Match Report Premier League

အဲဗာတန်နဲ့ လမ်းပတ်ကို နှစ်ပွဲဆက်တိုက် ပျော်ပျော်ကြီး ဝုန်းပေးလိုက်တဲ့ ဘုန်းမောက်

ဘုန်းမောက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ထရေဗာစ်၊ ခံစစ်မှာ စတီဖင်စ်၊ ဆီနက်ဆီ၊ အက်ဒမ် စမစ်နဲ့ ဇီမူရာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လူးဝစ္စ ကွတ်ခ်၊ လာမာ၊ တာဗားနီးယာနဲ့ ဘီလင်းတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ကီဖာမိုးရ်နဲ့ ဆိုလန်ကီတို့နှစ်ဦးကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အဲဗာတန်အသင်းကတော့ ဂိုးသမား ပစ်ခ်ဖို့ဒ်၊ ခံစစ်မှာ ကိုဒီ၊ တာကော့ဗ်စကီး၊ ပက်တာဆန်နဲ့ မစ်ကိုလန်ကိုတို့ကို ထားကစားခဲ့သလို ကွင်းလယ်မှာတော့ ဂါနာ ဂေးယီ၊ အိုနာနာနဲ့ အီဝိုဘီတို့ သုံးယောက်တွဲကိုပဲ အပြောင်းအလဲမရှိ ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဂရေး၊ မက်နီးလ်နဲ့ မော်ပေတို့ကို ပွဲထုတ်လာခဲ့တာပါ။

ပွဲစတင်ချိန်မှာ အဲဗာတန်တို့ ဖိကစားနေခဲ့ပမယ့် ဂိုးကန်ချက်နဲ့ ဖန်တီးမှုတွေက ဂိုးနဲ့ ခပ်ဝေးဝေးမှာပဲ ရှိခဲ့ပြီး ဘုန်းမောက်ဂိုးသမား ထရေဗာစ်ကို ရင်ခုန်အောင် မစွမ်းနိုင်ခဲ့သလို နည်းပြ ဖရန့် လမ်းပတ်အနေနဲ့ သူ့ရဲ့ ရိုးစင်းလွန်းတဲ့ ၄-၃-၃ ကစားကွက်မှာ ဒီကွင်းလယ်အထိုင်ကို ထားပြီး ခံစစ်နဲ့ တိုက်စစ်မှာ ဘယ်သူပဲ သုံးသုံး အလုပ်ဖြစ်အောင်တော့ မစွမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန် ၁၈ မိနစ်မှာတော့ ဘုန်းမောက်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ လာမာ ခေါင်းတိုက်ချပေးလိုက်တဲ့ ဘောလုံးကို ဆိုလန်ကီက အဲဗာတန်ခံစစ်ကြားကနေ တစ်ကိုယ်တော် ကန်သွင်းရာမှာ အင်္ဂလန်လက်ရွေးစင်ကြီး ပစ်ခ်ဖို့ဒ်ရဲ့ ဖမ်းသလိုလို ပုတ်သလိုလို အမှားကနေ ပြန်ထွက်လာရာမှာ ခြေစွမ်းပြနေတဲ့ တာဗားနီးယာက ပြေးပိတ်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၂၅ မိနစ်မှာ အိမ်ရှင်တွေပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြသလို ထောင့်ကန်ဘောကနေ အတိုပေးရာက တစ်ဆင့် ရလာတဲ့ ဘီလင်းက တစ်ကိုယ်တော်အစွမ်းနဲ့ လှည့်ပတ်ကန်သွင်းခဲ့ရာမှာ ပစ်ခ်ဖို့ဒ် ပုတ်ထုတ်လို့ လျှံထွက်လာတဲ့ ဘောလုံးကို တာဗားနီးယားက ခေါင်းတိုက်လို့ ဂိုးထဲ ဝင်လာတာကို ခံစစ်သမားတွေနဲ့အပြိုင် ကီဖာမိုးရ်က အနီးကပ်အနေအထားကနေ အနာခံ ခေါင်းတိုက်ပြီး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီဂိုးမှာ အဲဗာတန်တို့အနေနဲ့ သူတို့ရဲ့ ခေါင်းထိပြီး လဲကျနေတဲ့ နောက်ခံလူ တာကော့ဗ်စကီးကို ကာကွယ်မပေးဘူးဆိုပြီး စောဒက တက်ခဲ့ကြပေမယ့် ဒိုင်လူကြီး ခရိတ် ပေါ်ဆန်က ပယ်ချသွားခဲ့သလို ပွဲချိန် ၄၁ မိနစ်မှာတော့ ဆိုလန်ကီရဲ့ ကန်ချက် တိုင်ဘေးက ထွက်သွားခဲ့လို့ ဘုန်းမောက်တို့ ဂိုးထပ်မရဘဲ ပထမပိုင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အဲဗာတန်တို့ ဘောလုံးပိုင်ဆိုင်မှုသာနဲ့ ဖိကစားခဲ့ပေမယ့် ဂိုးရှေ့ရောက်တာနဲ့ ချူချာလွန်းနေတဲ့ လမ်းပတ်ရဲ့ ဗျူဟာတွေက ရိုးအလွန်းသလို တစ်ချက်တစ်လေမှာ ကောင်တာပြန်ဝင်တဲ့ တာဗားနီးယာတို့ ဘုန်းမောက်တိုက်စစ်အုပ်စုကတောင် အသည်းအသန်တွေ လုပ်ပြနိုင်ခဲ့ပြီး ပစ်ခ်ဖို့ဒ် လက်စွမ်း မဆိုးခဲ့လို့သာ အလွယ်တကူ ဂိုးထပ်မပေးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၆၉ မိနစ်မှာတော့ ဘုန်းမောက်တို့ တတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရတဲ့ ဖရီးကစ်ကနေ လူးဝစ္စ ကွတ်ခ် ကန်တင်ပေးတာကို လူကျွံထောင်ချောက်ကပဲ ရေပက်မဝင်အောင် စိတ်ချရလွန်းသလို ပုံစံနဲ့ ရှင်းထုတ်ဖို့ မကြိုးစားဘဲ အတိတ်မေ့သလို ရွှေပျောက်သလို လုပ်နေတဲ့ အဲဗာတန်ခံစစ်ကြားကနေ လူစားဝင်ပြီး ကွင်းထဲ ရောက်တာ နှစ်မိနစ်သာ ရှိသေးတဲ့ တိုက်စစ်မှူး အန်ထော်နီက ခေါင်းတိုက်သွင်းယူသွားခဲ့တာပါ။

သုံးဂိုးပေးလိုက်ရမှ မျက်ကလူးဆန်ပြာဖြစ်ပြီး လူစားလဲဖို့ ကြိုးစားတဲ့ လမ်းပတ်အနေနဲ့ အရန်ခုံက ဂေါ်ဒန်နဲ့ ဒူကူရေးတို့ကို ပွဲချိန် ၇၅ မိနစ်မှာ ထည့်သွင်းခဲ့ပေမယ့် ၁၅ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးသာရထားပြီး ဘယ်သူလာလာ ဘာမှမဖြစ်တဲ့ ကစားကွက်ကြီးနဲ့တော့ အရှက်ပြေဂိုးလေးတစ်ဂိုးတောင် ပြန်မရခဲ့ဘဲ ဘုန်းမောက်ကွင်းမှာ အဲဗာတန်တို့ အရှက်ကွဲခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဘုန်းမောက်တို့က အဲဗာတန်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံနိုင်ခဲ့ကြပြီး ဒီပွဲရလဒ်ကြောင့် အိမ်ရှင် ချယ်ရီတွေအနေနဲ့ အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ ကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့သလို ဧည့်သည် တော်ဖီတွေကတော့ ပရိသတ်တွေ ဝိုင်းရန်တွေ့ခံရတဲ့အထိ အိုးနင်းခွက်နင်းနဲ့ ရှုံးပွဲဆက်ပြီး တန်းဆင်းဇုန်အထက် တစ်နေရာအကွာ အဆင့် ၁၇ မှာ ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘုန္းေမာက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ထေရဗာစ္၊ ခံစစ္မွာ စတီဖင္စ္၊ ဆီနက္ဆီ၊ အက္ဒမ္ စမစ္နဲ႔ ဇီမူရာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ လူးဝစၥ ကြတ္ခ္၊ လာမာ၊ တာဗားနီးယာနဲ႔ ဘီလင္းတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ကီဖာမိုးရ္နဲ႔ ဆိုလန္ကီတို႔ႏွစ္ဦးကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ အဲဗာတန္အသင္းကေတာ့ ဂိုးသမား ပစ္ခ္ဖို႔ဒ္၊ ခံစစ္မွာ ကိုဒီ၊ တာေကာ့ဗ္စကီး၊ ပက္တာဆန္နဲ႔ မစ္ကိုလန္ကိုတို႔ကို ထားကစားခဲ့သလို ကြင္းလယ္မွာေတာ့ ဂါနာ ေဂးယီ၊ အိုနာနာနဲ႔ အီဝိုဘီတို႔ သုံးေယာက္တြဲကိုပဲ အေျပာင္းအလဲမရွိ ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂေရး၊ မက္နီးလ္နဲ႔ ေမာ္ေပတို႔ကို ပြဲထုတ္လာခဲ့တာပါ။

ပြဲစတင္ခ်ိန္မွာ အဲဗာတန္တို႔ ဖိကစားေနခဲ့ပမယ့္ ဂိုးကန္ခ်က္နဲ႔ ဖန္တီးမႈေတြက ဂိုးနဲ႔ ခပ္ေဝးေဝးမွာပဲ ရွိခဲ့ၿပီး ဘုန္းေမာက္ဂိုးသမား ထေရဗာစ္ကို ရင္ခုန္ေအာင္ မစြမ္းႏိုင္ခဲ့သလို နည္းျပ ဖရန႔္ လမ္းပတ္အေနနဲ႔ သူ႔ရဲ႕ ႐ိုးစင္းလြန္းတဲ့ ၄-၃-၃ ကစားကြက္မွာ ဒီကြင္းလယ္အထိုင္ကို ထားၿပီး ခံစစ္နဲ႔ တိုက္စစ္မွာ ဘယ္သူပဲ သုံးသုံး အလုပ္ျဖစ္ေအာင္ေတာ့ မစြမ္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၁၈ မိနစ္မွာေတာ့ ဘုန္းေမာက္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန လာမာ ေခါင္းတိုက္ခ်ေပးလိုက္တဲ့ ေဘာလုံးကို ဆိုလန္ကီက အဲဗာတန္ခံစစ္ၾကားကေန တစ္ကိုယ္ေတာ္ ကန္သြင္းရာမွာ အဂၤလန္လက္ေ႐ြးစင္ႀကီး ပစ္ခ္ဖို႔ဒ္ရဲ႕ ဖမ္းသလိုလို ပုတ္သလိုလို အမွားကေန ျပန္ထြက္လာရာမွာ ေျခစြမ္းျပေနတဲ့ တာဗားနီးယာက ေျပးပိတ္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္ ၂၅ မိနစ္မွာ အိမ္ရွင္ေတြပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကသလို ေထာင့္ကန္ေဘာကေန အတိုေပးရာက တစ္ဆင့္ ရလာတဲ့ ဘီလင္းက တစ္ကိုယ္ေတာ္အစြမ္းနဲ႔ လွည့္ပတ္ကန္သြင္းခဲ့ရာမွာ ပစ္ခ္ဖို႔ဒ္ ပုတ္ထုတ္လို႔ လွ်ံထြက္လာတဲ့ ေဘာလုံးကို တာဗားနီးယားက ေခါင္းတိုက္လို႔ ဂိုးထဲ ဝင္လာတာကို ခံစစ္သမားေတြနဲ႔အၿပိဳင္ ကီဖာမိုးရ္က အနီးကပ္အေနအထားကေန အနာခံ ေခါင္းတိုက္ၿပီး သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီဂိုးမွာ အဲဗာတန္တို႔အေနနဲ႔ သူတို႔ရဲ႕ ေခါင္းထိၿပီး လဲက်ေနတဲ့ ေနာက္ခံလူ တာေကာ့ဗ္စကီးကို ကာကြယ္မေပးဘူးဆိုၿပီး ေစာဒက တက္ခဲ့ၾကေပမယ့္ ဒိုင္လူႀကီး ခရိတ္ ေပၚဆန္က ပယ္ခ်သြားခဲ့သလို ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ဆိုလန္ကီရဲ႕ ကန္ခ်က္ တိုင္ေဘးက ထြက္သြားခဲ့လို႔ ဘုန္းေမာက္တို႔ ဂိုးထပ္မရဘဲ ပထမပိုင္းကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ အဲဗာတန္တို႔ ေဘာလုံးပိုင္ဆိုင္မႈသာနဲ႔ ဖိကစားခဲ့ေပမယ့္ ဂိုးေရွ႕ေရာက္တာနဲ႔ ခ်ဴခ်ာလြန္းေနတဲ့ လမ္းပတ္ရဲ႕ ဗ်ဴဟာေတြက ႐ိုးအလြန္းသလို တစ္ခ်က္တစ္ေလမွာ ေကာင္တာျပန္ဝင္တဲ့ တာဗားနီးယာတို႔ ဘုန္းေမာက္တိုက္စစ္အုပ္စုကေတာင္ အသည္းအသန္ေတြ လုပ္ျပႏိုင္ခဲ့ၿပီး ပစ္ခ္ဖို႔ဒ္ လက္စြမ္း မဆိုးခဲ့လို႔သာ အလြယ္တကူ ဂိုးထပ္မေပးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၉ မိနစ္မွာေတာ့ ဘုန္းေမာက္တို႔ တတိယ ဦးေဆာင္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းမွာ ရတဲ့ ဖရီးကစ္ကေန လူးဝစၥ ကြတ္ခ္ ကန္တင္ေပးတာကို လူကြၽံေထာင္ေခ်ာက္ကပဲ ေရပက္မဝင္ေအာင္ စိတ္ခ်ရလြန္းသလို ပုံစံနဲ႔ ရွင္းထုတ္ဖို႔ မႀကိဳးစားဘဲ အတိတ္ေမ့သလို ေ႐ႊေပ်ာက္သလို လုပ္ေနတဲ့ အဲဗာတန္ခံစစ္ၾကားကေန လူစားဝင္ၿပီး ကြင္းထဲ ေရာက္တာ ႏွစ္မိနစ္သာ ရွိေသးတဲ့ တိုက္စစ္မႉး အန္ေထာ္နီက ေခါင္းတိုက္သြင္းယူသြားခဲ့တာပါ။

သုံးဂိုးေပးလိုက္ရမွ မ်က္ကလူးဆန္ျပာျဖစ္ၿပီး လူစားလဲဖို႔ ႀကိဳးစားတဲ့ လမ္းပတ္အေနနဲ႔ အရန္ခုံက ေဂၚဒန္နဲ႔ ဒူကူေရးတို႔ကို ပြဲခ်ိန္ ၇၅ မိနစ္မွာ ထည့္သြင္းခဲ့ေပမယ့္ ၁၅ ပြဲမွာ သြင္းဂိုး ၁၁ ဂိုးသာရထားၿပီး ဘယ္သူလာလာ ဘာမွမျဖစ္တဲ့ ကစားကြက္ႀကီးနဲ႔ေတာ့ အရွက္ေျပဂိုးေလးတစ္ဂိုးေတာင္ ျပန္မရခဲ့ဘဲ ဘုန္းေမာက္ကြင္းမွာ အဲဗာတန္တို႔ အရွက္ကြဲခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဘုန္းေမာက္တို႔က အဲဗာတန္တို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံႏိုင္ခဲ့ၾကၿပီး ဒီပြဲရလဒ္ေၾကာင့္ အိမ္ရွင္ ခ်ယ္ရီေတြအေနနဲ႔ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၃ ကို ျပန္လည္တက္လွမ္းလာႏိုင္ခဲ့သလို ဧည့္သည္ ေတာ္ဖီေတြကေတာ့ ပရိသတ္ေတြ ဝိုင္းရန္ေတြ႕ခံရတဲ့အထိ အိုးနင္းခြက္နင္းနဲ႔ ရႈံးပြဲဆက္ၿပီး တန္းဆင္းဇုန္အထက္ တစ္ေနရာအကြာ အဆင့္ ၁၇ မွာ ရပ္တည္ေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.