအတွက် ရယ်ပွဲဖွဲ့စရာဖြစ်ခဲ့ရပါတယ်။

အင်္ဂလန်အသင်းအနေနဲ့ လာမယ့် နိုဝင်ဘာလ ၂၂ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီမှာ ကာတာနိုင်ငံ၊ အယ်လ်ရေယန်မြို့မှာ ရှိတဲ့ ခါလီဖာ နိုင်ငံတကာ အားကစားကွင်းမှာ အာရှနဲ့ အရှေ့အလယ်ပိုင်းကိုယ်စားပြု အီရန်အသင်းနဲ့ စတင်ကစားရမှာဖြစ်ပြီး ဘယ်သူတွေ ပွဲထွက်လာမလဲဆိုတာနဲ့ ဒီနည်းပြနဲ့ အောင်မြင်နိုင်ပါ့မလားဆိုတာတွေကတော့ ပရိသတ်တွေ သို့လောသို့လော ဖြစ်နေကြကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲတင္ အဂၤလန္အသင္းအတြက္ ေက်ာနံပါတ္ေတြကို မေန႔ညေနက ထုတ္ျပန္လိုက္ၿပီး ဒီထဲမွာ နံပါတ္ေတြနဲ႔ ကစားသမားေတြကို ေနရာခ်ထားေပးအပ္မႈေတြအတြက္ နည္းျပ ဂါရက္သ္ ေဆာက္ဂိတ္ရဲ႕ လူထုတ္ပုံနဲ႔ ေ႐ြးခ်ယ္လာႏိုင္မႈေတြအေပၚ ႀကိဳတင္ခန႔္မွန္းမႈနဲ႔ ေဝဖန္မႈေတြ ရွိေနခဲ့ၾကပါတယ္။

စစခ်င္းမွာေတာ့ အဂၤလန္ဂိုးသမားသုံးေယာက္ျဖစ္ၾကတဲ့ ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္၊ နစ္ခ္ ပုပ္နဲ႔ အာ႐ြန္ ရမ္းစ္ေဒးလ္တို႔က ေက်ာနံပါတ္ ၁၊ ၁၃ နဲ႔ ၂၃ တို႔ကို အသီးသီး ရရွိသြားခဲ့ၾကခ်ိန္မွာ ပရိသတ္ေတြအေနနဲ႔ အဲဗာတန္နဲ႔ ရလဒ္ေတြ ဆိုးေနၿပီး အမွားေတြ က်ဴးလြန္ေနတဲ့ ဂိုးသမားကို နံပါတ္တစ္ ပြဲထြက္ေနရာ ဆက္ေပးမလားလို႔ စိုးရိမ္ေနခဲ့ၾကတာျဖစ္ၿပီး ပုပ္နဲ႔ ရမ္းစ္ေဒးလ္တို႔ တစ္ဦးဦးကို ပိုမိုအလိုရွိေနခဲ့ၾကတာပါ။

ခံစစ္သမားေတြရဲ႕ နံပါတ္ေတြကေတာ့ ၂။ခိုင္လ္ ေဝၚလ္ကာ ၃။လုခ္ ေရွာ ၅။ဂြၽန္ စတုန္းစ္ ၆။ဟာရီ မက္ဂြိဳင္းယား ၁၂။ကီရန္ ထရစ္ပီယာ ၁၅။အဲရစ္ ဒိုင္ယာ ၁၆။ကြန္နာ ကိုဒီ ၁၈။ထရင့္ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ ၂၁။ဘန္ ဝႈိက္တို႔ ျဖစ္ၾကၿပီး ဒီအဖြဲ႕မွာလည္း ကလပ္အသင္းက ပုံစံေတြကို မၾကည့္ဘဲ ၅ နဲ႔ ၆ ကို ထုံးစံအတိုင္း ေ႐ြးခ်ယ္ခဲ့ရင္ ဒုကၡပါပဲလို႔ ထင္ျမင္ေနၾကတာပါ။

ကြင္းလယ္ကစားသမားေတြထဲမွာေတာ့ ၄။ဒက္ကလန္ ႐ိုက္စ္ ၈။ေဂ်ာ္ဒန္ ဟန္ဒါဆန္ ၁၄။ကယ္လ္ဗင္ ဖိလစ္ ၁၉။ေမဆန္ေမာင့္ ၂၂။ဂ်ဳဒ္ ဘယ္လင္ဂမ္ ၂၅။ဂ်ိမ္းစ္ မက္ဒီဆန္ ၂၆။ကြန္နာ ဂါလာဂါတို႔ ျဖစ္ၾကၿပီး ေဆာက္ဂိတ္အေနနဲ႔ ႐ိုက္စ္နဲ႔ ဟန္ဒါဆန္တို႔ကို ဘယ္သူနဲ႔ တြဲေပးမလဲဆိုတာေတာ့ စိတ္ဝင္စားစရာျဖစ္ေနခဲ့ပါတယ္။

တိုက္စစ္သမားေတြရဲ႕ နံပါတ္ေတြကေတာ့ ၇။ဂ်က္ခ္ ဂရီးလစ္ရွ္ ၉။ဟာရီကိန္း ၁၀။ရာဟင္းမ္ စတာလင္ ၁၁။မားကပ္စ္ ရက္ရွ္ဖို႔ဒ္ ၁၇။ဘူကာယို ဆာကာ ၂၀။ဖီးလ္ ဖိုဒန္ ၂၄။ကယ္လမ္ ဝီလ္ဆန္တို႔ျဖစ္ၾကၿပီး ဒီထဲမွာလည္း ေျခစြမ္းဆိုး႐ြားေနတဲ့ စတာလင္လို ကစားသမားမ်ိဳးကို နံပါတ္ ၁၀ ေပးၿပီး အာဆင္နယ္ရဲ႕ ဆာကာနဲ႔ မန္စီးတီးရဲ႕ ဖိုဒန္တို႔ကို ေနာက္ပို႔ခဲ့တာက ေဝဖန္စရာျဖစ္ခဲ့ရတာပါ။

ေဆာက္ဂိတ္ရဲ႕ အဂၤလန္လူစာရင္းမွာ ေျခစြမ္းျပေနတဲ့ ဘရန႔္ဖို႔ဒ္တိုက္စစ္မႉး အိုင္ဗန္ တိုနီကို ခ်န္လွပ္ထားခဲ့တဲ့အတြက္ေတာ့ ႀကီးႀကီးမားမား ဆန႔္က်င္ကန႔္ကြက္စရာျဖစ္ေနခဲ့ၿပီး မန္ယူမွာ မကစားရတဲ့ မက္ဂြိဳင္းယားကို ေ႐ြးခဲ့တာနဲ႔ စပါးစ္ခံစစ္မွာ ေႏွးေကြးလြန္းတဲ့ ဒိုင္ယာတို႔ ပါဝင္လာတာကလည္း ျခေသၤ့သုံးေကာင္ဖန္ေတြအတြက္ ရယ္ပြဲဖြဲ႕စရာျဖစ္ခဲ့ရပါတယ္။

အဂၤလန္အသင္းအေနနဲ႔ လာမယ့္ ႏိုဝင္ဘာလ ၂၂ ရက္ေန႔ ေဒသစံေတာ္ခ်ိန္ ညေန ၄ နာရီမွာ ကာတာႏိုင္ငံ၊ အယ္လ္ေရယန္ၿမိဳ႕မွာ ရွိတဲ့ ခါလီဖာ ႏိုင္ငံတကာ အားကစားကြင္းမွာ အာရွနဲ႔ အေရွ႕အလယ္ပိုင္းကိုယ္စားျပဳ အီရန္အသင္းနဲ႔ စတင္ကစားရမွာျဖစ္ၿပီး ဘယ္သူေတြ ပြဲထြက္လာမလဲဆိုတာနဲ႔ ဒီနည္းျပနဲ႔ ေအာင္ျမင္ႏိုင္ပါ့မလားဆိုတာေတြကေတာ့ ပရိသတ္ေတြ သို႔ေလာသို႔ေလာ ျဖစ္ေနၾကေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.