Premier League Transfer News

မားကင်ညို့စ်ကို အငှားချပြီး ဇန်နဝါရီမှာ လူသစ်ဝယ်ဖို့ အဆင်သင့် အာဆင်နယ်

အာဆင်နယ်အသင်းအနေနဲ့ သူတို့ရဲ့ လူငယ်တောင်ပံကစားသမား မားကင်ညို့စ်ကို အငှားချသွားပြီး သူ့ရဲ့ နေရာအတွက် မာမာချာချာနဲ့ အသင့်သုံးလို့ရမယ့် ကစားသမားသစ်တစ်ဦး သို့မဟုတ် နှစ်ဦးကို အစားထိုးဖို့ ပြင်ဆင်နေပြီး နည်းစနစ်ဒါရိုက်တာ အီဒူးအနေနဲ့ အတည်ပြုဖို့ အဆင့်မှာ ရှိနေပြီလို့ သိရပါတယ်။

ဘရာဇီးလ်ကလပ် ဆော်ပေါ်လိုအသင်းကနေ‌ နွေရာသီမှာ ခြောက်လကျန်စာချုပ်ကို ပေါင်သုံးသန်းပေးပြီး ခေါ်ယူထားခဲ့တဲ့ အသက် ၁၉ နှစ်အရွယ် တောင်ပံကစားသမား မားကင်ညို့စ်ဟာ အသင်းနဲ့ ပွဲထွက်ခဲ့တဲ့ ဇူးရစ်ချ်နဲ့ ယူရိုပါလိဂ် အဝေးကွင်းပွဲစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် ဒီအတိုင်း ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ခြင်း မရှိတာကြောင့် ဇန်နဝါရီမှာ အငှားထွက်ကစားရတော့မှာပါ။

နဂိုကတည်းက အငှားချဖို့ စီစဉ်ထားခဲ့သလို တောင်ပံကစားသမားသစ်တစ်ဦး ခေါ်ယူမယ့် အစီအစဉ် ပျက်ပြားခဲ့တာကြောင့်သာ သူ့ကို အသင်းမှာ ဆက်ထားခဲ့တာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားမတိုင်ခင် လေးလတာ ကာလအတွင်းမှာ အသုံးပြုဖို့နဲ့ လူအင်အားအရ အရန်အစားထိုးဖို့ ရှိနေအောင် ရည်ရွယ်ထားခဲ့ပေမယ့် လက်ရှိခြေစွမ်းအရတော့ ဒီရာသီ အစီအစဉ်တွေထဲ ပါဝင်ဖို့ ခက်ခဲ့တာဖြစ်ပါတယ်။

နည်းပြ မီခယ်လ် အာတီတာအနေနဲ့ ရှက်ခ်တာ ဒိုးနက်စ်ခ်အသင်းရဲ့ တောင်ပံကစားသမား မိုက်ခေလို မူဒရစ်ခ်ကို ခေါ်ယူဖို့ ဦးစားပေး အစီအစဉ်နဲ့ ညွှန်ကြားထားတာဖြစ်ပြီး ယူကရိန်းသားအတွက် ငွေကြေးမြင့်မြင့်မားမား သုံးစွဲသွားဖို့ စီစဉ်ထားသလို ပြီးခဲ့တဲ့ ကာရာဘောင်းဖလားမှာ အရန်တွေကို သုံးစားမရလို့ ထွက်ခဲ့ရတဲ့အဖြစ်ကို သင်ခန်းစာယူပြီး ပရီးမီးယားလိဂ်မှာ ဒါမျိုး မကြုံရစေဖို့ လုပ်ဆောင်သွားမှာပါ။

မူဒရစ်ခ်အနေနဲ့ တောင်ပံတွေမှာ အကောင်းဆုံး ကစားနိုင်ပြီး အမ်းမရိတ်မှာ အသင်းဖော် အိုလက်ဇန်ဒါ ဇင်ချန်ကိုနဲ့ ပူးပေါင်းသွားဖို့ ရှိနေသလို ရှက်ခ်တာအသင်းဖော်တွေရဲ့ ပြောကြားချက်အရ သူတို့ကြားမှာ အသက် ၂၁ နှစ်အရွယ် ကစားသမားကို အာဆင်နယ်အသင်းသားလို့တောင် စနောက်မှုတွေ ရှိနေတယ်လို့လည်း ဆိုပါတယ်။

ရှက်ခ်တာကို မရောက်ခင် အာဆင်နယ်ကိဗ်အသင်းမှာ ကစားခဲ့ဖူးတာက ဒီအသင်းနဲ့ ကော်နက်ရှင်ရှိနေပြီလို့ ဆိုရတော့မလားလို့ ဂန်းနား ပရိသတ်တွေကလည်း မျှော်လင့်နေကြပြီး ပေါင်သန်း ၃၀ ကနေ ၄၀ ကြားမှာ အရောင်းအဝယ်ဖြစ်နိုင်မယ်လို့ မျှော်လင့်နေကြပေမယ့် လိုအပ်ချက်အရ ယူရိုသန်း ၆၀ (ပေါင် ၅၂.၂ သန်း)အထိ ပေးချေသွားရနိုင်တယ်လို့လည်း သိရပါတယ်။

အာဆင်နယ်တို့အနေနဲ့ အရန်အစီအစဉ်အဖြစ်တော့ မေဂျာလိဂ်ကလပ် အော်လန်ဒိုစီးတီးအသင်းက ဥရုဂွေးတောင်ပံကစားသမား ဖာကန်ဒို တောရက်စ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး ရုပ်ရည်အရ ဘာစီလိုနာရောက် ရာဖင်ညာနဲ့ ခပ်ဆင်ဆင်ရှိတဲ့ ကစားသမားကိုတော့ ပေါင်သန်း ၂၀ အောက်မှာ ခေါ်ယူရရှိနိုင်လိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ သူတို႔ရဲ႕ လူငယ္ေတာင္ပံကစားသမား မားကင္ညိဳ႕စ္ကို အငွားခ်သြားၿပီး သူ႔ရဲ႕ ေနရာအတြက္ မာမာခ်ာခ်ာနဲ႔ အသင့္သုံးလို႔ရမယ့္ ကစားသမားသစ္တစ္ဦး သို႔မဟုတ္ ႏွစ္ဦးကို အစားထိုးဖို႔ ျပင္ဆင္ေနၿပီး နည္းစနစ္ဒါ႐ိုက္တာ အီဒူးအေနနဲ႔ အတည္ျပဳဖို႔ အဆင့္မွာ ရွိေနၿပီလို႔ သိရပါတယ္။

ဘရာဇီးလ္ကလပ္ ေဆာ္ေပၚလိုအသင္းကေန‌ ေႏြရာသီမွာ ေျခာက္လက်န္စာခ်ဳပ္ကို ေပါင္သုံးသန္းေပးၿပီး ေခၚယူထားခဲ့တဲ့ အသက္ ၁၉ ႏွစ္အ႐ြယ္ ေတာင္ပံကစားသမား မားကင္ညိဳ႕စ္ဟာ အသင္းနဲ႔ ပြဲထြက္ခဲ့တဲ့ ဇူးရစ္ခ်္နဲ႔ ယူ႐ိုပါလိဂ္ အေဝးကြင္းပြဲစဥ္မွာ ေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ ဒီအတိုင္း ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့ျခင္း မရွိတာေၾကာင့္ ဇန္နဝါရီမွာ အငွားထြက္ကစားရေတာ့မွာပါ။

နဂိုကတည္းက အငွားခ်ဖို႔ စီစဥ္ထားခဲ့သလို ေတာင္ပံကစားသမားသစ္တစ္ဦး ေခၚယူမယ့္ အစီအစဥ္ ပ်က္ျပားခဲ့တာေၾကာင့္သာ သူ႔ကို အသင္းမွာ ဆက္ထားခဲ့တာျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားမတိုင္ခင္ ေလးလတာ ကာလအတြင္းမွာ အသုံးျပဳဖို႔နဲ႔ လူအင္အားအရ အရန္အစားထိုးဖို႔ ရွိေနေအာင္ ရည္႐ြယ္ထားခဲ့ေပမယ့္ လက္ရွိေျခစြမ္းအရေတာ့ ဒီရာသီ အစီအစဥ္ေတြထဲ ပါဝင္ဖို႔ ခက္ခဲ့တာျဖစ္ပါတယ္။

နည္းျပ မီခယ္လ္ အာတီတာအေနနဲ႔ ရွက္ခ္တာ ဒိုးနက္စ္ခ္အသင္းရဲ႕ ေတာင္ပံကစားသမား မိုက္ေခလို မူဒရစ္ခ္ကို ေခၚယူဖို႔ ဦးစားေပး အစီအစဥ္နဲ႔ ၫႊန္ၾကားထားတာျဖစ္ၿပီး ယူကရိန္းသားအတြက္ ေငြေၾကးျမင့္ျမင့္မားမား သုံးစြဲသြားဖို႔ စီစဥ္ထားသလို ၿပီးခဲ့တဲ့ ကာရာေဘာင္းဖလားမွာ အရန္ေတြကို သုံးစားမရလို႔ ထြက္ခဲ့ရတဲ့အျဖစ္ကို သင္ခန္းစာယူၿပီး ပရီးမီးယားလိဂ္မွာ ဒါမ်ိဳး မႀကဳံရေစဖို႔ လုပ္ေဆာင္သြားမွာပါ။

မူဒရစ္ခ္အေနနဲ႔ ေတာင္ပံေတြမွာ အေကာင္းဆုံး ကစားႏိုင္ၿပီး အမ္းမရိတ္မွာ အသင္းေဖာ္ အိုလက္ဇန္ဒါ ဇင္ခ်န္ကိုနဲ႔ ပူးေပါင္းသြားဖို႔ ရွိေနသလို ရွက္ခ္တာအသင္းေဖာ္ေတြရဲ႕ ေျပာၾကားခ်က္အရ သူတို႔ၾကားမွာ အသက္ ၂၁ ႏွစ္အ႐ြယ္ ကစားသမားကို အာဆင္နယ္အသင္းသားလို႔ေတာင္ စေနာက္မႈေတြ ရွိေနတယ္လို႔လည္း ဆိုပါတယ္။

ရွက္ခ္တာကို မေရာက္ခင္ အာဆင္နယ္ကိဗ္အသင္းမွာ ကစားခဲ့ဖူးတာက ဒီအသင္းနဲ႔ ေကာ္နက္ရွင္ရွိေနၿပီလို႔ ဆိုရေတာ့မလားလို႔ ဂန္းနား ပရိသတ္ေတြကလည္း ေမွ်ာ္လင့္ေနၾကၿပီး ေပါင္သန္း ၃၀ ကေန ၄၀ ၾကားမွာ အေရာင္းအဝယ္ျဖစ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနၾကေပမယ့္ လိုအပ္ခ်က္အရ ယူ႐ိုသန္း ၆၀ (ေပါင္ ၅၂.၂ သန္း)အထိ ေပးေခ်သြားရႏိုင္တယ္လို႔လည္း သိရပါတယ္။

အာဆင္နယ္တို႔အေနနဲ႔ အရန္အစီအစဥ္အျဖစ္ေတာ့ ေမဂ်ာလိဂ္ကလပ္ ေအာ္လန္ဒိုစီးတီးအသင္းက ဥ႐ုေဂြးေတာင္ပံကစားသမား ဖာကန္ဒို ေတာရက္စ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနၿပီး ႐ုပ္ရည္အရ ဘာစီလိုနာေရာက္ ရာဖင္ညာနဲ႔ ခပ္ဆင္ဆင္ရွိတဲ့ ကစားသမားကိုေတာ့ ေပါင္သန္း ၂၀ ေအာက္မွာ ေခၚယူရရွိႏိုင္လိမ့္မယ္လို႔ ကြၽမ္းက်င္သူေတြက ခန႔္မွန္းထားေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.