Premier League

အူနိုင်း အမ်မရီရဲ့ မင်းသားခေါင်းဆောင်းထားတဲ့ ဘီလူးရုပ်ကို ဖွင့်ချလိုက်တဲ့ ကီယွန်

အာဆင်နယ် ဂန္တဝင် နောက်ခံကစားသမား မာတင် ကီယွန်က ဒီရာသီမှာ အာဆင်နယ်ဖလားမရအောင် နည်းပြဟောင်း အူနိုင်း အမ်မရီက သေချာအကွက်ချ ကြိုးပမ်းခဲ့တယ်လို့ သံသယရှိနေပါတယ်။

အက်စတန် ဗီလာဟာ ဧပြီလ ၁၄ ရက်နေ့ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ပွဲမတိုင်ခင် အဓိကကစားသမားတွေကို ပုံမှန်ပွဲကစားချိန်ထက် လျှော့ကစားခိုင်းခဲ့ပြီး အနားပေးခဲ့ပြီး အာဆင်နယ်နဲ့ပွဲအတွက် အားမွေးခိုင်းထားခဲ့ပုံပေါ်ပါတယ်။

ဒါကြောင့် မာတင် ကီယွန်က အူနိုင်း အမ်မရီဟာ အာဆင်နယ် ဒီရာသီ ဖလားမရခဲ့တာရဲ့ အဓိက တရားခံလို့ ပြောဆိုသွားခဲ့တာဖြစ်ပြီး အာဆင်နယ်သာ ဧပြီလလယ် ပွဲစဉ်မှာသာ မရှုံးနိမ့်ခဲ့ရင် နှစ်ပေါင်း ၂၀ ကြာ စောင့်ဆိုင်းခဲ့ရတဲ့ အမှတ်ပေးဖလားကို ကိုင်မြှောက်နိုင်မှာဖြစ်ပါတယ်။

“အာဆင်နယ် ဖလားမရတာ အူနိုင်း အမ်မရီကြောင့်လို့ ကျွန်တော် ထင်တယ်။ သူက အာဆင်နယ်ဆီကနေ ၆ မှတ် ယူသွားခဲ့တယ်။ ကျွန်တော် ဒီလိုပဲ ပြောရမှာပဲ။ ဘာလို့လဲဆိုတော့ အဲဒီအတိုင်း တကယ်ကို ခံစားနေရလို့ပါ။ သူက ရေပြင်ပေါ်က ငန်းလိုပဲ။ အရမ်းကို တည်ငြိမ်တယ်။ သူ့အသင်းဟောင်းနဲ့ လေးစားမှုရှိရှိ ကစားတယ်။ ဒါပေမယ့် သူ့ရဲ့ အတွင်းစိတ်ထဲမှာတော့ အသင်းဟောင်းကို ကောင်းကောင်း ဒုက္ခပေးချင်နေတယ်။ အက်စတန် ဗီလာလို အသင်းက ရူးသွပ်နေသလိုမျိုး ကစားပြီး အာဆင်နယ်ကို အနိုင်ယူနိုင်ခဲ့တယ်။ သူ အာဆင်နယ် ဖလားရမှာကို တားဆီးခဲ့တာပါ ”လို့ ပြောဆိုခဲ့ပါတယ်။

အူနိုင်း အမ်မရီဟာ အာဆင်နယ်ရဲ့ စိမ်းစိမ်းကားကား ထုတ်ပယ်ခံခဲ့ရမှုအတွက် အခဲမကြေဖြစ်ခဲ့ပြီး အသင်းဟောင်းနဲ့ ရင်ဆိုင်ရတဲ့အချိန်တိုင်း ဒုက္ခပေးဖို့ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။

အာဆင်နယ်နဲ့ပွဲမတိုင်ခင် မန်စီးတီးနဲ့ ကစားခဲ့တဲ့ပွဲမှာဆိုရင် ဂွါဒီယိုလာရဲ့အသင်းကို အနိုင်တမင်ပေးသလားလို့ ထင်ရလောက်အောင် မန်စီးတီးနဲ့ မကစားခင် ၃ ရက်အလို ဝုလ်ဗ်စ်ကို နိုင်ခဲ့တဲ့ပွဲမှာ ပါဝင်ခဲ့တဲ့ အဓိက ကစားသမားတွေဖြစ်တဲ့ ဂိုးသမား မာတီနက်ဇ်နဲ့ တိုက်စစ်မှူး ဝပ်ကင်းစ်တို့ကို ဒဏ်ရာကြောင့် မပါဝင်နိုင်ဟုဆိုကာ ချန်လှပ်ထားခဲ့ပါတယ်။

ပွဲကိုလည်း အင်တိုက် အားတိုက် မကစားခဲ့ဘဲ လူစာရင်းမှာပါဝင်လာတဲ့ အဓိကကစားသမားတွေဖြစ်တဲ့ တိုင်လီမန်းစ်၊ လီယွန် ဘေလီတို့ကို ပွဲထွက်လူစာရင်းထဲကနေ ချန်လှပ်ခဲ့ပြီး အရန်မှာထိုင်ခိုင်းခဲ့ကာ အရန်လူစာရင်းသာသာနဲ့ ရင်ဆိုင် ကစားခဲ့တဲ့အတွက် မန်စီးတီးက ၄ ဂိုး ၁ ဂိုးနဲ့ သာသာယာယာ အနိုင်ယူသွားခဲ့ပါတယ်။

မန်စီးတီးနဲ့ ကစားပြီး ၂ ရက်ခွဲအကြာ ကစားရတဲ့ ဘရန့်တ်ဖို့ပွဲနဲ့ လိုင်လီတို့နဲ့ ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ဂိုးသမား မာတီနက်ဇ်နဲ့ ဝပ်ကင်းစ်တို့ ဒဏ်ရာက ချက်ချင်း ကောင်းလာစေခဲ့ပြီး ပွဲချိန်ပြည့် ဝင်ကစားသွားစေခဲ့သလို အဓိကကစားသမားတွေကို ပွဲထွက်လူစာရင်းမှာ ထုတ်သုံးခဲ့တာ ထူးဆန်းဖွယ်တွေ့ရပါတယ်။ အာဆင်နယ်နဲ့ပွဲမှာတော့ အားအကောင်းဆုံးပွဲထွက်လူစာရင်းကို အသုံးပြုခဲ့ပြီး ရှေ့ပွဲတွေမှာ ပွဲကစားချိန် အနည်းငယ်သာ ပေးခဲ့တဲ့ မက်ဂင်း၊ တိုင်လီမန်းစ်၊ ဝပ်ကင်းစ်တို့ကို ပွဲချိန်ပြည့် အသုံးပြုခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် ကစားရဖို့ရှိလို့ စိတ်ထဲ ဗျာများနေသည့် အာဆင်နယ်အသင်းအနေနဲ့ ဗိုလ်လုပွဲတစ်ပွဲလို အင်တိုက်အားတိုက်ဆော့လာတဲ့ အူနိုင်း အမ်မရီရဲ့ ဗီလာအသင်းကစားပုံကို မထိန်းချုပ်နိုင်ခဲ့ပဲ အိမ်ကွင်း အမ်းမရိတ်စ်မှာ ၂ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ကာ ယခုလို ချန်ပီယံဆုကို ၂ မှတ်အကွာနဲ့ လက်လွှတ်ရဖို့အထိ ဖြစ်သွားခဲ့တာကို မာတီ ကီရွန်က လာမည့် ရာသီသစ်မှာလည်း ဒုက္ခထပ်ပေးဖို့ ကြိုးစားလာနိုင်တဲ့ အာဆင်နယ်နည်းပြဟောင်း အူနိုင်း အမ်မရီနဲ့ ဂိုးသမားဟောင်း မာတီနက်ဇ်တို့ ပါဝင်တဲ့ ဗီလာအသင်းနဲ့ပွဲမှာ ပြန်လက်စားချေဖို့ ထောက်ပြ ဝေဖန်သွားခြင်းဖြစ်ပါကြောင်း ရေးသားဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္ ဂႏၲဝင္ ေနာက္ခံကစားသမား မာတင္ ကီယြန္က ဒီရာသီမွာ အာဆင္နယ္ဖလားမရေအာင္ နည္းျပေဟာင္း အူႏိုင္း အမ္မရီက ေသခ်ာအကြက္ခ် ႀကိဳးပမ္းခဲ့တယ္လို႔ သံသယရွိေနပါတယ္။

အက္စတန္ ဗီလာဟာ ဧၿပီလ ၁၄ ရက္ေန႔ အာဆင္နယ္နဲ႔ ကစားခဲ့တဲ့ပြဲမတိုင္ခင္ အဓိကကစားသမားေတြကို ပုံမွန္ပြဲကစားခ်ိန္ထက္ ေလွ်ာ့ကစားခိုင္းခဲ့ၿပီး အနားေပးခဲ့ၿပီး အာဆင္နယ္နဲ႔ပြဲအတြက္ အားေမြးခိုင္းထားခဲ့ပုံေပၚပါတယ္။

ဒါေၾကာင့္ မာတင္ ကီယြန္က အူႏိုင္း အမ္မရီဟာ အာဆင္နယ္ ဒီရာသီ ဖလားမရခဲ့တာရဲ႕ အဓိက တရားခံလို႔ ေျပာဆိုသြားခဲ့တာျဖစ္ၿပီး အာဆင္နယ္သာ ဧၿပီလလယ္ ပြဲစဥ္မွာသာ မရႈံးနိမ့္ခဲ့ရင္ ႏွစ္ေပါင္း ၂၀ ၾကာ ေစာင့္ဆိုင္းခဲ့ရတဲ့ အမွတ္ေပးဖလားကို ကိုင္ေျမႇာက္ႏိုင္မွာျဖစ္ပါတယ္။

“အာဆင္နယ္ ဖလားမရတာ အူႏိုင္း အမ္မရီေၾကာင့္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူက အာဆင္နယ္ဆီကေန ၆ မွတ္ ယူသြားခဲ့တယ္။ ကြၽန္ေတာ္ ဒီလိုပဲ ေျပာရမွာပဲ။ ဘာလို႔လဲဆိုေတာ့ အဲဒီအတိုင္း တကယ္ကို ခံစားေနရလို႔ပါ။ သူက ေရျပင္ေပၚက ငန္းလိုပဲ။ အရမ္းကို တည္ၿငိမ္တယ္။ သူ႔အသင္းေဟာင္းနဲ႔ ေလးစားမႈရွိရွိ ကစားတယ္။ ဒါေပမယ့္ သူ႔ရဲ႕ အတြင္းစိတ္ထဲမွာေတာ့ အသင္းေဟာင္းကို ေကာင္းေကာင္း ဒုကၡေပးခ်င္ေနတယ္။ အက္စတန္ ဗီလာလို အသင္းက ႐ူးသြပ္ေနသလိုမ်ိဳး ကစားၿပီး အာဆင္နယ္ကို အႏိုင္ယူႏိုင္ခဲ့တယ္။ သူ အာဆင္နယ္ ဖလားရမွာကို တားဆီးခဲ့တာပါ ”လို႔ ေျပာဆိုခဲ့ပါတယ္။

အူႏိုင္း အမ္မရီဟာ အာဆင္နယ္ရဲ႕ စိမ္းစိမ္းကားကား ထုတ္ပယ္ခံခဲ့ရမႈအတြက္ အခဲမေၾကျဖစ္ခဲ့ၿပီး အသင္းေဟာင္းနဲ႔ ရင္ဆိုင္ရတဲ့အခ်ိန္တိုင္း ဒုကၡေပးဖို႔ အစြမ္းကုန္ႀကိဳးစားခဲ့ပါတယ္။

အာဆင္နယ္နဲ႔ပြဲမတိုင္ခင္ မန္စီးတီးနဲ႔ ကစားခဲ့တဲ့ပြဲမွာဆိုရင္ ဂြါဒီယိုလာရဲ႕အသင္းကို အႏိုင္တမင္ေပးသလားလို႔ ထင္ရေလာက္ေအာင္ မန္စီးတီးနဲ႔ မကစားခင္ ၃ ရက္အလို ဝုလ္ဗ္စ္ကို ႏိုင္ခဲ့တဲ့ပြဲမွာ ပါဝင္ခဲ့တဲ့ အဓိက ကစားသမားေတြျဖစ္တဲ့ ဂိုးသမား မာတီနက္ဇ္နဲ႔ တိုက္စစ္မႉး ဝပ္ကင္းစ္တို႔ကို ဒဏ္ရာေၾကာင့္ မပါဝင္ႏိုင္ဟုဆိုကာ ခ်န္လွပ္ထားခဲ့ပါတယ္။

ပြဲကိုလည္း အင္တိုက္ အားတိုက္ မကစားခဲ့ဘဲ လူစာရင္းမွာပါဝင္လာတဲ့ အဓိကကစားသမားေတြျဖစ္တဲ့ တိုင္လီမန္းစ္၊ လီယြန္ ေဘလီတို႔ကို ပြဲထြက္လူစာရင္းထဲကေန ခ်န္လွပ္ခဲ့ၿပီး အရန္မွာထိုင္ခိုင္းခဲ့ကာ အရန္လူစာရင္းသာသာနဲ႔ ရင္ဆိုင္ ကစားခဲ့တဲ့အတြက္ မန္စီးတီးက ၄ ဂိုး ၁ ဂိုးနဲ႔ သာသာယာယာ အႏိုင္ယူသြားခဲ့ပါတယ္။

မန္စီးတီးနဲ႔ ကစားၿပီး ၂ ရက္ခြဲအၾကာ ကစားရတဲ့ ဘရန႔္တ္ဖို႔ပြဲနဲ႔ လိုင္လီတို႔နဲ႔ ကစားခဲ့တဲ့ ပြဲစဥ္ေတြမွာေတာ့ ဂိုးသမား မာတီနက္ဇ္နဲ႔ ဝပ္ကင္းစ္တို႔ ဒဏ္ရာက ခ်က္ခ်င္း ေကာင္းလာေစခဲ့ၿပီး ပြဲခ်ိန္ျပည့္ ဝင္ကစားသြားေစခဲ့သလို အဓိကကစားသမားေတြကို ပြဲထြက္လူစာရင္းမွာ ထုတ္သုံးခဲ့တာ ထူးဆန္းဖြယ္ေတြ႕ရပါတယ္။ အာဆင္နယ္နဲ႔ပြဲမွာေတာ့ အားအေကာင္းဆုံးပြဲထြက္လူစာရင္းကို အသုံးျပဳခဲ့ၿပီး ေရွ႕ပြဲေတြမွာ ပြဲကစားခ်ိန္ အနည္းငယ္သာ ေပးခဲ့တဲ့ မက္ဂင္း၊ တိုင္လီမန္းစ္၊ ဝပ္ကင္းစ္တို႔ကို ပြဲခ်ိန္ျပည့္ အသုံးျပဳခဲ့တာျဖစ္ပါတယ္။

ဘိုင္ယန္နဲ႔ ခ်န္ပီယံလိဂ္ ကစားရဖို႔ရွိလို႔ စိတ္ထဲ ဗ်ာမ်ားေနသည့္ အာဆင္နယ္အသင္းအေနနဲ႔ ဗိုလ္လုပြဲတစ္ပြဲလို အင္တိုက္အားတိုက္ေဆာ့လာတဲ့ အူႏိုင္း အမ္မရီရဲ႕ ဗီလာအသင္းကစားပုံကို မထိန္းခ်ဳပ္ႏိုင္ခဲ့ပဲ အိမ္ကြင္း အမ္းမရိတ္စ္မွာ ၂ ဂိုး ဂိုးမရွိျဖင့္ ရႈံးနိမ့္ခဲ့ကာ ယခုလို ခ်န္ပီယံဆုကို ၂ မွတ္အကြာနဲ႔ လက္လႊတ္ရဖို႔အထိ ျဖစ္သြားခဲ့တာကို မာတီ ကီ႐ြန္က လာမည့္ ရာသီသစ္မွာလည္း ဒုကၡထပ္ေပးဖို႔ ႀကိဳးစားလာႏိုင္တဲ့ အာဆင္နယ္နည္းျပေဟာင္း အူႏိုင္း အမ္မရီနဲ႔ ဂိုးသမားေဟာင္း မာတီနက္ဇ္တို႔ ပါဝင္တဲ့ ဗီလာအသင္းနဲ႔ပြဲမွာ ျပန္လက္စားေခ်ဖို႔ ေထာက္ျပ ေဝဖန္သြားျခင္းျဖစ္ပါေၾကာင္း ေရးသားေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.