Carabao & FA Match Report Premier League

ဒုတိယပိုင်းမှာ ဂိုးမိုးရွာပွဲ ကျင်းပပြီး ဗီလာအကြွေးကို အတိုးနဲ့ ဆပ်လိုက်တဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဂိုးသမား ဒူဘရက်ဗ်ကာ၊ ခံစစ်မှာ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား၊ ဒါလော့နဲ့ မာလာစီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖရက်ဒ်၊ မက်တော်မီနေး၊ ဗန်ဒဘိခ်တို့ကို စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်၊ ရက်ရှ်ဖို့ဒ်နဲ့ မာစီယယ်လ်တို့ကို ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် အက်စ်တန်ဗီလာတို့ကတော့ ဂိုးသမား အော်လ်ဆန်၊ ခံစစ်မှာ ကွန်ဆာ၊ ချိမ်းဘားစ်၊ အက်ရှ်လီယန်းနဲ့ အော်ဂတ်စ်တင်ဆန်တို့ကို ကစားစေခဲ့သလို ကွင်းလယ်မှာတော့ ဒေါက်ဂလပ်စ် လူးဝစ်ဇ်၊ ကာမာရာ၊ ရမ်ဆေးနဲ့ မက်ဂင်းတို့ကို ခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာတော့ ဒန်နီအင်းစ်နဲ့ ဝပ်ကင်းစ်တို့ကို ပွဲထုတ်လာခဲ့ပါတယ်။

ပထမပိုင်းမှာတော့ တစ်သင်းနဲ့တစ်သင်း အသာစီး သိပ်မရှာဖွေနိုင်ခဲ့ကြဘဲ ပွဲချိန် ၁၈ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ဘရူနို ဖာနန်ဒက်စ် ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဘောလုံးပေးတဲ့ ရက်ရှ်ဖို့ဒ် လူကျွံနေတာကြောင့် ရင်ခံခဲ့ရသလို ပွဲချိန် ၃၁ မိနစ်မှာ ထောင့်ကန်ဘောကနေ ဒေါက်ဂလပ်စ် လူးဝစ်ဇ်က အနီးတိုင်ထောင့်ကို တိုက်ရိုက်ကန်ထည့်ခဲ့တာမှာ ဂိုးသမားကြောင်နေခဲ့ပေမယ့် မက်တော်မီနေးက အန္တရာယ်ကို ကြိုမြင်ပြီး ဖျက်ထုတ်သွားနိုင်ခဲ့တာပါ။

ဒုတိယပိုင်းပြန်စပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ အက်စ်တန်ဗီလာတို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ကွင်းလယ်ကနေ ကာမာရာ ပြန်လည် ရယူပေးတဲ့ ဘောလုံးကို ရမ်ဆေးက ဘယ်ခြမ်းကို ခင်းပေးရာမှာ နေရာမှန်မှာ မရှိဘဲ ခံစစ်ပြန်လိုက်ဖို့ နောက်ကျနေတဲ့ ဒါလော့ကြောင့် လွတ်လွတ်လပ်လပ် ကန်သွင်းခွင့်ရခဲ့တဲ့ ဝပ်ကင်းစ်က ဂိုးသမား ဒူဘရက်ဗ်ကာနဲ့ တစ်ဦးချင်းအတွေ့မှာ သွင်းယူနိုင်ခဲ့လို့ ဧည့်သည်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ဗီလာတို့ အပျော်က ကြာကြာမခံလိုက်ဘဲ ယူနိုက်တက်တို့ ချက်ချင်းချေပနိုင်ခဲ့ကြပြီး ပွဲချိန် ၄၉ မိနစ်မှာ ခံစစ်ကနေ ညာခြမ်းကို ဒါလော့က ကျော်တင်ပေးခဲ့ရာမှာ ဒီနေ့ပွဲမှ တွဲကစားခွင့်ရတဲ့ အော်ဂတ်စ်တင်ဆန်နဲ့ ချိမ်းဘားစ်တို့ကို ဘရူနို ဖာနန်ဒက်စ်က ခပ်လွယ်လွယ်ပဲ ကျော်ဖြတ်ပြီး ဂိုးရှေ့ကို အနိမ့်ဘော ခင်းပေးရာမှာ နေရာယူမမှန်ဘဲ လိုက်မျောတဲ့ ဂိုးသမား အော်လ်ဆန်ကို မာစီယယ်လ်က ပညာပေး သွင်းယူသွားနိုင်ခဲ့တာပါ။

ဗီလာနည်းပြ အမ်မရီအနေနဲ့ သူ့ခံစစ်ရဲ့ မူမမှန်ပုံကို မြင်ခဲ့လို့ တိုင်ရုန်းမင်းစ်ကို အမှားများလွန်းနေတဲ့ ကွန်ဆာအစားထည့်ပြီး ဘယ်အတွင်းမှာ ကစားစေခဲ့သလို စိတ်ဓာတ်အသာစီးနဲ့ ဖိကစားမယ့် ယူနိုက်တက်ကို ကောင်တာထောက်ဖို့ ရမ်ဆေးနဲ့ ဒန်နီအင်းစ်အစား ဘွင်ဒီယာနဲ့ ဘေလီတို့ကို တိုက်စစ်မှာ ပြန်သုံးပြီး တုံ့ပြန်ဖို့ ကြိုးစားလာခဲ့ပါတယ်။

ပွဲချိန် ၆၁ မိနစ်မှာတော့ ဗီလာတို့ နောက်တစ်ကြိမ် ထပ်မံ ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက ဘောလုံးရခဲ့တဲ့ အက်ရှ်လီယန်းက အဝေးတိုင်ဘက်ကို ဖြတ်တင်ပေးရာမှာ ဘေလီက ထောင့်ကျဉ်းအနေအထားက ခေါင်းတိုက်သွင်းခဲ့ရာမှာ ဘောလုံးကို ဂိုးထဲ မသွားခဲ့ပေမယ့် ဖျက်ထုတ်ဖို့ ကြိုးစားတဲ့ ဒါလော့ရဲ့ ခြေထောက်နဲ့ထိပြီး ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့တာကြောင့် နှစ်ဂိုး-တစ်ဂိုးဖြစ်နေခဲ့တာပါ။

ဒါကြောင့်ပဲ တန်ဟတ်အနေနဲ့ အသင်းက ခြေစွမ်းမပြနိုင်တဲ့ ဖရက်ဒ်၊ ဗန်ဒဘိခ်တို့အစား အီလန်ဂါနဲ့ အဲရစ်ဆန်တို့ကို ထည့်ခဲ့ပြီး တိုက်စစ်က မာစီယယ်လ်အစား ဂါနာချိုကို ထည့်သွင်းခဲ့သလို ရက်ရှ်ဖို့ဒ်ကို အထောင်တိုက်စစ်မှာ‌ ပြောင်းကစားခိုင်းခဲ့ပြီး ပွဲကို ပြန်လည်စိုးမိုးနိုင်ဖို့နဲ့ ဂိုးထပ်ရဖို့ ကြိုးစားလာခဲ့ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ ယူနိုက်တက်တို့ သရေကျစေမယ့်ဂိုးကို ပြန်လည်ရှာဖွေနိုင်ခဲ့ပြီး ဘယ်ခြမ်းက အဲရစ်ဆန်ရဲ့ တိုးအားကို ဗီလာခံစစ်က ဖျက်လို့ ပြန်ထွက်လာတဲ့ ဘောလုံးကို ဧရိယာထဲမှာ ရသွားတဲ့ ရက်ရှ်ဖို့ဒ်က သူ့ရှေ့မှာ ချော်လဲတဲ့ တိုင်ရုန်းမင်းစ်နဲ့ အိုးနင်းခွက်နင်း ဝင်ဖျက်တဲ့ ချိမ်းဘားစ်ကို ကျော်ဖြတ်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ သွေးအေးအေးနဲ့ သွင်းယူသွားနိုင်ခဲ့လို့ နှစ်ဂိုးစီသရေပြန်ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၇၈ မိနစ်မှာတော့ ယူနိုက်တက်တို့ ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး ပေါတောတောနဲ့ ကိုယ့်လူကိုယ်မကြည့်ဘဲ ဘောလုံးပေးတဲ့ ဂိုးသမား အော်လ်ဆန်ရဲ့ အမှားကနေ ဂါနာချိုက ဖြတ်ယူနိုင်ခဲ့ပြီး အတွင်းကို ချိုးပေးရာမှာ ရှေ့မှာ အဖြုန်းများနေပြီး ဒီဂိုးမှ မဝင်ရင် ကောင်းကောင်း အဆဲခံရဖို့ရှိတဲ့ ဘရူနို ဖာနန်ဒက်စ်က ကြုံသလိုကန်သွင်းခဲ့ရာမှာ ဝင်တားတဲ့ တိုင်ရုန်းမင်းစ်နဲ့ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ဗီလာနည်းပြ အူနိုင်း အမ်မရီအတွက်တော့ သူ့အသင်းမှာ အရင်တုန်းက ဘယ်လို ဂျင်းကောင်တွေကို ခေါ်ယူထားမိတယ်ဆိုတာနဲ့ သူ့ရှေ့က စတီဗင် ဂျရတ်ဟာ ဘယ်လိုမျိုး ဆေးမိခဲ့တယ်ဆိုတာကို သုံးသပ်ဖို့ အခွင့်အရေးကောင်းကောင်း ရရှိသွားခဲ့တယ်လို့ ဆိုရမှာဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ သူ့ရဲ့ အနာဂတ် အစီအစဉ်ကို ဘယ်သူပါတယ် မပါဘူးဆိုတာ ချမှတ်နိုင်ဖို့ အမြတ်ထွက်လိမ့်မယ်လို့ပဲ ခန့်မှန်းရတော့မှာပါ။

တန်ဟတ်ရဲ့ နှစ်သက်မှုတွေကို ရယူခဲ့တဲ့ ဂါနာချိုကတော့ ဘယ်ခြမ်းတောက်လျှောက် ထိုးဖောက်ပြနိုင်ခဲ့သလို ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ငယ်စဉ် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ကစားခါစ အချိန်ကို သတိရစေပြီး အလိမ်အလှည့်တွေ ကောင်းမွန်ပေမယ့် အဆုံးသတ်ပိုင်းတွေမှာ ကန်မလား ပေးမလား ရွေးချယ်မှုတွေမှာတော့ အတွေ့အကြုံအရ ဆုံးဖြတ်ချက် အားနည်းနေပြီး တိုးတက်လာဖို့တော့ သေချာနေတာဖြစ်ပါတယ်။

နာကျင်အချိန်ပို ၁ မိနစ်မှာတော့ ယူနိုက်တက်တို့ပဲ အနိုင်သေချာစေမယ့် စတုတ္ထဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကစားအားကျလာတဲ့ ဗီလာခံစစ်ပေါ်ကနေ ဘယ်ခြမ်းက ဖြတ်တင်ပေးလိုက်တဲ့ ဂါနာချိုရဲ့ ပေးပို့မှုကို ရှေ့က ကန်ချက်တစ်ကြိမ် ဘားထိထားတဲ့ မက်တော်မီနေးက လျှောထိုး ပိတ်သွင်းပြီး ရယူသွားခဲ့တာကြောင့် ဧည့်သည်တွေ လက်မြှောက်သွားခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ အိုးလ်ထရက်ဖို့ဒ်မှာ အက်စ်တန်ဗီလာတို့ကို မန်ချက်စတာယူနိုက်တက်တို့က လေးဂိုး-နှစ်ဂိုးနဲ့ ချေမှုန်းသုတ်သင်ပြီး ပရီးမီးယားလိဂ်က ရှုံးကြွေးကို ဆပ်နိုင်ခဲ့ကြသလို ကာရာဘောင်းဖလားရဲ့ စတုတ္ထအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ကြပြီး လာမယ့်ပွဲစဉ်မှာတော့ အိမ်ကွင်းမှာပဲ လိဂ်ချန်ပီယံရှစ်က ဘန်လေတို့နဲ့ ကစားရတော့မှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဂိုးသမား ဒူဘရက္ဗ္ကာ၊ ခံစစ္မွာ လင္ဒီေလာ့ဖ္၊ မက္ဂြိဳင္းယား၊ ဒါေလာ့နဲ႔ မာလာစီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဖရက္ဒ္၊ မက္ေတာ္မီေနး၊ ဗန္ဒဘိခ္တို႔ကို စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္၊ ရက္ရွ္ဖို႔ဒ္နဲ႔ မာစီယယ္လ္တို႔ကို ခင္းက်င္းလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ အက္စ္တန္ဗီလာတို႔ကေတာ့ ဂိုးသမား ေအာ္လ္ဆန္၊ ခံစစ္မွာ ကြန္ဆာ၊ ခ်ိမ္းဘားစ္၊ အက္ရွ္လီယန္းနဲ႔ ေအာ္ဂတ္စ္တင္ဆန္တို႔ကို ကစားေစခဲ့သလို ကြင္းလယ္မွာေတာ့ ေဒါက္ဂလပ္စ္ လူးဝစ္ဇ္၊ ကာမာရာ၊ ရမ္ေဆးနဲ႔ မက္ဂင္းတို႔ကို ခင္းက်င္းလာခဲ့ၿပီး တိုက္စစ္မွာေတာ့ ဒန္နီအင္းစ္နဲ႔ ဝပ္ကင္းစ္တို႔ကို ပြဲထုတ္လာခဲ့ပါတယ္။

ပထမပိုင္းမွာေတာ့ တစ္သင္းနဲ႔တစ္သင္း အသာစီး သိပ္မရွာေဖြႏိုင္ခဲ့ၾကဘဲ ပြဲခ်ိန္ ၁၈ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ဘ႐ူႏို ဖာနန္ဒက္စ္ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ ေဘာလုံးေပးတဲ့ ရက္ရွ္ဖို႔ဒ္ လူကြၽံေနတာေၾကာင့္ ရင္ခံခဲ့ရသလို ပြဲခ်ိန္ ၃၁ မိနစ္မွာ ေထာင့္ကန္ေဘာကေန ေဒါက္ဂလပ္စ္ လူးဝစ္ဇ္က အနီးတိုင္ေထာင့္ကို တိုက္႐ိုက္ကန္ထည့္ခဲ့တာမွာ ဂိုးသမားေၾကာင္ေနခဲ့ေပမယ့္ မက္ေတာ္မီေနးက အႏၲရာယ္ကို ႀကိဳျမင္ၿပီး ဖ်က္ထုတ္သြားႏိုင္ခဲ့တာပါ။

ဒုတိယပိုင္းျပန္စၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ အက္စ္တန္ဗီလာတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ကြင္းလယ္ကေန ကာမာရာ ျပန္လည္ ရယူေပးတဲ့ ေဘာလုံးကို ရမ္ေဆးက ဘယ္ျခမ္းကို ခင္းေပးရာမွာ ေနရာမွန္မွာ မရွိဘဲ ခံစစ္ျပန္လိုက္ဖို႔ ေနာက္က်ေနတဲ့ ဒါေလာ့ေၾကာင့္ လြတ္လြတ္လပ္လပ္ ကန္သြင္းခြင့္ရခဲ့တဲ့ ဝပ္ကင္းစ္က ဂိုးသမား ဒူဘရက္ဗ္ကာနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ သြင္းယူႏိုင္ခဲ့လို႔ ဧည့္သည္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ဒါေပမယ့္ ဗီလာတို႔ အေပ်ာ္က ၾကာၾကာမခံလိုက္ဘဲ ယူႏိုက္တက္တို႔ ခ်က္ခ်င္းေခ်ပႏိုင္ခဲ့ၾကၿပီး ပြဲခ်ိန္ ၄၉ မိနစ္မွာ ခံစစ္ကေန ညာျခမ္းကို ဒါေလာ့က ေက်ာ္တင္ေပးခဲ့ရာမွာ ဒီေန႔ပြဲမွ တြဲကစားခြင့္ရတဲ့ ေအာ္ဂတ္စ္တင္ဆန္နဲ႔ ခ်ိမ္းဘားစ္တို႔ကို ဘ႐ူႏို ဖာနန္ဒက္စ္က ခပ္လြယ္လြယ္ပဲ ေက်ာ္ျဖတ္ၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ခင္းေပးရာမွာ ေနရာယူမမွန္ဘဲ လိုက္ေမ်ာတဲ့ ဂိုးသမား ေအာ္လ္ဆန္ကို မာစီယယ္လ္က ပညာေပး သြင္းယူသြားႏိုင္ခဲ့တာပါ။

ဗီလာနည္းျပ အမ္မရီအေနနဲ႔ သူ႔ခံစစ္ရဲ႕ မူမမွန္ပုံကို ျမင္ခဲ့လို႔ တိုင္႐ုန္းမင္းစ္ကို အမွားမ်ားလြန္းေနတဲ့ ကြန္ဆာအစားထည့္ၿပီး ဘယ္အတြင္းမွာ ကစားေစခဲ့သလို စိတ္ဓာတ္အသာစီးနဲ႔ ဖိကစားမယ့္ ယူႏိုက္တက္ကို ေကာင္တာေထာက္ဖို႔ ရမ္ေဆးနဲ႔ ဒန္နီအင္းစ္အစား ဘြင္ဒီယာနဲ႔ ေဘလီတို႔ကို တိုက္စစ္မွာ ျပန္သုံးၿပီး တုံ႔ျပန္ဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၁ မိနစ္မွာေတာ့ ဗီလာတို႔ ေနာက္တစ္ႀကိမ္ ထပ္မံ ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ညာျခမ္းက ေဘာလုံးရခဲ့တဲ့ အက္ရွ္လီယန္းက အေဝးတိုင္ဘက္ကို ျဖတ္တင္ေပးရာမွာ ေဘလီက ေထာင့္က်ဥ္းအေနအထားက ေခါင္းတိုက္သြင္းခဲ့ရာမွာ ေဘာလုံးကို ဂိုးထဲ မသြားခဲ့ေပမယ့္ ဖ်က္ထုတ္ဖို႔ ႀကိဳးစားတဲ့ ဒါေလာ့ရဲ႕ ေျခေထာက္နဲ႔ထိၿပီး ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့တာေၾကာင့္ ႏွစ္ဂိုး-တစ္ဂိုးျဖစ္ေနခဲ့တာပါ။

ဒါေၾကာင့္ပဲ တန္ဟတ္အေနနဲ႔ အသင္းက ေျခစြမ္းမျပႏိုင္တဲ့ ဖရက္ဒ္၊ ဗန္ဒဘိခ္တို႔အစား အီလန္ဂါနဲ႔ အဲရစ္ဆန္တို႔ကို ထည့္ခဲ့ၿပီး တိုက္စစ္က မာစီယယ္လ္အစား ဂါနာခ်ိဳကို ထည့္သြင္းခဲ့သလို ရက္ရွ္ဖို႔ဒ္ကို အေထာင္တိုက္စစ္မွာ‌ ေျပာင္းကစားခိုင္းခဲ့ၿပီး ပြဲကို ျပန္လည္စိုးမိုးႏိုင္ဖို႔နဲ႔ ဂိုးထပ္ရဖို႔ ႀကိဳးစားလာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ သေရက်ေစမယ့္ဂိုးကို ျပန္လည္ရွာေဖြႏိုင္ခဲ့ၿပီး ဘယ္ျခမ္းက အဲရစ္ဆန္ရဲ႕ တိုးအားကို ဗီလာခံစစ္က ဖ်က္လို႔ ျပန္ထြက္လာတဲ့ ေဘာလုံးကို ဧရိယာထဲမွာ ရသြားတဲ့ ရက္ရွ္ဖို႔ဒ္က သူ႔ေရွ႕မွာ ေခ်ာ္လဲတဲ့ တိုင္႐ုန္းမင္းစ္နဲ႔ အိုးနင္းခြက္နင္း ဝင္ဖ်က္တဲ့ ခ်ိမ္းဘားစ္ကို ေက်ာ္ျဖတ္ၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္းအေတြ႕မွာ ေသြးေအးေအးနဲ႔ သြင္းယူသြားႏိုင္ခဲ့လို႔ ႏွစ္ဂိုးစီသေရျပန္ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့ၿပီး ေပါေတာေတာနဲ႔ ကိုယ့္လူကိုယ္မၾကည့္ဘဲ ေဘာလုံးေပးတဲ့ ဂိုးသမား ေအာ္လ္ဆန္ရဲ႕ အမွားကေန ဂါနာခ်ိဳက ျဖတ္ယူႏိုင္ခဲ့ၿပီး အတြင္းကို ခ်ိဳးေပးရာမွာ ေရွ႕မွာ အျဖဳန္းမ်ားေနၿပီး ဒီဂိုးမွ မဝင္ရင္ ေကာင္းေကာင္း အဆဲခံရဖို႔ရွိတဲ့ ဘ႐ူႏို ဖာနန္ဒက္စ္က ႀကဳံသလိုကန္သြင္းခဲ့ရာမွာ ဝင္တားတဲ့ တိုင္႐ုန္းမင္းစ္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ဗီလာနည္းျပ အူႏိုင္း အမ္မရီအတြက္ေတာ့ သူ႔အသင္းမွာ အရင္တုန္းက ဘယ္လို ဂ်င္းေကာင္ေတြကို ေခၚယူထားမိတယ္ဆိုတာနဲ႔ သူ႔ေရွ႕က စတီဗင္ ဂ်ရတ္ဟာ ဘယ္လိုမ်ိဳး ေဆးမိခဲ့တယ္ဆိုတာကို သုံးသပ္ဖို႔ အခြင့္အေရးေကာင္းေကာင္း ရရွိသြားခဲ့တယ္လို႔ ဆိုရမွာျဖစ္ၿပီး အိုးလ္ထရက္ဖို႔ဒ္မွာ သူ႔ရဲ႕ အနာဂတ္ အစီအစဥ္ကို ဘယ္သူပါတယ္ မပါဘူးဆိုတာ ခ်မွတ္ႏိုင္ဖို႔ အျမတ္ထြက္လိမ့္မယ္လို႔ပဲ ခန႔္မွန္းရေတာ့မွာပါ။

တန္ဟတ္ရဲ႕ ႏွစ္သက္မႈေတြကို ရယူခဲ့တဲ့ ဂါနာခ်ိဳကေတာ့ ဘယ္ျခမ္းေတာက္ေလွ်ာက္ ထိုးေဖာက္ျပႏိုင္ခဲ့သလို ခရစၥတီယာႏို ေရာ္နယ္လ္ဒိုရဲ႕ ငယ္စဥ္ မန္ခ်က္စတာယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕ကစားခါစ အခ်ိန္ကို သတိရေစၿပီး အလိမ္အလွည့္ေတြ ေကာင္းမြန္ေပမယ့္ အဆုံးသတ္ပိုင္းေတြမွာ ကန္မလား ေပးမလား ေ႐ြးခ်ယ္မႈေတြမွာေတာ့ အေတြ႕အႀကဳံအရ ဆုံးျဖတ္ခ်က္ အားနည္းေနၿပီး တိုးတက္လာဖို႔ေတာ့ ေသခ်ာေနတာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၁ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ပဲ အႏိုင္ေသခ်ာေစမယ့္ စတုတၳဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကစားအားက်လာတဲ့ ဗီလာခံစစ္ေပၚကေန ဘယ္ျခမ္းက ျဖတ္တင္ေပးလိုက္တဲ့ ဂါနာခ်ိဳရဲ႕ ေပးပို႔မႈကို ေရွ႕က ကန္ခ်က္တစ္ႀကိမ္ ဘားထိထားတဲ့ မက္ေတာ္မီေနးက ေလွ်ာထိုး ပိတ္သြင္းၿပီး ရယူသြားခဲ့တာေၾကာင့္ ဧည့္သည္ေတြ လက္ေျမႇာက္သြားခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အိုးလ္ထရက္ဖို႔ဒ္မွာ အက္စ္တန္ဗီလာတို႔ကို မန္ခ်က္စတာယူႏိုက္တက္တို႔က ေလးဂိုး-ႏွစ္ဂိုးနဲ႔ ေခ်မႈန္းသုတ္သင္ၿပီး ပရီးမီးယားလိဂ္က ရႈံးေႂကြးကို ဆပ္ႏိုင္ခဲ့ၾကသလို ကာရာေဘာင္းဖလားရဲ႕ စတုတၳအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ၾကၿပီး လာမယ့္ပြဲစဥ္မွာေတာ့ အိမ္ကြင္းမွာပဲ လိဂ္ခ်န္ပီယံရွစ္က ဘန္ေလတို႔နဲ႔ ကစားရေတာ့မွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.