La Liga

ကစားသမားဘဝ နောက်ဆုံးပွဲစဉ်ကို အနီကတ်နဲ့ နှုတ်ဆက်လိုက်ရတဲ့ ပီကေး

ဂျရတ် ပီကေးဟာ အိုဆာဆူနာနဲ့ ကစားခဲ့တဲ့ အင်္ဂါနေ့ညနေပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရပြီးနောက် ပရော်ဖက်ရှင်နယ် ကစားသမားဘဝ နောက်ဆုံးပွဲစဉ်မှာ မမေ့နိုင်စရာ ညနေခင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒေးဗစ် ဂါစီယာရဲ့ ၆ မိနစ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကြောင့် အိုဆာဆူနာအသင်းကို ၁-၀ နဲ့ နောက်ကနေ လိုက်ကစားခဲ့ရတာဖြစ်ပြီး ၃၁ မိနစ်မှာ ရောဘတ် လီဗန်ဒေါ့ဗ်စကီး ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရချိန်မှာ ဇာဗီအတွက်တော့ ဆိုးသည်ထက် ဆိုးရွားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ ပထမပိုင်းအပြီးမှာ ၁-၀ နဲ့ ရှုံးနိမ့်နေသလို တစ်ယောက်လည်း လျော့နေခဲ့တာဖြစ်ပြီး ဘာစီလိုနာဝါရင့်နောက်ခံလူ ပီကေးဟာ လက်ထောက်ဒိုင်လူကြီးနဲ့ စကားတွေ ပြောနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပြီးတဲ့နောက်မှာ စပိန်နောက်ခံကစားသမားက ပထမပိုင်းပွဲအပြီးမှာ ဥမင်လျှောက်လမ်းထဲ ဆင်းသွားတဲ့ ဒိုင်လူကြီးနောက် လိုက်သွားဖို့ ဆုံးဖြတ်ခဲ့ပြီး ကွင်းလယ်ဒိုင် ဂျေဆူးစ် ဂီးလ်က ပြီးတဲ့နောက်မှာတော့ ဘာစီလိုနာ နောက်ခံကစားသမားကို တိုက်ရိုက်အနီကတ် ပြသခဲ့တာ ဖြစ်ပါတယ်။

ပီကေးဟာ ပြီးခဲ့တဲ့အပတ်က အယ်လ်မီးရီးယားနဲ့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းအတွက် နူးကမ့်မှာ နောက်ဆုံး ပါဝင်ကစားပေးခဲ့ပြီးနောက် ပရိသတ်တွေကို နှုတ်ဆက်စကား ပြောဆိုခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ “ကျွန်တော် ဒီမှာ မွေးဖွားခဲ့ပြီး ဒီမှာပဲ သေမှာပါ ခင်ဗျား အသက်ကြီးလာတဲ့အချိန်မှာ တစ်ခါတရံ လက်လွှတ်ပေးလိုက်တာကလည်း ချစ်မြတ်နိုးတာပဲဆိုတာကို သိလာမှာပါ။ ကျွန်တော် အနာဂတ်မှာ ဒီမှာ နောက်ထပ်တစ်ကြိမ် ရှိနေမယ်လို့ ယုံကြည်ပါတယ်”

“ကျွန်တော် ဘာစီလိုနာအသင်းကို ချစ်မြတ်နိုးတယ်။ အဲဒါကြောင့်ပဲ ကျွန်တော် အခုက ထွက်သွားဖို့ သင့်တော်တဲ့ အချိန်လို့ ယူဆခဲ့တာပါ။ ဒါက အပြီးတိုင် နှုတ်ဆက်ခြင်းမဟုတ်ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒုတိယပိုင်း ၄၈ မိနစ်မှာ ပီဒရီရဲ့ သွင်းဂိုးကြောင့် တစ်ဖက် ၁ ဂိုးစီ ညီမျှသွားခဲ့ပြီး ၈၅ မိနစ်မှာ ရာဖင်ညာရဲ့ နောက်ကျ ခေါင်းတိုက်သွင်းဂိုးကြောင့် အံအားသင့်ဖွယ် ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂ်ရတ္ ပီေကးဟာ အိုဆာဆူနာနဲ႔ ကစားခဲ့တဲ့ အဂၤါေန႔ညေနပြဲစဥ္မွာ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝ ေနာက္ဆုံးပြဲစဥ္မွာ မေမ့ႏိုင္စရာ ညေနခင္းတစ္ခုကို ပိုင္ဆိုင္ခဲ့ပါတယ္။

ဘာစီလိုနာအသင္းဟာ ေဒးဗစ္ ဂါစီယာရဲ႕ ၆ မိနစ္မွာ သြင္းယူခဲ့တဲ့ သြင္းဂိုးေၾကာင့္ အိုဆာဆူနာအသင္းကို ၁-၀ နဲ႔ ေနာက္ကေန လိုက္ကစားခဲ့ရတာျဖစ္ၿပီး ၃၁ မိနစ္မွာ ေရာဘတ္ လီဗန္ေဒါ့ဗ္စကီး ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရခ်ိန္မွာ ဇာဗီအတြက္ေတာ့ ဆိုးသည္ထက္ ဆိုး႐ြားခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာဟာ ပထမပိုင္းအၿပီးမွာ ၁-၀ နဲ႔ ရႈံးနိမ့္ေနသလို တစ္ေယာက္လည္း ေလ်ာ့ေနခဲ့တာျဖစ္ၿပီး ဘာစီလိုနာဝါရင့္ေနာက္ခံလူ ပီေကးဟာ လက္ေထာက္ဒိုင္လူႀကီးနဲ႔ စကားေတြ ေျပာေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ၿပီးတဲ့ေနာက္မွာ စပိန္ေနာက္ခံကစားသမားက ပထမပိုင္းပြဲအၿပီးမွာ ဥမင္ေလွ်ာက္လမ္းထဲ ဆင္းသြားတဲ့ ဒိုင္လူႀကီးေနာက္ လိုက္သြားဖို႔ ဆုံးျဖတ္ခဲ့ၿပီး ကြင္းလယ္ဒိုင္ ေဂ်ဆူးစ္ ဂီးလ္က ၿပီးတဲ့ေနာက္မွာေတာ့ ဘာစီလိုနာ ေနာက္ခံကစားသမားကို တိုက္႐ိုက္အနီကတ္ ျပသခဲ့တာ ျဖစ္ပါတယ္။

ပီေကးဟာ ၿပီးခဲ့တဲ့အပတ္က အယ္လ္မီးရီးယားနဲ႔ ပြဲစဥ္မွာ ဘာစီလိုနာအသင္းအတြက္ ႏူးကမ့္မွာ ေနာက္ဆုံး ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ပရိသတ္ေတြကို ႏႈတ္ဆက္စကား ေျပာဆိုခဲ့တာျဖစ္ၿပီး ပြဲအၿပီးမွာ “ကြၽန္ေတာ္ ဒီမွာ ေမြးဖြားခဲ့ၿပီး ဒီမွာပဲ ေသမွာပါ ခင္ဗ်ား အသက္ႀကီးလာတဲ့အခ်ိန္မွာ တစ္ခါတရံ လက္လႊတ္ေပးလိုက္တာကလည္း ခ်စ္ျမတ္ႏိုးတာပဲဆိုတာကို သိလာမွာပါ။ ကြၽန္ေတာ္ အနာဂတ္မွာ ဒီမွာ ေနာက္ထပ္တစ္ႀကိမ္ ရွိေနမယ္လို႔ ယုံၾကည္ပါတယ္”

“ကြၽန္ေတာ္ ဘာစီလိုနာအသင္းကို ခ်စ္ျမတ္ႏိုးတယ္။ အဲဒါေၾကာင့္ပဲ ကြၽန္ေတာ္ အခုက ထြက္သြားဖို႔ သင့္ေတာ္တဲ့ အခ်ိန္လို႔ ယူဆခဲ့တာပါ။ ဒါက အၿပီးတိုင္ ႏႈတ္ဆက္ျခင္းမဟုတ္ပါဘူး”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဒုတိယပိုင္း ၄၈ မိနစ္မွာ ပီဒရီရဲ႕ သြင္းဂိုးေၾကာင့္ တစ္ဖက္ ၁ ဂိုးစီ ညီမွ်သြားခဲ့ၿပီး ၈၅ မိနစ္မွာ ရာဖင္ညာရဲ႕ ေနာက္က် ေခါင္းတိုက္သြင္းဂိုးေၾကာင့္ အံအားသင့္ဖြယ္ ျပန္လာႏိုင္ခဲ့တာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.