Premier League

ကမ္ဘာ့ဖလားအတွက် ပရိသတ်တွေမျှော်နေတဲ့သတင်းကို ပေးလိုက်တဲ့ ဆွန်ဟောင်မင်

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့် ဆွန်ဟောင်မင်က ပြီးခဲ့တဲအပတ်မှာ ရရှိခဲ့တဲ့ မျက်လုံးတဝိုက်က အရိုးကျိုးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူပြီးနောက် တောင်ကိုရီးယားအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားပေးသွားမှာဖြစ်တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

အသက် ၃၀ အရွယ်တိုက်စစ်မှူးဟာ မာဆေးလ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပါဝင်ကစားပေးဖို့ ကြီးမားတဲ့ သံသယရှိခြင်း ခံခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့ သောကြာနေ့မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် အနည်းဆုံး ၃ ပတ်လောက် အနားယူရမယ့် ပုံစံပေါ်ခဲ့တာဖြစ်ပါတယ်။

ဆွန်ရဲ့ ခွဲစိတ်ကုသမှုာ မျှော်မှန်းထားသလောက် ကောင်းကောင်း အောင်မြင်ခဲ့ပုံပေါ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်ကိုရီးယားအတွက် ပါဝင်ကစားပေးသွားမှာဖြစ်ပေမယ့်လည်း မျက်နှာဖုံးစွပ်တပ်ဆင်ကစားသွားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ယနေ့ လူမှုကွန်ရက်ပေါ်မှာ ဆွန်ဟောင်မင်က “အားလုံး မင်္ဂလာပါ။ ကျွန်တော် ခင်ဗျားတို့အားလုံးကို ပြီးခဲ့တဲ့အပတ်က ရရှိခဲ့တဲ့ အားပေးစကားတွေအတွက် ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျွန်တော် အားပေးစကားတွေ အများကြီးဖတ်ခဲ့ရပြီး တကယ့် တကယ်ကို ခင်ဗျားတို့ အားလုံးကို ကျေးဇူးတင်မိပါတယ်”

“ခက်ခဲတဲ့အချိန်မှာ ခင်ဗျားတို့ဆီကနေ ခွန်အားတွေ အများကြီး ရခဲ့ပါတယ်။ ခင်ဗျားရဲ့ နိုင်ငံအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားပေးဖို့က ကြီးပြင်းလာတဲ့ ကလေးအများစုအတွက် အိပ်မက်ဖြစ်ပြီး ကျွန်တော့်ရဲ့ အိပ်မက်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်”

“ကျွန်တော် ဒီကမ္ဘာ့ဖလားပြိုင်ပွဲကို အလွဲချော်ခံမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ လှပတဲ့ နိုင်ငံအတွက် ကိုယ်စားပြုပေးဖို့အတွက် မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ခင်ဗျားတို့နဲ့ မကြာခင် တွေ့ကြမယ်”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်အတွက် ကံကောင်းစွာနဲ့ပဲ တောင်ကိုရီးယားအသင်းဟာ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကို နောက်ဆုံးကစားရမယ့် အသင်းတွေထဲက တစ်သင်းဖြစ်နေပြီး နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဥရုဂွေးနဲ့ ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္ ဆြန္ေဟာင္မင္က ၿပီးခဲ့တဲအပတ္မွာ ရရွိခဲ့တဲ့ မ်က္လုံးတဝိုက္က အ႐ိုးက်ိဳးဒဏ္ရာကို ခြဲစိတ္ကုသမႈခံယူၿပီးေနာက္ ေတာင္ကိုရီးယားအတြက္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ကစားေပးသြားမွာျဖစ္တယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

အသက္ ၃၀ အ႐ြယ္တိုက္စစ္မႉးဟာ မာေဆးလ္ကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲကို ပါဝင္ကစားေပးဖို႔ ႀကီးမားတဲ့ သံသယရွိျခင္း ခံခဲ့ရတာျဖစ္ၿပီး ၿပီးခဲ့တဲ့ ေသာၾကာေန႔မွာ ခြဲစိတ္ကုသမႈ ခံယူခဲ့ၿပီးေနာက္ အနည္းဆုံး ၃ ပတ္ေလာက္ အနားယူရမယ့္ ပုံစံေပၚခဲ့တာျဖစ္ပါတယ္။

ဆြန္ရဲ႕ ခြဲစိတ္ကုသမႈာ ေမွ်ာ္မွန္းထားသေလာက္ ေကာင္းေကာင္း ေအာင္ျမင္ခဲ့ပုံေပၚၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေတာင္ကိုရီးယားအတြက္ ပါဝင္ကစားေပးသြားမွာျဖစ္ေပမယ့္လည္း မ်က္ႏွာဖုံးစြပ္တပ္ဆင္ကစားသြားဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

ယေန႔ လူမႈကြန္ရက္ေပၚမွာ ဆြန္ေဟာင္မင္က “အားလုံး မဂၤလာပါ။ ကြၽန္ေတာ္ ခင္ဗ်ားတို႔အားလုံးကို ၿပီးခဲ့တဲ့အပတ္က ရရွိခဲ့တဲ့ အားေပးစကားေတြအတြက္ ေက်းဇူးတင္ေၾကာင္း ေျပာခ်င္ပါတယ္။ ကြၽန္ေတာ္ အားေပးစကားေတြ အမ်ားႀကီးဖတ္ခဲ့ရၿပီး တကယ့္ တကယ္ကို ခင္ဗ်ားတို႔ အားလုံးကို ေက်းဇူးတင္မိပါတယ္”

“ခက္ခဲတဲ့အခ်ိန္မွာ ခင္ဗ်ားတို႔ဆီကေန ခြန္အားေတြ အမ်ားႀကီး ရခဲ့ပါတယ္။ ခင္ဗ်ားရဲ႕ ႏိုင္ငံအတြက္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ကစားေပးဖို႔က ႀကီးျပင္းလာတဲ့ ကေလးအမ်ားစုအတြက္ အိပ္မက္ျဖစ္ၿပီး ကြၽန္ေတာ့္ရဲ႕ အိပ္မက္ေတြထဲက တစ္ခုလည္း ျဖစ္ပါတယ္”

“ကြၽန္ေတာ္ ဒီကမာၻ႔ဖလားၿပိဳင္ပြဲကို အလြဲေခ်ာ္ခံမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ လွပတဲ့ ႏိုင္ငံအတြက္ ကိုယ္စားျပဳေပးဖို႔အတြက္ မေစာင့္ဆိုင္းႏိုင္ေတာ့ပါဘူး။ ခင္ဗ်ားတို႔နဲ႔ မၾကာခင္ ေတြ႕ၾကမယ္”လို႔ ေရးသားခဲ့တာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္အတြက္ ကံေကာင္းစြာနဲ႔ပဲ ေတာင္ကိုရီးယားအသင္းဟာ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္ကို ေနာက္ဆုံးကစားရမယ့္ အသင္းေတြထဲက တစ္သင္းျဖစ္ေနၿပီး ႏိုဝင္ဘာ ၂၄ ရက္ေန႔မွာ ဥ႐ုေဂြးနဲ႔ ယွဥ္ၿပိဳင္ကစားသြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.