Premier League

စတားလင်း စီးတီးပြန်လာရင် ကောင်းကောင်းကြိုဆိုမယ်လို့ ပြောခဲ့တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက ချဲလ်ဆီးကြယ်ပွင့် ရာဟင်း စတားလင်းအနေနဲ့ အစ်တီဟတ်ကို ပြန်လည်ရောက်ရှိလာတဲ့အချိန်ကျရင် ကောင်းမွန်တဲ့ ကြိုဆိုမှုရရှိမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အင်္ဂလန်တောင်ပံကြယ်ပွင့်ဟာ မန်ချက်စတာစီးတီးအတွက် ၇ ရာသီကြာ ကစားပေးခဲ့သူဖြစ်ပြီး ၃၃၉ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၁၃၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

စတားလင်းဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ ချဲလ်ဆီးအသင်းကို မပြောင်းရွှေ့မီ မန်ချက်စတာစီးတီးကို ဆုဖလားအများအပြား ရရှိအောင် ကူညီပေးနိုင်ခဲ့သူဖြစ်ပြီး မန်စီးတီးနဲ့ ချဲလ်ဆီးတို့ဟာ ယနေ့ည အစ်တီဟတ်မှာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။

စတားလင်းအနေနဲ့ ကောင်းမွန်တဲ့ ကြိုဆိုမှု ရရှိလိမ့်မယ်လို့ ထင်လားလို့ မေးမြန်းခဲ့ရာမှာ ဂွါဒီယိုလာက “ကျွန်တော်လည်း မျှော်လင့်မိပါတယ်။ ကျွန်တော် ကျိန်းသေပေါက် အဲဒီလိုဖြစ်မယ်လို့ မျှော်လင့်မိပါတယ်။ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီး အဓိကကစားသမားဖြစ်ခဲ့တဲ့သူတွေကို အသင်းတွေက ကြိုဆိုတဲ့အခါတိုင်း ကျွန်တော် နှစ်သက်မိပြီး ဒီနှစ်တွေထဲ ကျွန်တော်တို့ အသင်းမှာ သူက အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့တာပါ။ ပြီးခဲ့တဲ့လတွေမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ခင်ဗျား မေ့နေတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်”

“ဒါပေမယ့် အဲဒါက ပြီးခဲ့တဲ့ ၆ နှစ်၊ ၇ နှစ်ကာလအတွင်း သူ ဒီမှာ ရှိနေခဲ့တဲ့အချိန်တုန်းက ဖြစ်ပျက်ခဲ့တဲ့ ပကတိအမှန်တရားမဟုတ်ပါဘူး။ သူက ကောင်းမွန်တဲ့ကြိုဆိုမှုနဲ့ ထိုက်တန်တဲ့သူပါ။ ဟုတ်တာပေါ့။ ကျွန်တော်တို့ သူတို့ကို အနိုင်ယူချင်တာပေါ့။ ဒါပေမယ့် သူကလည်း ကောင်းမွန်တဲ့ ကြိုဆိုမှုမျိုး ရရမှာပေါ့။ အင်္ဂလန်မှာ လူတွေက အဲဒါကို နှစ်သက်သဘောကျတယ်လို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြအဖြစ် သောမတ်စ် တူဟယ်ရဲ့နေရာမှာ ဂရေဟမ် ပေါ့တား တာဝန်ယူကိုင်တွယ်ခဲ့ပြီးကတည်းက စတားလင်းဟာ သွင်းဂိုး ၂ ဂိုးသာ သွင်းယူထားနိုင်ခဲ့သေးပြီး အဲဒီသွင်းဂိုးတွေကလည်း ပရီးမီးယားလိဂ်မှာ သွင်းယူခဲ့တာ မဟုတ်တာ ဖြစ်ပါတယ်။ ဂွါဒီယိုလာက စတားလင်းရဲ့ ချဲလ်ဆီးက ခြေစွမ်းနဲ့ပတ်သက်ပြီး ထင်မြင်ချက်ကို မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ “ကျွန်တော် ပွဲအနည်းငယ် ကြည့်ခဲ့ပါတယ်။ ဒါပေမယ့် အဲဒါက သူ ကစားနေတာ ဒါမှမဟုတ် လုပ်နေတာ၊ သူနဲ့ပတ်သက်ပြီး ထင်မြင်ချက်တွေနဲ့ မဆိုင်ပါဘူး။ ခင်ဗျားတို့အားလုံး အဲဒါကို သိပါတယ်”

“ကျွန်တော်ကတော့ သူ့ကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ သူ့အနေနဲ့ အဲဒီမှာ ပျော်ရွှင်နေမယ်လို့ မျှော်လင့်မိပါတယ်။ ကျွန်တော်တို့ ၆ နှစ်အတူတူ အလုပ်လုပ်ခဲ့တယ်။ နှစ်တိုင်း၊ နေ့တိုင်း အတူတူရှိခဲ့ကြတယ်။ အလုပ်လုပ်ခဲ့ကြတယ်။ ပွဲတွေ အများကြီး ကစားခဲ့တယ်။ ကျွန်တော်တို့ အရေးအကြီးဆုံးပွဲစဉ်ဖြစ်ကောင်းဖြစ်နိုင်တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကစားခဲ့တယ်။ အဲဒီတော့ သူ ပျော်ရွှင်နေတယ်ဆိုရင် ကျွန်တော်တို့လည်း ပျော်ပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာက ခ်ဲလ္ဆီးၾကယ္ပြင့္ ရာဟင္း စတားလင္းအေနနဲ႔ အစ္တီဟတ္ကို ျပန္လည္ေရာက္ရွိလာတဲ့အခ်ိန္က်ရင္ ေကာင္းမြန္တဲ့ ႀကိဳဆိုမႈရရွိမွာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အဂၤလန္ေတာင္ပံၾကယ္ပြင့္ဟာ မန္ခ်က္စတာစီးတီးအတြက္ ၇ ရာသီၾကာ ကစားေပးခဲ့သူျဖစ္ၿပီး ၃၃၉ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၁၃၁ ဂိုးအထိ သြင္းယူေပးႏိုင္ခဲ့တဲ့ကစားသမားျဖစ္ပါတယ္။

စတားလင္းဟာ ၿပီးခဲ့တဲ့ ဇူလိုင္လမွာ ခ်ဲလ္ဆီးအသင္းကို မေျပာင္းေ႐ႊ႕မီ မန္ခ်က္စတာစီးတီးကို ဆုဖလားအမ်ားအျပား ရရွိေအာင္ ကူညီေပးႏိုင္ခဲ့သူျဖစ္ၿပီး မန္စီးတီးနဲ႔ ခ်ဲလ္ဆီးတို႔ဟာ ယေန႔ည အစ္တီဟတ္မွာ ကာရာေဘာင္းဖလား တတိယအဆင့္ပြဲစဥ္အျဖစ္ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရေတာ့မွာ ျဖစ္ပါတယ္။

စတားလင္းအေနနဲ႔ ေကာင္းမြန္တဲ့ ႀကိဳဆိုမႈ ရရွိလိမ့္မယ္လို႔ ထင္လားလို႔ ေမးျမန္းခဲ့ရာမွာ ဂြါဒီယိုလာက “ကြၽန္ေတာ္လည္း ေမွ်ာ္လင့္မိပါတယ္။ ကြၽန္ေတာ္ က်ိန္းေသေပါက္ အဲဒီလိုျဖစ္မယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ႏွစ္ေပါင္းမ်ားစြာ ရွိေနခဲ့ၿပီး အဓိကကစားသမားျဖစ္ခဲ့တဲ့သူေတြကို အသင္းေတြက ႀကိဳဆိုတဲ့အခါတိုင္း ကြၽန္ေတာ္ ႏွစ္သက္မိၿပီး ဒီႏွစ္ေတြထဲ ကြၽန္ေတာ္တို႔ အသင္းမွာ သူက အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့တာပါ။ ၿပီးခဲ့တဲ့လေတြမွာ ဘာေတြျဖစ္ခဲ့လဲဆိုတာ ခင္ဗ်ား ေမ့ေနတာ ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္”

“ဒါေပမယ့္ အဲဒါက ၿပီးခဲ့တဲ့ ၆ ႏွစ္၊ ၇ ႏွစ္ကာလအတြင္း သူ ဒီမွာ ရွိေနခဲ့တဲ့အခ်ိန္တုန္းက ျဖစ္ပ်က္ခဲ့တဲ့ ပကတိအမွန္တရားမဟုတ္ပါဘူး။ သူက ေကာင္းမြန္တဲ့ႀကိဳဆိုမႈနဲ႔ ထိုက္တန္တဲ့သူပါ။ ဟုတ္တာေပါ့။ ကြၽန္ေတာ္တို႔ သူတို႔ကို အႏိုင္ယူခ်င္တာေပါ့။ ဒါေပမယ့္ သူကလည္း ေကာင္းမြန္တဲ့ ႀကိဳဆိုမႈမ်ိဳး ရရမွာေပါ့။ အဂၤလန္မွာ လူေတြက အဲဒါကို ႏွစ္သက္သေဘာက်တယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးနည္းျပအျဖစ္ ေသာမတ္စ္ တူဟယ္ရဲ႕ေနရာမွာ ဂေရဟမ္ ေပါ့တား တာဝန္ယူကိုင္တြယ္ခဲ့ၿပီးကတည္းက စတားလင္းဟာ သြင္းဂိုး ၂ ဂိုးသာ သြင္းယူထားႏိုင္ခဲ့ေသးၿပီး အဲဒီသြင္းဂိုးေတြကလည္း ပရီးမီးယားလိဂ္မွာ သြင္းယူခဲ့တာ မဟုတ္တာ ျဖစ္ပါတယ္။ ဂြါဒီယိုလာက စတားလင္းရဲ႕ ခ်ဲလ္ဆီးက ေျခစြမ္းနဲ႔ပတ္သက္ၿပီး ထင္ျမင္ခ်က္ကို ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ “ကြၽန္ေတာ္ ပြဲအနည္းငယ္ ၾကည့္ခဲ့ပါတယ္။ ဒါေပမယ့္ အဲဒါက သူ ကစားေနတာ ဒါမွမဟုတ္ လုပ္ေနတာ၊ သူနဲ႔ပတ္သက္ၿပီး ထင္ျမင္ခ်က္ေတြနဲ႔ မဆိုင္ပါဘူး။ ခင္ဗ်ားတို႔အားလုံး အဲဒါကို သိပါတယ္”

“ကြၽန္ေတာ္ကေတာ့ သူ႔ကို အေကာင္းဆုံးျဖစ္ပါေစလို႔ ဆုေတာင္းေပးပါတယ္။ သူ႔အေနနဲ႔ အဲဒီမွာ ေပ်ာ္႐ႊင္ေနမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။ ကြၽန္ေတာ္တို႔ ၆ ႏွစ္အတူတူ အလုပ္လုပ္ခဲ့တယ္။ ႏွစ္တိုင္း၊ ေန႔တိုင္း အတူတူရွိခဲ့ၾကတယ္။ အလုပ္လုပ္ခဲ့ၾကတယ္။ ပြဲေတြ အမ်ားႀကီး ကစားခဲ့တယ္။ ကြၽန္ေတာ္တို႔ အေရးအႀကီးဆုံးပြဲစဥ္ျဖစ္ေကာင္းျဖစ္ႏိုင္တဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ကစားခဲ့တယ္။ အဲဒီေတာ့ သူ ေပ်ာ္႐ႊင္ေနတယ္ဆိုရင္ ကြၽန္ေတာ္တို႔လည္း ေပ်ာ္ပါတယ္”လို႔ တုံ႔ျပန္ခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.