Match Report Premier League

အော်ဒီဂွါဒ်ရဲ့ နှစ်ဂိုးနဲ့ ဝုလ်ဗ်စ်ကို အနိုင်ယူပြီး မန်စီးတီးကို ၅ မှတ်ဖြတ်တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဆာလီဘာ၊ ဂါဘရီယယ်လ်၊ ဘန်ဝှိုက်နဲ့ ဇင်ချန်ကိုတို့ကို ဆက်လက်အသုံးပြုခဲ့ပြီး ကွင်းလယ်မှာလည်း ပါတေး၊ အော်ဒီဂွါဒ်နဲ့ ချာကာတို့ကို မပြောင်းမလဲ ပွဲထုတ်ခဲ့သလို တိုက်စစ်ကိုလည်း မာတီနယ်လီ၊ ဆာကာ၊ ဂျေဆူးစ်တို့နဲ့ပဲ အရင်ပွဲတွေကတိုင်း ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဝုလ်ဗ်စ်တို့ကတော့ ဂိုးသမား ဂျိုဆေးဆား၊ တိုတီ၊ ကေးလ်မန်း၊ ကောလင်းစ်၊ ဘွေနိုနဲ့ ဆီမီဒိုတို့ကို ခံစစ်မှာ စုဖွဲ့လာခဲ့ပြီး ကွင်းလယ်မှာတော့ ဂျာအို မော်တင်ညို၊ ဘူဘာကာ ထရာအိုရေးနဲ့ ရူဘင် နာဗက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အဒါမာ ထရာအိုရေးနဲ့ ဂွန်ဆာလို ဂေးဒက်စ်တို့ကို ကစားစေခဲ့တာပါ။

ပွဲစတာနဲ့ အာဆင်နယ်တို့ ဘောလုံးကိုင်ကစားခဲ့ပေမယ့် ဝုလ်ဗ်စ်တို့က သူတို့ရဲ့ ခံစစ်ကို ၁၁ ယောက်စလုံး တစ်ယောက်နဲ့တစ်ယောက် ခပ်စိပ်စိပ် နေရာယူပြီး ပိတ်ကစားထားခဲ့တာကြောင့် အာတီတာရဲ့ လူတွေအနေနဲ့ စိတ်ရှည်ရှည် မြင်းခွာပုံ ပတ်ပေးနေခဲ့ရသလို အပိုင်အခွင့်အရေးရဖို့အတွက် ချောင်းပြီး ကစားနေခဲ့ရပြီး ဒဏ်ရာအနည်းငယ်ရသွားတဲ့ ချာကာကိုတော့ ဖာဘီယို ဗီယာရာနဲ့ လူစားလဲခဲ့ရတာဖြစ်ပါတယ်။

အိမ်ရှင်တွေကတော့ အဒါမာ ထရာအိုရေးနဲ့ ဂေးဒက်စ်တို့လို တောင်ပံသမားတွေကို တိုက်စစ်မှူးလုပ်ထားခဲ့သလို သူတို့ရဲ့ ပြေးအားတိုးအားကို အသုံးပြုပြီး ကောင်တာကစားဖို့ ပလန်ချခဲ့ရာမှာ အတိုင်းအတာတစ်ခုအထိ အလုပ်ဖြစ်ခဲ့ပြီး အာဆင်နယ်ကွင်းလယ်က ပါးနပ်တဲ့ Technical Foul တွေ လုပ်နိုင်ခဲ့လို့သာ သက်သာခဲ့တာပါ။

ပထမပိုင်းမှာ ဂျေဆူးစ်က အခွင့်အရေးတွေ လေးကြိမ်လောက် လွဲချော်ပစ်ခဲ့သလို မာတီနယ်လီနဲ့ ဆာကာတို့ကတော့ တောင်ပံခံစစ်သမားတွေကို ဖြတ်ကျော်ဖို့ ခက်ခဲနေခဲ့တာကြောင့် ဂိုးမရှိသရေပဲဖြစ်နေခဲ့ပြီး ဒုတိယပိုင်း ပြန်စရာမှာတော့ အာဆင်နယ်တို့ ခပ်မြန်မြန် ဘောလုံးပေးကစားဖို့ ကြိုးစားမှုက ဝုလ်ဗ်စ်တို့ရဲ့ ပိတ်ဆို့မှုမှာ ထင်တိုင်းမပေါက်ဘဲ ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ အာဆင်နယ်တို့ အဖွင့်ဂိုး စတင်ရယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘောလုံးရလာတဲ့ ဂျေဆူးစ် အတွင်းကို ဆွဲဝင်မလိုဘဲ အပြင်ကို ခံစစ်ကြားကနေ ဧရိယာထဲ ချပေးရာမှာ ဖာဘီယို ဗီယာရာက ရယူနိုင်ခဲ့ပြီး ထောင့်ပိတ်ထားတဲ့ ဂိုးသမား ဂျိုဆေးဆာပေါ်ကနေ အသာလေး Chipping လုပ်ပေးခဲ့ရာမှာ ဆာကာနဲ့ အော်ဒီဂွါဒ်တို့ ပြေးပိတ်ခဲ့တာက နော်ဝေကပ္ပတိန် ဦးသွားခဲ့လို့ သူ့ရဲ့ဂိုးဖြစ်သွားခဲ့တာပါ။

ဂိုးပေးရအပြီးမှာ ဝုလ်ဗ်စ်တို့ အနည်းငယ်တင်ကစားလာခဲ့ပေမယ့် အာဆင်နယ်တို့ ခပ်မာမာပဲ ထိန်းချုပ်သွားနိုင်ခဲ့ကြပြီး အိမ်ရှင်တွေဘက်က မော်တင်ညိုနဲ့ ဆီမီဒိုတို့အစား ပိုဒင့်စ်နဲ့ လင်မ်ဘီကီဆာတို့ကို လူစားလဲကစားသွားခဲ့ချိန်မှာ အတွေ့အကြုံနုတဲ့ လင်မ်ဘီကီဆာကြောင့် ဘယ်ခြမ်းက မာတီနယ်လီနဲ့ ဇင်ချန်ကိုတို့အတွက် အနည်းငယ် ပိုချောင်လာခဲ့ပါတယ်။

ပွဲချိန် ၇၅ မိနစ်မှာတော့ အာဆင်နယ်တို့ ဒုတိယ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ လင်မ်ဘီကီဆာရဲ့ ရှင်းထုတ်မှုက မာတီနယ်လီ ပြန်လုပြီး နောက်ပေါက်နဲ့ ချပေးခဲ့တာကို ဇင်ချန်ကိုက အနိမ့်ဘော ချိုးပေးခဲ့ပြီး ရှုပ်ယှက်ခတ်နေတုန်း မာတီနယ်လီ ပိတ်သွင်းတာကို ဂျိုဆေးဆား ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ပြန်ထွက်လာတဲ့‌ ဘောလုံးကို အော်ဒီဂွါဒ်က အပိုင်ကန်ရာမှာတော့ ဘာမှ မတတ်နိုင်ဘဲ ဂိုးပေးလိုက်ရတာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ အာဆင်နယ်တို့ ဘောလုံးကို ခြေထဲ တတ်နိုင်သလောက်ထားပြီး ကစားသွားခဲ့သလို ပိုလီယိုပုံစံနဲ့ ရောင်းတဲ့ ဇင်ချန်ကို,ကိုတော့ ဂိုးသမား ရမ်းစ်ဒေးလ်နဲ့ ပရိသတ်တွေ ဝိုင်းဆဲတာကြောင့် ဆာကာ၊ ဗီယာရာတို့နဲ့အတူ လူစားလဲခဲ့ပြီး နယ်လ်ဆန်၊ အယ်လ်နန်နီနဲ့ ဆီးဒရစ်တို့ကို ထည့်သွင်းရင်း ထိန်းကစားသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဇယားအောက်ခြေက ဝုလ်ဗ်စ်တို့ရဲ့ အိမ်ကွင်း မိုလီနူးမှာ အာဆင်နယ်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဒီပွဲရလဒ်ကြောင့် ဘရန့်ဖို့ဒ်ကို ရှုံးပွဲတွေ့သွားခဲ့တဲ့ ဒုတိယနေရာက မန်စီးတီးကို ငါးမှတ်ဖြတ်လိုက်သလို ဇယားထိပ်မှာ ခရစ္စမတ်ကာလအထိ အပြတ်အသတ် ဆက်လက်ရပ်တည်ဖို့ ဖြစ်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဆာလီဘာ၊ ဂါဘရီယယ္လ္၊ ဘန္ဝႈိက္နဲ႔ ဇင္ခ်န္ကိုတို႔ကို ဆက္လက္အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာလည္း ပါေတး၊ ေအာ္ဒီဂြါဒ္နဲ႔ ခ်ာကာတို႔ကို မေျပာင္းမလဲ ပြဲထုတ္ခဲ့သလို တိုက္စစ္ကိုလည္း မာတီနယ္လီ၊ ဆာကာ၊ ေဂ်ဆူးစ္တို႔နဲ႔ပဲ အရင္ပြဲေတြကတိုင္း ခင္းက်င္းလာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဝုလ္ဗ္စ္တို႔ကေတာ့ ဂိုးသမား ဂ်ိဳေဆးဆား၊ တိုတီ၊ ေကးလ္မန္း၊ ေကာလင္းစ္၊ ေဘြႏိုနဲ႔ ဆီမီဒိုတို႔ကို ခံစစ္မွာ စုဖြဲ႕လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂ်ာအို ေမာ္တင္ညိဳ၊ ဘူဘာကာ ထရာအိုေရးနဲ႔ ႐ူဘင္ နာဗက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အဒါမာ ထရာအိုေရးနဲ႔ ဂြန္ဆာလို ေဂးဒက္စ္တို႔ကို ကစားေစခဲ့တာပါ။

ပြဲစတာနဲ႔ အာဆင္နယ္တို႔ ေဘာလုံးကိုင္ကစားခဲ့ေပမယ့္ ဝုလ္ဗ္စ္တို႔က သူတို႔ရဲ႕ ခံစစ္ကို ၁၁ ေယာက္စလုံး တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္စိပ္စိပ္ ေနရာယူၿပီး ပိတ္ကစားထားခဲ့တာေၾကာင့္ အာတီတာရဲ႕ လူေတြအေနနဲ႔ စိတ္ရွည္ရွည္ ျမင္းခြာပုံ ပတ္ေပးေနခဲ့ရသလို အပိုင္အခြင့္အေရးရဖို႔အတြက္ ေခ်ာင္းၿပီး ကစားေနခဲ့ရၿပီး ဒဏ္ရာအနည္းငယ္ရသြားတဲ့ ခ်ာကာကိုေတာ့ ဖာဘီယို ဗီယာရာနဲ႔ လူစားလဲခဲ့ရတာျဖစ္ပါတယ္။

အိမ္ရွင္ေတြကေတာ့ အဒါမာ ထရာအိုေရးနဲ႔ ေဂးဒက္စ္တို႔လို ေတာင္ပံသမားေတြကို တိုက္စစ္မႉးလုပ္ထားခဲ့သလို သူတို႔ရဲ႕ ေျပးအားတိုးအားကို အသုံးျပဳၿပီး ေကာင္တာကစားဖို႔ ပလန္ခ်ခဲ့ရာမွာ အတိုင္းအတာတစ္ခုအထိ အလုပ္ျဖစ္ခဲ့ၿပီး အာဆင္နယ္ကြင္းလယ္က ပါးနပ္တဲ့ Technical Foul ေတြ လုပ္ႏိုင္ခဲ့လို႔သာ သက္သာခဲ့တာပါ။

ပထမပိုင္းမွာ ေဂ်ဆူးစ္က အခြင့္အေရးေတြ ေလးႀကိမ္ေလာက္ လြဲေခ်ာ္ပစ္ခဲ့သလို မာတီနယ္လီနဲ႔ ဆာကာတို႔ကေတာ့ ေတာင္ပံခံစစ္သမားေတြကို ျဖတ္ေက်ာ္ဖို႔ ခက္ခဲေနခဲ့တာေၾကာင့္ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္စရာမွာေတာ့ အာဆင္နယ္တို႔ ခပ္ျမန္ျမန္ ေဘာလုံးေပးကစားဖို႔ ႀကိဳးစားမႈက ဝုလ္ဗ္စ္တို႔ရဲ႕ ပိတ္ဆို႔မႈမွာ ထင္တိုင္းမေပါက္ဘဲ ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ အာဆင္နယ္တို႔ အဖြင့္ဂိုး စတင္ရယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေဘာလုံးရလာတဲ့ ေဂ်ဆူးစ္ အတြင္းကို ဆြဲဝင္မလိုဘဲ အျပင္ကို ခံစစ္ၾကားကေန ဧရိယာထဲ ခ်ေပးရာမွာ ဖာဘီယို ဗီယာရာက ရယူႏိုင္ခဲ့ၿပီး ေထာင့္ပိတ္ထားတဲ့ ဂိုးသမား ဂ်ိဳေဆးဆာေပၚကေန အသာေလး Chipping လုပ္ေပးခဲ့ရာမွာ ဆာကာနဲ႔ ေအာ္ဒီဂြါဒ္တို႔ ေျပးပိတ္ခဲ့တာက ေနာ္ေဝကပၸတိန္ ဦးသြားခဲ့လို႔ သူ႔ရဲ႕ဂိုးျဖစ္သြားခဲ့တာပါ။

ဂိုးေပးရအၿပီးမွာ ဝုလ္ဗ္စ္တို႔ အနည္းငယ္တင္ကစားလာခဲ့ေပမယ့္ အာဆင္နယ္တို႔ ခပ္မာမာပဲ ထိန္းခ်ဳပ္သြားႏိုင္ခဲ့ၾကၿပီး အိမ္ရွင္ေတြဘက္က ေမာ္တင္ညိဳနဲ႔ ဆီမီဒိုတို႔အစား ပိုဒင့္စ္နဲ႔ လင္မ္ဘီကီဆာတို႔ကို လူစားလဲကစားသြားခဲ့ခ်ိန္မွာ အေတြ႕အႀကဳံႏုတဲ့ လင္မ္ဘီကီဆာေၾကာင့္ ဘယ္ျခမ္းက မာတီနယ္လီနဲ႔ ဇင္ခ်န္ကိုတို႔အတြက္ အနည္းငယ္ ပိုေခ်ာင္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၅ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ဒုတိယ ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ လင္မ္ဘီကီဆာရဲ႕ ရွင္းထုတ္မႈက မာတီနယ္လီ ျပန္လုၿပီး ေနာက္ေပါက္နဲ႔ ခ်ေပးခဲ့တာကို ဇင္ခ်န္ကိုက အနိမ့္ေဘာ ခ်ိဳးေပးခဲ့ၿပီး ရႈပ္ယွက္ခတ္ေနတုန္း မာတီနယ္လီ ပိတ္သြင္းတာကို ဂ်ိဳေဆးဆား ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ျပန္ထြက္လာတဲ့‌ ေဘာလုံးကို ေအာ္ဒီဂြါဒ္က အပိုင္ကန္ရာမွာေတာ့ ဘာမွ မတတ္ႏိုင္ဘဲ ဂိုးေပးလိုက္ရတာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ အာဆင္နယ္တို႔ ေဘာလုံးကို ေျခထဲ တတ္ႏိုင္သေလာက္ထားၿပီး ကစားသြားခဲ့သလို ပိုလီယိုပုံစံနဲ႔ ေရာင္းတဲ့ ဇင္ခ်န္ကို,ကိုေတာ့ ဂိုးသမား ရမ္းစ္ေဒးလ္နဲ႔ ပရိသတ္ေတြ ဝိုင္းဆဲတာေၾကာင့္ ဆာကာ၊ ဗီယာရာတို႔နဲ႔အတူ လူစားလဲခဲ့ၿပီး နယ္လ္ဆန္၊ အယ္လ္နန္နီနဲ႔ ဆီးဒရစ္တို႔ကို ထည့္သြင္းရင္း ထိန္းကစားသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဇယားေအာက္ေျခက ဝုလ္ဗ္စ္တို႔ရဲ႕ အိမ္ကြင္း မိုလီႏူးမွာ အာဆင္နယ္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဒီပြဲရလဒ္ေၾကာင့္ ဘရန႔္ဖို႔ဒ္ကို ရႈံးပြဲေတြ႕သြားခဲ့တဲ့ ဒုတိယေနရာက မန္စီးတီးကို ငါးမွတ္ျဖတ္လိုက္သလို ဇယားထိပ္မွာ ခရစၥမတ္ကာလအထိ အျပတ္အသတ္ ဆက္လက္ရပ္တည္ဖို႔ ျဖစ္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.