Match Report Premier League

အမှတ်မရှိတဲ့ ဖူလ်ဟမ်ကို ဂါနာချိုရဲ့ နောက်ဆုံးမိနစ်ဂိုးနဲ့ အနိုင်ရခဲ့တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ လင်ဒီလော့ဖ်၊ မာတီနက်ဇ်၊ မာလာစီယာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့သလို ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ အီလန်ဂါ၊ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့ ပွဲထွက်လာခဲ့ကြတာဖြစ်ပါတယ်။

အိမ်ရှင် ဖူလ်ဟမ်အသင်းကတော့ ဂိုးသမား လီနို၊ ခံစစ်မှာ ရင်းမ်၊ ဒီယော့ပ်၊ ဒီကော်ဒိုဗာ-ရိဒ်နဲ့ ရော်ဘင်ဆန်တို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ပယ်လင်ညာ၊ ကဲရ်နီ၊ ဝီလီယန်၊ ဟာရီ ဝီလ်ဆန်နဲ့ ပါရဲရားတို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ကားလို့စ် ဗီနီးရှပ်စ် တစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၁၄ မိနစ်မှာ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးပျက်တာကို မာစီယယ်လ် ပြန်ရပြီး ဘယ်ခြမ်းကို ချပေးရာမှာ ဘရူနို ဖာနန်ဒက်စ် ကန်တဲ့ ဘောလုံးက ဖူလ်ဟမ်ခံစစ်နဲ့ထိပြီး ညာခြမ်းကို လည်ထွက်လာခဲ့တာကို အဲရစ်ဆန်က အနီးကပ် ပြေးပိတ်ပြီး သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ဖူလ်ဟမ်ကွင်းလယ်က ပယ်လင်ညာရဲ့ ကစားအားက မန်ယူဘက်ကို စီးထားနိုင်ခဲ့ပြီး ဝီလီယန်လည်း ဖန်တီးမှုတွေ ကောင်းပေမယ့် နေရာယူမှု အပိုင်းမှာ မီထရိုဗစ်ချ်လို မပါးနပ်ဘဲ စောင့်ကစားနေတဲ့ ဗီးနီးရှပ်စ်ကြောင့် အိမ်ရှင်တွေ ထင်သလောက် အလုပ်မဖြစ်ခဲ့သလို ပွဲချိန် ၂၅ မိနစ်မှာ ပါရဲရား ပင်နယ်တီရဖို့ တောင်းဆိုခဲ့ပေမယ့် ရှေ့က ဝီလ်ဆန် လူကျွံနေတာကြောင့် အလကားပဲဖြစ်သွားခဲ့ရတာပါ။

မာစီယယ်လ်ရဲ့ နံပါတ် ၉ ကစားပုံက အလုပ်မဖြစ်သလို ဒဟေးယားကတော့ အမှားအယွင်းမရှိ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ညာခြမ်းကနေ ဖာနန်ဒက်စ် ချိုးပေးတာကို အဲရစ်ဆန် ဘယ်ခြေနဲ့ မနားတမ်း ကန်သွင်းတာကလည်း ဘယ်ဘက်တိုင်ဘေးက ထွက်သွားခဲ့တာကြောင့် ပထမပိုင်းကို ယူနိုက်တက်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ပဲ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်း ပြန်အစမှာတော့ ဘယ်ခြမ်းက လွတ်ထွက်သွားခဲ့တာကို အီလန်ဂါက ဂိုးသမား လီနိုတည့်တည့် ကန်ခဲ့သလို နောက်က ပါလာတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အဆုံးသတ်မှုကလည်း ဂိုးသမားနဲ့ထိပြီး ထွက်သွားခဲ့လို့ ယူနိုက်တက်တို့ နစ်နာခဲ့ရသလို မာစီယယ်လ်ကတော့ အပျော်တမ်းကစားသမား တစ်ယောက်လို ဖြစ်နေခဲ့ပြီး ပွဲချိန် ၅၂ မိနစ်မှာ ဗီနီးရှပ်စ်ရဲ့ အနီးကပ် ကန်ချက်နဲ့ ရင်းမ်ရဲ့ ခေါင်းတိုက်ချက်တွေကို ဒဟေးယား ကာကွယ်ခဲ့ရသေးတာပါ။

ပွဲချိန် ၅၅ မိနစ်မှာ အီလန်ဂါအစား မက်တော်မီနေးကို ဝင်လာပြီး ဖူလ်ဟမ်တို့ စီးမိထားတဲ့ ကစားကွက်ကို ကွင်းလယ်ချင်း ယှဉ်ပြိုင်တုံ့ပြန်ဖို့ တန်ဟတ်က စီစဉ်လာခဲ့သလို မာကို ဆေးလ်ဗားကတော့ ပွဲချိန် ၅၉ မိနစ်မှာ ညာခြမ်းက ငပျော့ ဝီလ်ဆန်အစား မန်ယူကစားသမားဟောင်း ဒန်ဂျိမ်းစ်ကို ထည့်သွင်းပြီး တိုက်စစ်မြှင့်လာခဲ့ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ ဖူလ်ဟမ်တို့ ချေပဂိုး ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ဝီလီယန်က ဆွဲပြေးပြီး ဘယ်ခြမ်းကို ခင်းပေးရာမှာ ပြေးတက်လာတဲ့ ကဲရ်နီက ဂိုးရှေိ့ကို အနိမ့်ဘော ချိုးပေးခဲ့တာကနေ ဒန်ဂျိမ်းစ်က နောက်ခံလူနှစ်ယောက်ကြားက ပြေးပိတ်ပြီး တစ်ချိန်လုံး လက်စွမ်းပြနေတဲ့ ဂိုးသမား ဒဟေးယားကို အနိုင်ယူသွားခဲ့တာပါ။

ဒီနောက်မှာ ဖူလ်ဟမ်တို့ ဖိကစားခဲ့ပေမယ့် ဒဟေးယားကပဲ အမှားအယွင်းမရှိ ကာကွယ်သွားနိုင်ခဲ့သလို ပွဲချိန် ၇၂ မိနစ်မှာတော့ မန်ယူဘက်က မာစီယယ်လ်အစား ဂါနာချို ဝင်လာခဲ့အပြီး နှစ်မိနစ်အကြာမှာတော့ သူ့ကို ဒီကော်ဒိုဗာ-ရိဒ်က ဧရိယာအတွင်းမှာ ခြေချိတ်မိခဲ့ပေမယ့် ဒိုင်လူကြီး တီယာနီနဲ့ VAR ကတော့ ပင်နယ်တီမပေးဘဲ သက်ညှာသွားခဲ့ပါတယ်။

ဖူလ်ဟမ်တို့ကတော့ တိုက်စစ်ကစားနေခဲ့ပေမယ့် ကိုယ်ဘာလုပ်နေတယ်ဆိုတာကို ကိုယ်ယုံကြည်မှုမရှိတဲ့ ပုံစံမျိုးပဲဖြစ်နေခဲ့ပြီး နိုင်ကို နိုင်ရမယ် ဆိုတဲ့ စိတ်မျိုးနဲ့ ပွဲသိမ်းခရာမှုတ်ချိန်အထိ မကစားတတ်သလို နည်းပြ မာကို ဆေးလ်ဗားအနေနဲ့ မိနစ် ၉၀ နီးလာတာနဲ့ ကစားအားလျှော့ချပြီး ရသလောက်နဲ့ပဲ ကျေနပ်တယ်ဆိုတဲ့ အထာမျိုး ထပ်လုပ်ခဲ့တာကြောင့် မန်စီးတီးနဲ့ပွဲက အဖြစ်မျိုး ထပ်ကြုံခဲ့ရတာပါ။

နာကျင်အချိန်ပို ၃ မိနစ်မှာတော့ ကစားပုံ ပေါ့လျော့တဲ့ ဖူလ်ဟမ်ညာခြမ်းရဲ့ စုဖွဲ့မှုကြောင့် ယူနိုက်တက်တို့ အနိုင်ဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘောလုံးရလာခဲ့တဲ့ ဂါနာချိုက အဲရစ်ဆန်နဲ့ ဝမ်းတူးရိုက်ထွက်ပြီး ဧရိယာထဲအရောက် အားကုန်ပြေးပြီးမှ ဂိုးသမား လီနိုရဲ့ ညာဘက်ကို အနိမ့်ဘော ချိုးကန်သွင်းသွားနိုင်ခဲ့လို့ အားကိုးရမယ့် ကြယ်ပွင့်သစ်တစ်ပွင့်အဖြစ် တောက်ပနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ကစားသမားကောင်းတွေနဲ့ ကစားကွက်ကောင်းကို ပိုင်ဆိုင်ထားပေမယ့် စိတ်ဓာတ်ညံ့ဖျင်းတဲ့ ဖူလ်ဟမ်တို့ကို မန်ချက်စတာ ယူနိုက်တက်တို့အနေနဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးတို့လိုပဲ နောက်ဆုံးအချိန်မှာ အလဲထိုးအနိုင်ယူနိုင်ခဲ့ကြပြီး နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရလဒ်ကြောင့် အမှတ်ပေး ဇယားရဲ့ အဆင့် ၅ နေရာမှာ ရမှတ် ၂၆ မှတ်နဲ့ ရပ်တည်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ လင္ဒီေလာ့ဖ္၊ မာတီနက္ဇ္၊ မာလာစီယာနဲ႔ လုခ္ေရွာတို႔ကို အသုံးျပဳခဲ့သလို ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ အီလန္ဂါ၊ ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္တို႔ ပြဲထြက္လာခဲ့ၾကတာျဖစ္ပါတယ္။

အိမ္ရွင္ ဖူလ္ဟမ္အသင္းကေတာ့ ဂိုးသမား လီႏို၊ ခံစစ္မွာ ရင္းမ္၊ ဒီေယာ့ပ္၊ ဒီေကာ္ဒိုဗာ-ရိဒ္နဲ႔ ေရာ္ဘင္ဆန္တို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ပယ္လင္ညာ၊ ကဲရ္နီ၊ ဝီလီယန္၊ ဟာရီ ဝီလ္ဆန္နဲ႔ ပါရဲရားတို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ကားလို႔စ္ ဗီနီးရွပ္စ္ တစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၁၄ မိနစ္မွာ ယူႏိုက္တက္တို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံးပ်က္တာကို မာစီယယ္လ္ ျပန္ရၿပီး ဘယ္ျခမ္းကို ခ်ေပးရာမွာ ဘ႐ူႏို ဖာနန္ဒက္စ္ ကန္တဲ့ ေဘာလုံးက ဖူလ္ဟမ္ခံစစ္နဲ႔ထိၿပီး ညာျခမ္းကို လည္ထြက္လာခဲ့တာကို အဲရစ္ဆန္က အနီးကပ္ ေျပးပိတ္ၿပီး သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဖူလ္ဟမ္ကြင္းလယ္က ပယ္လင္ညာရဲ႕ ကစားအားက မန္ယူဘက္ကို စီးထားႏိုင္ခဲ့ၿပီး ဝီလီယန္လည္း ဖန္တီးမႈေတြ ေကာင္းေပမယ့္ ေနရာယူမႈ အပိုင္းမွာ မီထ႐ိုဗစ္ခ်္လို မပါးနပ္ဘဲ ေစာင့္ကစားေနတဲ့ ဗီးနီးရွပ္စ္ေၾကာင့္ အိမ္ရွင္ေတြ ထင္သေလာက္ အလုပ္မျဖစ္ခဲ့သလို ပြဲခ်ိန္ ၂၅ မိနစ္မွာ ပါရဲရား ပင္နယ္တီရဖို႔ ေတာင္းဆိုခဲ့ေပမယ့္ ေရွ႕က ဝီလ္ဆန္ လူကြၽံေနတာေၾကာင့္ အလကားပဲျဖစ္သြားခဲ့ရတာပါ။

မာစီယယ္လ္ရဲ႕ နံပါတ္ ၉ ကစားပုံက အလုပ္မျဖစ္သလို ဒေဟးယားကေတာ့ အမွားအယြင္းမရွိ ကာကြယ္မႈေတြ ျပဳလုပ္ႏိုင္ခဲ့ၿပီး ညာျခမ္းကေန ဖာနန္ဒက္စ္ ခ်ိဳးေပးတာကို အဲရစ္ဆန္ ဘယ္ေျခနဲ႔ မနားတမ္း ကန္သြင္းတာကလည္း ဘယ္ဘက္တိုင္ေဘးက ထြက္သြားခဲ့တာေၾကာင့္ ပထမပိုင္းကို ယူႏိုက္တက္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္း ျပန္အစမွာေတာ့ ဘယ္ျခမ္းက လြတ္ထြက္သြားခဲ့တာကို အီလန္ဂါက ဂိုးသမား လီႏိုတည့္တည့္ ကန္ခဲ့သလို ေနာက္က ပါလာတဲ့ ရက္ရွ္ဖို႔ဒ္ရဲ႕ အဆုံးသတ္မႈကလည္း ဂိုးသမားနဲ႔ထိၿပီး ထြက္သြားခဲ့လို႔ ယူႏိုက္တက္တို႔ နစ္နာခဲ့ရသလို မာစီယယ္လ္ကေတာ့ အေပ်ာ္တမ္းကစားသမား တစ္ေယာက္လို ျဖစ္ေနခဲ့ၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာ ဗီနီးရွပ္စ္ရဲ႕ အနီးကပ္ ကန္ခ်က္နဲ႔ ရင္းမ္ရဲ႕ ေခါင္းတိုက္ခ်က္ေတြကို ဒေဟးယား ကာကြယ္ခဲ့ရေသးတာပါ။

ပြဲခ်ိန္ ၅၅ မိနစ္မွာ အီလန္ဂါအစား မက္ေတာ္မီေနးကို ဝင္လာၿပီး ဖူလ္ဟမ္တို႔ စီးမိထားတဲ့ ကစားကြက္ကို ကြင္းလယ္ခ်င္း ယွဥ္ၿပိဳင္တုံ႔ျပန္ဖို႔ တန္ဟတ္က စီစဥ္လာခဲ့သလို မာကို ေဆးလ္ဗားကေတာ့ ပြဲခ်ိန္ ၅၉ မိနစ္မွာ ညာျခမ္းက ငေပ်ာ့ ဝီလ္ဆန္အစား မန္ယူကစားသမားေဟာင္း ဒန္ဂ်ိမ္းစ္ကို ထည့္သြင္းၿပီး တိုက္စစ္ျမႇင့္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ဖူလ္ဟမ္တို႔ ေခ်ပဂိုး ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ဝီလီယန္က ဆြဲေျပးၿပီး ဘယ္ျခမ္းကို ခင္းေပးရာမွာ ေျပးတက္လာတဲ့ ကဲရ္နီက ဂိုးေရွိ႕ကို အနိမ့္ေဘာ ခ်ိဳးေပးခဲ့တာကေန ဒန္ဂ်ိမ္းစ္က ေနာက္ခံလူႏွစ္ေယာက္ၾကားက ေျပးပိတ္ၿပီး တစ္ခ်ိန္လုံး လက္စြမ္းျပေနတဲ့ ဂိုးသမား ဒေဟးယားကို အႏိုင္ယူသြားခဲ့တာပါ။

ဒီေနာက္မွာ ဖူလ္ဟမ္တို႔ ဖိကစားခဲ့ေပမယ့္ ဒေဟးယားကပဲ အမွားအယြင္းမရွိ ကာကြယ္သြားႏိုင္ခဲ့သလို ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ မန္ယူဘက္က မာစီယယ္လ္အစား ဂါနာခ်ိဳ ဝင္လာခဲ့အၿပီး ႏွစ္မိနစ္အၾကာမွာေတာ့ သူ႔ကို ဒီေကာ္ဒိုဗာ-ရိဒ္က ဧရိယာအတြင္းမွာ ေျခခ်ိတ္မိခဲ့ေပမယ့္ ဒိုင္လူႀကီး တီယာနီနဲ႔ VAR ကေတာ့ ပင္နယ္တီမေပးဘဲ သက္ညႇာသြားခဲ့ပါတယ္။

ဖူလ္ဟမ္တို႔ကေတာ့ တိုက္စစ္ကစားေနခဲ့ေပမယ့္ ကိုယ္ဘာလုပ္ေနတယ္ဆိုတာကို ကိုယ္ယုံၾကည္မႈမရွိတဲ့ ပုံစံမ်ိဳးပဲျဖစ္ေနခဲ့ၿပီး ႏိုင္ကို ႏိုင္ရမယ္ ဆိုတဲ့ စိတ္မ်ိဳးနဲ႔ ပြဲသိမ္းခရာမႈတ္ခ်ိန္အထိ မကစားတတ္သလို နည္းျပ မာကို ေဆးလ္ဗားအေနနဲ႔ မိနစ္ ၉၀ နီးလာတာနဲ႔ ကစားအားေလွ်ာ့ခ်ၿပီး ရသေလာက္နဲ႔ပဲ ေက်နပ္တယ္ဆိုတဲ့ အထာမ်ိဳး ထပ္လုပ္ခဲ့တာေၾကာင့္ မန္စီးတီးနဲ႔ပြဲက အျဖစ္မ်ိဳး ထပ္ႀကဳံခဲ့ရတာပါ။

နာက်င္အခ်ိန္ပို ၃ မိနစ္မွာေတာ့ ကစားပုံ ေပါ့ေလ်ာ့တဲ့ ဖူလ္ဟမ္ညာျခမ္းရဲ႕ စုဖြဲ႕မႈေၾကာင့္ ယူႏိုက္တက္တို႔ အႏိုင္ဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေဘာလုံးရလာခဲ့တဲ့ ဂါနာခ်ိဳက အဲရစ္ဆန္နဲ႔ ဝမ္းတူး႐ိုက္ထြက္ၿပီး ဧရိယာထဲအေရာက္ အားကုန္ေျပးၿပီးမွ ဂိုးသမား လီႏိုရဲ႕ ညာဘက္ကို အနိမ့္ေဘာ ခ်ိဳးကန္သြင္းသြားႏိုင္ခဲ့လို႔ အားကိုးရမယ့္ ၾကယ္ပြင့္သစ္တစ္ပြင့္အျဖစ္ ေတာက္ပႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ကစားသမားေကာင္းေတြနဲ႔ ကစားကြက္ေကာင္းကို ပိုင္ဆိုင္ထားေပမယ့္ စိတ္ဓာတ္ညံ့ဖ်င္းတဲ့ ဖူလ္ဟမ္တို႔ကို မန္ခ်က္စတာ ယူႏိုက္တက္တို႔အေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးတို႔လိုပဲ ေနာက္ဆုံးအခ်ိန္မွာ အလဲထိုးအႏိုင္ယူႏိုင္ခဲ့ၾကၿပီး ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရလဒ္ေၾကာင့္ အမွတ္ေပး ဇယားရဲ႕ အဆင့္ ၅ ေနရာမွာ ရမွတ္ ၂၆ မွတ္နဲ႔ ရပ္တည္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.