Analysis Article Premier League

ဂါနာချိုရဲ့ တောက်ပမှုနဲ့ ဖူလ်ဟမ် 1-2 ယူနိုက်တက်ပွဲက မှတ်မှတ်ရရ ပြောစရာများ

အဲရစ်ဆန်ရဲ့ လှပတဲ့ ပွဲ ၂၅၀ ပြည့်
မန်ချက်စတာယူနိုက်တက်ရဲ့ ကွင်းလယ်လူ ခရစ္စတီယန် အဲရစ်ဆန်ကတော့ ဖူလ်ဟမ်နဲ့ပွဲမှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၂၅၀ ပြည့်မြောက်ခဲ့တာ ဖြစ်ပြီး ဒီအသင်းကစားသမားဘဝ ပထမဆုံးဂိုးကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။ အသက် ၃၁ နှစ်အရွယ် ဒိန်းမတ်ကွင်းလယ်လူအနေနဲ့ ဒီနေ့ပွဲမှာ အဖွင့်ဂိုးကို သွင်းယူပေးနိုင်ခဲ့သလို အနိုင်ဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့လို့ အကောင်းဆုံး ကစားသမားလည်းဖြစ်ခဲ့ပြီး သူ့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရလိုက်တာက သရဲနီတွေအတွက် တန်လွန်းမက တန်ခဲ့တာလို့လည်း ဆိုရမှာပါ။

ပလစ်ခံထားရတဲ့ မက်ဂွိုင်းယား
ဆောက်ဂိတ်ရဲ့ အချစ်တော်ဘဝနဲ့ ကာတာကို သွားမယ့် ဂေါင်းကြီးကတော့ မန်ချက်စတာယူနိုက်တက်နဲ့ တန်ဟတ်ရဲ့ အစီအစဉ်တွေမှာ မပါဘဲ အရန်ခုံမှာလည်း ဖင်ပူအောင် ထိုင်နေရတာက မပြုံးဘဲ ဝါးလုံးကွဲ ရယ်ချင်စရာဖြစ်ပါတယ်။ ဒတ်ချ်နည်းပြအနေနဲ့ သူ့ရဲ့ ဦးစားပေးနောက်ခံလူတစ်ဦးဖြစ်တဲ့ ရာဖေးလ် ဗာရွန်း ဒဏ်ရာကြောင့် မပါဝင်နိုင်ချိန်မှာ ဆွီဒင်သား ဗစ်တာ လင်ဒီလော့ဖ်ကို ပိုယုံကြည်ခဲ့ပြီး ဟာရီ မက်ဂွိုင်းယားကတော့ တစ်ဂိုးလောက်နဲ့ ပိတ်ကစားမယ့် အချိန်မှာ အရန်ခုံကနေ ထည့်သွင်းဖို့လောက်ကလွဲပြီး သုံးစရာ မရှိတာကြောင့် ဒီနေ့ပွဲမှာ ဆက်ပြီး အပစ်ခံခဲ့ရတာပါ။

ဦးစားပေး ကွင်းလယ်သုံးယောက်အထိုင်
အဲရစ် တန်ဟတ်အနေနဲ့ တိုက်စစ်မှူးတွေကို ဂိုးပေါက်တွေ့ဖို့ဆိုရင် ဒီနေ့မှာ ကစားခဲ့တဲ့ ကွင်းလယ်အထိုင်သုံးယောက်ဖြစ်တဲ့ ကာစီမီရို၊ အဲရစ်ဆန်၊ ဘရူနို ဖာနန်ဒက်စ်တို့နဲ့ တွဲပြီး အကောင်းဆုံး ပုံစံရအောင် လေ့ကျင့်ပေးနိုင်ရင် အဆင်ပြေပြီဖြစ်ပါတယ်။ ကာစီမီရိုက အဖျက်ပိုင်းကို တာဝန်ယူပြီး အဲရစ်ဆန်က ဘောလုံးခင်းပေးနိုင်ချိန်မှာ ဖာနန်ဒက်စ်အနေနဲ့ လျှပ်တစ်ပြက် ဖန်တီးမှုတွေလောက်သာ လုပ်ဖို့ အာရုံစိုက်ထားနိုင်ခဲ့ပြီး သူတို့တွေ ဘာတွေ ပေးတတ်သလဲဆိုတာ တိုက်စစ်မှူးတွေ နားလည်အောင်နဲ့ အဆုံးသတ်တတ်အောင် လုပ်နိုင်ရင် ဂိုးတွေ ပိုရလာနိုင်ဖို့ ရှိနေပါတယ်။

ဂါနာချိုရဲ့ တောက်ပမှု
ဘယ်တောင်ပံမှာ ကစားနေတဲ့ အာလေဟန်ဒရို ဂါနာချိုကတော့ ခရစ္စတီယာနို ရော်နယ်လ်ဒို ငယ်ငယ်ကလောက်ကို ကောင်းနေပြီလို့ ဆိုရမှာ ဖြစ်ပြီး သူ့အတွက် ပိုကောင်းတဲ့ အခွင့်အရေးကတော့ ညာတောင်ပံမှာ စောင့်ခဲ့ရဖူးတဲ့ ပေါ်တူဂီသားကြီးလို မဟုတ်ဘဲ ဘယ်တောင်ပံကနေ သွင်းဂိုးတွေနဲ့ ဖန်တီးမှုတွေ ပြုလုပ်ဖို့ ခေတ်အခြေအနေက ကောင်းချီးပေးခံထားရတာဖြစ်ပါတယ်။ အာဂျင်တီးနားသားအနေနဲ့ ဒီနေ့ပွဲမှာတော့ ညှစ်ထုတ်ပြေးထွက်ခဲ့တဲ့ ရုန်းအားနဲ့ ဖူလ်ဟမ်နောက်ခံလူ ဘော်ဘီ ဒီကော်ဒိုဗာ-ရိဒ်ကို အရှက်ခွဲနိုင်ခဲ့တာဖြစ်ပြီး အဲရစ်ဆန်နဲ့ ဝမ်းတူးရိုက်ထွက်ခဲ့တာကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့လို့ အနာဂတ်သူရဲကောင်းအဖြစ် ဖူးဖူးမှုတ်ထားရတော့မှာပါ။

အသင်းဟောင်းကို ခြောက်လှန့်ခဲ့သူတွေ
ဖူလ်ဟမ်အသင်းရဲ့ ကွင်းလယ်မှာ ဖန်တီးမှုတွေနဲ့ ဖြတ်တင်ဘောတွေ ပြုလုပ်ပေးနိုင်တဲ့ ကစားသမားဟောင်း အန်ဒရီးယက်စ် ပါရဲရားရဲ့ ပထမပိုင်း ခြိမ်းခြောက်မှုတွေကို ယူနိုက်တက်တို့ စုစည်းခုခံခဲ့ရသလို ဒုတိယပိုင်းမှာတော့ အရန်ခုံကနေ ထလာခဲ့တဲ့ နောက်ထပ်တစ်ဦးဖြစ်တဲ့ ဒန်ဂျိမ်းစ်ရဲ့ ပြေးအားတိုးအားတွေမှာ ပြိုလဲခဲ့ရပြီး တစ်ပွဲလုံး လက်စွမ်းပြခဲ့တဲ့ ဒဟေးယားကို တစ်ဂိုးသွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။ မာတီနက်ဇ်နဲ့ လုခ်ရှောတို့ကို လိဒ်စ်ကနေ အငှားရောက်နေတဲ့ ဒန်ဂျိမ်းစ်က အလွယ်တကူ ကျော်ဖြတ်ပြခဲ့တာဖြစ်ပြီး ဒီနေ့ပွဲမှာ ဖူလ်ဟမ်ဘက်က ဂိုးသွင်းကောင်းတဲ့ ဆားဘီးယားသား မီထရိုဗစ်ချ် မပါခဲ့တာက မန်ယူတို့ကို သက်သာစေခဲ့တာပါ။

မာကို ဆေးလ်ဗားရဲ့ အရိုးစွဲနေတဲ့ ခပ်ညံ့ညံ့ အကျင့်ဆိုး
ဖူလ်ဟမ်နည်းပြ မာကို ဆေးလ်ဗားအနေနဲ့ ဒီအသင်းကို ချန်ပီယံရှစ်ကနေ တန်းတက်လာပြီး ပရီးမီးယားလိဂ်မှာလည်း ပုံစံကောင်းတစ်ခုရအောင် ကိုင်တွယ်ပေးထားနိုင်ခဲ့ပေမယ့် ပွဲတစ်ပွဲအပေါ် ချဉ်းကပ်မှုနဲ့ နိုင်လိုစိတ်တွေမှာတော့ သူကိုယ်တိုင်ရော သူ့ကစားသမားတွေမှာပါ လိုအပ်ချက်တွေ များနေပြီး ဒါကို မန်ချက်စတာနှစ်သင်းနဲ့ ဆက်တိုက်ကစားခဲ့ရချိန်မှာ ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခဲ့ရပါတယ်။ ပေါ်တူဂီသားအနေနဲ့ မိနစ် ၉၀ နီးရင် ထွက်ပေါ်နေတဲ့ ရလဒ်ကို သရေဆိုရင်တောင် လက်ခံတတ်သူဖြစ်ပြီး အနိုင်ရဖို့ ကြိုးစားရမယ့်အချိန်တွေမှာ ကစားအားလျှော့ချ ပြောင်းလဲတတ်သလို မန်စီးတီးရော မန်ယူပါ သူတို့ကို တစ်ဂိုးစီသရေ အနေအထားကနေ နာကျင်အချိန်ပိုမှာ အမှတ်ဗလာဖြစ်အောင် အနိုင်ယူသွားခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒဟေးယားရဲ့ မငြင်းနိုင်တဲ့ လက်စွမ်း
စပိန်လက်ရွေးစင်အသင်းကနေ အခေါ်မခံခဲ့ရလို့ ကာတာကမ္ဘာ့ဖလားနဲ့ လွဲခဲ့တဲ့ ဒေးဗစ် ဒဟေးယားကတော့ နိုင်ငံအသင်းနည်းပြ လူးဝစ် အန်ရီကေ နောင်တရအောင် လက်စွမ်းတွေ ပြနေခဲ့ပြီး ဒီနေ့ပွဲမှာ ဒန်ဂျိမ်းစ်ရဲ့ အနီးကပ်ပိတ်သွင်းတဲ့ ဂိုးကလွဲလို့ ကျန်တဲ့ ဂိုးဖြစ်သွားနိုင်တဲ့ ခြိမ်းခြောက်မှု ၆ ကြိမ်အထိ ကာကွယ်ပြသွားခဲ့တာပဲဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဂိုးသမားကြောင့်သာ မဟုတ်ရင် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ရှုံးပွဲတွေ့ဖို့ သေချာခဲ့တာဖြစ်ပြီး မော်ဒန်ဂိုးသမား မဟုတ်ပေမယ့် သူ့မှာလည်း သူ့တန်ဖိုးနဲ့သူ ရှိကြောင်းကို စပိန်သားက ခိုင်ခိုင်မာမာ ပြသသွားနိုင်ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဲရစ္ဆန္ရဲ႕ လွပတဲ့ ပြဲ ၂၅၀ ျပည့္
မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ကြင္းလယ္လူ ခရစၥတီယန္ အဲရစ္ဆန္ကေတာ့ ဖူလ္ဟမ္နဲ႔ပြဲမွာ ပရီးမီးယားလိဂ္ပြဲေပါင္း ၂၅၀ ျပည့္ေျမာက္ခဲ့တာ ျဖစ္ၿပီး ဒီအသင္းကစားသမားဘဝ ပထမဆုံးဂိုးကိုလည္း ရရွိခဲ့တာျဖစ္ပါတယ္။ အသက္ ၃၁ ႏွစ္အ႐ြယ္ ဒိန္းမတ္ကြင္းလယ္လူအေနနဲ႔ ဒီေန႔ပြဲမွာ အဖြင့္ဂိုးကို သြင္းယူေပးႏိုင္ခဲ့သလို အႏိုင္ဂိုးကိုလည္း ဖန္တီးေပးႏိုင္ခဲ့လို႔ အေကာင္းဆုံး ကစားသမားလည္းျဖစ္ခဲ့ၿပီး သူ႔ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရလိုက္တာက သရဲနီေတြအတြက္ တန္လြန္းမက တန္ခဲ့တာလို႔လည္း ဆိုရမွာပါ။

ပလစ္ခံထားရတဲ့ မက္ဂြိဳင္းယား
ေဆာက္ဂိတ္ရဲ႕ အခ်စ္ေတာ္ဘဝနဲ႔ ကာတာကို သြားမယ့္ ေဂါင္းႀကီးကေတာ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ တန္ဟတ္ရဲ႕ အစီအစဥ္ေတြမွာ မပါဘဲ အရန္ခုံမွာလည္း ဖင္ပူေအာင္ ထိုင္ေနရတာက မၿပဳံးဘဲ ဝါးလုံးကြဲ ရယ္ခ်င္စရာျဖစ္ပါတယ္။ ဒတ္ခ်္နည္းျပအေနနဲ႔ သူ႔ရဲ႕ ဦးစားေပးေနာက္ခံလူတစ္ဦးျဖစ္တဲ့ ရာေဖးလ္ ဗာ႐ြန္း ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ခ်ိန္မွာ ဆြီဒင္သား ဗစ္တာ လင္ဒီေလာ့ဖ္ကို ပိုယုံၾကည္ခဲ့ၿပီး ဟာရီ မက္ဂြိဳင္းယားကေတာ့ တစ္ဂိုးေလာက္နဲ႔ ပိတ္ကစားမယ့္ အခ်ိန္မွာ အရန္ခုံကေန ထည့္သြင္းဖို႔ေလာက္ကလြဲၿပီး သုံးစရာ မရွိတာေၾကာင့္ ဒီေန႔ပြဲမွာ ဆက္ၿပီး အပစ္ခံခဲ့ရတာပါ။

ဦးစားေပး ကြင္းလယ္သုံးေယာက္အထိုင္
အဲရစ္ တန္ဟတ္အေနနဲ႔ တိုက္စစ္မႉးေတြကို ဂိုးေပါက္ေတြ႕ဖို႔ဆိုရင္ ဒီေန႔မွာ ကစားခဲ့တဲ့ ကြင္းလယ္အထိုင္သုံးေယာက္ျဖစ္တဲ့ ကာစီမီ႐ို၊ အဲရစ္ဆန္၊ ဘ႐ူႏို ဖာနန္ဒက္စ္တို႔နဲ႔ တြဲၿပီး အေကာင္းဆုံး ပုံစံရေအာင္ ေလ့က်င့္ေပးႏိုင္ရင္ အဆင္ေျပၿပီျဖစ္ပါတယ္။ ကာစီမီ႐ိုက အဖ်က္ပိုင္းကို တာဝန္ယူၿပီး အဲရစ္ဆန္က ေဘာလုံးခင္းေပးႏိုင္ခ်ိန္မွာ ဖာနန္ဒက္စ္အေနနဲ႔ လွ်ပ္တစ္ျပက္ ဖန္တီးမႈေတြေလာက္သာ လုပ္ဖို႔ အာ႐ုံစိုက္ထားႏိုင္ခဲ့ၿပီး သူတို႔ေတြ ဘာေတြ ေပးတတ္သလဲဆိုတာ တိုက္စစ္မႉးေတြ နားလည္ေအာင္နဲ႔ အဆုံးသတ္တတ္ေအာင္ လုပ္ႏိုင္ရင္ ဂိုးေတြ ပိုရလာႏိုင္ဖို႔ ရွိေနပါတယ္။

ဂါနာခ်ိဳရဲ႕ ေတာက္ပမႈ
ဘယ္ေတာင္ပံမွာ ကစားေနတဲ့ အာေလဟန္ဒ႐ို ဂါနာခ်ိဳကေတာ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ငယ္ငယ္ကေလာက္ကို ေကာင္းေနၿပီလို႔ ဆိုရမွာ ျဖစ္ၿပီး သူ႔အတြက္ ပိုေကာင္းတဲ့ အခြင့္အေရးကေတာ့ ညာေတာင္ပံမွာ ေစာင့္ခဲ့ရဖူးတဲ့ ေပၚတူဂီသားႀကီးလို မဟုတ္ဘဲ ဘယ္ေတာင္ပံကေန သြင္းဂိုးေတြနဲ႔ ဖန္တီးမႈေတြ ျပဳလုပ္ဖို႔ ေခတ္အေျခအေနက ေကာင္းခ်ီးေပးခံထားရတာျဖစ္ပါတယ္။ အာဂ်င္တီးနားသားအေနနဲ႔ ဒီေန႔ပြဲမွာေတာ့ ညႇစ္ထုတ္ေျပးထြက္ခဲ့တဲ့ ႐ုန္းအားနဲ႔ ဖူလ္ဟမ္ေနာက္ခံလူ ေဘာ္ဘီ ဒီေကာ္ဒိုဗာ-ရိဒ္ကို အရွက္ခြဲႏိုင္ခဲ့တာျဖစ္ၿပီး အဲရစ္ဆန္နဲ႔ ဝမ္းတူး႐ိုက္ထြက္ခဲ့တာကို ဂိုးအျဖစ္ ေျပာင္းလဲႏိုင္ခဲ့လို႔ အနာဂတ္သူရဲေကာင္းအျဖစ္ ဖူးဖူးမႈတ္ထားရေတာ့မွာပါ။

အသင္းေဟာင္းကို ေျခာက္လွန႔္ခဲ့သူေတြ
ဖူလ္ဟမ္အသင္းရဲ႕ ကြင္းလယ္မွာ ဖန္တီးမႈေတြနဲ႔ ျဖတ္တင္ေဘာေတြ ျပဳလုပ္ေပးႏိုင္တဲ့ ကစားသမားေဟာင္း အန္ဒရီးယက္စ္ ပါရဲရားရဲ႕ ပထမပိုင္း ၿခိမ္းေျခာက္မႈေတြကို ယူႏိုက္တက္တို႔ စုစည္းခုခံခဲ့ရသလို ဒုတိယပိုင္းမွာေတာ့ အရန္ခုံကေန ထလာခဲ့တဲ့ ေနာက္ထပ္တစ္ဦးျဖစ္တဲ့ ဒန္ဂ်ိမ္းစ္ရဲ႕ ေျပးအားတိုးအားေတြမွာ ၿပိဳလဲခဲ့ရၿပီး တစ္ပြဲလုံး လက္စြမ္းျပခဲ့တဲ့ ဒေဟးယားကို တစ္ဂိုးသြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။ မာတီနက္ဇ္နဲ႔ လုခ္ေရွာတို႔ကို လိဒ္စ္ကေန အငွားေရာက္ေနတဲ့ ဒန္ဂ်ိမ္းစ္က အလြယ္တကူ ေက်ာ္ျဖတ္ျပခဲ့တာျဖစ္ၿပီး ဒီေန႔ပြဲမွာ ဖူလ္ဟမ္ဘက္က ဂိုးသြင္းေကာင္းတဲ့ ဆားဘီးယားသား မီထ႐ိုဗစ္ခ်္ မပါခဲ့တာက မန္ယူတို႔ကို သက္သာေစခဲ့တာပါ။

မာကို ေဆးလ္ဗားရဲ႕ အ႐ိုးစြဲေနတဲ့ ခပ္ညံ့ညံ့ အက်င့္ဆိုး
ဖူလ္ဟမ္နည္းျပ မာကို ေဆးလ္ဗားအေနနဲ႔ ဒီအသင္းကို ခ်န္ပီယံရွစ္ကေန တန္းတက္လာၿပီး ပရီးမီးယားလိဂ္မွာလည္း ပုံစံေကာင္းတစ္ခုရေအာင္ ကိုင္တြယ္ေပးထားႏိုင္ခဲ့ေပမယ့္ ပြဲတစ္ပြဲအေပၚ ခ်ဥ္းကပ္မႈနဲ႔ ႏိုင္လိုစိတ္ေတြမွာေတာ့ သူကိုယ္တိုင္ေရာ သူ႔ကစားသမားေတြမွာပါ လိုအပ္ခ်က္ေတြ မ်ားေနၿပီး ဒါကို မန္ခ်က္စတာႏွစ္သင္းနဲ႔ ဆက္တိုက္ကစားခဲ့ရခ်ိန္မွာ ကြက္ကြက္ကြင္းကြင္း ျမင္ေတြ႕ခဲ့ရပါတယ္။ ေပၚတူဂီသားအေနနဲ႔ မိနစ္ ၉၀ နီးရင္ ထြက္ေပၚေနတဲ့ ရလဒ္ကို သေရဆိုရင္ေတာင္ လက္ခံတတ္သူျဖစ္ၿပီး အႏိုင္ရဖို႔ ႀကိဳးစားရမယ့္အခ်ိန္ေတြမွာ ကစားအားေလွ်ာ့ခ် ေျပာင္းလဲတတ္သလို မန္စီးတီးေရာ မန္ယူပါ သူတို႔ကို တစ္ဂိုးစီသေရ အေနအထားကေန နာက်င္အခ်ိန္ပိုမွာ အမွတ္ဗလာျဖစ္ေအာင္ အႏိုင္ယူသြားခဲ့ၾကတာလည္းျဖစ္ပါတယ္။

ဒေဟးယားရဲ႕ မျငင္းႏိုင္တဲ့ လက္စြမ္း
စပိန္လက္ေ႐ြးစင္အသင္းကေန အေခၚမခံခဲ့ရလို႔ ကာတာကမာၻ႔ဖလားနဲ႔ လြဲခဲ့တဲ့ ေဒးဗစ္ ဒေဟးယားကေတာ့ ႏိုင္ငံအသင္းနည္းျပ လူးဝစ္ အန္ရီေက ေနာင္တရေအာင္ လက္စြမ္းေတြ ျပေနခဲ့ၿပီး ဒီေန႔ပြဲမွာ ဒန္ဂ်ိမ္းစ္ရဲ႕ အနီးကပ္ပိတ္သြင္းတဲ့ ဂိုးကလြဲလို႔ က်န္တဲ့ ဂိုးျဖစ္သြားႏိုင္တဲ့ ၿခိမ္းေျခာက္မႈ ၆ ႀကိမ္အထိ ကာကြယ္ျပသြားခဲ့တာပဲျဖစ္ပါတယ္။ အသက္ ၃၂ ႏွစ္အ႐ြယ္ ဂိုးသမားေၾကာင့္သာ မဟုတ္ရင္ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ရႈံးပြဲေတြ႕ဖို႔ ေသခ်ာခဲ့တာျဖစ္ၿပီး ေမာ္ဒန္ဂိုးသမား မဟုတ္ေပမယ့္ သူ႔မွာလည္း သူ႔တန္ဖိုးနဲ႔သူ ရွိေၾကာင္းကို စပိန္သားက ခိုင္ခိုင္မာမာ ျပသသြားႏိုင္ခဲ့တာပါ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.