La Liga Ligue1

ပီအက်စ်ဂျီကြယ်ပွင့်က ကမ္ဘာ့အကောင်းဆုံးလို့ သတ်မှတ်ခဲ့တဲ့ ဘာဆာကြယ်ပွင့်

ဘာစီလိုနာတောင်ပံကြယ်ပွင့် ရာဖင်ညာက ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး နေမာကို ချီးကျူးပြောဆိုလိုက်ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားလို့ သတ်မှတ်ခဲ့ပါတယ်။

ကမ္ဘာ့တန်ဖိုးအကြီးဆုံးကစားသမားဟာ ယခုရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် နောက်ထပ်တစ်ကြိမ် ဂိုးသွင်းနှုန်းကောင်းတဲ့ရာသီတစ်ခုကို ပိုင်ဆိုင်နေသူဖြစ်ပြီး ပြိုင်ပွဲစုံ ၁၉ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၂ ကြိမ် ပြုလုပ်ထားတာဖြစ်ပါတယ်။

နေမာဟာ ပီအက်စ်ဂျီအသင်းကို လိဂန်း အမှတ်ပေးဇယား ဒုတိယနေရာက လွန်းစ်ရဲ့အထက် အဆင့် ၁ နေရာမှာ ၅ မှတ်အသာနဲ့ ဦးဆောင်နိုင်အောင် ကူညီပေးထားသူဖြစ်ပြီး ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာကနေ ယူရို ၂၂၂ သန်းနဲ့ ပြောင်းရွှေ့လာပြီးတည်းက ၁၆၃ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၁၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇၂ ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

နေမာဟာ လက်ရှိမှာတော့ လာမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းကို ၆ ကြိမ်မြောက် ကမ္ဘာ့ဖလားကိုင်မြှောက်နိုင်အောင် ကူညီပေးဖို့ စောင့်မျှော်နေတာဖြစ်ပြီး ဘရာဇီးလ်အသင်းဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်းကတည်းက ကမ္ဘာ့ဖလားကို ရရှိခြင်းမရှိသေးတာဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး မစတင်ခင်မှာ ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ညာက လက်ရွေးစင်အသင်းဖော် နေမာနဲ့ပတ်သက်ပြီး ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားက နေမာဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားလား။ နေမာလေ။ ကျွန်တော် အမြဲတမ်း ဘရာဇီးလ်သားတွေက အကောင်းဆုံးလို့ပဲ ပြောမှာဖြစ်ပေမယ့် ဘရာဇီးလ်သားဖြစ်နေတဲ့အတွက်ပဲ ပြောတာမဟုတ်ပါဘူး။ လူတွေက သူနဲ့ပတ်သက်ပြီး မကောင်းတာတွေ ပြောနေကြပေမယ့်လည်း သူက ကွင်းထဲမှာ လုပ်နေတာတွေအတွက် အကောင်းဆုံးလို့ ကျွန်တော် ထင်ပါတယ်။ သူက အရမ်းကောင်းတဲ့ ဘောလုံးသမားဖြစ်သလို အရမ်းကောင်းတဲ့လူတစ်ယောက်လည်း ဖြစ်ပါတယ်”လို့ ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

ရာဖင်ညာဟာ ပြီးခဲ့တဲ့နွေရာသီမှာ လိဒ်စ်ယူနိုက်တက်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ကတ်တလန် ထိပ်သီးအသင်းကြီးအတွက် ပြိုင်ပွဲစုံ ၁၈ ပွဲမှာ သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်ထားတဲ့ ကစားသမားဖြစ်ပါတယ်။ လိဒ်စ်ယူနိုက်တက်ကြယ်ပွင့်ဟောင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲမှာ နေမာနဲ့အတူ ပါဝင်ကစားပေးနိုင်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး တီတီရဲ့အသင်းဟာ အုပ်စု G မှာ ဆွစ်ဇာလန်၊ ဆားဘီးယား၊ ကင်မရွန်းတို့နဲ့အတူ တစ်အုပ်စုတည်း ကျရောက်နေတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာေတာင္ပံၾကယ္ပြင့္ ရာဖင္ညာက ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ေနမာကို ခ်ီးက်ဴးေျပာဆိုလိုက္ၿပီး ဘရာဇီးလ္တိုက္စစ္မႉးဟာ ကမာၻေပၚမွာ အေကာင္းဆုံးကစားသမားလို႔ သတ္မွတ္ခဲ့ပါတယ္။

ကမာၻ႔တန္ဖိုးအႀကီးဆုံးကစားသမားဟာ ယခုရာသီမွာ ပီအက္စ္ဂ်ီအသင္းအတြက္ ေနာက္ထပ္တစ္ႀကိမ္ ဂိုးသြင္းႏႈန္းေကာင္းတဲ့ရာသီတစ္ခုကို ပိုင္ဆိုင္ေနသူျဖစ္ၿပီး ၿပိဳင္ပြဲစုံ ၁၉ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁၂ ႀကိမ္ ျပဳလုပ္ထားတာျဖစ္ပါတယ္။

ေနမာဟာ ပီအက္စ္ဂ်ီအသင္းကို လိဂန္း အမွတ္ေပးဇယား ဒုတိယေနရာက လြန္းစ္ရဲ႕အထက္ အဆင့္ ၁ ေနရာမွာ ၅ မွတ္အသာနဲ႔ ဦးေဆာင္ႏိုင္ေအာင္ ကူညီေပးထားသူျဖစ္ၿပီး ၂၀၁၇ ခုႏွစ္မွာ ဘာစီလိုနာကေန ယူ႐ို ၂၂၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာၿပီးတည္းက ၁၆၃ ပြဲပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၁၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇၂ ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။

ေနမာဟာ လက္ရွိမွာေတာ့ လာမယ့္ ၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္အသင္းကို ၆ ႀကိမ္ေျမာက္ ကမာၻ႔ဖလားကိုင္ေျမႇာက္ႏိုင္ေအာင္ ကူညီေပးဖို႔ ေစာင့္ေမွ်ာ္ေနတာျဖစ္ၿပီး ဘရာဇီးလ္အသင္းဟာ ၂၀၀၂ ခုႏွစ္ေနာက္ပိုင္းကတည္းက ကမာၻ႔ဖလားကို ရရွိျခင္းမရွိေသးတာျဖစ္ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီး မစတင္ခင္မွာ ဘာစီလိုနာေတာင္ပံကစားသမား ရာဖင္ညာက လက္ေ႐ြးစင္အသင္းေဖာ္ ေနမာနဲ႔ပတ္သက္ၿပီး ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ကမာၻေပၚက အေကာင္းဆုံးကစားသမားက ေနမာျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ကမာၻေပၚက အေကာင္းဆုံးကစားသမားလား။ ေနမာေလ။ ကြၽန္ေတာ္ အၿမဲတမ္း ဘရာဇီးလ္သားေတြက အေကာင္းဆုံးလို႔ပဲ ေျပာမွာျဖစ္ေပမယ့္ ဘရာဇီးလ္သားျဖစ္ေနတဲ့အတြက္ပဲ ေျပာတာမဟုတ္ပါဘူး။ လူေတြက သူနဲ႔ပတ္သက္ၿပီး မေကာင္းတာေတြ ေျပာေနၾကေပမယ့္လည္း သူက ကြင္းထဲမွာ လုပ္ေနတာေတြအတြက္ အေကာင္းဆုံးလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ သူက အရမ္းေကာင္းတဲ့ ေဘာလုံးသမားျဖစ္သလို အရမ္းေကာင္းတဲ့လူတစ္ေယာက္လည္း ျဖစ္ပါတယ္”လို႔ ေျပာၾကားသြားခဲ့တာ ျဖစ္ပါတယ္။

ရာဖင္ညာဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ လိဒ္စ္ယူႏိုက္တက္ကေန ဘာစီလိုနာကို ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး ကတ္တလန္ ထိပ္သီးအသင္းႀကီးအတြက္ ၿပိဳင္ပြဲစုံ ၁၈ ပြဲမွာ သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္ ျပဳလုပ္ထားတဲ့ ကစားသမားျဖစ္ပါတယ္။ လိဒ္စ္ယူႏိုက္တက္ၾကယ္ပြင့္ေဟာင္း ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္အသင္းရဲ႕ ပြဲထြက္လူစာရင္းထဲမွာ ေနမာနဲ႔အတူ ပါဝင္ကစားေပးႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး တီတီရဲ႕အသင္းဟာ အုပ္စု G မွာ ဆြစ္ဇာလန္၊ ဆားဘီးယား၊ ကင္မ႐ြန္းတို႔နဲ႔အတူ တစ္အုပ္စုတည္း က်ေရာက္ေနတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.