Premier League

နွေရာသီအပြောင်းအရွှေ့ဈေးကွက်အပြီး နောက်နေ့မှာပဲ မပြောခဲ့ဘူးလားလို့ တုံ့ပြန်ခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ပရီးမီးယားလိဂ်ဖလား စိန်ခေါ်မှုကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့အတွက် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက် ဖွင့်တဲ့အချိန်ကျရင် နောက်ထပ် ကစားသမားခေါ်ယူမှုတွေ ဂန်းနားတွေအနေနဲ့ ပြုလုပ်သွားဖို့ အရမ်းများတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ နားရက်ကို အဆင့် ၁ နေရာကနေပဲ ဆက်လက် ဖြတ်သန်းသွားဖို့ ပြင်ဆင်နေပုံ ပေါ်ပါတယ်။

ဒါပေမယ့်လည်း ဂန်းနားတွေရဲ့ လူစာရင်း အရည်အသွေးအားနည်းမှုကြောင့် အထူးသဖြင့် အနီးကပ်ဆုံးပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာစီးတီးနဲ့ နှိုင်းယှဉ်တဲ့အချိန်ကျရင် အားနည်းချက်တစ်ခုဖြစ်နေပြီး အဲဒီ အားနည်းချက်ကို ဗုဒ္ဓဟူးနေ့ညမှာ မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဂန်းနားတွေဟာ အမ်းမရိတ်စ်မှာ ဘရိုက်တန်အသင်းကို ၃-၁ နဲ့ ယခုရာသီ ပထမဆုံး အိမ်ကွင်းရှုံးပွဲနဲ့အတူ ကာရာဘောင်းဖလား တတိယအဆင့်ကနေ လှည့်ပြန်ခဲ့ရပြီဖြစ်ပြီး ယခုရာသီမှာ ၃ ပွဲမြောက် ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ အာတီတာဟာ ပြီးခဲ့တဲ့ ပွဲစဉ် လူစာရင်းကို အပြောင်းအလဲ ၁၀ ခုအထိ ပြုလုပ်ခဲ့ပြီး ဒီရလဒ်က အသင်းရဲ့ စွမ်းဆောင်ရည်ကို ထင်ဟပ်ခဲ့ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပေမယ့်လည်း ဆုဖလားစိန်ခေါ်မှုကို ဆက်လက်ပြုလုပ်နိုင်ဖို့ လူစာရင်း အရည်အသွေးကင်းမဲ့မှုအပေါ် စိုးရိမ်မှုတွေ မြင့်တက်လာနေတာဖြစ်ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ပွဲစဉ်အများအပြား ကစားဖို့ ကျန်ရှိနေသေးတာဖြစ်ပြီး အာဆင်နယ်ဟာ အက်ဖ်အေဖလား၊ ယူရိုပါလိဂ်တို့မှာလည်း ယှဉ်ပြိုင်သွားရမှာဖြစ်တာကြောင့် အာတီတာဟာ ဘရိုက်တန်နဲ့ပွဲအပြီးမှာ အသင်းအနေနဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ဈေးကွက်ထဲ ဝင်ရောက်သွားမှာလားလို့ မေးမြန်းခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ အခုအချိန် ဘယ်နေရာမှာရှိနေလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်မှာ ဒဏ်ရာပြဿနာတွေနဲ့ လူစာရင်းက အရမ်းကို အင်အားနည်းနေတယ်ဆိုတာကိုလည်း သိပါတယ်။ ကျွန်တော်တို့ အဲဒါကို အကောင်းဆုံးအခြေအနေဖြစ်အောင် စီမံခန့်ခွဲဖို့ ကြိုးပမ်းခဲ့ပါတယ်”

“ကျွန်တော်တို့ အနိုင်ရခဲ့တဲ့အချိန်ကျရင်လည်း အတူတူပဲမို့လို့ ဘာမှ ဆင်ခြေပေးစရာမရှိပါဘူး။ ကျွန်တော်တို့ အနိုင်ရခဲ့တာကလည်း ဒီတူညီတဲ့ လူစာရင်းနဲ့ပါပဲ။ ကျွန်တော် ပထမဆုံးနေ့ကတည်းက ပြောခဲ့တာက ကျွန်တော်တို့မှာ လူစာရင်းအင်အားနည်းတယ်။ ဘာလို့လဲဆိုတော့ အဆုံးမှာ ကျွန်တော်တို့ ကစားသမားအချို့ကို ချန်ခဲ့ရလို့ပါ။ အဲဒါက ကျွန်တော်တို့မှာ ရှိနေတဲ့အခြေအနေပါ။ တကယ်လို့ အားလုံးက ပါဝင်ကစားပေးနိုင်ပြီး ဘယ်သူကမှ ဒဏ်ရာမရနေဘူးဆိုရင် ကျွန်တော်တို့ အဆင်ပြေတယ်။ ဒါပေမယ့် အဲဒီလို ဒဏ်ရာရကစားသမားတွေရှိနေတဲ့ အခိုက်အတန့်က ဘာဖြစ်မလဲဆိုတာကို ကျွန်တော်တို့ သိတယ်။ အဲဒါက ဘာမှ အသစ်အဆန်းမဟုတ်ပါဘူး”

“ကျွန်တော် အဲဒါကို နွေရာသီအပြောင်းအရွှေ့ဈေးကွက်အပြီး ပထမဆုံးနေ့ကတည်းက ပြောခဲ့တယ်လို့ ထင်ပါတယ်။ ဇန်နဝါရီက ဖွင့်ထားတဲ့ ဈေးကွက်ဖြစ်ပြီး ကျွန်တော်တို့မှာ ဘယ်လို အပြောင်းအလဲမျိုးအတွက်မဆိုနဲ့ အခွင့်အလမ်းတွေအတွက် ဈေးကွက်ထဲမှာ ရှိနေဖို့ ရှိတဲ့ လုပ်နိုင်စွမ်းတွေနဲ့ ကျွန်တော်တို့မှာရှိတဲ့ အခွင့်အလမ်းတွေကို ဆွေးနွေးသွားရမှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံးပွဲမှာ ဘာဖြစ်မယ်ဆိုတာကို မသိလို့ပါ။ အဲဒီတော့ ရွေးချယ်စရာတွေအများအပြားက လမ်းပွင့်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၁၁၆ သန်းအထိ သုံးစွဲခဲ့ပီးဖြစ်ပေမယ့်လည်း ပြီးခဲ့တဲ့နွေရာသီမှာ ပေါင် ၁၄၈ သန်းအထိ သုံးစွဲခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့အသင်းဟာ လက်စတာစီးတီးကွင်းလယ်ကြယ်ပွင့် ယူရီ တီလီမန်းစ်၊ ရှက်တာဒိုးနတ်တောင်ပံကစားသမား မိုင်ခေလို မာဒရစ်၊ ပါးမီးရပ်စ် ကွင်းလယ်လူ ဒါနီလိုတို့အပါအဝင် ကြယ်ပွင့်ကစားသမားအများအပြားနဲ့ သတင်းတွေ ဆက်လက် ထွက်ပေါ်နေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နည္းျပ အာတီတာက ပရီးမီးယားလိဂ္ဖလား စိန္ေခၚမႈကို ဆက္လက္ ထိန္းသိမ္းႏိုင္ဖို႔အတြက္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္ ဖြင့္တဲ့အခ်ိန္က်ရင္ ေနာက္ထပ္ ကစားသမားေခၚယူမႈေတြ ဂန္းနားေတြအေနနဲ႔ ျပဳလုပ္သြားဖို႔ အရမ္းမ်ားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္ဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ေနတာျဖစ္ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲ နားရက္ကို အဆင့္ ၁ ေနရာကေနပဲ ဆက္လက္ ျဖတ္သန္းသြားဖို႔ ျပင္ဆင္ေနပုံ ေပၚပါတယ္။

ဒါေပမယ့္လည္း ဂန္းနားေတြရဲ႕ လူစာရင္း အရည္အေသြးအားနည္းမႈေၾကာင့္ အထူးသျဖင့္ အနီးကပ္ဆုံးၿပိဳင္ဘက္ျဖစ္တဲ့ မန္ခ်က္စတာစီးတီးနဲ႔ ႏႈိင္းယွဥ္တဲ့အခ်ိန္က်ရင္ အားနည္းခ်က္တစ္ခုျဖစ္ေနၿပီး အဲဒီ အားနည္းခ်က္ကို ဗုဒၶဟူးေန႔ညမွာ ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

ဂန္းနားေတြဟာ အမ္းမရိတ္စ္မွာ ဘ႐ိုက္တန္အသင္းကို ၃-၁ နဲ႔ ယခုရာသီ ပထမဆုံး အိမ္ကြင္းရႈံးပြဲနဲ႔အတူ ကာရာေဘာင္းဖလား တတိယအဆင့္ကေန လွည့္ျပန္ခဲ့ရၿပီျဖစ္ၿပီး ယခုရာသီမွာ ၃ ပြဲေျမာက္ ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ အာတီတာဟာ ၿပီးခဲ့တဲ့ ပြဲစဥ္ လူစာရင္းကို အေျပာင္းအလဲ ၁၀ ခုအထိ ျပဳလုပ္ခဲ့ၿပီး ဒီရလဒ္က အသင္းရဲ႕ စြမ္းေဆာင္ရည္ကို ထင္ဟပ္ခဲ့ျခင္းမရွိဘူးလို႔ ေျပာၾကားခဲ့ေပမယ့္လည္း ဆုဖလားစိန္ေခၚမႈကို ဆက္လက္ျပဳလုပ္ႏိုင္ဖို႔ လူစာရင္း အရည္အေသြးကင္းမဲ့မႈအေပၚ စိုးရိမ္မႈေတြ ျမင့္တက္လာေနတာျဖစ္ပါတယ္။

ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ပြဲစဥ္အမ်ားအျပား ကစားဖို႔ က်န္ရွိေနေသးတာျဖစ္ၿပီး အာဆင္နယ္ဟာ အက္ဖ္ေအဖလား၊ ယူ႐ိုပါလိဂ္တို႔မွာလည္း ယွဥ္ၿပိဳင္သြားရမွာျဖစ္တာေၾကာင့္ အာတီတာဟာ ဘ႐ိုက္တန္နဲ႔ပြဲအၿပီးမွာ အသင္းအေနနဲ႔ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ေဈးကြက္ထဲ ဝင္ေရာက္သြားမွာလားလို႔ ေမးျမန္းျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ အခုအခ်ိန္ ဘယ္ေနရာမွာရွိေနလဲဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္။ ကြၽန္ေတာ္မွာ ဒဏ္ရာျပႆနာေတြနဲ႔ လူစာရင္းက အရမ္းကို အင္အားနည္းေနတယ္ဆိုတာကိုလည္း သိပါတယ္။ ကြၽန္ေတာ္တို႔ အဲဒါကို အေကာင္းဆုံးအေျခအေနျဖစ္ေအာင္ စီမံခန႔္ခြဲဖို႔ ႀကိဳးပမ္းခဲ့ပါတယ္”

“ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့တဲ့အခ်ိန္က်ရင္လည္း အတူတူပဲမို႔လို႔ ဘာမွ ဆင္ေျခေပးစရာမရွိပါဘူး။ ကြၽန္ေတာ္တို႔ အႏိုင္ရခဲ့တာကလည္း ဒီတူညီတဲ့ လူစာရင္းနဲ႔ပါပဲ။ ကြၽန္ေတာ္ ပထမဆုံးေန႔ကတည္းက ေျပာခဲ့တာက ကြၽန္ေတာ္တို႔မွာ လူစာရင္းအင္အားနည္းတယ္။ ဘာလို႔လဲဆိုေတာ့ အဆုံးမွာ ကြၽန္ေတာ္တို႔ ကစားသမားအခ်ိဳ႕ကို ခ်န္ခဲ့ရလို႔ပါ။ အဲဒါက ကြၽန္ေတာ္တို႔မွာ ရွိေနတဲ့အေျခအေနပါ။ တကယ္လို႔ အားလုံးက ပါဝင္ကစားေပးႏိုင္ၿပီး ဘယ္သူကမွ ဒဏ္ရာမရေနဘူးဆိုရင္ ကြၽန္ေတာ္တို႔ အဆင္ေျပတယ္။ ဒါေပမယ့္ အဲဒီလို ဒဏ္ရာရကစားသမားေတြရွိေနတဲ့ အခိုက္အတန႔္က ဘာျဖစ္မလဲဆိုတာကို ကြၽန္ေတာ္တို႔ သိတယ္။ အဲဒါက ဘာမွ အသစ္အဆန္းမဟုတ္ပါဘူး”

“ကြၽန္ေတာ္ အဲဒါကို ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္အၿပီး ပထမဆုံးေန႔ကတည္းက ေျပာခဲ့တယ္လို႔ ထင္ပါတယ္။ ဇန္နဝါရီက ဖြင့္ထားတဲ့ ေဈးကြက္ျဖစ္ၿပီး ကြၽန္ေတာ္တို႔မွာ ဘယ္လို အေျပာင္းအလဲမ်ိဳးအတြက္မဆိုနဲ႔ အခြင့္အလမ္းေတြအတြက္ ေဈးကြက္ထဲမွာ ရွိေနဖို႔ ရွိတဲ့ လုပ္ႏိုင္စြမ္းေတြနဲ႔ ကြၽန္ေတာ္တို႔မွာရွိတဲ့ အခြင့္အလမ္းေတြကို ေဆြးေႏြးသြားရမွာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ကမာၻ႔ဖလားမတိုင္ခင္ ေနာက္ဆုံးပြဲမွာ ဘာျဖစ္မယ္ဆိုတာကို မသိလို႔ပါ။ အဲဒီေတာ့ ေ႐ြးခ်ယ္စရာေတြအမ်ားအျပားက လမ္းပြင့္ေနပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ အာဆင္နယ္အသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္ ၁၁၆ သန္းအထိ သုံးစြဲခဲ့ပီးျဖစ္ေပမယ့္လည္း ၿပီးခဲ့တဲ့ေႏြရာသီမွာ ေပါင္ ၁၄၈ သန္းအထိ သုံးစြဲခဲ့တာျဖစ္ပါတယ္။

အာတီတာရဲ႕အသင္းဟာ လက္စတာစီးတီးကြင္းလယ္ၾကယ္ပြင့္ ယူရီ တီလီမန္းစ္၊ ရွက္တာဒိုးနတ္ေတာင္ပံကစားသမား မိုင္ေခလို မာဒရစ္၊ ပါးမီးရပ္စ္ ကြင္းလယ္လူ ဒါနီလိုတို႔အပါအဝင္ ၾကယ္ပြင့္ကစားသမားအမ်ားအျပားနဲ႔ သတင္းေတြ ဆက္လက္ ထြက္ေပၚေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.