Premier League

နည်းပြနဲ့ အသင်းက လေးစားမှုမရှိဘူးလို့ ပြစ်တင်လိုက်တဲ့ ရော်နယ်လ်ဒို

မန်ချက်စတာယူနိုက်တက်ဂန္တဝင် ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အသင်းနဲ့ နောက်ထပ်တစ်ကြိမ် သံယောဇဉ်ဖြတ်တဲ့ စကားမျိုးကို ပြောကြားခဲ့ပုံပေါ်ပြီး ပီယာစ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ နည်းပြ တန်ဟက်အပေါ် ဘယ်တုန်းကမှ လေးစားမှုမရှိခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။

အသက် ၃၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့လက တော့တင်ဟမ်ဟော့စပါးနဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားပေးဖို့ ငြင်းဆန်ခဲ့ပြီးနောက် နည်းပြ တန်ဟက်ရဲ့ လူစာရင်းကနေ ထုတ်ပယ်ပြီး လူငယ်အသင်းနဲ့ လေ့ကျင့်ရေးဆင်းခိုင်းခြင်းကို ခံခဲ့ရသလို လုပ်ခလစာ ၂ ပတ်စာ ဒဏ်ငွေရိုက်ခြင်းကိုလည်း ခံခဲ့ရတာဖြစ်ပါတယ်။ ရော်နယ်လ်ဒိုဟာ အဲဒီဖြစ်စဉ်အပြီး ရော်နယ်လ်ဒိုကို ပထမအသင်းလူစာရင်းထဲမှာ ပြန်လည်ပါဝင်ခွင့်ပေးခဲ့ပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်က အသင်းအပြင်း နည်းပြကိုပါ ပြစ်တင်ကြိမ်းမောင်းပြီး နောက်ထပ်တစ်ကြိမ် တင်းမာမှုတွေကို မြင့်တက်စေခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် သူ့ကို လေးစားမှုမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူက ကျွန်တော့်ကို လေးစားမှု မပြသခဲ့လို့ပါ။ ခင်ဗျား ကျွန်တော့်ကို မလေးစားရင် ကျွန်တော်လည်း ခင်ဗျားအတွက် လေးစားမှု ဘယ်တော့မှ ပြသမှာမဟုတ်ပါဘူး”လို့ ရော်နယ်လ်ဒိုက ပြောကြားခဲ့ပြီး တန်ဟက်က ၎င်းကို ကန်ထုတ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ခံစားခဲ့ရလားလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ “ဟုတ်ပါတယ်။ နည်းပြတင်မဟုတ်ပါဘူး။ အသင်းမှာ ရှိနေတဲ့ ၂ ယောက်၊ ၃ ယောက်(အကြီးပိုင်း အလုပ်အမှုဆောင်အဆင့်)ကလည်း ကန်ထုတ်ချင်ခဲ့တယ်လို့ ခံစားခဲ့ရပါတယ်။ ကျွန်တော် သစ္စာဖောက်ခံခဲ့ရတယ်လို့ ခံစားခဲ့ရပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက တာဝန်ရှိသူတွေဟာ အသင်းကနေ ထုတ်ပစ်ဖို့ တက်တက်ကြွကြွ လုပ်ဆောင်နေခဲ့တယ်လို့ ခံစားခဲ့ရလား ထပ်မံ မေးမြန်းခဲ့ရာမှာ ရော်နယ်လ်ဒိုက “ရိုးရိုးသားသားပြောရရင် ကျွန်တော် အဲဒါကို မပြောသင့်ပါဘူး။ ကျွန်တော် မသိပါဘူး။ ဒါပေမယ့် ကျွန်တော် ဂရုမစိုက်ါဘူး။ လူတွေအနေနဲ့ အမြဲတမ်း အမှန်တရားကိုပဲ နားထောင်သင့်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော် သစ္စာဖောက်ခံခဲ့ရတယ်လို့ ခံစားခဲ့ရပါတယ်။ ပြီးတော့ လူအချို့က ကျွန်တော့်ကို ဒီမှာ မရှိစေချင်ခဲ့ကြဘူးလို့ ခံစားခဲ့ပါတယ်။ ဒီနှစ်မှမဟုတ်ပါဘူး။ မနှစ်ကလည်း အဲဒီလို ခံစားခဲ့ရတာပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ဇူလိုင်လတုန်း အသက် ၃ လအရွယ် သမီးဖြစ်သူ ဆေးရုံတင်ထားခဲ့ရတာကြောင့် ရာသီကြိုလေ့ကျင့်ရေးကို ပြန်မလာနိုင်ခဲ့တဲ့အချိန်တုန်းက အသင်းကို ပေါ်တူဂီမှာပဲ ဆက်နေရမယ့်အကြောင်း အသိပေးခဲ့ပေမယ့် ၎င်းရဲ့ ဖြေရှင်းချက်ကို အသင်းက သံသယရှိခဲ့တာက နာကျင်ရပြီး ဆိုးရွားခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ရော်နယ်လ်ဒိုက အသင်းရဲ့ လက်ရှိအခြေအနေကို ပြစ်တင်ဝေဖန်ခဲ့ပြီး ယူနိုက်တက်ဟာ လက်ရှိ ချန်ပီယံ မန်စီးတီး၊ လီဗာပူးလ်တို့အပြင် အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်တို့နဲ့ အလှမ်းကွာနေတယ်လို့ ခံစားနေရသလို မှားယွင်းခဲ့တဲ့အရာအားလုံးအတွက် ခုတုံးလုပ်ခံခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ပရိသတ်တွေအနေနဲ့ အမှန်တရားကို သိသင့်တယ်လို့ ကျွန်တော် ထင်တယ်။ ကျွန်တော် အသင်းအတွက် အကောင်းဆုံးဖြစ်စေချင်တယ်။ အဲဒါကြောင့်ပဲ ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို ပြန်လာခဲ့တာပေါ့။ ဒါပေမယ့်လည်း ကျွန်တော်တို့ကို မန်စီးတီး၊ လီဗာပူးလ်၊ အခု အာဆင်နယ်တို့ ရောက်ရှိနေတဲ့ ထိပ်တန်းအဆင့်ကို ရောက်ရှိအောင် အကူအညီမပေးနိုင်တဲ့ အရာအချို့ အသင်းထဲမှာ ရှိနေတယ်။ ဒီလို အနေအထား ရှိတဲ့အသင်းမျိုးက ထိပ်ဆုံးနားမှာ ရှိနေသင့်ပြီး ကံဆိုးစွာနဲ့ သူတို့တွေ အဲဒီလို မဖြစ်နေဘူး။ ပီကာဆို ပြောခဲ့သလိုပဲ ခင်ဗျား ပြန်လည်တည်ဆောက်ဖို့ဆိုရင် ဖြိုချဖျက်ဆီးပစ်ရမယ်။ သူတို့တွေ အဲဒါကို ကျွန်တော်နဲ့ စတင်ချင်တယ်ဆိုရင်လည်း ကျွန်တော့်အတွက်က ပြဿနာမဟုတ်ပါဘူး”

“ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို ချစ်မြတ်နိုးတယ်။ ပရိသတ်တွေကို ချစ်မြတ်နိုးတယ်။ သူတို့တွေက အမြဲတမ်း ကျွန်တော့်ဘက်မှာ ရှိနေကြတယ်။ ဒါပေမယ့် သူတို့တွေ မတူညီတဲ့အရာကို လုပ်ချင်တယ်ဆိုရင်တော့ သူတို့တွေ အရာတော်တော်များများကို ပြောင်းလဲရပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ဂႏၲဝင္ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အသင္းနဲ႔ ေနာက္ထပ္တစ္ႀကိမ္ သံေယာဇဥ္ျဖတ္တဲ့ စကားမ်ိဳးကို ေျပာၾကားခဲ့ပုံေပၚၿပီး ပီယာစ္ ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တဲ့အင္တာဗ်ဴးမွာ နည္းျပ တန္ဟက္အေပၚ ဘယ္တုန္းကမွ ေလးစားမႈမရွိခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့လက ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ပြဲမွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ကစားေပးဖို႔ ျငင္းဆန္ခဲ့ၿပီးေနာက္ နည္းျပ တန္ဟက္ရဲ႕ လူစာရင္းကေန ထုတ္ပယ္ၿပီး လူငယ္အသင္းနဲ႔ ေလ့က်င့္ေရးဆင္းခိုင္းျခင္းကို ခံခဲ့ရသလို လုပ္ခလစာ ၂ ပတ္စာ ဒဏ္ေငြ႐ိုက္ျခင္းကိုလည္း ခံခဲ့ရတာျဖစ္ပါတယ္။ ေရာ္နယ္လ္ဒိုဟာ အဲဒီျဖစ္စဥ္အၿပီး ေရာ္နယ္လ္ဒိုကို ပထမအသင္းလူစာရင္းထဲမွာ ျပန္လည္ပါဝင္ခြင့္ေပးခဲ့ေပမယ့္လည္း ေပၚတူဂီၾကယ္ပြင့္က အသင္းအျပင္း နည္းျပကိုပါ ျပစ္တင္ႀကိမ္းေမာင္းၿပီး ေနာက္ထပ္တစ္ႀကိမ္ တင္းမာမႈေတြကို ျမင့္တက္ေစခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ သူ႔ကို ေလးစားမႈမရွိပါဘူး။ ဘာလို႔လဲဆိုေတာ့ သူက ကြၽန္ေတာ့္ကို ေလးစားမႈ မျပသခဲ့လို႔ပါ။ ခင္ဗ်ား ကြၽန္ေတာ့္ကို မေလးစားရင္ ကြၽန္ေတာ္လည္း ခင္ဗ်ားအတြက္ ေလးစားမႈ ဘယ္ေတာ့မွ ျပသမွာမဟုတ္ပါဘူး”လို႔ ေရာ္နယ္လ္ဒိုက ေျပာၾကားခဲ့ၿပီး တန္ဟက္က ၎ကို ကန္ထုတ္ဖို႔ ႀကိဳးပမ္းခဲ့တယ္လို႔ ခံစားခဲ့ရလားလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ “ဟုတ္ပါတယ္။ နည္းျပတင္မဟုတ္ပါဘူး။ အသင္းမွာ ရွိေနတဲ့ ၂ ေယာက္၊ ၃ ေယာက္(အႀကီးပိုင္း အလုပ္အမႈေဆာင္အဆင့္)ကလည္း ကန္ထုတ္ခ်င္ခဲ့တယ္လို႔ ခံစားခဲ့ရပါတယ္။ ကြၽန္ေတာ္ သစၥာေဖာက္ခံခဲ့ရတယ္လို႔ ခံစားခဲ့ရပါတယ္”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းက တာဝန္ရွိသူေတြဟာ အသင္းကေန ထုတ္ပစ္ဖို႔ တက္တက္ႂကြႂကြ လုပ္ေဆာင္ေနခဲ့တယ္လို႔ ခံစားခဲ့ရလား ထပ္မံ ေမးျမန္းခဲ့ရာမွာ ေရာ္နယ္လ္ဒိုက “႐ိုး႐ိုးသားသားေျပာရရင္ ကြၽန္ေတာ္ အဲဒါကို မေျပာသင့္ပါဘူး။ ကြၽန္ေတာ္ မသိပါဘူး။ ဒါေပမယ့္ ကြၽန္ေတာ္ ဂ႐ုမစိုက္ါဘူး။ လူေတြအေနနဲ႔ အၿမဲတမ္း အမွန္တရားကိုပဲ နားေထာင္သင့္ပါတယ္။ ဟုတ္ပါတယ္။ ကြၽန္ေတာ္ သစၥာေဖာက္ခံခဲ့ရတယ္လို႔ ခံစားခဲ့ရပါတယ္။ ၿပီးေတာ့ လူအခ်ိဳ႕က ကြၽန္ေတာ့္ကို ဒီမွာ မရွိေစခ်င္ခဲ့ၾကဘူးလို႔ ခံစားခဲ့ပါတယ္။ ဒီႏွစ္မွမဟုတ္ပါဘူး။ မႏွစ္ကလည္း အဲဒီလို ခံစားခဲ့ရတာပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ဇူလိုင္လတုန္း အသက္ ၃ လအ႐ြယ္ သမီးျဖစ္သူ ေဆး႐ုံတင္ထားခဲ့ရတာေၾကာင့္ ရာသီႀကိဳေလ့က်င့္ေရးကို ျပန္မလာႏိုင္ခဲ့တဲ့အခ်ိန္တုန္းက အသင္းကို ေပၚတူဂီမွာပဲ ဆက္ေနရမယ့္အေၾကာင္း အသိေပးခဲ့ေပမယ့္ ၎ရဲ႕ ေျဖရွင္းခ်က္ကို အသင္းက သံသယရွိခဲ့တာက နာက်င္ရၿပီး ဆိုး႐ြားခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ ေရာ္နယ္လ္ဒိုက အသင္းရဲ႕ လက္ရွိအေျခအေနကို ျပစ္တင္ေဝဖန္ခဲ့ၿပီး ယူႏိုက္တက္ဟာ လက္ရွိ ခ်န္ပီယံ မန္စီးတီး၊ လီဗာပူးလ္တို႔အျပင္ အမွတ္ေပးဇယားဦးေဆာင္သူ အာဆင္နယ္တို႔နဲ႔ အလွမ္းကြာေနတယ္လို႔ ခံစားေနရသလို မွားယြင္းခဲ့တဲ့အရာအားလုံးအတြက္ ခုတုံးလုပ္ခံခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“ပရိသတ္ေတြအေနနဲ႔ အမွန္တရားကို သိသင့္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ကြၽန္ေတာ္ အသင္းအတြက္ အေကာင္းဆုံးျဖစ္ေစခ်င္တယ္။ အဲဒါေၾကာင့္ပဲ ကြၽန္ေတာ္ မန္ခ်က္စတာယူႏိုက္တက္ကို ျပန္လာခဲ့တာေပါ့။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ကို မန္စီးတီး၊ လီဗာပူးလ္၊ အခု အာဆင္နယ္တို႔ ေရာက္ရွိေနတဲ့ ထိပ္တန္းအဆင့္ကို ေရာက္ရွိေအာင္ အကူအညီမေပးႏိုင္တဲ့ အရာအခ်ိဳ႕ အသင္းထဲမွာ ရွိေနတယ္။ ဒီလို အေနအထား ရွိတဲ့အသင္းမ်ိဳးက ထိပ္ဆုံးနားမွာ ရွိေနသင့္ၿပီး ကံဆိုးစြာနဲ႔ သူတို႔ေတြ အဲဒီလို မျဖစ္ေနဘူး။ ပီကာဆို ေျပာခဲ့သလိုပဲ ခင္ဗ်ား ျပန္လည္တည္ေဆာက္ဖို႔ဆိုရင္ ၿဖိဳခ်ဖ်က္ဆီးပစ္ရမယ္။ သူတို႔ေတြ အဲဒါကို ကြၽန္ေတာ္နဲ႔ စတင္ခ်င္တယ္ဆိုရင္လည္း ကြၽန္ေတာ့္အတြက္က ျပႆနာမဟုတ္ပါဘူး”

“ကြၽန္ေတာ္ မန္ခ်က္စတာယူႏိုက္တက္ကို ခ်စ္ျမတ္ႏိုးတယ္။ ပရိသတ္ေတြကို ခ်စ္ျမတ္ႏိုးတယ္။ သူတို႔ေတြက အၿမဲတမ္း ကြၽန္ေတာ့္ဘက္မွာ ရွိေနၾကတယ္။ ဒါေပမယ့္ သူတို႔ေတြ မတူညီတဲ့အရာကို လုပ္ခ်င္တယ္ဆိုရင္ေတာ့ သူတို႔ေတြ အရာေတာ္ေတာ္မ်ားမ်ားကို ေျပာင္းလဲရပါမယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.