Carabao & FA Premier League

မန်စီးတီးတို့ ပွဲဆက်ကျပ်ပြန်ပြီး မန်ယူတို့ သာယာမယ့် ကာရာဘောင်း စတုတ္ထအဆင့်

ပြီးခဲ့တဲ့ ကြာသပတေးညက ကာရာဘောင်းဖလား စတုတ္ထအဆင့် ပွဲစဉ်တွေကို မဲနှိုက်ရေးဆွဲခဲ့ရာမှာတော့ အသင်းကြီးတွေ သိပ်မကျန်တဲ့ ပြိုင်ပွဲအတွင်းမှာ အသင်းကြီးချင်း ထပ်မံတွေ့ဆုံမှု ရှိခဲ့ပြီး မန်ချက်စတာစီးတီးတို့အနေနဲ့ ပြီးခဲ့တဲ့ တတိယအဆင့်မှာ ချဲလ်ဆီးနဲ့ ကစားခဲ့ရသလို ကမ္ဘာ့ဖလားအပြီး ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကစားရမယ့် ပွဲစဉ်မှာလည်း ပွဲကျပ်ကြုံတွေ့နေခဲ့တာဖြစ်ပါတယ်။

အိမ်ကွင်းမှာ ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ ဒါဘီကို ပင်နယ်တီနဲ့ နိုင်ခဲ့တဲ့ လီဗာပူးလ်တို့နဲ့ အိမ်ကွင်း အစ်တီဟတ်မှာ ကစားရဖို့ ဖြစ်လာခဲ့ပြီး အသင်းကြီးဆိုလို့ သူတို့နဲ့ မန်ယူနိုက်တက်တို့ သုံးသင်းသာ ကျန်တော့တဲ့ ဒီပြိုင်ပွဲမှာ တခြားအသင်းတွေရဲ့ စိန်ခေါ်နိုင်မှုတွေကို ပိုမို လမ်းပွင့်သွားစေတာလည်းဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာ သူတို့ကို လောလောလတ်လတ် အနိုင်ယူထားခဲ့တဲ့ အက်စ်တန်ဗီလာကို အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးမိုးရွာပြီး အနိုင်ယူခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့ကတော့ နောက်တစ်ဆင့်မှာ ပရီးမီးယားလိဂ်က တန်းဆင်းသွားခဲ့တဲ့ ဘန်လေအသင်းနဲ့ အိမ်ကွင်းမှာပဲ ဆက်လက်ရင်ဆိုင်ရဖို့ ရှိနေပြီး ပွဲချောင်နေသလို လာမယ့် ကွာတားအဆင့်မှာသာ ဘယ်သူနဲ့ တွေ့ဆုံမလဲဆိုတာ စိတ်ဝင်စားရမှာပါ။

ကျန်အသင်းတွေထဲမှာတော့ ပရီးမီးယားလိဂ်မှာ ခြေစွမ်းအပြနိုင်ဆုံးတစ်သင်းလို့ ဆိုလို့ရတဲ့ ဆော်ဒီပိုင် နယူးကာဆယ်လ်ယူနိုက်တက်တို့အနေနဲ့ အိမ်ကွင်းမှာ ပရီးမီးယားလိဂ်ကပဲဖြစ်တဲ့ ဘုန်းမောက်ကို အိမ်ကွင်း စိန့်ဂျိမ်းစ်ပါ့ခ်မှာ လက်ခံကစားရမှာဖြစ်ပြီး အက်ဒီဟောင်းနဲ့ သူ့ကစားသမားတွေ နောက်တစ်ဆင့်တက်နိုင်ဖို့ အခြေအနေကောင်းနေခဲ့ပါတယ်။

လက်စတာစီးတီးအသင်းကတော့ အဝေးကွင်းမှာ MK ဒွန်းစ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး ဝုလ်ဗာဟမ့်ပ်တန်တို့ကတော့ ဘရန့်ဖို့ဒ်ကို အဝေးကွင်းမှာ ပင်နယ်တီနဲ့ ကျော်ဖြတ်လာခဲ့တဲ့ ဂီလင်ဟမ်ကို အိမ်ကွင်း မိုလီနူးမှာ လက်ခံကစားရဖို့ ရှိနေသလို ဆောက်သမ်တန်တို့ကတော့ လင်ကွန်း စီးတီးနဲ့ စိန့်မေရီမှာ ကစားကြရမှာပါ။

လန်ဒန်အခြေစိုက် ပရီးမီးယားလိဂ်အသင်းတွေ ပြုတ်သွားခဲ့ကြချိန်မှာ တစ်သင်းသာ ကျန်တော့တဲ့ လန်ဒန်ကိုယ်စားပြု ချာလ်တန် အက်သလက်တစ်အသင်းကတော့ အိမ်ကွင်း သည်ဗဲလီးမှာ အာဆင်နယ်ကို အမ်းမရိတ်မှာ ဖြုတ်ခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ လက်ခံကစားရမှာဖြစ်ပေမယ့် ကွာတားဖိုင်နယ်ကိုတော့ လန်ဒန်အသင်းတွေ ပါမလာနိုင်လောက်ဘူးလို့ပဲ ခန့်မှန်းရမှာဖြစ်ပါတယ်။

နောက်ဆုံးတစ်ပွဲအဖြစ်တော့ တော့တင်ဟမ် ဟော့စပါးစ်ကို စီးတီးဂရောင်းမှာ အလဲထိုးလာခဲ့တဲ့ နော့တင်ဟမ်ဖောရက်စ်သစ်ပင်တွေအနေနဲ့ အဝေးကွင်းမှာ ဝက်စ်ဟမ်းကို ပင်နယ်တီနဲ့ အနိုင်ရခဲ့တဲ့ ဘလက်ဘန်း ရိုဗာစ်တို့ရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆက်လက်အစမ်းသပ်ခံဖို့ ဖြစ်နိုင်မလားတော့ စောင့်ကြည့်ရမှာဖြစ်ကြောင်း စုစည်းဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ၾကာသပေတးညက ကာရာေဘာင္းဖလား စတုတၳအဆင့္ ပြဲစဥ္ေတြကို မဲႏႈိက္ေရးဆြဲခဲ့ရာမွာေတာ့ အသင္းႀကီးေတြ သိပ္မက်န္တဲ့ ၿပိဳင္ပြဲအတြင္းမွာ အသင္းႀကီးခ်င္း ထပ္မံေတြ႕ဆုံမႈ ရွိခဲ့ၿပီး မန္ခ်က္စတာစီးတီးတို႔အေနနဲ႔ ၿပီးခဲ့တဲ့ တတိယအဆင့္မွာ ခ်ဲလ္ဆီးနဲ႔ ကစားခဲ့ရသလို ကမာၻ႔ဖလားအၿပီး ဒီဇင္ဘာ ၁၈ ရက္ေန႔မွာ ကစားရမယ့္ ပြဲစဥ္မွာလည္း ပြဲက်ပ္ႀကဳံေတြ႕ေနခဲ့တာျဖစ္ပါတယ္။

အိမ္ကြင္းမွာ ခ်ဲလ္ဆီးကို အႏိုင္ရခဲ့တဲ့ မန္စီးတီးတို႔အေနနဲ႔ ဒါဘီကို ပင္နယ္တီနဲ႔ ႏိုင္ခဲ့တဲ့ လီဗာပူးလ္တို႔နဲ႔ အိမ္ကြင္း အစ္တီဟတ္မွာ ကစားရဖို႔ ျဖစ္လာခဲ့ၿပီး အသင္းႀကီးဆိုလို႔ သူတို႔နဲ႔ မန္ယူႏိုက္တက္တို႔ သုံးသင္းသာ က်န္ေတာ့တဲ့ ဒီၿပိဳင္ပြဲမွာ တျခားအသင္းေတြရဲ႕ စိန္ေခၚႏိုင္မႈေတြကို ပိုမို လမ္းပြင့္သြားေစတာလည္းျဖစ္ပါတယ္။

ပရီးမီးယားလိဂ္မွာ သူတို႔ကို ေလာေလာလတ္လတ္ အႏိုင္ယူထားခဲ့တဲ့ အက္စ္တန္ဗီလာကို အိုးလ္ထရက္ဖို႔ဒ္မွာ ဂိုးမိုး႐ြာၿပီး အႏိုင္ယူခဲ့တဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ေနာက္တစ္ဆင့္မွာ ပရီးမီးယားလိဂ္က တန္းဆင္းသြားခဲ့တဲ့ ဘန္ေလအသင္းနဲ႔ အိမ္ကြင္းမွာပဲ ဆက္လက္ရင္ဆိုင္ရဖို႔ ရွိေနၿပီး ပြဲေခ်ာင္ေနသလို လာမယ့္ ကြာတားအဆင့္မွာသာ ဘယ္သူနဲ႔ ေတြ႕ဆုံမလဲဆိုတာ စိတ္ဝင္စားရမွာပါ။

က်န္အသင္းေတြထဲမွာေတာ့ ပရီးမီးယားလိဂ္မွာ ေျခစြမ္းအျပႏိုင္ဆုံးတစ္သင္းလို႔ ဆိုလို႔ရတဲ့ ေဆာ္ဒီပိုင္ နယူးကာဆယ္လ္ယူႏိုက္တက္တို႔အေနနဲ႔ အိမ္ကြင္းမွာ ပရီးမီးယားလိဂ္ကပဲျဖစ္တဲ့ ဘုန္းေမာက္ကို အိမ္ကြင္း စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ လက္ခံကစားရမွာျဖစ္ၿပီး အက္ဒီေဟာင္းနဲ႔ သူ႔ကစားသမားေတြ ေနာက္တစ္ဆင့္တက္ႏိုင္ဖို႔ အေျခအေနေကာင္းေနခဲ့ပါတယ္။

လက္စတာစီးတီးအသင္းကေတာ့ အေဝးကြင္းမွာ MK ဒြန္းစ္အသင္းနဲ႔ ကစားရမွာျဖစ္ၿပီး ဝုလ္ဗာဟမ့္ပ္တန္တို႔ကေတာ့ ဘရန႔္ဖို႔ဒ္ကို အေဝးကြင္းမွာ ပင္နယ္တီနဲ႔ ေက်ာ္ျဖတ္လာခဲ့တဲ့ ဂီလင္ဟမ္ကို အိမ္ကြင္း မိုလီႏူးမွာ လက္ခံကစားရဖို႔ ရွိေနသလို ေဆာက္သမ္တန္တို႔ကေတာ့ လင္ကြန္း စီးတီးနဲ႔ စိန႔္ေမရီမွာ ကစားၾကရမွာပါ။

လန္ဒန္အေျခစိုက္ ပရီးမီးယားလိဂ္အသင္းေတြ ျပဳတ္သြားခဲ့ၾကခ်ိန္မွာ တစ္သင္းသာ က်န္ေတာ့တဲ့ လန္ဒန္ကိုယ္စားျပဳ ခ်ာလ္တန္ အက္သလက္တစ္အသင္းကေတာ့ အိမ္ကြင္း သည္ဗဲလီးမွာ အာဆင္နယ္ကို အမ္းမရိတ္မွာ ျဖဳတ္ခဲ့တဲ့ ဘ႐ိုက္တန္အသင္းနဲ႔ လက္ခံကစားရမွာျဖစ္ေပမယ့္ ကြာတားဖိုင္နယ္ကိုေတာ့ လန္ဒန္အသင္းေတြ ပါမလာႏိုင္ေလာက္ဘူးလို႔ပဲ ခန႔္မွန္းရမွာျဖစ္ပါတယ္။

ေနာက္ဆုံးတစ္ပြဲအျဖစ္ေတာ့ ေတာ့တင္ဟမ္ ေဟာ့စပါးစ္ကို စီးတီးဂေရာင္းမွာ အလဲထိုးလာခဲ့တဲ့ ေနာ့တင္ဟမ္ေဖာရက္စ္သစ္ပင္ေတြအေနနဲ႔ အေဝးကြင္းမွာ ဝက္စ္ဟမ္းကို ပင္နယ္တီနဲ႔ အႏိုင္ရခဲ့တဲ့ ဘလက္ဘန္း ႐ိုဗာစ္တို႔ရဲ႕ အိမ္ကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဆက္လက္အစမ္းသပ္ခံဖို႔ ျဖစ္ႏိုင္မလားေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း စုစည္းေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.