Match Report Premier League

ခုနစ်ဂိုးအထိ အပြိုင်သွင်းခဲ့ရတဲ့ ပွဲမှာ လိဒ်စ်ကို Come Back နိုင်ပွဲယူခဲ့တဲ့ စပါးစ်

တော့တင်ဟမ်ဟော့စပါးစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား လိုရစ်၊ ခံစစ်မှာ ဒိုင်ယာ၊ လွန်ဂလေနဲ့ ဘန်ဒေးဗီးစ်တို့ တွဲကစားခဲ့ကြပြီး ကွင်းလယ်မှာတော့ ဟွိုင်ဘယာ့ဂ်၊ ဘင်တန်ကာ၊ ပါရီရှစ်ချ်နဲ့ အီမာဆန် ရိုယဲလ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရစ်ချာလစ်ဆန်၊ ကူလူရှက်ဗ်စကီးနဲ့ ဟာရီကိန်းတို့ကို
ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် လိဒ်စ်ယူနိုက်တက်တို့ကတော့ ဂိုးသမား မေလီယေး၊ ခံစစ်မှာ ကို့ချ်၊ ကူးပါး၊ ခရစ္စတင်ဆန်နဲ့ စထရိုက်ခ်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ တိုင်လာ အက်ဒမ်စ်၊ မာ့ခ် ရိုကာနဲ့ အာရွန်ဆန်တို့ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာတော့ ဆမ်းမားဗီးလ်၊ ရိုဒရီဂိုနဲ့ ဂနွန်တိုတို့ကို အသုံးပြုခဲ့တာပါ။

ပွဲချိန် ၁၀ မိနစ်မှာကတည်းက ဧည့်သည်တွေ အဖွင့်ဂိုး သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးဆွဲပြေးလာနိုင်ခဲ့တဲ့ အာရွန်ဆန်က ဘယ်ခြမ်းကို ခင်းပေးရာမှာ ဆမ်းမားဗီးလ်က လေးလံထိုင်းမှိုင်းနေတဲ့ စပါးစ်နောက်ခံလူ ဒိုင်ယာကို ဖြတ်ဆွဲပြေးပြီး ထောင့်ကျဉ်း အနေအထားကနေ ဘယ်ခြေနဲ့ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၅ မိနစ်မှာတော့ အိမ်ရှင် စပါးစ်တို့ ချေပဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ထောင့်ကန်ဘောကနေ ပြန်ထွက်လာတာကို ဧရိယာထဲမှာ လွတ်နေတဲ့ ဟာရီကိန်းက တစ်ချက်ထိန်းပြီးမှ အပိုင်ကန်သွင်းယူခဲ့တာဖြစ်သလို ဒီဂိုးအတွက် လိဒ်စ်တို့က သူတို့ဂိုးသမား မေလီယေးကို ပြစ်ဒဏ် ကျူးလွန်ခံရတယ်လို့ စောဒကတက်ခဲ့ကြပေမယ့် ပြင်သစ်သားအနေနဲ့ ဘောလုံးကို လက်နဲ့ သေချာပုတ်ထုတ်နိုင်ခဲ့လို့ ပယ်ချခံခဲ့ရတာပါ။

ပွဲချိန် ၄၃ မိနစ်မှာတော့ လိဒ်စ်တို့ပဲ ပြန်လည်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာတဲ့ ဘောလုံးကို ကူးပါးက ခေါင်းတိုက်ချရာမှာ ခရစ္စတင်ဆန်က နောက်တစ်ကြိမ် ခေါင်းထပ်တိုက်ပြီး ပေးခဲ့တာကို စပါးစ်ခံစစ်ရဲ့ လူကျွံထောင်ချောက်ကို ဖောက်ထွက်သွားနိုင်ခဲ့တဲ့ ရိုဒရီဂိုက ဧရိယာအစပ်ကနေ မနားတမ်း Volley ကန်သွင်းသွားနိုင်ခဲ့တာကြောင့် ပထမပိုင်းမှာ နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စမှာတော့ ဒဏ်ရာရသွားတဲ့ ဂနွန်တိုအစား ဂရင်းဝုဒ်ကို လိဒ်စ်တို့ လူစားလဲကစားသွားခဲ့ရာမှာတော့ အထနှေးပြီး ပထမပိုင်းက ပုံစံကို ပြန်မရခဲ့တဲ့ ဂျက်ဆီ မာ့ရှ်ရဲ့ လူတွေ ကစားပုံက ကျဆင်းသွားခဲ့ပြီး အိမ်ရှင်တွေရဲ့ ဖိကစားခြင်းကို ခံခဲ့ရသလို အရင်ပွဲကထက် ပိုကောင်းလာတဲ့ စပါးစ်တိုက်စစ်ကလည်း ဂိုးပြန်ရဖို့ လုပ်ဆောင်လာခဲ့ကြတာပါ။

ပွဲချိန် ၅၁ မိနစ်မှာတော့ စပါးစ်တို့ သရေကျစေမယ့် ဂိုးကို ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကနေ ကူလူရှက်ဗ်စကီး ချိုးပေးတာကို အနီးကပ်ကန်သွင်းခဲ့တဲ့ ကိန်းရဲ့ ကန်ချက် ပြန်ထွက်လာတာကို ဧရိယာထိပ်ကနေ ဘန်ဒေးဗီးစ်က အပြင်းကန်သွင်းခဲ့ရာမှာ ဂိုးသမား မေလီယေး ကာကွယ်ပုံ နှေးကွေးလွန်းခဲ့လို့ ဘောလုံးက လွတ်ထွက်ပြီး ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၆ မိနစ်မှာတော့ လိဒ်စ်တို့ပဲ တတိယအကြိမ် ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ဟာရီကိန်းဆီက ဘောလုံးကို ကူးပါးက လုယူပြီး ပေးရာမှာ ကွင်းလယ်က မာ့ခ် ရိုကာက ဘယ်ခြမ်းကို ခင်းကျင်းပေးခဲ့တာကို ရိုဒရီဂိုက အနိမ့်ဘော ထောင့်ဖြတ်ကန်သွင်းယူခဲ့ရာမှာ ဒီပုံစံမျိုးနဲ့ ကမ္ဘာ့ဖလားကို ဘာသွားလုပ်မယ်မှန်းမသိတဲ့ ဂိုးသမား လိုရစ် မကာကွယ်တတ်ခဲ့လို့ ဂိုးပေးခဲ့ရတာပါ။

ဒါပေမယ့် ထုံးစံအတိုင်း စပါးစ်တို့ရဲ့ ကွင်းလယ်မှာ သူရဲကောင်းလုပ်နေတဲ့ ဘင်တန်ကာက ညှစ်ရုန်းချိန်မှာ ဂိုးတွေ သွင်းယူနိုင်တဲ့ သူ့အစွမ်းနဲ့ ပွဲချိန် ၈၁ မိနစ်မှာ ပြန်လည်ချေပသွားခဲ့ပြီး ဒီဂိုးမှာတော့ ညာခြမ်းက ဒိုဟာတီရဲ့ ဖြတ်တင်ဘောကို လိဒ်စစ်ခံက ရှင်းထုတ်တဲ့ ဘောလုံးပြန်ကျအလာမှာ ဥရုဂွေးသားက ရင်ဘတ်နဲ့ ဖမ်းထိန်းပြီး Volley ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၃ မိနစ်မှာတော့ စပါးစ်တို့ပဲ အနိုင်ရစေမယ့် စတုတ္ထမြောက်ဂိုးကို သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုလည်း ဘင်တန်ကာကပဲ ရယူပေးခဲ့သလို ညာခြမ်းက ကူလူရှက်ဗ်စကီးရဲ့ တစ်ကိုယ်တော်ခြေစွမ်းနဲ့ လိဒ်စ်ခံစစ်ကို ဖြတ်ကျော်ပြီး ဂိုးသမားနဲ့ အတွေ့မှာ ဘေးကို ချိုးပေးတာကို ဂျူဗင်တပ်စ်ကနေ ရထားတာ တန်လွန်းနေတဲ့ ကွင်းလယ်လူက အမှားအယွင်းမရှိ ပိတ်သွင်းသွားခဲ့တာပါ။

ဒီနောက်ပိုင်းမှာတော့ နှစ်ဝါတစ်နီနဲ့ အထုတ်ခံလိုက်ရတဲ့ တိုင်လာ အက်ဒမ်စ်ကြောင့် ဆယ်ယောက်ဖြစ်သွားခဲ့တဲ့ လိဒ်စ်တို့ ယှဉ်ကစားနိုင်စွမ်း မရှိတော့ဘဲ ပွဲချိန်အပြည့်မှာတော့ ကွန်တီရဲ့ စပါးစ်တို့က လေးဂိုး-သုံးဂိုးနဲ့ အောင်ပွဲခံသွားနိုင်ခဲ့ကြသလို အဆင့် ၄ နေရာကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား လိုရစ္၊ ခံစစ္မွာ ဒိုင္ယာ၊ လြန္ဂေလနဲ႔ ဘန္ေဒးဗီးစ္တို႔ တြဲကစားခဲ့ၾကၿပီး ကြင္းလယ္မွာေတာ့ ဟြိဳင္ဘယာ့ဂ္၊ ဘင္တန္ကာ၊ ပါရီရွစ္ခ်္နဲ႔ အီမာဆန္ ႐ိုယဲလ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ရစ္ခ်ာလစ္ဆန္၊ ကူလူရွက္ဗ္စကီးနဲ႔ ဟာရီကိန္းတို႔ကို
ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ လိဒ္စ္ယူႏိုက္တက္တို႔ကေတာ့ ဂိုးသမား ေမလီေယး၊ ခံစစ္မွာ ကို႔ခ်္၊ ကူးပါး၊ ခရစၥတင္ဆန္နဲ႔ စထ႐ိုက္ခ္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ တိုင္လာ အက္ဒမ္စ္၊ မာ့ခ္ ႐ိုကာနဲ႔ အာ႐ြန္ဆန္တို႔ကို ခင္းက်င္းခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆမ္းမားဗီးလ္၊ ႐ိုဒရီဂိုနဲ႔ ဂႏြန္တိုတို႔ကို အသုံးျပဳခဲ့တာပါ။

ပြဲခ်ိန္ ၁၀ မိနစ္မွာကတည္းက ဧည့္သည္ေတြ အဖြင့္ဂိုး သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံးဆြဲေျပးလာႏိုင္ခဲ့တဲ့ အာ႐ြန္ဆန္က ဘယ္ျခမ္းကို ခင္းေပးရာမွာ ဆမ္းမားဗီးလ္က ေလးလံထိုင္းမႈိင္းေနတဲ့ စပါးစ္ေနာက္ခံလူ ဒိုင္ယာကို ျဖတ္ဆြဲေျပးၿပီး ေထာင့္က်ဥ္း အေနအထားကေန ဘယ္ေျခနဲ႔ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၅ မိနစ္မွာေတာ့ အိမ္ရွင္ စပါးစ္တို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတာကို ဧရိယာထဲမွာ လြတ္ေနတဲ့ ဟာရီကိန္းက တစ္ခ်က္ထိန္းၿပီးမွ အပိုင္ကန္သြင္းယူခဲ့တာျဖစ္သလို ဒီဂိုးအတြက္ လိဒ္စ္တို႔က သူတို႔ဂိုးသမား ေမလီေယးကို ျပစ္ဒဏ္ က်ဴးလြန္ခံရတယ္လို႔ ေစာဒကတက္ခဲ့ၾကေပမယ့္ ျပင္သစ္သားအေနနဲ႔ ေဘာလုံးကို လက္နဲ႔ ေသခ်ာပုတ္ထုတ္ႏိုင္ခဲ့လို႔ ပယ္ခ်ခံခဲ့ရတာပါ။

ပြဲခ်ိန္ ၄၃ မိနစ္မွာေတာ့ လိဒ္စ္တို႔ပဲ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာတဲ့ ေဘာလုံးကို ကူးပါးက ေခါင္းတိုက္ခ်ရာမွာ ခရစၥတင္ဆန္က ေနာက္တစ္ႀကိမ္ ေခါင္းထပ္တိုက္ၿပီး ေပးခဲ့တာကို စပါးစ္ခံစစ္ရဲ႕ လူကြၽံေထာင္ေခ်ာက္ကို ေဖာက္ထြက္သြားႏိုင္ခဲ့တဲ့ ႐ိုဒရီဂိုက ဧရိယာအစပ္ကေန မနားတမ္း Volley ကန္သြင္းသြားႏိုင္ခဲ့တာေၾကာင့္ ပထမပိုင္းမွာ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စမွာေတာ့ ဒဏ္ရာရသြားတဲ့ ဂႏြန္တိုအစား ဂရင္းဝုဒ္ကို လိဒ္စ္တို႔ လူစားလဲကစားသြားခဲ့ရာမွာေတာ့ အထေႏွးၿပီး ပထမပိုင္းက ပုံစံကို ျပန္မရခဲ့တဲ့ ဂ်က္ဆီ မာ့ရွ္ရဲ႕ လူေတြ ကစားပုံက က်ဆင္းသြားခဲ့ၿပီး အိမ္ရွင္ေတြရဲ႕ ဖိကစားျခင္းကို ခံခဲ့ရသလို အရင္ပြဲကထက္ ပိုေကာင္းလာတဲ့ စပါးစ္တိုက္စစ္ကလည္း ဂိုးျပန္ရဖို႔ လုပ္ေဆာင္လာခဲ့ၾကတာပါ။

ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ စပါးစ္တို႔ သေရက်ေစမယ့္ ဂိုးကို ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကေန ကူလူရွက္ဗ္စကီး ခ်ိဳးေပးတာကို အနီးကပ္ကန္သြင္းခဲ့တဲ့ ကိန္းရဲ႕ ကန္ခ်က္ ျပန္ထြက္လာတာကို ဧရိယာထိပ္ကေန ဘန္ေဒးဗီးစ္က အျပင္းကန္သြင္းခဲ့ရာမွာ ဂိုးသမား ေမလီေယး ကာကြယ္ပုံ ေႏွးေကြးလြန္းခဲ့လို႔ ေဘာလုံးက လြတ္ထြက္ၿပီး ဂိုးထဲဝင္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ လိဒ္စ္တို႔ပဲ တတိယအႀကိမ္ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ဟာရီကိန္းဆီက ေဘာလုံးကို ကူးပါးက လုယူၿပီး ေပးရာမွာ ကြင္းလယ္က မာ့ခ္ ႐ိုကာက ဘယ္ျခမ္းကို ခင္းက်င္းေပးခဲ့တာကို ႐ိုဒရီဂိုက အနိမ့္ေဘာ ေထာင့္ျဖတ္ကန္သြင္းယူခဲ့ရာမွာ ဒီပုံစံမ်ိဳးနဲ႔ ကမာၻ႔ဖလားကို ဘာသြားလုပ္မယ္မွန္းမသိတဲ့ ဂိုးသမား လိုရစ္ မကာကြယ္တတ္ခဲ့လို႔ ဂိုးေပးခဲ့ရတာပါ။

ဒါေပမယ့္ ထုံးစံအတိုင္း စပါးစ္တို႔ရဲ႕ ကြင္းလယ္မွာ သူရဲေကာင္းလုပ္ေနတဲ့ ဘင္တန္ကာက ညႇစ္႐ုန္းခ်ိန္မွာ ဂိုးေတြ သြင္းယူႏိုင္တဲ့ သူ႔အစြမ္းနဲ႔ ပြဲခ်ိန္ ၈၁ မိနစ္မွာ ျပန္လည္ေခ်ပသြားခဲ့ၿပီး ဒီဂိုးမွာေတာ့ ညာျခမ္းက ဒိုဟာတီရဲ႕ ျဖတ္တင္ေဘာကို လိဒ္စစ္ခံက ရွင္းထုတ္တဲ့ ေဘာလုံးျပန္က်အလာမွာ ဥ႐ုေဂြးသားက ရင္ဘတ္နဲ႔ ဖမ္းထိန္းၿပီး Volley ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ စပါးစ္တို႔ပဲ အႏိုင္ရေစမယ့္ စတုတၳေျမာက္ဂိုးကို သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုလည္း ဘင္တန္ကာကပဲ ရယူေပးခဲ့သလို ညာျခမ္းက ကူလူရွက္ဗ္စကီးရဲ႕ တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ လိဒ္စ္ခံစစ္ကို ျဖတ္ေက်ာ္ၿပီး ဂိုးသမားနဲ႔ အေတြ႕မွာ ေဘးကို ခ်ိဳးေပးတာကို ဂ်ဴဗင္တပ္စ္ကေန ရထားတာ တန္လြန္းေနတဲ့ ကြင္းလယ္လူက အမွားအယြင္းမရွိ ပိတ္သြင္းသြားခဲ့တာပါ။

ဒီေနာက္ပိုင္းမွာေတာ့ ႏွစ္ဝါတစ္နီနဲ႔ အထုတ္ခံလိုက္ရတဲ့ တိုင္လာ အက္ဒမ္စ္ေၾကာင့္ ဆယ္ေယာက္ျဖစ္သြားခဲ့တဲ့ လိဒ္စ္တို႔ ယွဥ္ကစားႏိုင္စြမ္း မရွိေတာ့ဘဲ ပြဲခ်ိန္အျပည့္မွာေတာ့ ကြန္တီရဲ႕ စပါးစ္တို႔က ေလးဂိုး-သုံးဂိုးနဲ႔ ေအာင္ပြဲခံသြားႏိုင္ခဲ့ၾကသလို အဆင့္ ၄ ေနရာကို ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.