Match Report Premier League

ချဲလ်ဆီးကို နိုင်ပွဲယူပြီး အဆင့်အတန်းကို ဝင့်ကြွားပြတဲ့ တတိယနေရာက ငှက်ကျားများ

နယူးကာဆယ်လ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား နစ်ခ် ပုပ်၊ ခံစစ်မှာ ထရစ်ပီယာ၊ ရှား၊ ဘော့တ်မန်နဲ့ ဒန်ဘန်းတို့ကို ပွဲထုတ်လာခဲ့ပြီး ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဝီလော့ခ်နဲ့ လောင်းစတပ်ဖ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ခရစ္စဝုဒ်၊ အယ်လ်မီရွန်နဲ့ ဂျိုလင်တန်တို့ကို အသုံးပြုလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ချဲလ်ဆီးတို့ကတော့ ဂိုးသမား မန်ဒီ၊ ခံစစ်မှာ အက်ဇ်ပီလီကွေတာ၊ ချာလိုဘာနဲ့ ကူလီဘေလီတို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဂျော်ဂျင်ညို၊ ကိုဗာချစ်၊ လော့ဖ်တပ်စ်-ချိခ်နဲ့ လူးဝစ္စ ဟောလ်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ဂါလာဂါ၊ မေဆန်မောင်နဲ့ ဘရိုယာတို့ကို ပွဲထုတ်လာခဲ့တာပါ။

ချဲလ်ဆီးတို့အနေနဲ့ အသင်းကြီးတစ်သင်းရဲ့ Identity ပျောက်ဆုံးသလိုဖြစ်နေခဲ့ပြီး တစ်ဖက်အသင်းတွေရဲ့ ဗျူဟာကို ဘာလာလာ တုံ့ပြန်နိုင်ဖို့ မဖြစ်ခဲ့ချိန်မှာ နည်းပြ ဂရေဟမ် ပေါ့တာအနေနဲ့ ဒီလိုအသင်းမျိုးကို ကိုင်တွယ်ဖို့ အရည်အချင်း ပြည့်မီရဲ့လားလို့ မေးခွန်းထုတ်စရာလည်းဖြစ်ခဲ့ပြီး သူ့ထက် အမှတ်ပိုပေးရမယ့် အက်ဒီဟောင်းကတော့ နယူးကာဆယ်လ်တို့ကို ရလဒ်ကောင်းတွေအတွက် တွန်းတင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇ မိနစ်မှာကတည်းက လော့ဖ်တပ်စ်-ချိခ် ဒဏ်ရာရသွားလို့ အနားပေးထားတဲ့ သီယာဂို ဆေးလ်ဗားနဲ့ လဲခဲ့ရပြီး အက်ဇ်ပီလီကွေတာက အလယ်တန်း တက်ကစားခဲ့ရသလို နှစ်သင်းစလုံးအနေနဲ့ တစ်ဖက်ကို တစ်ဖက် အပိုင်ခြိမ်းခြောက်နိုင်မှုမျိုးတွေတော့ နည်းပါးခဲ့သလို ပထမပိုင်းမှာတော့ ချာလိုဘာရဲ့ လက်ထိဘောကိုလည်း ပင်နယ်တီမပေးဘဲ သက်ညှာခံခဲ့ရတာကြောင့် ဂိုးမရှိသရေပဲဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ အက်ဇ်ပီကွေတာအစား ပူလီရှစ်ချ်ကို ချဲလ်ဆီးတို့ ထည့်သွင်းလာခဲ့ပေမယ့် ကစားပုံကတော့ တက်လာခြင်း မရှိသေးဘဲ နယူးကာဆယ်လ်တို့ရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေခဲ့ရသလို ပွဲချိန်မိနစ် ၅၀ ဝန်းကျင်မှာ မန်ဒီနဲ့အဖွဲ့ အသည်းအသန်ဖြစ်ခဲ့ရပြီး အထူးသဖြင့်တော့ ကွင်းလယ်ကစားသမားတွေချင်း ကစားအားယှဉ်လို့ မရခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ နယူးကာဆယ်လ်တို့ စတင်ဦးဆောင်နိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ဂျိုလင်တန် ချပေးတာကို အယ်လ်မီရွန်က ညာခြမ်းကနေ အတွင်းဝင်ပြီး ကူလီဘေလီကို ကျော်ဖြတ်ခဲ့ရာမှာ အရှိန်လွန်သွားခဲ့လို့ အဆုံးမသတ်နိုင်ဘဲ အစရှည်ထွက်လာတဲ့ ဘောလုံးကို ဘယ်ခြမ်းက ရောက်လာတဲ့ ဝီလော့ခ်က ညာဘက်တိုင်အပေါ်ထောင့်ကို ဝေ့ဝိုက်ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်ပိုင်းမှာတော့ ချဲလ်ဆီးတို့ဘက်က ဟောလ်၊ မေဆန်မောင့်နဲ့ ဘရိုယာတို့အစား ကူကူရဲလား၊ ဇီးယက်ရှ်နဲ့ ဟာဗတ်ဇ်တို့ကို လဲကစားခဲ့သလို နယူးကာဆယ်လ်တို့ဘက်ကတော့ ခရစ္စဝုဒ်၊ ဝီလော့ခ်နဲ့ ဘော့တ်မန်တို့အစား ကာလမ် ဝီလ်ဆန်၊ မာဖီနဲ့ တားဂက်တို့ကို လဲကစားသွားပြီး နာကျင်အချိန်ပိုကိုတော့ ၉ မိနစ်အထိ ခွင့်ပြုခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ချဲလ်ဆီးတို့ တိုက်စစ်တွေကို နယူးကာဆယ်လ်တို့ ခံစစ်ကို ပိုအာရုံပြုပြီး ထိန်းချုပ်ကစားသွားခဲ့သလို တတ်နိုင်သလောက် အချိန်ဆွဲပြီး ကစားခဲ့တာကြောင့် နှစ်သင်းကြား တင်းမာမှုတွေလည်း ရှိခဲ့ပြီး ပွဲချိန်အပြည့်မှာတော့ အိမ်ရှင်ငှက်ကျားတွေအနေနဲ့ ပရီးမီးယားလိဂ်မှာ ငါးပွဲဆက်တိုက် နိုင်ပွဲရယူနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဒီပွဲရလဒ်ကြောင့် နယူးကာဆယ်လ်တို့အနေနဲ့ သူတို့နည်းပြ အက်ဒီဟောင်းရဲ့ တစ်လတာအကောင်းဆုံးဆု ကျိန်စာဖြစ်တဲ့ ဆုရပြီး နောက်ပွဲမှာ ရှုံးတဲ့ ဖြစ်ရပ်ကိုလည်း ကျော်လွှားနိုင်ခဲ့သလို ၁၅ ပွဲ ကစားအပြီးမှာ ၈ ပွဲနိုင် ၆ ပွဲသရေ ၁ ပွဲရှုံး၊ ရမှတ် ၃၀ နဲ့ ဒုတိယနေရာက မန်ချက်စတာစီးတီးတို့နဲ့ နှစ်မှတ်အကွာကို ရောက်ရှိလာနိုင်ခဲ့ပြီး ချဲလ်ဆီးတို့ကတော့ သုံးပွဲဆက်အရှုံးနဲ့ အဆင့် ၈ မှာ ရပ်တည်နေခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နယူးကာဆယ္လ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား နစ္ခ္ ပုပ္၊ ခံစစ္မွာ ထရစ္ပီယာ၊ ရွား၊ ေဘာ့တ္မန္နဲ႔ ဒန္ဘန္းတို႔ကို ပြဲထုတ္လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ဝီေလာ့ခ္နဲ႔ ေလာင္းစတပ္ဖ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ခရစၥဝုဒ္၊ အယ္လ္မီ႐ြန္နဲ႔ ဂ်ိဳလင္တန္တို႔ကို အသုံးျပဳလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ခ်ဲလ္ဆီးတို႔ကေတာ့ ဂိုးသမား မန္ဒီ၊ ခံစစ္မွာ အက္ဇ္ပီလီေကြတာ၊ ခ်ာလိုဘာနဲ႔ ကူလီေဘလီတို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ေဂ်ာ္ဂ်င္ညိဳ၊ ကိုဗာခ်စ္၊ ေလာ့ဖ္တပ္စ္-ခ်ိခ္နဲ႔ လူးဝစၥ ေဟာလ္တို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂါလာဂါ၊ ေမဆန္ေမာင္နဲ႔ ဘ႐ိုယာတို႔ကို ပြဲထုတ္လာခဲ့တာပါ။

ခ်ဲလ္ဆီးတို႔အေနနဲ႔ အသင္းႀကီးတစ္သင္းရဲ႕ Identity ေပ်ာက္ဆုံးသလိုျဖစ္ေနခဲ့ၿပီး တစ္ဖက္အသင္းေတြရဲ႕ ဗ်ဴဟာကို ဘာလာလာ တုံ႔ျပန္ႏိုင္ဖို႔ မျဖစ္ခဲ့ခ်ိန္မွာ နည္းျပ ဂေရဟမ္ ေပါ့တာအေနနဲ႔ ဒီလိုအသင္းမ်ိဳးကို ကိုင္တြယ္ဖို႔ အရည္အခ်င္း ျပည့္မီရဲ႕လားလို႔ ေမးခြန္းထုတ္စရာလည္းျဖစ္ခဲ့ၿပီး သူ႔ထက္ အမွတ္ပိုေပးရမယ့္ အက္ဒီေဟာင္းကေတာ့ နယူးကာဆယ္လ္တို႔ကို ရလဒ္ေကာင္းေတြအတြက္ တြန္းတင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇ မိနစ္မွာကတည္းက ေလာ့ဖ္တပ္စ္-ခ်ိခ္ ဒဏ္ရာရသြားလို႔ အနားေပးထားတဲ့ သီယာဂို ေဆးလ္ဗားနဲ႔ လဲခဲ့ရၿပီး အက္ဇ္ပီလီေကြတာက အလယ္တန္း တက္ကစားခဲ့ရသလို ႏွစ္သင္းစလုံးအေနနဲ႔ တစ္ဖက္ကို တစ္ဖက္ အပိုင္ၿခိမ္းေျခာက္ႏိုင္မႈမ်ိဳးေတြေတာ့ နည္းပါးခဲ့သလို ပထမပိုင္းမွာေတာ့ ခ်ာလိုဘာရဲ႕ လက္ထိေဘာကိုလည္း ပင္နယ္တီမေပးဘဲ သက္ညႇာခံခဲ့ရတာေၾကာင့္ ဂိုးမရွိသေရပဲျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ အက္ဇ္ပီေကြတာအစား ပူလီရွစ္ခ်္ကို ခ်ဲလ္ဆီးတို႔ ထည့္သြင္းလာခဲ့ေပမယ့္ ကစားပုံကေတာ့ တက္လာျခင္း မရွိေသးဘဲ နယူးကာဆယ္လ္တို႔ရဲ႕ ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ေနခဲ့ရသလို ပြဲခ်ိန္မိနစ္ ၅၀ ဝန္းက်င္မွာ မန္ဒီနဲ႔အဖြဲ႕ အသည္းအသန္ျဖစ္ခဲ့ရၿပီး အထူးသျဖင့္ေတာ့ ကြင္းလယ္ကစားသမားေတြခ်င္း ကစားအားယွဥ္လို႔ မရခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ နယူးကာဆယ္လ္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန ဂ်ိဳလင္တန္ ခ်ေပးတာကို အယ္လ္မီ႐ြန္က ညာျခမ္းကေန အတြင္းဝင္ၿပီး ကူလီေဘလီကို ေက်ာ္ျဖတ္ခဲ့ရာမွာ အရွိန္လြန္သြားခဲ့လို႔ အဆုံးမသတ္ႏိုင္ဘဲ အစရွည္ထြက္လာတဲ့ ေဘာလုံးကို ဘယ္ျခမ္းက ေရာက္လာတဲ့ ဝီေလာ့ခ္က ညာဘက္တိုင္အေပၚေထာင့္ကို ေဝ့ဝိုက္ကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္ပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ဘက္က ေဟာလ္၊ ေမဆန္ေမာင့္နဲ႔ ဘ႐ိုယာတို႔အစား ကူကူရဲလား၊ ဇီးယက္ရွ္နဲ႔ ဟာဗတ္ဇ္တို႔ကို လဲကစားခဲ့သလို နယူးကာဆယ္လ္တို႔ဘက္ကေတာ့ ခရစၥဝုဒ္၊ ဝီေလာ့ခ္နဲ႔ ေဘာ့တ္မန္တို႔အစား ကာလမ္ ဝီလ္ဆန္၊ မာဖီနဲ႔ တားဂက္တို႔ကို လဲကစားသြားၿပီး နာက်င္အခ်ိန္ပိုကိုေတာ့ ၉ မိနစ္အထိ ခြင့္ျပဳခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ခ်ဲလ္ဆီးတို႔ တိုက္စစ္ေတြကို နယူးကာဆယ္လ္တို႔ ခံစစ္ကို ပိုအာ႐ုံျပဳၿပီး ထိန္းခ်ဳပ္ကစားသြားခဲ့သလို တတ္ႏိုင္သေလာက္ အခ်ိန္ဆြဲၿပီး ကစားခဲ့တာေၾကာင့္ ႏွစ္သင္းၾကား တင္းမာမႈေတြလည္း ရွိခဲ့ၿပီး ပြဲခ်ိန္အျပည့္မွာေတာ့ အိမ္ရွင္ငွက္က်ားေတြအေနနဲ႔ ပရီးမီးယားလိဂ္မွာ ငါးပြဲဆက္တိုက္ ႏိုင္ပြဲရယူႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒီပြဲရလဒ္ေၾကာင့္ နယူးကာဆယ္လ္တို႔အေနနဲ႔ သူတို႔နည္းျပ အက္ဒီေဟာင္းရဲ႕ တစ္လတာအေကာင္းဆုံးဆု က်ိန္စာျဖစ္တဲ့ ဆုရၿပီး ေနာက္ပြဲမွာ ရႈံးတဲ့ ျဖစ္ရပ္ကိုလည္း ေက်ာ္လႊားႏိုင္ခဲ့သလို ၁၅ ပြဲ ကစားအၿပီးမွာ ၈ ပြဲႏိုင္ ၆ ပြဲသေရ ၁ ပြဲရႈံး၊ ရမွတ္ ၃၀ နဲ႔ ဒုတိယေနရာက မန္ခ်က္စတာစီးတီးတို႔နဲ႔ ႏွစ္မွတ္အကြာကို ေရာက္ရွိလာႏိုင္ခဲ့ၿပီး ခ်ဲလ္ဆီးတို႔ကေတာ့ သုံးပြဲဆက္အရႈံးနဲ႔ အဆင့္ ၈ မွာ ရပ္တည္ေနခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.