Carabao & FA Match Report Premier League

အဓိက ကစားသမားတွေ အနားပေးပြီး ချဲလ်ဆီးကို ကျော်ဖြတ်ခဲ့တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အော်တေဂါ၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ လာပေါ့တ်၊ ဆာဂျီယို ဂိုမက်ဇ်နဲ့ ရီကို လူးဝစ္စတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်၊ ပါးလ်မားတို့နဲ့ အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဂရီးလစ်ရှ်၊ မာရက်ဇ်နဲ့ အယ်လ်ဗာရက်ဇ်တို့ ကစားခဲ့ကြတာဖြစ်ပါတယ်။

အဝေးကွင်းလာကစားတဲ့ ဧည့်သည် ချဲလ်ဆီးတို့ကတော့ ဂိုးသမား မန်ဒီ၊ ခံစစ်မှာ ကူလီဘေလီ၊ ချာလိုဘာနဲ့ ကူကူရဲလားတို့ကို ခင်းကျင်းခဲ့ပြီး ကွင်းလယ်မှာတော့ ဇာကာရီးယား၊ ကိုဗာချစ်၊ လော့ဖ်တပ်စ်-ချိခ်၊ ဟောလ်တို့နဲ့ စုဖွဲ့လာခဲ့သလို တိုက်စစ်မှာတော့ ဇီးယက်ရှ်၊ ပူလီရှစ်ချ်နဲ့ ဘရိုယာတို့ကို ပွဲထုတ်လာခဲ့ကြတာပါ။

ပွဲစကတည်းက လူပြက်လုပ်ပြီး ခြေထဲမှာ ဘောလုံးကို ကျွမ်းကျင်လွန်းသလိုလုပ်နေတဲ့ ဂိုးသမား မန်ဒီဆီက အယ်လ်ဗာရက်ဇ် ဝင်လုရာမှာ ဂိုးလွန်ဘောဖြစ်သွားတာ မဟုတ်ခဲ့ရင် အန္တရာယ်ကြီးမားခဲ့တာကြောင့် ချဲလ်ဆီးပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရသလို မန်စီးတီးတို့ကတော့ ဂရီးလစ်ရှ်နဲ့ ဂိုမက်ဇ်တို့ရဲ့ ဘယ်ခြမ်းကနေ တောက်လျှောက်တိုက်စစ်ဆင်ခဲ့ကြတာဖြစ်ပါတယ်။

ပွဲချိန် ၉ မိနစ်မှာ မန်စီးတီးတို့ တန်ပြန်တိုက်စစ်ကနေ ဂိုးရနိုင်တဲ့ အနေအထားမှာ ရှိခဲ့ပေမယ့် မာရက်ဇ်ကို မပေးဘဲ ကန်ခဲ့တဲ့ အယ်လ်ဗာရက်ဇ်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုကြောင့်သာ ချဲလ်ဆီးတို့ သက်သာခဲ့ရသလို ပွဲချိန် ၁၃ မိနစ်မှာတော့ ညာခြမ်းကနေ ဇီးယက်ရှ်က တစ်ကိုယ်တော်ခြေစွမ်းနဲ့ ခင်းပေးတာကို ပူလီရှစ်ချ်က ဂိုးသမားတည့်တည့် ကန်ခဲ့လို့ မန်စီးတီးတို့ ကံကောင်းသွားခဲ့ရတာပါ။

ပွဲချိန် ၂၃ မိနစ်မှာ ပူလီရှစ်ချ်ရဲ့ တစ်ကိုယ်တော်ကန်ချက်ကို ဂိုးသမား အော်တေဂါ ပုတ်ထုတ်ခဲ့ရပြီး ပွဲချိန် ၄၁ မိနစ်မှာတော့ ဂရီးလစ်ရှ်ကန်ချက်ကို မန်ဒီ ကာကွယ်ခဲ့ရသလို ပွဲချိန် ၄၄ မိနစ်မှာတော့ ချဲလ်ဆီးတို့ရဲ့ အကောင်းဆုံးအခွင့်အရေးဖြစ်တဲ့ ဘယ်ခြမ်းကနေ လွတ်ထွက်သွားခဲ့တဲ့ ဟောလ်က နောက်က ကြည့်ရင် တီမို ဗာနာလား ထင်ရအောင် မန်စီးတီးခံစစ်ကို ကျော်ဖြတ်ပြီးမှ ဂိုးသမားနဲ့အတွေ့မှာ ဂျာမန်သားလိုပဲ အဆုံးသတ်ညံ့ခဲ့လို့ စိတ်ပျက်ခဲ့ရပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေကျနေခဲ့ကြပြီး ဒုတိယပိုင်းမှာတော့ မန်ချက်စတာစီးတီးတို့ ပွဲကို အာရုံပိုစိုက်လာခဲ့ကြသလို ကွင်းလယ်က ရိုဒရီနဲ့ ဂွန်ဒိုးဝမ်တို့အစား ကယ်ဗင် ဖိလစ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို ပွဲချိန် မိနစ် ၅၀ မှာ ဂွါဒီယိုလာက အပြောင်းအလဲစလုပ်ခဲ့ချိန်မှာ ချဲလ်ဆီးတို့ကတော့ ဒီအတိုင်းပဲ ဆက်ကစားနေခဲ့တာပါ။

ပွဲချိန် ၅၃ မိနစ်မှာတော့ မန်စီးတီးတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ချဲလ်ဆီးဂိုးဧရိယာထိပ် ဘယ်ခြမ်းမှာ ရတဲ့ ဖရီးကစ်ကို မာရက်ဇ်က တိုက်ရိုက်ကန်သွင်းရာမှာ လူတံတိုင်းတစ်ခုလုံး ခုန်ခဲ့ပေမယ့် မခုန်ဘဲ ကျန်နေခဲ့တဲ့ ကူလီဘေလီရဲ့ ခေါင်းပေါ်က ကျော်ဖြတ်ပြီး ဝင်သွားခဲ့လို့ ဂိုးသမား မန်ဒီ မကာကွယ်နိုင်ဘဲ လက်မှိုင်ချခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်က ပြစ်ဒဏ်ဘောကို အမြန် ပေးရာမှာ ဘယ်ခြမ်းကနေ အယ်လ်ဗာရက်ဇ်က ညာခြမ်းမှာ ရှိနေတဲ့ မာရက်ဇ်ဆီ ဖြတ်တင်ပေးခဲ့ရာမှာ ကူကူရဲလားကို ကျော်ဖြတ်ပြီး ကန်သွင်းတဲ့ အယ်လ်ဂျီးရီးယားသားရဲ့ ကန်ချက်ကို မန်ဒီ ပုတ်ထုတ်နိုင်ခဲ့ပေမယ့် ဘယ်ဘက်မှာ ရှိနေတဲ့ အယ်လ်ဗာရက်ဇ်က ပိတ်သွင်းသွားနိုင်ခဲ့တာပါ။

ဒီနေ့ပွဲမှာ ချဲလ်ဆီးခံစစ်သုံးယောက်တန်းရဲ့ စွမ်းဆောင်ရည်က တော်တော်လေး ဆိုးရွားခဲ့တာကို တွေ့ရပြီး ဒဏ်ရာက ပြန်လာတဲ့ ကူလီဘေလီ၊ ဘယ်ခြမ်းက ကူကူရဲလားနဲ့ ညာခြမ်းက ချာလိုဘာတို့ကြားမှာ နားလည်မှုကောင်းကောင်း မရှိခဲ့သလို တုံ့ပြန်မှုတွေမှာလည်း နှေးကွေးနေခဲ့လို့ နှစ်ဂိုးစလုံးက ကူလီဘေလီရဲ့ နောက်ဆုံးမထိလိုက်တဲ့ နှောင့်နှေးမှုတွေနဲ့ ပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၆၃ မိနစ်မှာ တီမို ဗာနာဖြစ်နေတဲ့ ဟောလ်က အလွတ်ကြီးကန်ခွင့်ရပေမယ့် ဂျာမန်သားရဲ့ စတိုင်အတိုင်း ဂိုးသမားတည့်တည့်ကိုပဲ ကန်ခဲ့ပြီး ဒီနောက်ပိုင်းမှာ ချဲလ်ဆီးတို့ဘက်က ဇီးယက်ရှ်၊ ဇာကာရီးယား၊ ဘရိုယာ၊ ချာလိုဘာနဲ့ ဟောလ်တို့အစား စတာလင်၊ ဂါလာဂါ၊ မေဆန်မောင့်၊ အက်ဇ်ပီလီကွေတာနဲ့ ဟာဗတ်ဇ်တို့ကို ထည့်သွင်းခဲ့ပြီး မန်စီးတီးဘက်ကတော့ လာပေါ့တ်အစား အာကေကို လဲလှယ်သုံးစွဲသွားခဲ့တာပါ။

လက်ကျန်ပွဲချိန်တွေမှာတော့ ချဲလ်ဆီးတို့ ဖိကစားခဲ့ပေမယ့် အခွင့်အရေးတွေကို အသုံးမချတတ်ခဲ့တာကြောင့် ပွဲကို မန်စီးတီးတို့ကပဲ နှစ်ဂိုး-ဂိုးမရှိ ရလဒ်နဲ့ ထိန်းသိမ်းအနိုင်ယူသွားခဲ့သလို အိမ်ကွင်းအစ်တီဟတ်မှာ နောက်တစ်ဆင့်ကို တက်ရောက်ပြီး ကာရာဘောင်းဖလားရဲ့ မှတ်တမ်းကောင်းကို ရှေ့ဆက်ဖို့ နောက်တစ်လှမ်းလှမ်းနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ေအာ္ေတဂါ၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ လာေပါ့တ္၊ ဆာဂ်ီယို ဂိုမက္ဇ္နဲ႔ ရီကို လူးဝစၥတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္၊ ပါးလ္မားတို႔နဲ႔ အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဂရီးလစ္ရွ္၊ မာရက္ဇ္နဲ႔ အယ္လ္ဗာရက္ဇ္တို႔ ကစားခဲ့ၾကတာျဖစ္ပါတယ္။

အေဝးကြင္းလာကစားတဲ့ ဧည့္သည္ ခ်ဲလ္ဆီးတို႔ကေတာ့ ဂိုးသမား မန္ဒီ၊ ခံစစ္မွာ ကူလီေဘလီ၊ ခ်ာလိုဘာနဲ႔ ကူကူရဲလားတို႔ကို ခင္းက်င္းခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဇာကာရီးယား၊ ကိုဗာခ်စ္၊ ေလာ့ဖ္တပ္စ္-ခ်ိခ္၊ ေဟာလ္တို႔နဲ႔ စုဖြဲ႕လာခဲ့သလို တိုက္စစ္မွာေတာ့ ဇီးယက္ရွ္၊ ပူလီရွစ္ခ်္နဲ႔ ဘ႐ိုယာတို႔ကို ပြဲထုတ္လာခဲ့ၾကတာပါ။

ပြဲစကတည္းက လူျပက္လုပ္ၿပီး ေျခထဲမွာ ေဘာလုံးကို ကြၽမ္းက်င္လြန္းသလိုလုပ္ေနတဲ့ ဂိုးသမား မန္ဒီဆီက အယ္လ္ဗာရက္ဇ္ ဝင္လုရာမွာ ဂိုးလြန္ေဘာျဖစ္သြားတာ မဟုတ္ခဲ့ရင္ အႏၲရာယ္ႀကီးမားခဲ့တာေၾကာင့္ ခ်ဲလ္ဆီးပရိသတ္ေတြအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရသလို မန္စီးတီးတို႔ကေတာ့ ဂရီးလစ္ရွ္နဲ႔ ဂိုမက္ဇ္တို႔ရဲ႕ ဘယ္ျခမ္းကေန ေတာက္ေလွ်ာက္တိုက္စစ္ဆင္ခဲ့ၾကတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၉ မိနစ္မွာ မန္စီးတီးတို႔ တန္ျပန္တိုက္စစ္ကေန ဂိုးရႏိုင္တဲ့ အေနအထားမွာ ရွိခဲ့ေပမယ့္ မာရက္ဇ္ကို မေပးဘဲ ကန္ခဲ့တဲ့ အယ္လ္ဗာရက္ဇ္ရဲ႕ တစ္ကိုယ္ေကာင္းဆန္မႈေၾကာင့္သာ ခ်ဲလ္ဆီးတို႔ သက္သာခဲ့ရသလို ပြဲခ်ိန္ ၁၃ မိနစ္မွာေတာ့ ညာျခမ္းကေန ဇီးယက္ရွ္က တစ္ကိုယ္ေတာ္ေျခစြမ္းနဲ႔ ခင္းေပးတာကို ပူလီရွစ္ခ်္က ဂိုးသမားတည့္တည့္ ကန္ခဲ့လို႔ မန္စီးတီးတို႔ ကံေကာင္းသြားခဲ့ရတာပါ။

ပြဲခ်ိန္ ၂၃ မိနစ္မွာ ပူလီရွစ္ခ်္ရဲ႕ တစ္ကိုယ္ေတာ္ကန္ခ်က္ကို ဂိုးသမား ေအာ္ေတဂါ ပုတ္ထုတ္ခဲ့ရၿပီး ပြဲခ်ိန္ ၄၁ မိနစ္မွာေတာ့ ဂရီးလစ္ရွ္ကန္ခ်က္ကို မန္ဒီ ကာကြယ္ခဲ့ရသလို ပြဲခ်ိန္ ၄၄ မိနစ္မွာေတာ့ ခ်ဲလ္ဆီးတို႔ရဲ႕ အေကာင္းဆုံးအခြင့္အေရးျဖစ္တဲ့ ဘယ္ျခမ္းကေန လြတ္ထြက္သြားခဲ့တဲ့ ေဟာလ္က ေနာက္က ၾကည့္ရင္ တီမို ဗာနာလား ထင္ရေအာင္ မန္စီးတီးခံစစ္ကို ေက်ာ္ျဖတ္ၿပီးမွ ဂိုးသမားနဲ႔အေတြ႕မွာ ဂ်ာမန္သားလိုပဲ အဆုံးသတ္ညံ့ခဲ့လို႔ စိတ္ပ်က္ခဲ့ရပါတယ္။

ပထမပိုင္းမွာ ဂိုးမရွိသေရက်ေနခဲ့ၾကၿပီး ဒုတိယပိုင္းမွာေတာ့ မန္ခ်က္စတာစီးတီးတို႔ ပြဲကို အာ႐ုံပိုစိုက္လာခဲ့ၾကသလို ကြင္းလယ္က ႐ိုဒရီနဲ႔ ဂြန္ဒိုးဝမ္တို႔အစား ကယ္ဗင္ ဖိလစ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို ပြဲခ်ိန္ မိနစ္ ၅၀ မွာ ဂြါဒီယိုလာက အေျပာင္းအလဲစလုပ္ခဲ့ခ်ိန္မွာ ခ်ဲလ္ဆီးတို႔ကေတာ့ ဒီအတိုင္းပဲ ဆက္ကစားေနခဲ့တာပါ။

ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ မန္စီးတီးတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခ်ဲလ္ဆီးဂိုးဧရိယာထိပ္ ဘယ္ျခမ္းမွာ ရတဲ့ ဖရီးကစ္ကို မာရက္ဇ္က တိုက္႐ိုက္ကန္သြင္းရာမွာ လူတံတိုင္းတစ္ခုလုံး ခုန္ခဲ့ေပမယ့္ မခုန္ဘဲ က်န္ေနခဲ့တဲ့ ကူလီေဘလီရဲ႕ ေခါင္းေပၚက ေက်ာ္ျဖတ္ၿပီး ဝင္သြားခဲ့လို႔ ဂိုးသမား မန္ဒီ မကာကြယ္ႏိုင္ဘဲ လက္မႈိင္ခ်ခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာ မန္စီးတီးတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ခံစစ္က ျပစ္ဒဏ္ေဘာကို အျမန္ ေပးရာမွာ ဘယ္ျခမ္းကေန အယ္လ္ဗာရက္ဇ္က ညာျခမ္းမွာ ရွိေနတဲ့ မာရက္ဇ္ဆီ ျဖတ္တင္ေပးခဲ့ရာမွာ ကူကူရဲလားကို ေက်ာ္ျဖတ္ၿပီး ကန္သြင္းတဲ့ အယ္လ္ဂ်ီးရီးယားသားရဲ႕ ကန္ခ်က္ကို မန္ဒီ ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ ဘယ္ဘက္မွာ ရွိေနတဲ့ အယ္လ္ဗာရက္ဇ္က ပိတ္သြင္းသြားႏိုင္ခဲ့တာပါ။

ဒီေန႔ပြဲမွာ ခ်ဲလ္ဆီးခံစစ္သုံးေယာက္တန္းရဲ႕ စြမ္းေဆာင္ရည္က ေတာ္ေတာ္ေလး ဆိုး႐ြားခဲ့တာကို ေတြ႕ရၿပီး ဒဏ္ရာက ျပန္လာတဲ့ ကူလီေဘလီ၊ ဘယ္ျခမ္းက ကူကူရဲလားနဲ႔ ညာျခမ္းက ခ်ာလိုဘာတို႔ၾကားမွာ နားလည္မႈေကာင္းေကာင္း မရွိခဲ့သလို တုံ႔ျပန္မႈေတြမွာလည္း ေႏွးေကြးေနခဲ့လို႔ ႏွစ္ဂိုးစလုံးက ကူလီေဘလီရဲ႕ ေနာက္ဆုံးမထိလိုက္တဲ့ ေႏွာင့္ေႏွးမႈေတြနဲ႔ ေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၃ မိနစ္မွာ တီမို ဗာနာျဖစ္ေနတဲ့ ေဟာလ္က အလြတ္ႀကီးကန္ခြင့္ရေပမယ့္ ဂ်ာမန္သားရဲ႕ စတိုင္အတိုင္း ဂိုးသမားတည့္တည့္ကိုပဲ ကန္ခဲ့ၿပီး ဒီေနာက္ပိုင္းမွာ ခ်ဲလ္ဆီးတို႔ဘက္က ဇီးယက္ရွ္၊ ဇာကာရီးယား၊ ဘ႐ိုယာ၊ ခ်ာလိုဘာနဲ႔ ေဟာလ္တို႔အစား စတာလင္၊ ဂါလာဂါ၊ ေမဆန္ေမာင့္၊ အက္ဇ္ပီလီေကြတာနဲ႔ ဟာဗတ္ဇ္တို႔ကို ထည့္သြင္းခဲ့ၿပီး မန္စီးတီးဘက္ကေတာ့ လာေပါ့တ္အစား အာေကကို လဲလွယ္သုံးစြဲသြားခဲ့တာပါ။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ခ်ဲလ္ဆီးတို႔ ဖိကစားခဲ့ေပမယ့္ အခြင့္အေရးေတြကို အသုံးမခ်တတ္ခဲ့တာေၾကာင့္ ပြဲကို မန္စီးတီးတို႔ကပဲ ႏွစ္ဂိုး-ဂိုးမရွိ ရလဒ္နဲ႔ ထိန္းသိမ္းအႏိုင္ယူသြားခဲ့သလို အိမ္ကြင္းအစ္တီဟတ္မွာ ေနာက္တစ္ဆင့္ကို တက္ေရာက္ၿပီး ကာရာေဘာင္းဖလားရဲ႕ မွတ္တမ္းေကာင္းကို ေရွ႕ဆက္ဖို႔ ေနာက္တစ္လွမ္းလွမ္းႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.