Analysis Article Match Report Premier League

Captain Fantastic အနိုင်ရှာတဲ့ ဝုလ်ဗ်စ် 0-2 အာဆင်နယ်ပွဲက မှတ်မှတ်ရရများ

ကွာဟချက်ကို ချဲ့ထွင်လိုက်တဲ့ အာဆင်နယ်
ဒီပွဲမတိုင်ခင်က မန်စီးတီးတို့ အိမ်ကွင်းမှာ ခြေချော်ပြီး ရှုံးသွားခဲ့တာကြောင့် အာဆင်နယ်တို့အနေနဲ့ ဝုလ်ဗ်စ်ကို ဘယ်လိုရလဒ်ပဲထွက်ထွက် အမှတ်ပေးဇယားကို တစ်ဖြတ်နားချိန်မှာ ဆက်လက်ဦးဆောင်နိုင်မှာဖြစ်ပေမယ့် ဖိဖိစီးစီးကစားပြီး နိုင်ပွဲရယူခဲ့တာပါ။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းက မန်စီးတီးတို့ကို နှစ်မှတ်သာ ဖြတ်နိုင်ခဲ့ပေမယ့် ဇယားအောက်ခြေက ဝံပုလွေတွေနဲ့ ကစားရာမှာတော့ ကွာဟချက်ကို ချဲ့ထွင်နိုင်ဖို့ ကြိုးစားခဲ့ပြီး ဒုတိယပိုင်းမှာ အခွင့်အရေးတွေကို မလွတ်တမ်း အသုံးချနိုင်တောကြောင့် ငါးမှတ်ပြတ်သွားခဲ့တာလည်းဖြစ်ပါတယ်။

Captain Fantastic ရဲ့ နိုင်ပွဲ
ဒီနေ့ပွဲက အာဆင်နယ်ရဲ့ နိုင်ပွဲဖြစ်သလို ပွဲကြီးမတိုးဘူး၊ ဖိအားဒဏ် မခံနိုင်ဘူးလို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မာတင် အော်ဒီဂွါဒ်အတွက်ပါ နိုင်ပွဲဖြစ်တယ်လို့ ဆိုရပါလိမ့်မယ်။ စိတ်ဓာတ်ခွန်အားနဲ့ ဦးဆောင်နိုင်မှုပိုင်းမှာ ဘယ်လောက်တိုးတက်လာလဲဆိုတာ အကဲဖြတ်လို့ မလွယ်သေးပေမယ့် ဒီနေ့မှာ အသင်းရဲ့ သုံးမှတ်တန် နိုင်ပွဲအတွက် အရေးပါတဲ့ သွင်းဂိုးနှစ်ဂိုးကို နေရာယူမှန်မှန်နဲ့ သွင်းယူပေးခဲ့သလို သူ့ရဲ့ ခေါင်းတိုက်ချက်တစ်ကြိမ်ကိုသာ ဝုလ်ဗ်စ်နောက်ခံလူ တိုတီ ရှင်းမထုတ်နိုင်ခဲ့ရင် ဟက်ထရစ်ပါ ရနိုင်ခဲ့တာပါ။ နော်ဝေသားအနေနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းတွေမှာ နှစ်ဂိုးမသွင်းဖူးတဲ့ စံချိန်ဟောင်းကိုလည်း ချေဖျက်သွားခဲ့ပြီး ယုံကြည်မှု ရစေခဲ့တဲ့ ဒီနေ့ပွဲက သူနဲ့ ဂန်းနားတွေအတွက် ပီတိဖြစ်ခဲ့ရပါတယ်။

ချာကာရဲ့ စောစောစီးစီး ထွက်ခွာခဲ့ရမှု
ဂရာနစ် ချာကာအနေနဲ့ အာဆင်နယ်တို့အတွက် နောက်ဆုံး ပရီးမီးယားလိဂ် ၃၁ ပွဲဆက်တိုက် ကစားပြီး ပွဲတိုင်းကျော်ဖြစ်ခဲ့ပေမယ့် ဒီနေ့ပွဲမှာတော့ ပွဲစကတည်းက ခပ်ယိုင်ယိုင်ဖြစ်နေခဲ့ပြီး အဖျားကြောင့်လား၊ ဗိုက်အောင့်တာလားလို့ တွေးစရာဖြစ်ခဲ့သလို တံကောက်ကြောကြောင့်လို့ပါ စိတ်ပူခဲ့ရသေးတာပါ။ ပွဲချိန် ၁၅ မိနစ်မှာ ဖာဘီယို ဗီယာရာနဲ့ လဲခဲ့ရာမှာ အေးအေးဆေးဆေး ထွက်ခွာနိုင်ခဲ့တဲ့ ပုံစံအရတော့ အခြေအနေ မဆိုးနိုင်ဘူးလို့ ထင်မှတ်ရပြီး ဆွစ်ဇာလန် ကပ္ပတိန်အတွက်တော့ သူတို့ရဲ့ လက်ရွေးစင်နည်းပြ မူးရတ် ယာကင်တစ်ယောက် တော်တော် စိတ်ပူခဲ့ရမှာတော့ သေချာပါတယ်။

သံသယတွေကို ချေဖျက်တဲ့ ဗီယာရာ
ဖာဘီယို ဗီယာရာအနေနဲ့ ပြီးခဲ့တဲ့ ပွဲတွေက အော်ဒီဂွါဒ်ရဲ့ ညာခြမ်း နံပါတ် ၈ မှာ ဝင်ကစားခဲ့ပြီး ခြေစွမ်းမပြနိုင်ခဲ့လို့ ဝေဖန်ခံခဲ့ရပေမယ့် ဒီနေ့မှာတော့ သူဝင်လာရင် အသင်းကစားကွက်က ပျက်စီးသွားမလားဆိုတဲ့ သံသယတွေကို အကောင်းဆုံး ချေဖျက်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဂျေဆူးစ်နဲ့ မာတီနယ်လီတို့ လွတ်လွတ်လပ်လပ် ကစားနိုင်ဖို့ ဘယ်ခြမ်း Half Space တွေမှာ ရွေ့လျားပြီး အကွက်မြင်မြင် လင့်ချိတ်ပေးခဲ့သလို အော်ဒီဂွါဒ်ရဲ့ ပထမ သွင်းဂိုးကိုလည်း ဆရာကျကျ ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပြီး ဘာကြောင့် သူ့ကို ဘာနာဒို ဆေးလ်ဗားနဲ့ နှိုင်းယှဉ်ကြသလဲဆိုတာလည်း မြင်သာခဲ့တာပါ။

အဆဲခံလိုက်ရတဲ့ ဇင်ချန်ကို
ဒီနေ့ပွဲမှာတော့ အော်ဒီဂွါဒ်အတွက် ထိရောက်တဲ့ ဖြတ်တင်ဘောတစ်ကြိမ် လုပ်ပေးနိုင်ခဲ့ပေမယ့် ခြုံငုံသုံးသပ်စဉ်မှာတော့ ဇင်ချန်ကိုအနေနဲ့ အဆဲခံခဲ့ရတာဖြစ်ပါတယ်။ လုပ်ချင်ကိုင်ချင်ဇော များနေပြီး ခြေထဲက ဘောလုံးကို မပိုင်မနိုင်ဘဲ ကစားနေခဲ့သလို ပိုလီယို ပုံစံနဲ့ ဘောလုံးပျက်တဲ့ အမှားကတော့ ပရိသတ်တွေ ဆဲချင်စရာဖြစ်ပြီး ကွင်းထဲမှာ အနီးကပ်ရှိတဲ့ ဂိုးသမား ရမ်းစ်ဒေးလ်ကတော့ အော်ဟစ်ပေါက်ကွဲခဲ့သလို ဒီအမှားကို သတိပေးတဲ့အနေနဲ့ နည်းပြ အာတီတာကလည်း ချက်ချင်းဆိုသလိုပဲ ဆီးဒရစ်နဲ့ လူစားလဲသွားခဲ့တာဖြစ်ပါတယ်။ ယူကရိန်းသားအနေနဲ့ ဖိအားတွေကို ကိုင်တွယ်တတ်ဖို့ လိုအပ်နေပြီး အတတ်ဆန်းမှုတွေ များပြားလာရင်တော့ တီယာနီက နေရာလုယူဖို့ ရှိနေတာပါ။

ချန်ပီယံဖြစ်ပြီလား ဆင်ပျံကြီးတို့…
ပရီးမီးယားလိဂ်ကို ၁၄ ပွဲကစားပြီးချိန်မှာ ၁၂ ပွဲနိုင်တဲ့ စံချိန်ဟာ ရှေ့က ချန်ပီယံဖြစ်ဖူးတဲ့ အသင်းတိုင်းရဲ့ လုပ်ဆောင်ထားနိုင်ခဲ့ကြတဲ့ တူညီသော မှတ်တမ်းလည်းဖြစ်ပါတယ်။ ရှေ့က ၇ သင်းအနေနဲ့ ဒီနိုင်ပွဲစံချိန်ကို ဆက်လက်တိုးမြှင့်ပြီး ရာသီကုန်မှာ ချန်ပီယံဖြစ်ခဲ့တဲ့ အစဉ်အလာကို အာဆင်နယ်တို့ ဆက်လက်ထိန်းသိမ်းထားနိုင်မလား စောင့်ကြည့်ရတော့မှာဖြစ်သလို ဇန်နဝါရီမှာ ဒါကို လုပ်ဆောင်နိုင်ဖို့ လူသစ်တွေ ခေါ်ယူသွားမယ့် အချက်ကလည်း ပရိသတ်တွေ စိတ်လှုပ်ရှားစရာပါ။ ၂၀၁၃ ဒီဇင်ဘာနောက်ပိုင်း ခရစ္စမတ်ချန်ပီယံအဖြစ် ဇယားထိပ်ကို ပထမဆုံး ဦးဆောင်နိုင်ခဲ့ချိန်မှာ မန်စီးတီးကို ငါးမှတ် ဖြတ်ထားနိုင်တာကလည်း သူတို့ရဲ့ ဒုတိယနေရာက အသင်းနဲ့ အကြီးမားဆုံး ကွာဟချက်မှတ်တမ်းဖြစ်ခဲ့ပါတယ်။

ပါတေးရဲ့ ပထမဆုံး အဝါကတ်
ဒီရာသီ ပရီးမီးယားလိဂ်မှာ သောမတ်စ် ပါတေးအနေနဲ့ ဝုလ်ဗ်စ်နဲ့ပွဲကို ရောက်မှ ပထမဆုံး အဝါကတ်ကို ၁၁ ပွဲမြောက်မှာ စတင်ရရှိခဲ့တာ ဖြစ်ပါတယ်။ ကစားသမားတစ်ယောက်ရဲ့ အဝါကတ်ဆိုတာက စကားထဲ ထည့်ပြောလောက်စရာ ထူးဆန်းမှုမျိုး မဟုတ်ပေမယ့် ကွင်းလယ်အဖျက် ကစားတဲ့သူတစ်ဦးအနေနဲ့ ပြီးခဲ့တဲ့ ၁၀ ပွဲကစားအပြီးမှာ တစ်ဝါမှ မထိခဲ့တာက သူ့ရဲ့ ပါးနပ်တဲ့ ကစားပုံနဲ့ အသင်းဖော်တွေက သူ့ကို ခံစစ်မှာ ဘယ်လို ဝိုင်းဝန်းကူညီပေးသလဲဆိုတဲ့ စုစည်းမှုကောင်းတဲ့ အချက်ကို သိသာမြင်သာဖြစ်စေခဲ့လို့လည်း ဆိုရမှာပါ။ ဂါနာကပ္ပတိန်ဟာ ဒီရာသီမှာ အကောင်းဆုံး ခြေစွမ်းပြနေပြီး အာဆင်နယ်တို့ ဇယားထိပ်ရောက်ဖို့နဲ့ တည်ငြိမ်တဲ့ ကစားဟန်ကို ပြသနိုင်ဖို့ အဓိက တာဝန်ရှိသူလည်းဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကြာဟခ်က္ကို ခ်ဲ႕ထြင္လိုက္တဲ့ အာဆင္နယ္
ဒီပြဲမတိုင္ခင္က မန္စီးတီးတို႔ အိမ္ကြင္းမွာ ေျခေခ်ာ္ၿပီး ရႈံးသြားခဲ့တာေၾကာင့္ အာဆင္နယ္တို႔အေနနဲ႔ ဝုလ္ဗ္စ္ကို ဘယ္လိုရလဒ္ပဲထြက္ထြက္ အမွတ္ေပးဇယားကို တစ္ျဖတ္နားခ်ိန္မွာ ဆက္လက္ဦးေဆာင္ႏိုင္မွာျဖစ္ေပမယ့္ ဖိဖိစီးစီးကစားၿပီး ႏိုင္ပြဲရယူခဲ့တာပါ။ ၿပီးခဲ့တဲ့ တစ္ပတ္တုန္းက မန္စီးတီးတို႔ကို ႏွစ္မွတ္သာ ျဖတ္ႏိုင္ခဲ့ေပမယ့္ ဇယားေအာက္ေျခက ဝံပုေလြေတြနဲ႔ ကစားရာမွာေတာ့ ကြာဟခ်က္ကို ခ်ဲ႕ထြင္ႏိုင္ဖို႔ ႀကိဳးစားခဲ့ၿပီး ဒုတိယပိုင္းမွာ အခြင့္အေရးေတြကို မလြတ္တမ္း အသုံးခ်ႏိုင္ေတာေၾကာင့္ ငါးမွတ္ျပတ္သြားခဲ့တာလည္းျဖစ္ပါတယ္။

Captain Fantastic ရဲ႕ ႏိုင္ပြဲ
ဒီေန႔ပြဲက အာဆင္နယ္ရဲ႕ ႏိုင္ပြဲျဖစ္သလို ပြဲႀကီးမတိုးဘူး၊ ဖိအားဒဏ္ မခံႏိုင္ဘူးလို႔ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရတဲ့ မာတင္ ေအာ္ဒီဂြါဒ္အတြက္ပါ ႏိုင္ပြဲျဖစ္တယ္လို႔ ဆိုရပါလိမ့္မယ္။ စိတ္ဓာတ္ခြန္အားနဲ႔ ဦးေဆာင္ႏိုင္မႈပိုင္းမွာ ဘယ္ေလာက္တိုးတက္လာလဲဆိုတာ အကဲျဖတ္လို႔ မလြယ္ေသးေပမယ့္ ဒီေန႔မွာ အသင္းရဲ႕ သုံးမွတ္တန္ ႏိုင္ပြဲအတြက္ အေရးပါတဲ့ သြင္းဂိုးႏွစ္ဂိုးကို ေနရာယူမွန္မွန္နဲ႔ သြင္းယူေပးခဲ့သလို သူ႔ရဲ႕ ေခါင္းတိုက္ခ်က္တစ္ႀကိမ္ကိုသာ ဝုလ္ဗ္စ္ေနာက္ခံလူ တိုတီ ရွင္းမထုတ္ႏိုင္ခဲ့ရင္ ဟက္ထရစ္ပါ ရႏိုင္ခဲ့တာပါ။ ေနာ္ေဝသားအေနနဲ႔ ပရီးမီးယားလိဂ္ အေဝးကြင္းေတြမွာ ႏွစ္ဂိုးမသြင္းဖူးတဲ့ စံခ်ိန္ေဟာင္းကိုလည္း ေခ်ဖ်က္သြားခဲ့ၿပီး ယုံၾကည္မႈ ရေစခဲ့တဲ့ ဒီေန႔ပြဲက သူနဲ႔ ဂန္းနားေတြအတြက္ ပီတိျဖစ္ခဲ့ရပါတယ္။

ခ်ာကာရဲ႕ ေစာေစာစီးစီး ထြက္ခြာခဲ့ရမႈ
ဂရာနစ္ ခ်ာကာအေနနဲ႔ အာဆင္နယ္တို႔အတြက္ ေနာက္ဆုံး ပရီးမီးယားလိဂ္ ၃၁ ပြဲဆက္တိုက္ ကစားၿပီး ပြဲတိုင္းေက်ာ္ျဖစ္ခဲ့ေပမယ့္ ဒီေန႔ပြဲမွာေတာ့ ပြဲစကတည္းက ခပ္ယိုင္ယိုင္ျဖစ္ေနခဲ့ၿပီး အဖ်ားေၾကာင့္လား၊ ဗိုက္ေအာင့္တာလားလို႔ ေတြးစရာျဖစ္ခဲ့သလို တံေကာက္ေၾကာေၾကာင့္လို႔ပါ စိတ္ပူခဲ့ရေသးတာပါ။ ပြဲခ်ိန္ ၁၅ မိနစ္မွာ ဖာဘီယို ဗီယာရာနဲ႔ လဲခဲ့ရာမွာ ေအးေအးေဆးေဆး ထြက္ခြာႏိုင္ခဲ့တဲ့ ပုံစံအရေတာ့ အေျခအေန မဆိုးႏိုင္ဘူးလို႔ ထင္မွတ္ရၿပီး ဆြစ္ဇာလန္ ကပၸတိန္အတြက္ေတာ့ သူတို႔ရဲ႕ လက္ေ႐ြးစင္နည္းျပ မူးရတ္ ယာကင္တစ္ေယာက္ ေတာ္ေတာ္ စိတ္ပူခဲ့ရမွာေတာ့ ေသခ်ာပါတယ္။

သံသယေတြကို ေခ်ဖ်က္တဲ့ ဗီယာရာ
ဖာဘီယို ဗီယာရာအေနနဲ႔ ၿပီးခဲ့တဲ့ ပြဲေတြက ေအာ္ဒီဂြါဒ္ရဲ႕ ညာျခမ္း နံပါတ္ ၈ မွာ ဝင္ကစားခဲ့ၿပီး ေျခစြမ္းမျပႏိုင္ခဲ့လို႔ ေဝဖန္ခံခဲ့ရေပမယ့္ ဒီေန႔မွာေတာ့ သူဝင္လာရင္ အသင္းကစားကြက္က ပ်က္စီးသြားမလားဆိုတဲ့ သံသယေတြကို အေကာင္းဆုံး ေခ်ဖ်က္ျပႏိုင္ခဲ့တာျဖစ္ပါတယ္။ ေဂ်ဆူးစ္နဲ႔ မာတီနယ္လီတို႔ လြတ္လြတ္လပ္လပ္ ကစားႏိုင္ဖို႔ ဘယ္ျခမ္း Half Space ေတြမွာ ေ႐ြ႕လ်ားၿပီး အကြက္ျမင္ျမင္ လင့္ခ်ိတ္ေပးခဲ့သလို ေအာ္ဒီဂြါဒ္ရဲ႕ ပထမ သြင္းဂိုးကိုလည္း ဆရာက်က် ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ၿပီး ဘာေၾကာင့္ သူ႔ကို ဘာနာဒို ေဆးလ္ဗားနဲ႔ ႏႈိင္းယွဥ္ၾကသလဲဆိုတာလည္း ျမင္သာခဲ့တာပါ။

အဆဲခံလိုက္ရတဲ့ ဇင္ခ်န္ကို
ဒီေန႔ပြဲမွာေတာ့ ေအာ္ဒီဂြါဒ္အတြက္ ထိေရာက္တဲ့ ျဖတ္တင္ေဘာတစ္ႀကိမ္ လုပ္ေပးႏိုင္ခဲ့ေပမယ့္ ၿခဳံငုံသုံးသပ္စဥ္မွာေတာ့ ဇင္ခ်န္ကိုအေနနဲ႔ အဆဲခံခဲ့ရတာျဖစ္ပါတယ္။ လုပ္ခ်င္ကိုင္ခ်င္ေဇာ မ်ားေနၿပီး ေျခထဲက ေဘာလုံးကို မပိုင္မႏိုင္ဘဲ ကစားေနခဲ့သလို ပိုလီယို ပုံစံနဲ႔ ေဘာလုံးပ်က္တဲ့ အမွားကေတာ့ ပရိသတ္ေတြ ဆဲခ်င္စရာျဖစ္ၿပီး ကြင္းထဲမွာ အနီးကပ္ရွိတဲ့ ဂိုးသမား ရမ္းစ္ေဒးလ္ကေတာ့ ေအာ္ဟစ္ေပါက္ကြဲခဲ့သလို ဒီအမွားကို သတိေပးတဲ့အေနနဲ႔ နည္းျပ အာတီတာကလည္း ခ်က္ခ်င္းဆိုသလိုပဲ ဆီးဒရစ္နဲ႔ လူစားလဲသြားခဲ့တာျဖစ္ပါတယ္။ ယူကရိန္းသားအေနနဲ႔ ဖိအားေတြကို ကိုင္တြယ္တတ္ဖို႔ လိုအပ္ေနၿပီး အတတ္ဆန္းမႈေတြ မ်ားျပားလာရင္ေတာ့ တီယာနီက ေနရာလုယူဖို႔ ရွိေနတာပါ။

ခ်န္ပီယံျဖစ္ၿပီလား ဆင္ပ်ံႀကီးတို႔…
ပရီးမီးယားလိဂ္ကို ၁၄ ပြဲကစားၿပီးခ်ိန္မွာ ၁၂ ပြဲႏိုင္တဲ့ စံခ်ိန္ဟာ ေရွ႕က ခ်န္ပီယံျဖစ္ဖူးတဲ့ အသင္းတိုင္းရဲ႕ လုပ္ေဆာင္ထားႏိုင္ခဲ့ၾကတဲ့ တူညီေသာ မွတ္တမ္းလည္းျဖစ္ပါတယ္။ ေရွ႕က ၇ သင္းအေနနဲ႔ ဒီႏိုင္ပြဲစံခ်ိန္ကို ဆက္လက္တိုးျမႇင့္ၿပီး ရာသီကုန္မွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ အစဥ္အလာကို အာဆင္နယ္တို႔ ဆက္လက္ထိန္းသိမ္းထားႏိုင္မလား ေစာင့္ၾကည့္ရေတာ့မွာျဖစ္သလို ဇန္နဝါရီမွာ ဒါကို လုပ္ေဆာင္ႏိုင္ဖို႔ လူသစ္ေတြ ေခၚယူသြားမယ့္ အခ်က္ကလည္း ပရိသတ္ေတြ စိတ္လႈပ္ရွားစရာပါ။ ၂၀၁၃ ဒီဇင္ဘာေနာက္ပိုင္း ခရစၥမတ္ခ်န္ပီယံအျဖစ္ ဇယားထိပ္ကို ပထမဆုံး ဦးေဆာင္ႏိုင္ခဲ့ခ်ိန္မွာ မန္စီးတီးကို ငါးမွတ္ ျဖတ္ထားႏိုင္တာကလည္း သူတို႔ရဲ႕ ဒုတိယေနရာက အသင္းနဲ႔ အႀကီးမားဆုံး ကြာဟခ်က္မွတ္တမ္းျဖစ္ခဲ့ပါတယ္။

ပါေတးရဲ႕ ပထမဆုံး အဝါကတ္
ဒီရာသီ ပရီးမီးယားလိဂ္မွာ ေသာမတ္စ္ ပါေတးအေနနဲ႔ ဝုလ္ဗ္စ္နဲ႔ပြဲကို ေရာက္မွ ပထမဆုံး အဝါကတ္ကို ၁၁ ပြဲေျမာက္မွာ စတင္ရရွိခဲ့တာ ျဖစ္ပါတယ္။ ကစားသမားတစ္ေယာက္ရဲ႕ အဝါကတ္ဆိုတာက စကားထဲ ထည့္ေျပာေလာက္စရာ ထူးဆန္းမႈမ်ိဳး မဟုတ္ေပမယ့္ ကြင္းလယ္အဖ်က္ ကစားတဲ့သူတစ္ဦးအေနနဲ႔ ၿပီးခဲ့တဲ့ ၁၀ ပြဲကစားအၿပီးမွာ တစ္ဝါမွ မထိခဲ့တာက သူ႔ရဲ႕ ပါးနပ္တဲ့ ကစားပုံနဲ႔ အသင္းေဖာ္ေတြက သူ႔ကို ခံစစ္မွာ ဘယ္လို ဝိုင္းဝန္းကူညီေပးသလဲဆိုတဲ့ စုစည္းမႈေကာင္းတဲ့ အခ်က္ကို သိသာျမင္သာျဖစ္ေစခဲ့လို႔လည္း ဆိုရမွာပါ။ ဂါနာကပၸတိန္ဟာ ဒီရာသီမွာ အေကာင္းဆုံး ေျခစြမ္းျပေနၿပီး အာဆင္နယ္တို႔ ဇယားထိပ္ေရာက္ဖို႔နဲ႔ တည္ၿငိမ္တဲ့ ကစားဟန္ကို ျပသႏိုင္ဖို႔ အဓိက တာဝန္ရွိသူလည္းျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.