Analysis Article Carabao & FA Match Report Premier League

အားကိုးလို့မရတဲ့ အရန်တွေနဲ့ အာဆင်နယ် 1-3 ဘရိုက်တန်ပွဲမှ မှတ်မှတ်ရရ ပြောစရာများ

ဂျေဆူးစ်ကို တစ်ဂိုးသွင်းပြီး စိန်ခေါ်တဲ့ နကီးတီးယား
အရန်တိုက်စစ်မှူး နကီးတီးယားရဲ့ ဒီနေ့ခြေစွမ်းက လုံလောက်ခြင်း မရှိသေးပေမယ့် တန်ပြန်တိုက်စစ်ကနေ သွင်းဂိုးတစ်ဂိုး ရယူနိုင်ခဲ့ပြီး နယ်လ်ဆန်ရဲ့ ဖန်တီးပေးပို့မှုကနေ ဝေ့ဝိုက်ကန်ချက်နဲ့ အဆုံးသတ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါက အာဆင်နယ်တို့အတွက်တော့ ဒီလပိုင်းမှာ အထောင် တိုက်စစ်မှူးတစ်ဦးရဲ့ ရှားပါးတဲ့ သွင်းဂိုးတစ်ဂိုးလည်းဖြစ်နေခဲ့ပြီး ကာရာဘောင်းဖလားနဲ့ ဂိုးလာဘ်ရှိတဲ့ သူ့အနေနဲ့တော့ အသင်းကို ဦးဆောင်နိုင်အောင် သွင်းယူပြခဲ့တာပါ။ နကီးတီးယားအနေနဲ့ နောက်ဆုံးပွဲတွေမှာ ဂျေဆူးစ်ထက် ဂိုးပိုသွင်းနိုင်ခဲ့ပေမယ့် ခြေစွမ်းမကောင်းတဲ့ တခြားသူတွေကြောင့် ဦးဆောင်ဂိုးနဲ့ အာဆင်နယ်တို့ ရှုံးနိမ့်ခဲ့ရပါတယ်။

ပွဲစထွက်ပြီး ဆရာဝန်ဖြစ်သွားတဲ့ ဂိုးသမားလေး
အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ ဒီနေ့ပွဲမှာ စီနီယာ ဂိုးသမားနှစ်ဦးဖြစ်ကြတဲ့ ရမ်းစ်ဒေးလ်နဲ့ တာနာတို့အစား အသက် ၂၀ အရွယ် အက်စ်တိုးနီးယားလက်ရွေးစင် ကားလ် ဟိန်းကို ပွဲထုတ်ခဲ့ရာမှာ ကစားသမားရဲ့ ဆေးပြန်ထိုးတာကို ခံခဲ့ရတာဖြစ်ပါတယ်။ ခြေထောက်နဲ့ ရှင်းထုတ်လို့ရတဲ့ ဘရိုက်တန်တိုက်စစ်က ကျွံလာတဲ့ ဘောလုံးကို လက်နဲ့ ဝင်ဖမ်းရာမှာ ကစားသမားဟောင်း ဝဲလ်ဘက်ခ်ရဲ့ ခြေထောက်ကို ဆွဲမိပြီး ပင်နယ်တီလက်ဆောင် ပေးခဲ့ရတဲ့ မောင်ဟိန်းဟာ ဒုတိယပိုင်းမှာ မီတိုမာရဲ့ ဒုတိယဂိုးအတွက် ထူးထူးခြားခြား ပြစ်တင်စရာတော့ မရှိခဲ့ပေမယ့် လမ့်ပ်တေရဲ့ ထောင့်ကျဉ်းကန်ချက် မှာတော့ ဒီထက်ပိုကောင်းအောင်လုပ်ပြီး ဂိုးမပေးရဖို့ ကာကွယ်နိုင်ခဲ့သင့်တာပါ။

မှတ်ကျောက်တင်ခံနိုင်စွမ်းကို ပြသတဲ့ ဒီဇာဘီ
ဘရိုက်တန်အသင်းမှာ နည်းပြ ဂရေဟမ် ပေါ့တာကို ဆက်ခံတဲ့ ရောဘတ်တို ဒီဇာဘီကတော့ အသင်းကို ကိုင်တွယ်ရာမှာ လီဗာပူးလ်ကို သရေ ယူနိုင်ခဲ့ပြီး အာဆင်နယ်ကိုတော့ ဒီနေ့မှာ အနိုင်ကစားပြနိုင်ခဲ့ပြီဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာ အပြောင်းအလဲမရှိခဲ့ပေမယ့် ခံစစ်နဲ့ ကွင်းလယ်ကြားက သူ့ရဲ့ ဟာကွက်တွေကို ဖြည့်ဆည်းပေးနိုင်ခဲ့တဲ့ အီတလီသားနည်းပြဟာ စင်ရော်တွေကို နိုင်ပွဲဆက်အောင် စွမ်းဆောင်ထားနိုင်ပြီး မှတ်ကျောက်တင်ခံနိုင်ခဲ့သလို ဒီနေ့ပွဲမှာ ထရော့ဆတ်၊ လယ်လာနာ၊ မက္ကယ်လစ္စတာနဲ့ ဂရော့စ်တို့လို ကစားသမားတွေ မပါဘဲ အဝေးကွင်းနိုင်ပွဲကို ဖန်တီးခဲ့တာဖြစ်ပြီး သူ့ရဲ့ ကိုင်တွယ်တဲ့ ၈ ပွဲမှာ ၃ ဂိုးနဲ့အထက် သွင်းနိုင်တဲ့ စတုတ္ထမြောက်ပွဲအဖြစ် အထင်ကြီးစရာလည်းဖြစ်ခဲ့ရတာပါ။

မျက်နှာလွှဲလို့ ရလာနိုင်တဲ့ နယ်လ်ဆန်
ဂန်းနားနည်းပြ အာတီတာအနေနဲ့ ဆာကာကို အလွန်အကျွံ သုံးစွဲတယ်လို့ အပြစ်တင်ခံနေရချိန်မှာ နောက်ထပ်အင်္ဂလန်သားတစ်ယောက်ဖြစ်တဲ့ နယ်လ်ဆန်ကတော့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့်သူဖြစ်ပြီး ဖောရက်စ်နဲ့ပွဲမှာ နှစ်ဂိုးသွင်းယူပြခဲ့သလို ဒီနေ့ပွဲမှာတော့ ဘရိုက်တန်ခံစစ်ရှေ့မှာ မွှေနှောက်ပြီး နကီးတီးယား ဂိုးသွင်းဖို့ တန်ပြန်တိုက်စစ်ကနေ အကွက်မြင်မြင် ဖန်တီးပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ပြိုင်ဘက်နောက်ခံလူ ဗဲ့လ်မန်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့တဲ့ နယ်လ်ဆန်အတွက် ဒီထက်ပိုပြီး ပွဲကစားချိန်မိနစ်တွေ ရဖို့ ထိုက်တန်တယ်လို့ ကျွမ်းကျင်သူတွေနဲ့ ပရိသတ်တွေကလည်း ထောက်ခံခဲ့ကြတာကြောင့် တစ်ချိန်က တောက်မယ့် မီးခဲကို မီးတောက်အသွင် မြင်ရဖို့ စောင့်ကြည့်ရတော့မှာပါ။

ညာခြမ်းခံစစ်အမှားကြောင့် ရှုံးခဲ့ရတဲ့ အာဆင်နယ်
ဒီနေ့ပွဲမှာ အာဆင်နယ်တို့ရဲ့ ခံစစ်တွေကတော့ အံဝင်ခွင်ကျ မကစားနိုင်ခဲ့တာကို တွေ့ရပြီး သူတို့ရဲ့ ဒုတိယပိုင်း ပေးဂိုးနှစ်ဂိုးကို ညာခြမ်းကချည်း ခွင့်ပြုခဲ့ရတာပါ။ ဆာကာနဲ့ ဘန်ဝှိုက်တို့ကို အနားပေးခဲ့ချိန်မှာ တိုမီယာစုလည်း ဒဏ်ရာရှိနေတာကြောင့် ဆီးဒရစ်ကို သုံးခဲ့ရတဲ့ ညာခြမ်းမှာ ဘရာဇီးလ်သား မားကင်ညို့စ်နဲ့ တွဲခဲ့ရပြီး သူတို့နှစ်ဦးအနေနဲ့ ခံစစ်ကစားချိန်မှာ Defensive Contribution မလုံလောက်မှုကို ပြသနေခဲ့သလို ဘရိုက်တန်တောင်ပံက လွတ်လွတ်လပ်လပ် ကစားနိုင်ဖို့ နေရာတွေ ချောင်ချောင်လည်လည် ပေးထားခဲ့တာလည်းဖြစ်ပြီး ညာခြမ်းတာဝန်ရှိတဲ့ ကွင်းလယ်အဖျက် အယ်လ်နန်နီကပါ ပျေက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

ထုံးစံအတိုင်း ယုံစားလို့ မရတဲ့ အရန်တွေ
ဒီနေ့ပွဲမှာ ပရီးမီးယားလိဂ်ကစားတဲ့ ပထမအသင်းသားတွေနဲ့ ခြေစွမ်းကွာခြားလွန်းတာကို သိသာထင်ရှားခဲ့တဲ့ အရန်တွေကတော့ ညာနောက်ခံ ဆီးဒရစ်၊ ကွင်းလယ်က ဆမ်ဘီ လိုကွန်ဂါ၊ ဖာဘီယို ဗီယာရာနဲ့ တိုက်စစ်က မားကင်ညို့စ်တို့ လေးဦးဖြစ်ပြီး ကျန်ကစားသမားတွေကတော့ အတော်လေး အံဝင်အောင် ကစားနိုင်ခဲ့ကြတာဖြစ်ပါတယ်။ ကွင်းလယ်ဖန်တီးရှင် ဗီယာရာအနေနဲ့ ယုံကြည်မှုအပြင် ကြံ့ခိုင်မှုကိုပါ တည်ဆောက်ရဦးမှာဖြစ်ပြီး တစ်ဖက် ကစားသမားတွေရဲ့ အနိုင်ကျင့်စရာဖြစ်နေချိန်မှာ တိုက်စစ်ကို ကူညီနိုင်မှု နည်းပါးသွားခဲ့သလို ညာခြမ်းက ကစားနေကျ ဆာကာ+အော်ဒီဂွါဒ်+ဘန်ဝှိုက်တို့ရဲ့ စုဖွဲ့မှုမျိုးကို ဒီနေ့မှာ မမြင်ခဲ့ရတာကြောင့် လူစာရင်း နက်ရှိုင်းမှု မရှိတဲ့ အာဆင်နယ်တို့ အလွယ်တကူ ကျော်ဖြတ်နိုင်ရမယ့်ပွဲကို ရှုံးနိမ့်ပြီး ဖလားတစ်လုံးကို လက်လွှတ်ခဲ့ရတဲ့အပြင် အရန်တွေ ကစားခွင့်ရမယ့် ပွဲတွေပါ ပျောက်ဆုံးခဲ့ရတာပါ။

လူသစ်ရှာရမယ့်အကြောင်း ပြသနေတဲ့ Presentation
အာဆင်နယ်ရဲ့ ဒီနေ့ပွဲကတော့ လူသစ်ခေါ်သင့်ကြောင်း ရှင်းပြနေတဲ့ Presentation လုပ်သလို ဖြစ်ခဲ့တာပါ။ တိုက်စစ်မှာ မာမာချာချာနဲ့ တစ်ဖက် ကစားသမားတွေကို ဖိအားပေးနိုင်မယ့် အလုံးအထည်နဲ့ တိုက်စစ်မှူးတစ်ယောက် လိုအပ်နေတာကို တွေ့မြင်ခဲ့ရသလို တောင်ပံမှာ လူငယ်အဆင့် မဟုတ်ဘဲ သွက်သွက်လက်လက်နဲ့ ရဲရဲရင့်ရင့် ကစားနိုင်မယ့်သူ နောက်တစ်ဦး လိုအပ်နေတာ၊ ကွင်းလယ်ကို ထိန်းကျောင်းပေးပြီး ဘောလုံးဖြန့်နိုင်၊ ဖန်တီးနိုင်မယ့် နံပါတ် ၈ တစ်ဦး လိုအပ်နေတာတွေကို တွေ့မြင်ခဲ့ရပြီး ဗီယာရာ၊ နကီးတီးယား၊ မားကင်ညို့စ်၊ အယ်လ်နန်နီတို့အနေနဲ့ လိုအပ်ချိန်မှာ လုံးဝ အားကိုးလို့ မရနိုင်ကြောင်းကို ပြသခဲ့တဲ့ ပြပွဲမှာ ပိုင်ရှင်တွေ လူသစ်ခေါ်ဖို့ ငွေသုံးနိုင်ပါစေလို့ပဲ ဆုတောင်းပေးရမလိုဖြစ်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဂ်ဆူးစ္ကို တစ္ဂိုးသြင္းၿပီး စိန္ေခၚတဲ့ နကီးတီးယား
အရန္တိုက္စစ္မႉး နကီးတီးယားရဲ႕ ဒီေန႔ေျခစြမ္းက လုံေလာက္ျခင္း မရွိေသးေပမယ့္ တန္ျပန္တိုက္စစ္ကေန သြင္းဂိုးတစ္ဂိုး ရယူႏိုင္ခဲ့ၿပီး နယ္လ္ဆန္ရဲ႕ ဖန္တီးေပးပို႔မႈကေန ေဝ့ဝိုက္ကန္ခ်က္နဲ႔ အဆုံးသတ္သြားႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါက အာဆင္နယ္တို႔အတြက္ေတာ့ ဒီလပိုင္းမွာ အေထာင္ တိုက္စစ္မႉးတစ္ဦးရဲ႕ ရွားပါးတဲ့ သြင္းဂိုးတစ္ဂိုးလည္းျဖစ္ေနခဲ့ၿပီး ကာရာေဘာင္းဖလားနဲ႔ ဂိုးလာဘ္ရွိတဲ့ သူ႔အေနနဲ႔ေတာ့ အသင္းကို ဦးေဆာင္ႏိုင္ေအာင္ သြင္းယူျပခဲ့တာပါ။ နကီးတီးယားအေနနဲ႔ ေနာက္ဆုံးပြဲေတြမွာ ေဂ်ဆူးစ္ထက္ ဂိုးပိုသြင္းႏိုင္ခဲ့ေပမယ့္ ေျခစြမ္းမေကာင္းတဲ့ တျခားသူေတြေၾကာင့္ ဦးေဆာင္ဂိုးနဲ႔ အာဆင္နယ္တို႔ ရႈံးနိမ့္ခဲ့ရပါတယ္။

ပြဲစထြက္ၿပီး ဆရာဝန္ျဖစ္သြားတဲ့ ဂိုးသမားေလး
အာဆင္နယ္နည္းျပ အာတီတာအေနနဲ႔ ဒီေန႔ပြဲမွာ စီနီယာ ဂိုးသမားႏွစ္ဦးျဖစ္ၾကတဲ့ ရမ္းစ္ေဒးလ္နဲ႔ တာနာတို႔အစား အသက္ ၂၀ အ႐ြယ္ အက္စ္တိုးနီးယားလက္ေ႐ြးစင္ ကားလ္ ဟိန္းကို ပြဲထုတ္ခဲ့ရာမွာ ကစားသမားရဲ႕ ေဆးျပန္ထိုးတာကို ခံခဲ့ရတာျဖစ္ပါတယ္။ ေျခေထာက္နဲ႔ ရွင္းထုတ္လို႔ရတဲ့ ဘ႐ိုက္တန္တိုက္စစ္က ကြၽံလာတဲ့ ေဘာလုံးကို လက္နဲ႔ ဝင္ဖမ္းရာမွာ ကစားသမားေဟာင္း ဝဲလ္ဘက္ခ္ရဲ႕ ေျခေထာက္ကို ဆြဲမိၿပီး ပင္နယ္တီလက္ေဆာင္ ေပးခဲ့ရတဲ့ ေမာင္ဟိန္းဟာ ဒုတိယပိုင္းမွာ မီတိုမာရဲ႕ ဒုတိယဂိုးအတြက္ ထူးထူးျခားျခား ျပစ္တင္စရာေတာ့ မရွိခဲ့ေပမယ့္ လမ့္ပ္ေတရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ မွာေတာ့ ဒီထက္ပိုေကာင္းေအာင္လုပ္ၿပီး ဂိုးမေပးရဖို႔ ကာကြယ္ႏိုင္ခဲ့သင့္တာပါ။

မွတ္ေက်ာက္တင္ခံႏိုင္စြမ္းကို ျပသတဲ့ ဒီဇာဘီ
ဘ႐ိုက္တန္အသင္းမွာ နည္းျပ ဂေရဟမ္ ေပါ့တာကို ဆက္ခံတဲ့ ေရာဘတ္တို ဒီဇာဘီကေတာ့ အသင္းကို ကိုင္တြယ္ရာမွာ လီဗာပူးလ္ကို သေရ ယူႏိုင္ခဲ့ၿပီး အာဆင္နယ္ကိုေတာ့ ဒီေန႔မွာ အႏိုင္ကစားျပႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ တိုက္စစ္ပိုင္းမွာ အေျပာင္းအလဲမရွိခဲ့ေပမယ့္ ခံစစ္နဲ႔ ကြင္းလယ္ၾကားက သူ႔ရဲ႕ ဟာကြက္ေတြကို ျဖည့္ဆည္းေပးႏိုင္ခဲ့တဲ့ အီတလီသားနည္းျပဟာ စင္ေရာ္ေတြကို ႏိုင္ပြဲဆက္ေအာင္ စြမ္းေဆာင္ထားႏိုင္ၿပီး မွတ္ေက်ာက္တင္ခံႏိုင္ခဲ့သလို ဒီေန႔ပြဲမွာ ထေရာ့ဆတ္၊ လယ္လာနာ၊ မကၠယ္လစၥတာနဲ႔ ဂေရာ့စ္တို႔လို ကစားသမားေတြ မပါဘဲ အေဝးကြင္းႏိုင္ပြဲကို ဖန္တီးခဲ့တာျဖစ္ၿပီး သူ႔ရဲ႕ ကိုင္တြယ္တဲ့ ၈ ပြဲမွာ ၃ ဂိုးနဲ႔အထက္ သြင္းႏိုင္တဲ့ စတုတၳေျမာက္ပြဲအျဖစ္ အထင္ႀကီးစရာလည္းျဖစ္ခဲ့ရတာပါ။

မ်က္ႏွာလႊဲလို႔ ရလာႏိုင္တဲ့ နယ္လ္ဆန္
ဂန္းနားနည္းျပ အာတီတာအေနနဲ႔ ဆာကာကို အလြန္အကြၽံ သုံးစြဲတယ္လို႔ အျပစ္တင္ခံေနရခ်ိန္မွာ ေနာက္ထပ္အဂၤလန္သားတစ္ေယာက္ျဖစ္တဲ့ နယ္လ္ဆန္ကေတာ့ ျပႆနာေတြကို ေျဖရွင္းေပးႏိုင္မယ့္သူျဖစ္ၿပီး ေဖာရက္စ္နဲ႔ပြဲမွာ ႏွစ္ဂိုးသြင္းယူျပခဲ့သလို ဒီေန႔ပြဲမွာေတာ့ ဘ႐ိုက္တန္ခံစစ္ေရွ႕မွာ ေမႊေႏွာက္ၿပီး နကီးတီးယား ဂိုးသြင္းဖို႔ တန္ျပန္တိုက္စစ္ကေန အကြက္ျမင္ျမင္ ဖန္တီးေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းမွာ ၿပိဳင္ဘက္ေနာက္ခံလူ ဗဲ့လ္မန္းကို ေကာင္းေကာင္း ဒုကၡေပးႏိုင္ခဲ့တဲ့ နယ္လ္ဆန္အတြက္ ဒီထက္ပိုၿပီး ပြဲကစားခ်ိန္မိနစ္ေတြ ရဖို႔ ထိုက္တန္တယ္လို႔ ကြၽမ္းက်င္သူေတြနဲ႔ ပရိသတ္ေတြကလည္း ေထာက္ခံခဲ့ၾကတာေၾကာင့္ တစ္ခ်ိန္က ေတာက္မယ့္ မီးခဲကို မီးေတာက္အသြင္ ျမင္ရဖို႔ ေစာင့္ၾကည့္ရေတာ့မွာပါ။

ညာျခမ္းခံစစ္အမွားေၾကာင့္ ရႈံးခဲ့ရတဲ့ အာဆင္နယ္
ဒီေန႔ပြဲမွာ အာဆင္နယ္တို႔ရဲ႕ ခံစစ္ေတြကေတာ့ အံဝင္ခြင္က် မကစားႏိုင္ခဲ့တာကို ေတြ႕ရၿပီး သူတို႔ရဲ႕ ဒုတိယပိုင္း ေပးဂိုးႏွစ္ဂိုးကို ညာျခမ္းကခ်ည္း ခြင့္ျပဳခဲ့ရတာပါ။ ဆာကာနဲ႔ ဘန္ဝႈိက္တို႔ကို အနားေပးခဲ့ခ်ိန္မွာ တိုမီယာစုလည္း ဒဏ္ရာရွိေနတာေၾကာင့္ ဆီးဒရစ္ကို သုံးခဲ့ရတဲ့ ညာျခမ္းမွာ ဘရာဇီးလ္သား မားကင္ညိဳ႕စ္နဲ႔ တြဲခဲ့ရၿပီး သူတို႔ႏွစ္ဦးအေနနဲ႔ ခံစစ္ကစားခ်ိန္မွာ Defensive Contribution မလုံေလာက္မႈကို ျပသေနခဲ့သလို ဘ႐ိုက္တန္ေတာင္ပံက လြတ္လြတ္လပ္လပ္ ကစားႏိုင္ဖို႔ ေနရာေတြ ေခ်ာင္ေခ်ာင္လည္လည္ ေပးထားခဲ့တာလည္းျဖစ္ၿပီး ညာျခမ္းတာဝန္ရွိတဲ့ ကြင္းလယ္အဖ်က္ အယ္လ္နန္နီကပါ ေပ်က္ဆုံးေနခဲ့တာျဖစ္ပါတယ္။

ထုံးစံအတိုင္း ယုံစားလို႔ မရတဲ့ အရန္ေတြ
ဒီေန႔ပြဲမွာ ပရီးမီးယားလိဂ္ကစားတဲ့ ပထမအသင္းသားေတြနဲ႔ ေျခစြမ္းကြာျခားလြန္းတာကို သိသာထင္ရွားခဲ့တဲ့ အရန္ေတြကေတာ့ ညာေနာက္ခံ ဆီးဒရစ္၊ ကြင္းလယ္က ဆမ္ဘီ လိုကြန္ဂါ၊ ဖာဘီယို ဗီယာရာနဲ႔ တိုက္စစ္က မားကင္ညိဳ႕စ္တို႔ ေလးဦးျဖစ္ၿပီး က်န္ကစားသမားေတြကေတာ့ အေတာ္ေလး အံဝင္ေအာင္ ကစားႏိုင္ခဲ့ၾကတာျဖစ္ပါတယ္။ ကြင္းလယ္ဖန္တီးရွင္ ဗီယာရာအေနနဲ႔ ယုံၾကည္မႈအျပင္ ႀကံ့ခိုင္မႈကိုပါ တည္ေဆာက္ရဦးမွာျဖစ္ၿပီး တစ္ဖက္ ကစားသမားေတြရဲ႕ အႏိုင္က်င့္စရာျဖစ္ေနခ်ိန္မွာ တိုက္စစ္ကို ကူညီႏိုင္မႈ နည္းပါးသြားခဲ့သလို ညာျခမ္းက ကစားေနက် ဆာကာ+ေအာ္ဒီဂြါဒ္+ဘန္ဝႈိက္တို႔ရဲ႕ စုဖြဲ႕မႈမ်ိဳးကို ဒီေန႔မွာ မျမင္ခဲ့ရတာေၾကာင့္ လူစာရင္း နက္ရႈိင္းမႈ မရွိတဲ့ အာဆင္နယ္တို႔ အလြယ္တကူ ေက်ာ္ျဖတ္ႏိုင္ရမယ့္ပြဲကို ရႈံးနိမ့္ၿပီး ဖလားတစ္လုံးကို လက္လႊတ္ခဲ့ရတဲ့အျပင္ အရန္ေတြ ကစားခြင့္ရမယ့္ ပြဲေတြပါ ေပ်ာက္ဆုံးခဲ့ရတာပါ။

လူသစ္ရွာရမယ့္အေၾကာင္း ျပသေနတဲ့ Presentation
အာဆင္နယ္ရဲ႕ ဒီေန႔ပြဲကေတာ့ လူသစ္ေခၚသင့္ေၾကာင္း ရွင္းျပေနတဲ့ Presentation လုပ္သလို ျဖစ္ခဲ့တာပါ။ တိုက္စစ္မွာ မာမာခ်ာခ်ာနဲ႔ တစ္ဖက္ ကစားသမားေတြကို ဖိအားေပးႏိုင္မယ့္ အလုံးအထည္နဲ႔ တိုက္စစ္မႉးတစ္ေယာက္ လိုအပ္ေနတာကို ေတြ႕ျမင္ခဲ့ရသလို ေတာင္ပံမွာ လူငယ္အဆင့္ မဟုတ္ဘဲ သြက္သြက္လက္လက္နဲ႔ ရဲရဲရင့္ရင့္ ကစားႏိုင္မယ့္သူ ေနာက္တစ္ဦး လိုအပ္ေနတာ၊ ကြင္းလယ္ကို ထိန္းေက်ာင္းေပးၿပီး ေဘာလုံးျဖန႔္ႏိုင္၊ ဖန္တီးႏိုင္မယ့္ နံပါတ္ ၈ တစ္ဦး လိုအပ္ေနတာေတြကို ေတြ႕ျမင္ခဲ့ရၿပီး ဗီယာရာ၊ နကီးတီးယား၊ မားကင္ညိဳ႕စ္၊ အယ္လ္နန္နီတို႔အေနနဲ႔ လိုအပ္ခ်ိန္မွာ လုံးဝ အားကိုးလို႔ မရႏိုင္ေၾကာင္းကို ျပသခဲ့တဲ့ ျပပြဲမွာ ပိုင္ရွင္ေတြ လူသစ္ေခၚဖို႔ ေငြသုံးႏိုင္ပါေစလို႔ပဲ ဆုေတာင္းေပးရမလိုျဖစ္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.