Premier League

၁၆.၂.၂၀၂၀ အတြက္ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းႏွင့္ ဆက္စပ္သတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ ေတာ့တင္ဟမ္ေဟာ့စပါးစ္အသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– ဒဏ္ရာကေန သက္သာလာတဲ့ ေတာင္ပံတုိက္စစ္မွဴး ဘာ့ဂ္ဗိန္းနဲ႔အတူ ေနာက္ခံလူ ဘန္ေဒးဗီးစ္၊ ကြင္းလယ္လူ လိုဆဲလ္ဆိုတို႔ ၃ ေယာက္စလံုး အက္စတန္ဗီလာနဲ႔ပြဲမွာ ပါ၀င္လာမယ့္လို႔ စပါးစ္နည္းျပ ေမာ္ရင္ညိဳက အတည္ျပဳခဲ့ပါတယ္။ ဒါ့အျပင္ လာမယ္လာလည္း ပါ၀င္လာႏိုင္ဖြယ္ရွိတယ္လို႔ ဆိုပါတယ္။

– ေပၚတိုနဲ႔ ေတာင္အာဖရိကတိုက္စစ္မွဴးေဟာင္း ဘင္နီဒစ္ မကၠာသီက သူ႔ရဲ႕နည္းျပေဟာင္း ေမာ္ရင္ညိဳရဲ႕ လက္ေအာက္မွာ နည္းျပပညာကို ေလ့လာဆည္းပူးလိုတယ္လို႔ ဖြင့္ဟေျပာၾကားလိုက္ပါတယ္။

– ကိုရိုးနားဗိုင္းရပ္စ္နဲ႔ ပတ္သက္လို႔ ေနာက္ေျပာင္ခဲ့တဲ့ ဗီဒီယိုဖိုင္ကို လူမႈကြန္ယက္၀က္ဘ္ဆိုက္မွာ တင္ခဲ့လို႔ အက္ဖ္ေအရဲ႕ စံုစမ္းစစ္ေဆးတာကို ခံေနရတဲ့ ကြင္းလယ္လူ ဒယ္လီ အယ္လီအေနနဲ႔ ပြဲပယ္ျပစ္ဒဏ္ မခံရသင့္ဘူးလို႔ နည္းျပ ေမာ္ရင္ညိဳကေျပာလိုက္ပါတယ္။

– စပါးစ္အသင္းကိုယ္စားလွယ္ေတြဟာ ဦးစားေပးဂိုးသမား ဟူဂို လိုရစ္ရဲ႕ ေရရွည္အစားထိုးမွဳတစ္ရပ္အျဖစ္ ဖီနာဘာခ်ီအသင္းက တူရကီလူငယ္ဂိုးသမား အယ္လ္ေတး ဘာယင္ဒါကို ေပါင္သန္း(၂၀)နဲ႔ ေခၚဖို႔အတြက္ ေဆြးေႏြးေနပါတယ္။

– ၿပီးခဲ့တဲ့ ဇန္န၀ါရီအေျပာင္းအေရႊ႕ကာလအတြင္းမွာ စပါးစ္ရဲ႕ ကမ္းလွမ္းမွဳကို ခံခဲ့ရၿပီးေနာက္မွာ ေျပာင္းေရႊ႕ကစားခ်င္ခဲ့တယ္လို႔ ဇင္းနစ္အသင္းရဲ႕ ၀ါရင့္႐ုရွားတိုက္စစ္မွဴး အာတမ္ ဇူးဘားက ေျပာလိုက္ပါတယ္။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ တော့တင်ဟမ်ဟော့စပါးစ်အသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– ဒဏ်ရာကနေ သက်သာလာတဲ့ တောင်ပံတိုက်စစ်မှူး ဘာ့ဂ်ဗိန်းနဲ့အတူ နောက်ခံလူ ဘန်ဒေးဗီးစ်၊ ကွင်းလယ်လူ လိုဆဲလ်ဆိုတို့ ၃ ယောက်စလုံး အက်စတန်ဗီလာနဲ့ပွဲမှာ ပါဝင်လာမယ့်လို့ စပါးစ်နည်းပြ မော်ရင်ညိုက အတည်ပြုခဲ့ပါတယ်။ ဒါ့အပြင် လာမယ်လာလည်း ပါဝင်လာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

– ပေါ်တိုနဲ့ တောင်အာဖရိကတိုက်စစ်မှူးဟောင်း ဘင်နီဒစ် မက္ကာသီက သူ့ရဲ့နည်းပြဟောင်း မော်ရင်ညိုရဲ့ လက်အောက်မှာ နည်းပြပညာကို လေ့လာဆည်းပူးလိုတယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

– ကိုရိုးနားဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ နောက်ပြောင်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ယက်ဝက်ဘ်ဆိုက်မှာ တင်ခဲ့လို့ အက်ဖ်အေရဲ့ စုံစမ်းစစ်ဆေးတာကို ခံနေရတဲ့ ကွင်းလယ်လူ ဒယ်လီ အယ်လီအနေနဲ့ ပွဲပယ်ပြစ်ဒဏ် မခံရသင့်ဘူးလို့ နည်းပြ မော်ရင်ညိုကပြောလိုက်ပါတယ်။

– စပါးစ်အသင်းကိုယ်စားလှယ်တွေဟာ ဦးစားပေးဂိုးသမား ဟူဂို လိုရစ်ရဲ့ ရေရှည်အစားထိုးမှုတစ်ရပ်အဖြစ် ဖီနာဘာချီအသင်းက တူရကီလူငယ်ဂိုးသမား အယ်လ်တေး ဘာယင်ဒါကို ပေါင်သန်း(၂၀)နဲ့ ခေါ်ဖို့အတွက် ဆွေးနွေးနေပါတယ်။

– ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်းမှာ စပါးစ်ရဲ့ ကမ်းလှမ်းမှုကို ခံခဲ့ရပြီးနောက်မှာ ပြောင်းရွှေ့ကစားချင်ခဲ့တယ်လို့ ဇင်းနစ်အသင်းရဲ့ ဝါရင့်ရုရှားတိုက်စစ်မှူး အာတမ် ဇူးဘားက ပြောလိုက်ပါတယ်။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.