Premier League Transfer News

14 Nov နံနက်ခင်း နောက်ဆုံးရ အာဆင်နယ်သတင်းများ စုစည်းမှု

– အာဆင်နယ်အသင်းအနေနဲ့ ယူကရိန်းတောင်ပံကစားသမား မိုင်ခေလို မူဒရစ်ခ်ကို ခေါ်ယူဖို့ အမှန်တကယ် စိတ်ဝင်စားနေတာဖြစ်ကြောင်း နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက အတည်ပြုသွားခဲ့ပြီး ရှက်ခ်တာဒိုးနက်စ်ခ်ဆီကို တရားဝင် ကမ်းလှမ်းရခြင်း မရှိသေးပေမယ့် ကမ္ဘာ့ဖလားကာလအတွင်းမှာ အချိန်ယူလုပ်ဆောင်သွားလိမ့်မယ်လို့ဆို။

– တောင်ပံတိုက်စစ် ပစ်မှတ်အတွက် အာဆင်နယ်တို့အနေနဲ့ မူဒရစ်ခ်အပြင် ဘွန်ဒက်စ်လီဂါမှာ မွန်ချန်ဂလာဘက်ချ်အသင်းနဲ့ ခြေစွမ်းပြနေတဲ့ ပြင်သစ်သား မားကပ်စ် သူရမ်ကိုလည်း စောင့်ကြည့်နေပြီး တိုက်စစ်မှူးနေရာမှာပါ ကစားနိုင်တဲ့ ၂၅ နှစ်သားကို ကိုဒီ ဂက်ခ်ပိုထက် ဈေးသက်သာမယ့် ပစ်မှတ်အဖြစ် ရှုမြင်ထား။

– ဂျူဗင်တပ်စ်အသင်းဘက်က တာဝန်ရှိသူတွေအနေနဲ့ အာဆင်နယ်အသင်းကို ဆက်သွယ်ခဲ့တယ်လို့ သတင်းထွက်နေပြီး မာဆေးလ်မှာ အငှားချထားခဲ့တဲ့ ပေါင်သန်း ၂၀ တန် ဘယ်နောက်ခံလူ နူနို တာဗာရက်စ်ကို ခေါ်ယူဖို့အတွက် ဆွေးနွေးသွားဖို့နဲ့ ပြင်သစ်မြေကနေ အငှားစာချုပ်ကို ဖျက်သိမ်းပြီး လွှဲပြောင်းရောင်းချဖို့ အကြံပြုထားခဲ့။

– အာဆင်နယ်အသင်းရဲ့ နာမည်ကြီးဖန်လို့ ပြောလို့ရပေမယ့် ပရိသတ်တွေ မုန်းတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့လည်း ပလူးပလဲ လုပ်တတ်တာကြောင့် ဘာအထာလဲလို့ မေးရမလိုဖြစ်ခဲ့ပြီး ပလပ်စတစ်ဖန်လို့ လှောင်ပြောင်ခံထားရတဲ့ အစီအစဉ် တင်ဆက်သူ ပီးယားစ် မော်ဂန်က အမေရိကန်သူဌေးတွေအနေနဲ့ ထိပ်တန်းကစားသမားနှစ်ဦးအတွက် ဇန်နဝါရီမှာ ငွေသုံးပြီး ပရီးမီးယားလိဂ်ဖလားကို ရယူဖို့ တိုက်တွန်းသွား။

– ယူရီ တီးလီးမန်းစ်အနေနဲ့ ဘယ်လိုဖြစ်ဖြစ် အာဆင်နယ်အသင်းကို ရောက်လာတော့မှာဖြစ်ပြီး ဇန်နဝါရီမှာ ငွေအတိုင်းအတာ တစ်ခုအထိ သုံးပြီး ခေါ်ယူမလား၊ နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရမလားပဲ စောင့်ကြည့်ရမှာလို့ စကိုင်းစပို့စ်ရဲ့ မိုက်ကယ် ဒေါ်ဆန်က ပြောကြားလိုက်ပြီး ဘယ်လ်ဂျီယမ်သားအနေနဲ့ လက်ရှိကစားပုံကို ပိုတိုးတက်အောင်လုပ်ပေးနိုင်မယ့်သူလို့ ရှုမြင်ခံထားရ။

– အာဆင်နယ်အသင်းရဲ့ သောမတ်စ် ပါတေးနေရာအတွက် အစားထိုးနိုင်ဖို့ စောင့်ကြည့်နေတဲ့အထဲမှာ အက်စ်တန်ဗီလာရဲ့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်အပြင် ပြင်သစ်လိဂန်ရဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ လွန်းစ်အသင်းရဲ့ အိုင်ဗရီကို့စ်ကွင်းလယ်လူ ဆီကို ဖိုဖာနာလည်း ပါဝင်နေပြီး ဈေးကွက်ထဲမှာတော့ ယူရိုသန်း ၃၀ အထိ ဈေးပေါက်နေ။

– အင်္ဂလန်နဲ့ မန်ချက်စတာယူနိုက်တက် ဂန္ထဝင်တိုက်စစ်မှူး ဝိန်းရွန်နီက အာဆင်နယ်တောင်ပံသမား ဘူကာယို ဆာကာရဲ့ အကြောက်အရွံ့ အတွန့်အဆုတ်မရှိ ကစားတတ်တဲ့ ပုံစံကို သဘောကျနေပြီး လက်ရွေးစင်နည်းပြ ဂါရက်သ် ဆောက်ဂိတ်အနေနဲ့ ညာတောင်ပံမှာ သူ့ကို နေရာပေးဖို့ တိုက်တွန်းလိုက်ပြီး စတာလင်အစား ဦးစားပေး သုံးစွဲဖို့ အကြံပေးသွား။

– အာဆင်နယ်အသင်းအနေနဲ့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဈေးချိုချို ရရှိနိုင်မယ့် ဘာစီလိုနာအသင်းရဲ့ အပယ်ခံတိုက်စစ်မှူး မမ်းဖစ္စ ဒီဖိုင်းရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး အသက် ၂၈ နှစ်အရွယ် ဒတ်ချ်တိုက်စစ်မှူးကို စာချုပ်ဖျက်သိမ်းချင်နေတဲ့ ကာတာလန်သားတွေကြောင့် ယူရို ၁၀ သန်းကနေ ၁၅ သန်းကြားမှာ ရရှိနိုင်ဖို့ ခန့်မှန်းနေကြ။

– ယူရိုပါလိဂ်မှာ တွေ့ဆုံယှဉ်ပြိုင်ခဲ့ရတဲ့ ပီအက်စ်ဗီတိုက်စစ်မှူး ကိုဒီ ဂက်ခ်ပိုအတွက် အာဆင်နယ်တို့ရဲ့ ကမ်းလှမ်းမှုက စိတ်ကျေနပ်စရာ မဖြစ်ခဲ့ဘူးလို့ သိရပြီး အသက် ၂၃ နှစ်အရွယ် ဒတ်ချ်တိုက်စစ်မှူးအနေနဲ့ ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက် မဟုတ်ခဲ့ရင် လီဗာပူးလ်ကိုပဲ ရွေးချယ်မယ်လို့ သတင်းထွက်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

– အာဆင္နယ္အသင္းအေနနဲ႔ ယူကရိန္းေတာင္ပံကစားသမား မိုင္ေခလို မူဒရစ္ခ္ကို ေခၚယူဖို႔ အမွန္တကယ္ စိတ္ဝင္စားေနတာျဖစ္ေၾကာင္း နာမည္ႀကီး ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက အတည္ျပဳသြားခဲ့ၿပီး ရွက္ခ္တာဒိုးနက္စ္ခ္ဆီကို တရားဝင္ ကမ္းလွမ္းရျခင္း မရွိေသးေပမယ့္ ကမာၻ႔ဖလားကာလအတြင္းမွာ အခ်ိန္ယူလုပ္ေဆာင္သြားလိမ့္မယ္လို႔ဆို။

– ေတာင္ပံတိုက္စစ္ ပစ္မွတ္အတြက္ အာဆင္နယ္တို႔အေနနဲ႔ မူဒရစ္ခ္အျပင္ ဘြန္ဒက္စ္လီဂါမွာ မြန္ခ်န္ဂလာဘက္ခ်္အသင္းနဲ႔ ေျခစြမ္းျပေနတဲ့ ျပင္သစ္သား မားကပ္စ္ သူရမ္ကိုလည္း ေစာင့္ၾကည့္ေနၿပီး တိုက္စစ္မႉးေနရာမွာပါ ကစားႏိုင္တဲ့ ၂၅ ႏွစ္သားကို ကိုဒီ ဂက္ခ္ပိုထက္ ေဈးသက္သာမယ့္ ပစ္မွတ္အျဖစ္ ရႈျမင္ထား။

– ဂ်ဴဗင္တပ္စ္အသင္းဘက္က တာဝန္ရွိသူေတြအေနနဲ႔ အာဆင္နယ္အသင္းကို ဆက္သြယ္ခဲ့တယ္လို႔ သတင္းထြက္ေနၿပီး မာေဆးလ္မွာ အငွားခ်ထားခဲ့တဲ့ ေပါင္သန္း ၂၀ တန္ ဘယ္ေနာက္ခံလူ ႏူႏို တာဗာရက္စ္ကို ေခၚယူဖို႔အတြက္ ေဆြးေႏြးသြားဖို႔နဲ႔ ျပင္သစ္ေျမကေန အငွားစာခ်ဳပ္ကို ဖ်က္သိမ္းၿပီး လႊဲေျပာင္းေရာင္းခ်ဖို႔ အႀကံျပဳထားခဲ့။

– အာဆင္နယ္အသင္းရဲ႕ နာမည္ႀကီးဖန္လို႔ ေျပာလို႔ရေပမယ့္ ပရိသတ္ေတြ မုန္းတဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔လည္း ပလူးပလဲ လုပ္တတ္တာေၾကာင့္ ဘာအထာလဲလို႔ ေမးရမလိုျဖစ္ခဲ့ၿပီး ပလပ္စတစ္ဖန္လို႔ ေလွာင္ေျပာင္ခံထားရတဲ့ အစီအစဥ္ တင္ဆက္သူ ပီးယားစ္ ေမာ္ဂန္က အေမရိကန္သူေဌးေတြအေနနဲ႔ ထိပ္တန္းကစားသမားႏွစ္ဦးအတြက္ ဇန္နဝါရီမွာ ေငြသုံးၿပီး ပရီးမီးယားလိဂ္ဖလားကို ရယူဖို႔ တိုက္တြန္းသြား။

– ယူရီ တီးလီးမန္းစ္အေနနဲ႔ ဘယ္လိုျဖစ္ျဖစ္ အာဆင္နယ္အသင္းကို ေရာက္လာေတာ့မွာျဖစ္ၿပီး ဇန္နဝါရီမွာ ေငြအတိုင္းအတာ တစ္ခုအထိ သုံးၿပီး ေခၚယူမလား၊ ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ရမလားပဲ ေစာင့္ၾကည့္ရမွာလို႔ စကိုင္းစပို႔စ္ရဲ႕ မိုက္ကယ္ ေဒၚဆန္က ေျပာၾကားလိုက္ၿပီး ဘယ္လ္ဂ်ီယမ္သားအေနနဲ႔ လက္ရွိကစားပုံကို ပိုတိုးတက္ေအာင္လုပ္ေပးႏိုင္မယ့္သူလို႔ ရႈျမင္ခံထားရ။

– အာဆင္နယ္အသင္းရဲ႕ ေသာမတ္စ္ ပါေတးေနရာအတြက္ အစားထိုးႏိုင္ဖို႔ ေစာင့္ၾကည့္ေနတဲ့အထဲမွာ အက္စ္တန္ဗီလာရဲ႕ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္အျပင္ ျပင္သစ္လိဂန္ရဲ႕ ဒုတိယေနရာမွာ ရပ္တည္ေနတဲ့ လြန္းစ္အသင္းရဲ႕ အိုင္ဗရီကို႔စ္ကြင္းလယ္လူ ဆီကို ဖိုဖာနာလည္း ပါဝင္ေနၿပီး ေဈးကြက္ထဲမွာေတာ့ ယူ႐ိုသန္း ၃၀ အထိ ေဈးေပါက္ေန။

– အဂၤလန္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ ဂႏၴဝင္တိုက္စစ္မႉး ဝိန္း႐ြန္နီက အာဆင္နယ္ေတာင္ပံသမား ဘူကာယို ဆာကာရဲ႕ အေၾကာက္အ႐ြံ႕ အတြန႔္အဆုတ္မရွိ ကစားတတ္တဲ့ ပုံစံကို သေဘာက်ေနၿပီး လက္ေ႐ြးစင္နည္းျပ ဂါရက္သ္ ေဆာက္ဂိတ္အေနနဲ႔ ညာေတာင္ပံမွာ သူ႔ကို ေနရာေပးဖို႔ တိုက္တြန္းလိုက္ၿပီး စတာလင္အစား ဦးစားေပး သုံးစြဲဖို႔ အႀကံေပးသြား။

– အာဆင္နယ္အသင္းအေနနဲ႔ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ေဈးခ်ိဳခ်ိဳ ရရွိႏိုင္မယ့္ ဘာစီလိုနာအသင္းရဲ႕ အပယ္ခံတိုက္စစ္မႉး မမ္းဖစၥ ဒီဖိုင္းရဲ႕ အေျခအေနကို ေစာင့္ၾကည့္ေနၿပီး အသက္ ၂၈ ႏွစ္အ႐ြယ္ ဒတ္ခ်္တိုက္စစ္မႉးကို စာခ်ဳပ္ဖ်က္သိမ္းခ်င္ေနတဲ့ ကာတာလန္သားေတြေၾကာင့္ ယူ႐ို ၁၀ သန္းကေန ၁၅ သန္းၾကားမွာ ရရွိႏိုင္ဖို႔ ခန႔္မွန္းေနၾက။

– ယူ႐ိုပါလိဂ္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္ခဲ့ရတဲ့ ပီအက္စ္ဗီတိုက္စစ္မႉး ကိုဒီ ဂက္ခ္ပိုအတြက္ အာဆင္နယ္တို႔ရဲ႕ ကမ္းလွမ္းမႈက စိတ္ေက်နပ္စရာ မျဖစ္ခဲ့ဘူးလို႔ သိရၿပီး အသက္ ၂၃ ႏွစ္အ႐ြယ္ ဒတ္ခ်္တိုက္စစ္မႉးအေနနဲ႔ ပရီးမီးယားလိဂ္မွာ မန္ခ်က္စတာယူႏိုက္တက္ မဟုတ္ခဲ့ရင္ လီဗာပူးလ္ကိုပဲ ေ႐ြးခ်ယ္မယ္လို႔ သတင္းထြက္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.