ချဲလ်ဆီးအသင်း ပရိသတ်တွေဟာ ဗုဒ္ဓဟူးနေ့ညက မန်ချက်စတာစီးတီးကို ကာရာဘောင်းဖလား တတိယအဆင့်မှာ ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့အတွက် နည်းပြ ဂရေဟမ် ပေါ့တားကိုပဲ ပြစ်တင်ကြိမ်းမောင်းခဲ့ကြပါတယ်။
ဒုတိယပိုင်း ပွဲကစားချိန် ၅ မိနစ်အတွင်း မာရက်ဇ်နဲ့ ယူလီယန် အဲဗားရက်ဇ်တို့ သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုးကြောင့် ချဲလ်ဆီးအသင်းဟာ ကာရာဘောင်းဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပြီး လက်ရှိမှာတော့ ပေါ့တားရဲ့အသင်းဟာ နောက်ဆုံး ၄ ပွဲမှာ ၃ ပွဲအထိ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ်မှာ ဘရိုက်တန်ကို ၄ ဂိုးပြတ် အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တာက ပေါ့တားလက်ထက်မှာ ပထမဆုံး ရှုံးပွဲဖြစ်ခဲ့ပြီး ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာ ဒီနမို ဇာဂရက်ကို ၂-၁ နဲ့ အနိုင်ရရှိပြီးနောက် ပရီးမီးယားလိဂ်မှာ အာဆင်နယ်ကို ၁-၀ နဲ့ အိမ်ကွင်းမှာပဲ ရှုံးနိမ့်ခဲ့ပြန်တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညက နောက်ထပ်ရှုံးပွဲဟာ ချဲလ်ဆီးအသင်းအတွက် အခြေအနေပိုမို ဆိုးရွားသွားစေခဲ့တာဖြစ်ပြီး ပရိသတ်အနည်းငယ်က အနောက်လန်ဒန်ကလပ်အသင်းဟာ ဘရိုက်တန်နည်းပြဟောင်းအတွက် ကြီးမားလွန်းတဲ့ ကလပ်အသင်းဖြစ်နေတယ်ဆိုတာကို သတိပြုမိခဲ့ကြတာဖြစ်ပါတယ်။
တခြားပရိသတ်တွေကလည်း ချဲလ်ဆီးအသင်းအနေနဲ့ အရမ်းနောက်မကျခင်မှာ ဂရေဟမ် ပေါ့တားကို ရာထူးကနေ ထုတ်ပယ်သင့်ပြီလို့ ပြောကြားခဲ့တာဖြစ်ပြီး ဘရိုက်တန်နည်းပြဟောင်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကမှ တူဟယ်ရဲ့နေရာမှာ နည်းပြသစ်အဖြစ် အစားထိုးခန့်အပ်ခြင်း ခံခဲ့ရသူဖြစ်ပါတယ်။
ပရိသတ်အများစုကတော့ ပေါ့တားကို နည်းပြအဖြစ် ခန့်အပ်ခဲ့တာက ဆိုးရွားတဲ့ အကြံအစည်ဖြစ်ခဲ့တယ်လို့ တွစ်တာလူမှုကွန်ရက်ပေါ်မှာ ပြစ်တင်ဝေဖန်ခဲ့ကြတာဖြစ်ပြီး ဗုဒ္ဓဟူးနေ့ည ကာရာဘောင်းဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရအပြီး ပရိသတ်တွေဟာ ၎င်းတို့ရဲ့ စိတ်ပျက်ဒေါသထွက်နေမှုကို ဖောက်ခွဲခဲ့ကြတာ ဖြစ်ပါတယ်။
“ငါ ရယ်ရမလား၊ ငိုရမလားတောင် မသိတော့ပါဘူးကွာ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပြီး “ဂရေဟမ် ပေါ့တားက ချဲလ်ဆီးကို ကိုင်တွယ်နိုင်မယ့် နည်းပြလို့ကို ငါ မမြင်ဘူး။ ဒီလူကို ပထမဦးစားပေးနေရာမှာထားပြီး နည်းပြသစ်အဖြစ်ကို မခန့်အပ်ခဲ့သင့်တာ”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ခ်ဲလ္ဆီးအသင္း ပရိသတ္ေတြဟာ ဗုဒၶဟူးေန႔ညက မန္ခ်က္စတာစီးတီးကို ကာရာေဘာင္းဖလား တတိယအဆင့္မွာ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့အတြက္ နည္းျပ ဂေရဟမ္ ေပါ့တားကိုပဲ ျပစ္တင္ႀကိမ္းေမာင္းခဲ့ၾကပါတယ္။
ဒုတိယပိုင္း ပြဲကစားခ်ိန္ ၅ မိနစ္အတြင္း မာရက္ဇ္နဲ႔ ယူလီယန္ အဲဗားရက္ဇ္တို႔ သြင္းယူခဲ့တဲ့ သြင္းဂိုး ၂ ဂိုးေၾကာင့္ ခ်ဲလ္ဆီးအသင္းဟာ ကာရာေဘာင္းဖလား ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရၿပီျဖစ္ၿပီး လက္ရွိမွာေတာ့ ေပါ့တားရဲ႕အသင္းဟာ ေနာက္ဆုံး ၄ ပြဲမွာ ၃ ပြဲအထိ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီျဖစ္ပါတယ္။
ပရီးမီးယားလိဂ္မွာ ဘ႐ိုက္တန္ကို ၄ ဂိုးျပတ္ အေဝးကြင္းမွာ ရႈံးနိမ့္ခဲ့တာက ေပါ့တားလက္ထက္မွာ ပထမဆုံး ရႈံးပြဲျဖစ္ခဲ့ၿပီး ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲစဥ္မွာ ဒီနမို ဇာဂရက္ကို ၂-၁ နဲ႔ အႏိုင္ရရွိၿပီးေနာက္ ပရီးမီးယားလိဂ္မွာ အာဆင္နယ္ကို ၁-၀ နဲ႔ အိမ္ကြင္းမွာပဲ ရႈံးနိမ့္ခဲ့ျပန္တာျဖစ္ပါတယ္။
မန္ခ်က္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့တဲ့ ဗုဒၶဟူးေန႔ညက ေနာက္ထပ္ရႈံးပြဲဟာ ခ်ဲလ္ဆီးအသင္းအတြက္ အေျခအေနပိုမို ဆိုး႐ြားသြားေစခဲ့တာျဖစ္ၿပီး ပရိသတ္အနည္းငယ္က အေနာက္လန္ဒန္ကလပ္အသင္းဟာ ဘ႐ိုက္တန္နည္းျပေဟာင္းအတြက္ ႀကီးမားလြန္းတဲ့ ကလပ္အသင္းျဖစ္ေနတယ္ဆိုတာကို သတိျပဳမိခဲ့ၾကတာျဖစ္ပါတယ္။
တျခားပရိသတ္ေတြကလည္း ခ်ဲလ္ဆီးအသင္းအေနနဲ႔ အရမ္းေနာက္မက်ခင္မွာ ဂေရဟမ္ ေပါ့တားကို ရာထူးကေန ထုတ္ပယ္သင့္ၿပီလို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး ဘ႐ိုက္တန္နည္းျပေဟာင္းဟာ ၿပီးခဲ့တဲ့ စက္တင္ဘာလကမွ တူဟယ္ရဲ႕ေနရာမွာ နည္းျပသစ္အျဖစ္ အစားထိုးခန႔္အပ္ျခင္း ခံခဲ့ရသူျဖစ္ပါတယ္။
ပရိသတ္အမ်ားစုကေတာ့ ေပါ့တားကို နည္းျပအျဖစ္ ခန႔္အပ္ခဲ့တာက ဆိုး႐ြားတဲ့ အႀကံအစည္ျဖစ္ခဲ့တယ္လို႔ တြစ္တာလူမႈကြန္ရက္ေပၚမွာ ျပစ္တင္ေဝဖန္ခဲ့ၾကတာျဖစ္ၿပီး ဗုဒၶဟူးေန႔ည ကာရာေဘာင္းဖလားၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရအၿပီး ပရိသတ္ေတြဟာ ၎တို႔ရဲ႕ စိတ္ပ်က္ေဒါသထြက္ေနမႈကို ေဖာက္ခြဲခဲ့ၾကတာ ျဖစ္ပါတယ္။
“ငါ ရယ္ရမလား၊ ငိုရမလားေတာင္ မသိေတာ့ပါဘူးကြာ”လို႔ ပရိသတ္တစ္ဦးက ေရးသားခဲ့ၿပီး “ဂေရဟမ္ ေပါ့တားက ခ်ဲလ္ဆီးကို ကိုင္တြယ္ႏိုင္မယ့္ နည္းျပလို႔ကို ငါ မျမင္ဘူး။ ဒီလူကို ပထမဦးစားေပးေနရာမွာထားၿပီး နည္းျပသစ္အျဖစ္ကို မခန႔္အပ္ခဲ့သင့္တာ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.