Premier League

ဘရာဇီးလ်ရဲ့ချန်လှပ်ခြင်းခံခဲ့ရတဲ့ ဂါဘရီယဲလ်ကို သတိပေးခဲ့တဲ့ အာတီတာ

အာဆင်နယ်နည်းပြ အာတီတာဟာ ဂါဘရီယဲလ် မာဂါလိုင်စ်အနေနဲ့ ဘရာဇီးလ်ရဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရလို့ စိတ်ပျက်မှုကို လာမယ့် ကမ္ဘာ့ဖလားအတွက် တိုးတက်အောင်လုပ်ဖို့နဲ့ အဆင်သင့်ဖြစ်နေဖို့ စိတ်ဓာတ်ခွန်အားအဖြစ် အသုံးပြုဖို့ တောင်းဆိုခဲ့ပါတယ်။

အာဆင်နယ်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ဂါဘရီယဲလ် ဂျေဆူးစ်နဲ့ ဂါဘရီယဲလ် မာတီနယ်လီတို့ဟာ ဘရာဇီးလ်လက်ရွေးစင်လူစာရင်းထဲမှာ ပါဝင်ခဲ့ပေမယ့်လည်း ဂါဘရီယဲလ် မာဂါလိုင်စ်အတွက်တော့ နေရာမရှိခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ် နောက်ခံကစားသမားဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူ အာဆင်နယ်အတွက် ဆာလီဘာနဲ့အတူ ဗဟိုခံစစ်မှာ အထင်ကြီးဖွယ်ခြေစွမ်းပြသနေသူဖြစ်ပြီး ယခုရာသီ ဂန်းနားတို့ရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်ခဲ့သူ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂါဘရီယဲလ်ဟာ ဘရာဇီးလ်လက်ရွေးစင်လူစာရင်းကနေ ချန်လှပ်ခြင်း ခံခဲ့ရဆဲဖြစ်ပြီး လက်ရွေးစင်နည်းပြ တီတီက သီယေဂို ဆေးလ်ဗား၊ မာကင်ညို့စ်၊ အီဒါ မီလီတာအို၊ ဘရီမာတို့ကိုသာ ရွေးချယ်သွားခဲ့တာဖြစ်ပါတယ်။

“ဂါဘီအတွက် အဲဒါက စိတ်ပျက်စရာပါ။ ဒါပေမယ့် ခင်ဗျား သူတို့မှာ ရှိနေတဲ့ လူစာရင်းနဲ့ သူတို့ရဲ့ ဗဟိုခံစစ်နေရာက အတွေ့အကြုံရင့်ကစားသမားတွေကို ကြည့်လိုက်ရင် ခင်ဗျား အဲဒါကို နားလည်ရမှာဖြစ်ပြီး အဲဒါက သူ့အတွက် နောက်ထပ် စိန်ခေါ်မှုတစ်ခုပါ”

“သူ နောက်ထပ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ သူ တိုးတက်ဖို့ လိုပြီး အခု သူလုပ်နေခဲ့တဲ့ ကောင်းမွန်တဲ့အရာတွေကို ဆက်ပြီး လုပ်နေဖို့ လိုပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ ကမ္ဘာ့ဖလားကို ၅ ကြိမ်အထိ ဗိုလ်စွဲဖူးတဲ့ အသင်းဖြစ်ပြီး ယခုလာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအုပ်စုအဆင့်အဖွင့်ပွဲစဉ်ကို နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဆားဘီးယားနဲ့ တွေ့ဆုံယှဉ်ပြိုင်ပြီးနောက် ဆွစ်ဇာလန်၊ ကင်မရွန်းတို့နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နည္းျပ အာတီတာဟာ ဂါဘရီယဲလ္ မာဂါလိုင္စ္အေနနဲ႔ ဘရာဇီးလ္ရဲ႕ ကမာၻ႔ဖလားလူစာရင္းမွာ ခ်န္လွပ္ျခင္းခံခဲ့ရလို႔ စိတ္ပ်က္မႈကို လာမယ့္ ကမာၻ႔ဖလားအတြက္ တိုးတက္ေအာင္လုပ္ဖို႔နဲ႔ အဆင္သင့္ျဖစ္ေနဖို႔ စိတ္ဓာတ္ခြန္အားအျဖစ္ အသုံးျပဳဖို႔ ေတာင္းဆိုခဲ့ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ ဂါဘရီယဲလ္ ေဂ်ဆူးစ္နဲ႔ ဂါဘရီယဲလ္ မာတီနယ္လီတို႔ဟာ ဘရာဇီးလ္လက္ေ႐ြးစင္လူစာရင္းထဲမွာ ပါဝင္ခဲ့ေပမယ့္လည္း ဂါဘရီယဲလ္ မာဂါလိုင္စ္အတြက္ေတာ့ ေနရာမရွိခဲ့တာ ျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားဟာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားဦးေဆာင္သူ အာဆင္နယ္အတြက္ ဆာလီဘာနဲ႔အတူ ဗဟိုခံစစ္မွာ အထင္ႀကီးဖြယ္ေျခစြမ္းျပသေနသူျဖစ္ၿပီး ယခုရာသီ ဂန္းနားတို႔ရဲ႕ အဓိကအစိတ္အပိုင္းတစ္ခုျဖစ္ခဲ့သူ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဂါဘရီယဲလ္ဟာ ဘရာဇီးလ္လက္ေ႐ြးစင္လူစာရင္းကေန ခ်န္လွပ္ျခင္း ခံခဲ့ရဆဲျဖစ္ၿပီး လက္ေ႐ြးစင္နည္းျပ တီတီက သီေယဂို ေဆးလ္ဗား၊ မာကင္ညိဳ႕စ္၊ အီဒါ မီလီတာအို၊ ဘရီမာတို႔ကိုသာ ေ႐ြးခ်ယ္သြားခဲ့တာျဖစ္ပါတယ္။

“ဂါဘီအတြက္ အဲဒါက စိတ္ပ်က္စရာပါ။ ဒါေပမယ့္ ခင္ဗ်ား သူတို႔မွာ ရွိေနတဲ့ လူစာရင္းနဲ႔ သူတို႔ရဲ႕ ဗဟိုခံစစ္ေနရာက အေတြ႕အႀကဳံရင့္ကစားသမားေတြကို ၾကည့္လိုက္ရင္ ခင္ဗ်ား အဲဒါကို နားလည္ရမွာျဖစ္ၿပီး အဲဒါက သူ႔အတြက္ ေနာက္ထပ္ စိန္ေခၚမႈတစ္ခုပါ”

“သူ ေနာက္ထပ္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အဆင္သင့္ျဖစ္ေနဖို႔ လိုပါတယ္။ သူ တိုးတက္ဖို႔ လိုၿပီး အခု သူလုပ္ေနခဲ့တဲ့ ေကာင္းမြန္တဲ့အရာေတြကို ဆက္ၿပီး လုပ္ေနဖို႔ လိုပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဘရာဇီးလ္အသင္းဟာ ကမာၻ႔ဖလားကို ၅ ႀကိမ္အထိ ဗိုလ္စြဲဖူးတဲ့ အသင္းျဖစ္ၿပီး ယခုလာမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအုပ္စုအဆင့္အဖြင့္ပြဲစဥ္ကို ႏိုဝင္ဘာ ၂၄ ရက္ေန႔မွာ ဆားဘီးယားနဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္ၿပီးေနာက္ ဆြစ္ဇာလန္၊ ကင္မ႐ြန္းတို႔နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.