Carabao & FA Match Report Premier League

ဘရိုက်တန်လောက်တောင် လူအင်အားမတောင့်လို့ ပြိုင်ပွဲက ထွက်ခဲ့ရတဲ့ အာဆင်နယ်

ပရီးမီးယားလိဂ်ကို ဦးဆောင်နေခဲ့တဲ့ အာဆင်နယ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဟိန်း၊ ခံစစ်မှာ ဆာလီဘာ၊ ဟိုးလ်ဒင်း၊ တီယာနီ၊ ဆီးဒရစ်တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ်မှာတော့ အယ်လ်နန်နီ၊ ဆမ်ဘီ လိုကွန်ဂါနဲ့ ဖာဘီယို ဗီယာရာတို့ကို အသုံးပြုခဲ့သလို တိုက်စစ်မှာတော့ နယ်လ်ဆန်၊ မားကင်ညို့စ်၊ နကီးတီးယားတို့နဲ့ ခင်းကျင်းလာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် ဘရိုက်တန်တို့ကတော့ ဂိုးသမား စတီးလ်၊ ခံစစ်မှာ လူးဝစ္စ ဒန့်ခ်၊ ကောလ်ဝီလ်၊ ဗဲ့လ်မန်းနဲ့ လမ့်ပ်တေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကိုင်စီဒို၊ ဂီးလ်မိုး၊ မာ့ချ်နဲ့ ဆာမီယန်တိုတို့ကို စုဖွဲ့လာခဲ့ချိန်မှာ တိုက်စစ်မှာတော့ ဝဲလ်ဘက်ခ်နဲ့ အန်စီဆိုတို့ကို ကစားစေခဲ့တာကြောင့် အဓိက ကစားသမား ၅ ဦးလောက်ကို အာဆင်နယ်တို့လိုပဲ အနားပေးထားခဲ့တာပါ။။

ပွဲချိန် မိနစ် ၂၀ မှာ အမ်းမရိတ်ကွင်းမှာ ဘောလုံးကိုင်ကစားနေတဲ့ အာဆင်နယ်တို့ အဖွင့်ဂိုး သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ တောင်ပံကစားသမား နယ်လ်ဆန်ရဲ့ ဘရိုက်တန် ဧရိယာထိပ်ကို ချပေးတဲ့ ဖန်တီးမှုကနေ တိုက်စစ်မှူး နကီးတီးယားက ဘယ်ခြမ်းကနေ ညာဘက်အဝေးတိုင်ဆီ ဝေ့ဝိုက်ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဂိုးသမား ကားလ် ဟိန်းရဲ့ အတွေ့အကြုံ နည်းပါးလွန်းမှုတွေက သူတို့အတွက် ပြဿနာဖြစ်နေခဲ့သလို တိုက်စစ်ကိုလည်း အဓိက ကွင်းလယ်ဖန်တီးရှင် ဗီယာရာက ဦးမဆောင်နိုင်ခဲ့တာကြောင့် ထိုးဖောက်မှုတွေက Final Third Zone မှာ ပျက်ပြားနေခဲ့ပြီး ဘရိုက်တန်ဘက်က ဝဲလ်ဘက်ခ် ဦးဆောင်တဲ့ တိုက်စစ်ကိုလည်း ခံစစ်က မဟန့်တားနိုင်ခဲ့တာပါ။

ပွဲချိန် ၂၅ မိနစ်မှာ ဘရိုက်တန်ဘက် ခင်းပေးတာ များသွားတဲ့ ဘောလုံးကို လိုက်လံရယူတဲ့ ဝဲလ်ဘက်ခ်ကို ဆွဲလှဲမိတဲ့ ဂိုးသမား ဟိန်းကြောင့် အာဆင်နယ်တို့ ပင်နယ်တီပေးခဲ့ရပြီး ဒီအခွင့်အရေးကိုတော့ ပွဲချိန် ၂၇ မိနစ်အရောက်မှာ ဝဲလ်ဘက်ခ်က သူကိုယ်တိုင်ပဲ အမှားအယွင်းမရှိ ကန်သွင်းခဲ့အပြီးမှာ အသင်းဟောင်းဘက်ကို သွင်းယူခဲ့တဲ့ ဂိုးအတွက်တော့ အောင်ပွဲခံခြင်း မရှိခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပြီး ဒုတိယပိုင်းမှာလည်း ရှေ့က အရန်ကစားသမားအများစုရဲ့ ပွဲထွက်ကစားသမားတွေနဲ့ ခြေစွမ်းကွာခြားလွန်းတဲ့ တိုက်စစ်ရဲ့ အဆုံးသတ်က ညံ့ဖျင်းခဲ့သလို ဆမ်ဘီ လိုကွန်ဂါကလည်း စပယ်ရှယ်ဖြုန်းနေခဲ့ပြီး ဒီပြိုင်ပွဲမှာ အကောင်းဆုံးကစားဖို့ ပစ်မှတ်ထားနေတဲ့ ဘရိုက်တန်တို့ကတော့ ပွဲပြန်အစမှာ ကိုင်စီဒိုနဲ့ မာ့ချ်တို့အစား မီတိုမာနဲ့ ဂရော့စ်တို့ကို ထည့်သွင်းခဲ့တာကြောင့် ကစားပုံ ပိုတက်လာခဲ့တာပါ။

ပွဲချိန် ၅၈ မိနစ်မှာတော့ ဘရိုက်တန်တို့ပဲ နောက်ကနေ လိုက်ပြီး ဦးဆောင်ဂိုးကို ရယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ ညာခြမ်းက အတွင်းကို ဆွဲဝင်သွားခဲ့တဲ့ ဆာမီယန်တိုက ဘယ်ခြမ်းကို ခင်းပေးတာကို ဆီးဒရစ်ရော မားကင်ညို့စ်ပါ တာဝန်မကျေဘဲ လူကပ်မထားလို့ လွတ်နေခဲ့တဲ့ ဂျပန်လက်ရွေးစင် မီတိုမာက အဝေးတိုင်ဘက်ကို လှမ်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဘရိုက်တန်ဘက်က လူးဝစ္စ ဒန့်ခ်အစား ဝက်ဘ်စတာ ဝင်ကစားလာခဲ့သလို အာဆင်နယ်တို့ဘက်ကတော့ ဆာလီဘာနဲ့ မားကင်ညို့စ်အစား ဂါဘရီယယ်လ်နဲ့ မာတီနယ်လီတို့ကို လဲကစားခဲ့ပေမယ့် ကွင်းလယ်အခင်းအကျင်းနဲ့ တိုက်စစ်ပိုင်းရဲ့ စွမ်းဆောင်ရည်က အားရစရာ မရှိတာကြောင့် တုံ့ပြန်နိုင်ဖို့က ခက်ခဲနေခဲ့တာပါ။

ပွဲချိန် ၇၁ မိနစ်မှာတော့ ဘရိုက်တန်တို့ပဲ အနိုင်သေချာစေမယ့် တတိယဂိုးကို သွင်းယူသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်က ဘောလုံးရလာတဲ့ ဂီးလ်မိုးက ခင်းပေးတာကို ဘယ်ခြမ်းကနေ ပြေးတက်လာပြီး နယ်လ်ဆန်ရဲ့ ဖိအားကို တောင့်ခံနိုင်ခဲ့တဲ့ လမ့်ပ်တေက ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဟိန်းအတွက်တော့ နေရာယူပုံရော ကာကွယ်ပုံပါ မှားယွင်းပြီး မျက်နှာပျက်စရာဖြစ်ခဲ့ရပါတယ်။

သုံးဂိုးပေးခဲ့ရအပြီးမှာတော့ အာတီတာအနေနဲ့ ဗီယာရာ၊ တီယာနီနဲ့ လိုကွန်ဂါတို့အစား ဂျေဆူးစ်၊ ဇင်ချန်ကိုနဲ့ ချာကာတို့ကို ထည့်ခဲ့ပေမယ့် အရှုံးရလဒ်ကို ကယ်တင်ဖို့တော့ မဖြစ်နိုင်တော့ဘဲ ပွဲချိန်အပြည့်မှာတော့ လူထပ်လဲပြီး ထိန်းကစားခဲ့တဲ့ ဘရိုက်တန်တို့က အာဆင်နယ်တို့ကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး လူအင်အားလုံလောက်မှု မရှိတဲ့ အိမ်ရှင်တွေအတွက်တော့ ဖလားတစ်လုံးကို စောစောစီးစီး နှုတ်ဆက်ခဲ့ရတာဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္ကို ဦးေဆာင္ေနခဲ့တဲ့ အာဆင္နယ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဟိန္း၊ ခံစစ္မွာ ဆာလီဘာ၊ ဟိုးလ္ဒင္း၊ တီယာနီ၊ ဆီးဒရစ္တို႔ကို အထိုင္ခ်ခဲ့ၿပီး ကြင္းလယ္မွာေတာ့ အယ္လ္နန္နီ၊ ဆမ္ဘီ လိုကြန္ဂါနဲ႔ ဖာဘီယို ဗီယာရာတို႔ကို အသုံးျပဳခဲ့သလို တိုက္စစ္မွာေတာ့ နယ္လ္ဆန္၊ မားကင္ညိဳ႕စ္၊ နကီးတီးယားတို႔နဲ႔ ခင္းက်င္းလာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ဘ႐ိုက္တန္တို႔ကေတာ့ ဂိုးသမား စတီးလ္၊ ခံစစ္မွာ လူးဝစၥ ဒန႔္ခ္၊ ေကာလ္ဝီလ္၊ ဗဲ့လ္မန္းနဲ႔ လမ့္ပ္ေတတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကိုင္စီဒို၊ ဂီးလ္မိုး၊ မာ့ခ်္နဲ႔ ဆာမီယန္တိုတို႔ကို စုဖြဲ႕လာခဲ့ခ်ိန္မွာ တိုက္စစ္မွာေတာ့ ဝဲလ္ဘက္ခ္နဲ႔ အန္စီဆိုတို႔ကို ကစားေစခဲ့တာေၾကာင့္ အဓိက ကစားသမား ၅ ဦးေလာက္ကို အာဆင္နယ္တို႔လိုပဲ အနားေပးထားခဲ့တာပါ။။

ပြဲခ်ိန္ မိနစ္ ၂၀ မွာ အမ္းမရိတ္ကြင္းမွာ ေဘာလုံးကိုင္ကစားေနတဲ့ အာဆင္နယ္တို႔ အဖြင့္ဂိုး သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ေတာင္ပံကစားသမား နယ္လ္ဆန္ရဲ႕ ဘ႐ိုက္တန္ ဧရိယာထိပ္ကို ခ်ေပးတဲ့ ဖန္တီးမႈကေန တိုက္စစ္မႉး နကီးတီးယားက ဘယ္ျခမ္းကေန ညာဘက္အေဝးတိုင္ဆီ ေဝ့ဝိုက္ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဂိုးသမား ကားလ္ ဟိန္းရဲ႕ အေတြ႕အႀကဳံ နည္းပါးလြန္းမႈေတြက သူတို႔အတြက္ ျပႆနာျဖစ္ေနခဲ့သလို တိုက္စစ္ကိုလည္း အဓိက ကြင္းလယ္ဖန္တီးရွင္ ဗီယာရာက ဦးမေဆာင္ႏိုင္ခဲ့တာေၾကာင့္ ထိုးေဖာက္မႈေတြက Final Third Zone မွာ ပ်က္ျပားေနခဲ့ၿပီး ဘ႐ိုက္တန္ဘက္က ဝဲလ္ဘက္ခ္ ဦးေဆာင္တဲ့ တိုက္စစ္ကိုလည္း ခံစစ္က မဟန႔္တားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ ၂၅ မိနစ္မွာ ဘ႐ိုက္တန္ဘက္ ခင္းေပးတာ မ်ားသြားတဲ့ ေဘာလုံးကို လိုက္လံရယူတဲ့ ဝဲလ္ဘက္ခ္ကို ဆြဲလွဲမိတဲ့ ဂိုးသမား ဟိန္းေၾကာင့္ အာဆင္နယ္တို႔ ပင္နယ္တီေပးခဲ့ရၿပီး ဒီအခြင့္အေရးကိုေတာ့ ပြဲခ်ိန္ ၂၇ မိနစ္အေရာက္မွာ ဝဲလ္ဘက္ခ္က သူကိုယ္တိုင္ပဲ အမွားအယြင္းမရွိ ကန္သြင္းခဲ့အၿပီးမွာ အသင္းေဟာင္းဘက္ကို သြင္းယူခဲ့တဲ့ ဂိုးအတြက္ေတာ့ ေအာင္ပြဲခံျခင္း မရွိခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ပထမပိုင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ၿပီး ဒုတိယပိုင္းမွာလည္း ေရွ႕က အရန္ကစားသမားအမ်ားစုရဲ႕ ပြဲထြက္ကစားသမားေတြနဲ႔ ေျခစြမ္းကြာျခားလြန္းတဲ့ တိုက္စစ္ရဲ႕ အဆုံးသတ္က ညံ့ဖ်င္းခဲ့သလို ဆမ္ဘီ လိုကြန္ဂါကလည္း စပယ္ရွယ္ျဖဳန္းေနခဲ့ၿပီး ဒီၿပိဳင္ပြဲမွာ အေကာင္းဆုံးကစားဖို႔ ပစ္မွတ္ထားေနတဲ့ ဘ႐ိုက္တန္တို႔ကေတာ့ ပြဲျပန္အစမွာ ကိုင္စီဒိုနဲ႔ မာ့ခ်္တို႔အစား မီတိုမာနဲ႔ ဂေရာ့စ္တို႔ကို ထည့္သြင္းခဲ့တာေၾကာင့္ ကစားပုံ ပိုတက္လာခဲ့တာပါ။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ပဲ ေနာက္ကေန လိုက္ၿပီး ဦးေဆာင္ဂိုးကို ရယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန ညာျခမ္းက အတြင္းကို ဆြဲဝင္သြားခဲ့တဲ့ ဆာမီယန္တိုက ဘယ္ျခမ္းကို ခင္းေပးတာကို ဆီးဒရစ္ေရာ မားကင္ညိဳ႕စ္ပါ တာဝန္မေက်ဘဲ လူကပ္မထားလို႔ လြတ္ေနခဲ့တဲ့ ဂ်ပန္လက္ေ႐ြးစင္ မီတိုမာက အေဝးတိုင္ဘက္ကို လွမ္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ဘ႐ိုက္တန္ဘက္က လူးဝစၥ ဒန႔္ခ္အစား ဝက္ဘ္စတာ ဝင္ကစားလာခဲ့သလို အာဆင္နယ္တို႔ဘက္ကေတာ့ ဆာလီဘာနဲ႔ မားကင္ညိဳ႕စ္အစား ဂါဘရီယယ္လ္နဲ႔ မာတီနယ္လီတို႔ကို လဲကစားခဲ့ေပမယ့္ ကြင္းလယ္အခင္းအက်င္းနဲ႔ တိုက္စစ္ပိုင္းရဲ႕ စြမ္းေဆာင္ရည္က အားရစရာ မရွိတာေၾကာင့္ တုံ႔ျပန္ႏိုင္ဖို႔က ခက္ခဲေနခဲ့တာပါ။

ပြဲခ်ိန္ ၇၁ မိနစ္မွာေတာ့ ဘ႐ိုက္တန္တို႔ပဲ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို သြင္းယူသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္က ေဘာလုံးရလာတဲ့ ဂီးလ္မိုးက ခင္းေပးတာကို ဘယ္ျခမ္းကေန ေျပးတက္လာၿပီး နယ္လ္ဆန္ရဲ႕ ဖိအားကို ေတာင့္ခံႏိုင္ခဲ့တဲ့ လမ့္ပ္ေတက ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဟိန္းအတြက္ေတာ့ ေနရာယူပုံေရာ ကာကြယ္ပုံပါ မွားယြင္းၿပီး မ်က္ႏွာပ်က္စရာျဖစ္ခဲ့ရပါတယ္။

သုံးဂိုးေပးခဲ့ရအၿပီးမွာေတာ့ အာတီတာအေနနဲ႔ ဗီယာရာ၊ တီယာနီနဲ႔ လိုကြန္ဂါတို႔အစား ေဂ်ဆူးစ္၊ ဇင္ခ်န္ကိုနဲ႔ ခ်ာကာတို႔ကို ထည့္ခဲ့ေပမယ့္ အရႈံးရလဒ္ကို ကယ္တင္ဖို႔ေတာ့ မျဖစ္ႏိုင္ေတာ့ဘဲ ပြဲခ်ိန္အျပည့္မွာေတာ့ လူထပ္လဲၿပီး ထိန္းကစားခဲ့တဲ့ ဘ႐ိုက္တန္တို႔က အာဆင္နယ္တို႔ကို သုံးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၿပီး လူအင္အားလုံေလာက္မႈ မရွိတဲ့ အိမ္ရွင္ေတြအတြက္ေတာ့ ဖလားတစ္လုံးကို ေစာေစာစီးစီး ႏႈတ္ဆက္ခဲ့ရတာျဖစ္ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.