Analysis Premier League

ပရီးမီးယားလိဂ်က လန်ဒန်အသင်းတွေ တဖြုတ်ဖြုတ်ကြွေခဲ့တဲ့ ကာရာဘောင်းဖလား

ပြီးခဲ့တဲ့ ကာရာဘောင်းဖလား တတိယအဆင့်ပြိုင်ပွဲမှာတော့ ပရီးမီးယားလိဂ်က လန်ဒန်အခြေစိုက်အသင်းတွေအားလုံး ရှုံးနိမ့်ခဲ့ကြပြီး ဒီပြိုင်ပွဲထဲမှာ တစ်သင်းမှ မြို့တော်ဂုဏ်သိက္ခာအတွက် ကိုယ်စားမပြုနိုင်ခဲ့ကြတော့သလို လာမယ့် စတုတ္ထအဆင့်ပြိုင်ပွဲမှာ အားလုံးရဲ့ အာရုံစိုက်မှုတွေကို ပထမတန်းက အသင်းတစ်သင်းဆီ လွှဲပြောင်းခဲ့ရပြီဖြစ်ပါတယ်။

တတိယအဆင့်မှာ ရှုံးနိမ့်ခဲ့တဲ့ အသင်းတွေထဲမှာ အာဆင်နယ်၊ ချဲလ်ဆီး၊ တော့တင်ဟမ် ဟော့စပါး၊ ဝက်စ်ဟမ်းယူနိုက်တက်၊ ဘရန့်ဖို့ဒ်နဲ့ ခရစ္စတယ်လ်ပဲလေ့စ်အသင်းတွေ ပါဝင်ခဲ့ကြတာဖြစ်ပြီး ပရီးမီးယားလိဂ်အခြေစိုက် လန်ဒန်ခြောက်သင်းစလုံး ရှုံးနိမ့်ခဲ့သလို တခြားအဆင့်တွေကတော့ မီးလ်ဝေါလ်၊ ကျူပီအာ၊ ဝင်ဘယ်လ်ဒန်၊ လေတန် အိုးရီးယင့်နဲ့ ဆပ်တန်ယူနိုက်တက်တို့ ပြိုင်ပွဲက ထွက်ထားခဲ့ကြရတာပါ။

အာဆင်နယ်အသင်းအနေနဲ့ ဘရိုက်တန်ကို အက်ဒီ နကီးတီးယားရဲ့ မိနစ် ၂၀ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ဝဲလ်ဘက်ခ်၊ မီတိုမာနဲ့ လမ့်ပ်တေတို့က ပွဲချိန် ၂၇၊ ၅၈ နဲ့ ၇၁ မိနစ်တွေမှာ အသီးသီးသွင်းယူခဲ့ကြတဲ့ ဂိုးတွေကြောင့် ဘရိုက်တန်ကို အိမ်ကွင်း အမ်းမရိတ်မှာ အရှုံးပေးခဲ့ရပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာဖြစ်ပါတယ်။

နောက်ထပ် လန်ဒန်အသင်းတစ်သင်းဖြစ်တဲ့ ချဲလ်ဆီးကတော့ မန်စီးတီးတို့ကို အဝေးကွင်းမှာ မာရက်ဇ်၊ အယ်လ်ဗာရက်ဇ်တို့ရဲ့ ငါးမိနစ်အတွင်း သွင်းဂိုးနှစ်ဂိုးကြောင့် ရှုံးနိမ့်ခဲ့ရပြီး စပါးစ်အသင်းကလည်း အဝေးကွင်းမှာပဲ နော့တင်ဟမ်ဖောရက်စ်တို့ကို ရီနန် လိုဒီနဲ့ လင်ဂတ်တို့ရဲ့ သွင်းဂိုးနှစ်ဂိုးနဲ့ ရှုံးနိမ့်သွားခဲ့ကြတာပါ။

ဝက်စ်ဟမ်းအသင်းကတော့ အိမ်ကွင်းမှာ ဘလက်ဘန်းနဲ့ နှစ်ဂိုးစီ သရေကျနေခဲ့တာကြောင့် ပင်နယ်တီ ကန်ရာမှာ ရှုံးနိမ့်သွားခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့ ပဲလေ့စ်တို့ကတော့ ဂီလင်ဟမ်နဲ့ နယူးကာဆယ်လ်တို့ကို ပင်နယ်တီမှာ အသီးသီး အရေးနိမ့်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်အသင်းကြီးတွေထဲက လန်ဒန်အခြေစိုက် တစ်သင်းမှ မကျန်တော့အောင် ဖြစ်ခဲ့ရပါတယ်။

ကာရာဘောင်းဖလား စတုတ္ထအဆင့်ကို တက်ရောက်သွားခဲ့တဲ့ ပြိုင်ပွဲဝင်အသင်း ၁၆ သင်းထဲမှာတော့ လန်ဒန်အသင်းဆိုလို့ လိဂ်ချန်ပီယံရှစ်ကတောင် မကျန်တော့ဘဲ ဖြစ်ခဲ့ရသလို တစ်သင်းတည်း ကျန်ခဲ့တဲ့ အင်္ဂလန်နိုင်ငံရဲ့ မြို့တော်ကိုယ်စားပြုအသင်းကတော့ စတီဗင်နေ့ချ်ကို အနိုင်ယူခဲ့တဲ့ ပရီးမီးယားလိဂ် အသင်း‌ဟောင်း ချာလ်တန်ပဲ ရှိတော့တာပါ။

လက်ရှိမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ အက်စ်တန်ဗီလာတို့ ပွဲကျန်မကစားခင်မှာ ကာရာဘောင်းပြိုင်ပွဲဝင် အသင်းတွေကြား အလယ်ပိုင်းအသင်းတွေဖြစ်တဲ့ ဖောရက်စ်၊ ဝုလ်ဗ်စ်၊ ဗီလာနဲ့ လက်စတာတို့ လေးသင်းကျန်ရှိနေပြီး တောင်ပိုင်းကမ်းခြေက ဘုန်းမောက်၊ ဘရိုက်တန်နဲ့ ဆောက်သမ်တန်တို့ သုံးသင်း ကျန်ရှိနေသလို ‌မန်ချက်စတာကတော့ တစ်သင်းဖြစ်မလား နှစ်သင်းဖြစ်လာမလား စောင့်ကြည့်ရမှာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၿပီးခဲ့တဲ့ ကာရာေဘာင္းဖလား တတိယအဆင့္ ၿပိဳင္ပြဲမွာေတာ့ ပရီးမီးယားလိဂ္က လန္ဒန္အေျခစိုက္အသင္းေတြအားလုံး ရႈံးနိမ့္ခဲ့ၾကၿပီး ဒီၿပိဳင္ပြဲထဲမွာ တစ္သင္းမွ ၿမိဳ႕ေတာ္ဂုဏ္သိကၡာအတြက္ ကိုယ္စားမျပဳႏိုင္ခဲ့ၾကေတာ့သလို လာမယ့္ စတုတၳအဆင့္ ၿပိဳင္ပြဲမွာ အားလုံးရဲ႕ အာ႐ုံစိုက္မႈေတြကို ပထမတန္းက အသင္းတစ္သင္းဆီ လႊဲေျပာင္းခဲ့ရၿပီျဖစ္ပါတယ္။

တတိယအဆင့္မွာ ရႈံးနိမ့္ခဲ့တဲ့ အသင္းေတြထဲမွာ အာဆင္နယ္၊ ခ်ဲလ္ဆီး၊ ေတာ့တင္ဟမ္ ေဟာ့စပါး၊ ဝက္စ္ဟမ္းယူႏိုက္တက္၊ ဘရန႔္ဖို႔ဒ္နဲ႔ ခရစၥတယ္လ္ပဲေလ့စ္အသင္းေတြ ပါဝင္ခဲ့ၾကတာျဖစ္ၿပီး ပရီးမီးယားလိဂ္အေျခစိုက္ လန္ဒန္ေျခာက္သင္းစလုံး ရႈံးနိမ့္ခဲ့သလို တျခားအဆင့္ေတြကေတာ့ မီးလ္ေဝါလ္၊ က်ဴပီအာ၊ ဝင္ဘယ္လ္ဒန္၊ ေလတန္ အိုးရီးယင့္နဲ႔ ဆပ္တန္ယူႏိုက္တက္တို႔ ၿပိဳင္ပြဲက ထြက္ထားခဲ့ၾကရတာပါ။

အာဆင္နယ္အသင္းအေနနဲ႔ ဘ႐ိုက္တန္ကို အက္ဒီ နကီးတီးယားရဲ႕ မိနစ္ ၂၀ သြင္းဂိုးနဲ႔ ဦးေဆာင္ခဲ့ေပမယ့္ ဝဲလ္ဘက္ခ္၊ မီတိုမာနဲ႔ လမ့္ပ္ေတတို႔က ပြဲခ်ိန္ ၂၇၊ ၅၈ နဲ႔ ၇၁ မိနစ္ေတြမွာ အသီးသီးသြင္းယူခဲ့ၾကတဲ့ ဂိုးေတြေၾကာင့္ ဘ႐ိုက္တန္ကို အိမ္ကြင္း အမ္းမရိတ္မွာ အရႈံးေပးခဲ့ရၿပီး ၿပိဳင္ပြဲက ထြက္ခဲ့ရတာျဖစ္ပါတယ္။

ေနာက္ထပ္ လန္ဒန္အသင္းတစ္သင္းျဖစ္တဲ့ ခ်ဲလ္ဆီးကေတာ့ မန္စီးတီးတို႔ကို အေဝးကြင္းမွာ မာရက္ဇ္၊ အယ္လ္ဗာရက္ဇ္တို႔ရဲ႕ ငါးမိနစ္အတြင္း သြင္းဂိုးႏွစ္ဂိုးေၾကာင့္ ရႈံးနိမ့္ခဲ့ရၿပီး စပါးစ္အသင္းကလည္း အေဝးကြင္းမွာပဲ ေနာ့တင္ဟမ္ေဖာရက္စ္တို႔ကို ရီနန္ လိုဒီနဲ႔ လင္ဂတ္တို႔ရဲ႕ သြင္းဂိုးႏွစ္ဂိုးနဲ႔ ရႈံးနိမ့္သြားခဲ့ၾကတာပါ။

ဝက္စ္ဟမ္းအသင္းကေတာ့ အိမ္ကြင္းမွာ ဘလက္ဘန္းနဲ႔ ႏွစ္ဂိုးစီ သေရက်ေနခဲ့တာေၾကာင့္ ပင္နယ္တီ ကန္ရာမွာ ရႈံးနိမ့္သြားခဲ့ၿပီး ဘရန႔္ဖို႔ဒ္နဲ႔ ပဲေလ့စ္တို႔ကေတာ့ ဂီလင္ဟမ္နဲ႔ နယူးကာဆယ္လ္တို႔ကို ပင္နယ္တီမွာ အသီးသီး အေရးနိမ့္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္အသင္းႀကီးေတြထဲက လန္ဒန္အေျခစိုက္ တစ္သင္းမွ မက်န္ေတာ့ေအာင္ ျဖစ္ခဲ့ရပါတယ္။

ကာရာေဘာင္းဖလား စတုတၳအဆင့္ကို တက္ေရာက္သြားခဲ့တဲ့ ၿပိဳင္ပြဲဝင္အသင္း ၁၆ သင္းထဲမွာေတာ့ လန္ဒန္အသင္းဆိုလို႔ လိဂ္ခ်န္ပီယံရွစ္ကေတာင္ မက်န္ေတာ့ဘဲ ျဖစ္ခဲ့ရသလို တစ္သင္းတည္း က်န္ခဲ့တဲ့ အဂၤလန္ႏိုင္ငံရဲ႕ ၿမိဳ႕ေတာ္ကိုယ္စားျပဳအသင္းကေတာ့ စတီဗင္ေန႔ခ်္ကို အႏိုင္ယူခဲ့တဲ့ ပရီးမီးယားလိဂ္ အသင္း‌ေဟာင္း ခ်ာလ္တန္ပဲ ရွိေတာ့တာပါ။

လက္ရွိမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အက္စ္တန္ဗီလာတို႔ ပြဲက်န္မကစားခင္မွာ ကာရာေဘာင္းၿပိဳင္ပြဲဝင္ အသင္းေတြၾကား အလယ္ပိုင္းအသင္းေတြျဖစ္တဲ့ ေဖာရက္စ္၊ ဝုလ္ဗ္စ္၊ ဗီလာနဲ႔ လက္စတာတို႔ ေလးသင္းက်န္ရွိေနၿပီး ေတာင္ပိုင္းကမ္းေျခက ဘုန္းေမာက္၊ ဘ႐ိုက္တန္နဲ႔ ေဆာက္သမ္တန္တို႔ သုံးသင္း က်န္ရွိေနသလို ‌မန္ခ်က္စတာကေတာ့ တစ္သင္းျဖစ္မလား ႏွစ္သင္းျဖစ္လာမလား ေစာင့္ၾကည့္ရမွာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.