Premier League

ဥရောပထိပ်သီးအသင်းကို ငြင်းပြီး အိုးထရက်ဖို့ဒ်မှာ ဆက်နေခဲ့တဲ့ မက်ဂွိုင်းယား

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားဟာ ယခုနွေရာသီမှာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့နိုင်မယ့် အခွင့်အရေးကို ငြင်းပယ်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ တိုင်ပတ်နေတဲ့ ဖရန်ကီ ဒီယုံးရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းမှာ ဟာရီ မက်ဂွိုင်းယားကို ထည့်သွင်းပြီး အလဲအထပ် ပြုလုပ်ချင်ခဲ့တာဖြစ်ပေမယ့်လည်း အသက် ၂၉ နှစ်အရွယ် အင်္ဂလန်နောက်ခံလူဟာ နည်းပြသစ်တန်ဟက်ရဲ့ ယုံကြည်မှုပြသခဲ့မှုအတွက် ပြန်လည်ပေးဆပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ The Mirror က ဖော်ပြခဲ့ပါတယ်။

အိုင်းယက်စ်နည်းပြဟောင်းက ဟာရီ မက်ဂွိုင်းယားကို အသင်းခေါင်းဆောင်အဖြစ် ဆက်လက် တာဝန်ပေးအပ်သွားမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပြီးနောက် အင်္ဂလန်နောက်ခံလူက ၎င်းရဲ့ ကိုယ်စားလှယ်တွေကို ဘာစီလိုနာရဲ့ ကမ်းလှမ်းမှုကို ပယ်ချဖို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားဟာ ဒတ်ချ်ကွင်းလယ်ကစားသမားနဲ့ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာအသင်းက အလဲအထပ်ပြုလုပ်ချင်ခဲ့တဲ့ နာမည်တစ်ခုအဖြစ် ရှိခဲ့တာဖြစ်ပြီး မက်ဂွိုင်းယားဟာ ဆိုးရွားတဲ့ ၁၂ လတာကာလကို ဖြတ်သန်းခဲ့ရပေမယ့် အသင်းဖော်တွေရဲ့ အားပေးထောက်ခံခြင်းကို ခံခဲ့ရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

မက်ဂွိုင်းယားနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ဦးရဲ့ ပြောစကားကို Mirror က မကြာသေးမီက ဖော်ပြခဲ့တာဖြစ်ပြီး “ကစးသမားအချို့၊ အထူးသဖြင့် ဝေဖန်သံတွေ အမြဲတမ်းကြားနေတဲ့ သူအချို့ကတော့ ဘာစီလိုနာသာ ခေါ်လာခဲ့ရင် သွားချင်ခဲ့ကြမှာပါ။ ဒါပေမယ့် ဟာရီက မပြောင်းရွှေ့ခဲ့ဘဲ ယူနိုက်တက်နဲ့အတူ အောင်မြင်တဲ့ရာသီကို လိုချင်ခဲ့တယ်”

“စိတ်ပိုင်းဆိုင်ရာသန်မာမှုအပိုင်းမှာတော့ ဟာရီက အရမ်းပြင်းထန်ပါတယ်။ ပုံမှန်အတိုင်းပဲ သူ အကောင်းဆုံးလုပ်ပြသွားပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင်နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတစ်ဦးကလည်း “ဟာရီက မန်ချက်စတာယူနိုက်တက်ရဲ့ ပြီးခဲ့တဲ့ရာသီ ဆိုးရွားတဲ့စွမ်းဆောင်ရည်အတွက် ခုတုံးလုပ်ခံခဲ့ရတာပါ”

“နာမည်ကြီးကစားသမားတွေလို့ ခေါ်ကြတဲ့ အချို့ကစားသမားတွေက သူ့ထက်တောင် ပိုဆိုးခဲ့ကြပါတယ်။ တစ်စုံတယောက်ကတော့ စတေးခံရမယ့်ပုံပေါ်ပါတယ်။ တခြားရာသီတွေတုန်းက အသင်းမှာ ရှိနေခဲ့တဲ့ကာလအတွင်း ကြီးကျယ်ခမ်းနားခဲ့တဲ့ ဒေးဗစ် ဒဟေးယားဖြစ်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားဟာ ယခုေႏြရာသီမွာ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ႏိုင္မယ့္ အခြင့္အေရးကို ျငင္းပယ္ခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ တိုင္ပတ္ေနတဲ့ ဖရန္ကီ ဒီယုံးရဲ႕ အေျပာင္းအေ႐ႊ႕ဇာတ္လမ္းမွာ ဟာရီ မက္ဂြိဳင္းယားကို ထည့္သြင္းၿပီး အလဲအထပ္ ျပဳလုပ္ခ်င္ခဲ့တာျဖစ္ေပမယ့္လည္း အသက္ ၂၉ ႏွစ္အ႐ြယ္ အဂၤလန္ေနာက္ခံလူဟာ နည္းျပသစ္တန္ဟက္ရဲ႕ ယုံၾကည္မႈျပသခဲ့မႈအတြက္ ျပန္လည္ေပးဆပ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္တယ္လို႔ The Mirror က ေဖာ္ျပခဲ့ပါတယ္။

အိုင္းယက္စ္နည္းျပေဟာင္းက ဟာရီ မက္ဂြိဳင္းယားကို အသင္းေခါင္းေဆာင္အျဖစ္ ဆက္လက္ တာဝန္ေပးအပ္သြားမွာျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ၿပီးေနာက္ အဂၤလန္ေနာက္ခံလူက ၎ရဲ႕ ကိုယ္စားလွယ္ေတြကို ဘာစီလိုနာရဲ႕ ကမ္းလွမ္းမႈကို ပယ္ခ်ဖို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ေနာက္ခံကစားသမားဟာ ဒတ္ခ်္ကြင္းလယ္ကစားသမားနဲ႔ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘာစီလိုနာအသင္းက အလဲအထပ္ျပဳလုပ္ခ်င္ခဲ့တဲ့ နာမည္တစ္ခုအျဖစ္ ရွိခဲ့တာျဖစ္ၿပီး မက္ဂြိဳင္းယားဟာ ဆိုး႐ြားတဲ့ ၁၂ လတာကာလကို ျဖတ္သန္းခဲ့ရေပမယ့္ အသင္းေဖာ္ေတြရဲ႕ အားေပးေထာက္ခံျခင္းကို ခံခဲ့ရတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

မက္ဂြိဳင္းယားနဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္တစ္ဦးရဲ႕ ေျပာစကားကို Mirror က မၾကာေသးမီက ေဖာ္ျပခဲ့တာျဖစ္ၿပီး “ကစးသမားအခ်ိဳ႕၊ အထူးသျဖင့္ ေဝဖန္သံေတြ အၿမဲတမ္းၾကားေနတဲ့ သူအခ်ိဳ႕ကေတာ့ ဘာစီလိုနာသာ ေခၚလာခဲ့ရင္ သြားခ်င္ခဲ့ၾကမွာပါ။ ဒါေပမယ့္ ဟာရီက မေျပာင္းေ႐ႊ႕ခဲ့ဘဲ ယူႏိုက္တက္နဲ႔အတူ ေအာင္ျမင္တဲ့ရာသီကို လိုခ်င္ခဲ့တယ္”

“စိတ္ပိုင္းဆိုင္ရာသန္မာမႈအပိုင္းမွာေတာ့ ဟာရီက အရမ္းျပင္းထန္ပါတယ္။ ပုံမွန္အတိုင္းပဲ သူ အေကာင္းဆုံးလုပ္ျပသြားပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ အသင္းေခါင္းေဆာင္နဲ႔ ရင္းႏွီးတဲ့ သူငယ္ခ်င္းတစ္ဦးကလည္း “ဟာရီက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ၿပီးခဲ့တဲ့ရာသီ ဆိုး႐ြားတဲ့စြမ္းေဆာင္ရည္အတြက္ ခုတုံးလုပ္ခံခဲ့ရတာပါ”

“နာမည္ႀကီးကစားသမားေတြလို႔ ေခၚၾကတဲ့ အခ်ိဳ႕ကစားသမားေတြက သူ႔ထက္ေတာင္ ပိုဆိုးခဲ့ၾကပါတယ္။ တစ္စုံတေယာက္ကေတာ့ စေတးခံရမယ့္ပုံေပၚပါတယ္။ တျခားရာသီေတြတုန္းက အသင္းမွာ ရွိေနခဲ့တဲ့ကာလအတြင္း ႀကီးက်ယ္ခမ္းနားခဲ့တဲ့ ေဒးဗစ္ ဒေဟးယားျဖစ္ခဲ့ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.