International World Cup

ကမ္ဘာ့ဖလားမှာ အာဖရိကအသင်းက ဗိုလ်စွဲမယ်လို့ ဟောကိန်းထုတ်ခဲ့တဲ့ အီတူး

ဆမ်မြူရယ် အီတူးက ကင်မရွန်းအသင်းဟာ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ရေပန်းမစားတဲ့ မော်ရိုကိုအသင်းကို အာဖရိကအသင်းချင်း တွေ့ဆုံတဲ့ ဗိုလ်လုပွဲမှာ အနိုင်ယူပြီး ကမ္ဘာ့ဖလားသမိုင်းမှာ အကြီးမားဆုံးအံ့အားသင့်စရာတစ်ခုကို လုပ်ပြနိုင်လိမ့်မယ်လို့ ထင်မြင်နေပါတယ်။

ဘာစီလိုနာ၊ အင်တာမီလန်နဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဟာ ပြီးခဲ့တဲ့နှစ်မှာ ကင်မရွန်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဌအဖြစ် ရွေးကောက်တင်မြောက်ခြင်း ခံခဲ့ရသူဖြစ်ပြီး ကင်မရွန်းအသင်းနဲ့ ၁၇ နှစ်ကြာ လက်ရွေးစင်ကစားသမားဘဝအတွင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို ၄ ကြိမ်အထိ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။ အီတူးဟာ ကမ္ဘာ့ဖလားပြိုင်ရဲ့ ရှုံးထွက်အဆင့်ကို လက်ရွေးစင်အသင်းနဲ့အတူ တက်ရောက်နိုင်ခြင်းမရှိခဲ့ပေမယ့်လည်း လက်ရှိ ကင်မရွန်းကြယ်ပွင့်တွေဟာ ယခုဆောင်းရာသီ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှုံးထွက်အဆင့်ထက်ပိုတဲ့နေရာကို သွားနိုင်လိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

တကယ်တော့ အီတူးဟာ ရိုဂိုဘာ့တ် ဆောင်းရဲ့ အသင်းဟာ ဘောလုံးလောကရဲ့ အကြီးမားဆုံး ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ဖို့ ဗိုလ်လုပွဲမှာ မော်ရိုကိုအသင်းကို အနိုင်ယူနိုင်လိမ့်မယ်လို့ ဟောကိန်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ ESPN ရဲ့ အင်တာဗျူးမှာ အသက် ၄၁ နှစ်အရွယ် တိုက်စစ်မှူးဟောင်းက လာမယ့်ရက်သတ္တပတ်တွေအတွင်း ကင်မရွန်းနဲ့ မော်ရိုကိုတို့ ဘယ်လို ဗိုလ်လုပွဲအထိ တက်ရောက်သွားနိုင်မလဲဆိုတာကို အလေးအနက် ဟောကိန်းထုတ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“အာဖရိက က အမြဲတမ်း ကမ္ဘာ့ဖလားမှာ အောင်မြင်မှုရဖို့ အလားအလာရှိခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့ အခုအချိန်အထိ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကို မပြသနိုင်ခဲ့ပါဘူး။ ဒီနှစ်တွေအတွင်းမှာ အာဖရိကအသင်းတွေဟာ အတွေ့အကြုံတွေ ပိုပိုပြီး ရလာခဲ့ပြီး သူတို့တွေက ကမ္ဘာ့ဖလားကို ပါဝင်ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်ရုံတင်မကဘဲ ဗိုလ်စွဲဖို့ပါ အဆင်သင့်ဖြစ်နေပြီလို့ ကျွန်တော် ထင်ပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

အီတူးက မော်ရိုကိုအသင်းဟာ ပေါ်တူဂီ၊ စပိန်နဲ့ ပြင်သစ်တို့ကို အနိုင်ယူပြီး ကမ္ဘာ့ဖလားဗိုလ်လုပွဲအဆင့်အထိ တက်လှမ်းလာမှာဖြစ်ပြီး ကင်မရွန်းကလည်း ဘယ်လ်ဂျီယမ်ကို ကွာတားဖိုင်နယ်အဆင့်၊ ဆီနီဂေါကို ဆီမီးဖိုင်နယ်အဆင့်မှာ အနိုင်ယူနိုင်လိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကင်မရွန်းက ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ မော်ရိုကိုကို အနိုင်ရသွားပါလိမ့်မယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး အီတူးက ကင်မရွန်းကို ၂၀၁၀ တုန်းက ၎င်းရဲ့အသင်းဟောင်း အင်တာမီလန်ဟာ အားလုံး မထင်မှတ်ထားတာတွေကို လုပ်ပြပြီး ရေပန်းအစားဆုံးဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ကို အနိုင်ယူပြီး နည်းပြ မော်ရင်ညိုနဲ့အတူ သမိုင်းဝင် ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့တာကို အတုယူဖို့ တိုက်တွန်းခဲ့ပါတယ်။

“ကျွန်တော်တို့ ဘာကြောင့် ကမ္ဘာ့ဖလား မရနိုင်ရမှာလဲ။ ကျွန်တော်တို့ ကမ္ဘာ့ဖလားကို အနိုင်ရဖို့အတွက် ခင်ဗျား သတ္တဝါကြီး ဒါမှမဟုတ် ဂြိုဟ်သားတွေ ဖြစ်နေဖို့မလိုပါဘူး။ ခင်ဗျားမှာ ကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်မှု၊ စိတ်ပိုင်းဆိုင်ရာ အားကောင်းမှုနဲ့ ရူးသွပ်မှုတို့ပဲ လိုအပ်ပါတယ်။ ကျွန်တော် အမြဲတမ်း အင်တာကို ဥပမာအနေနဲ့ ထားတယ်။ ၂၀၀၉-၂၀၁၀ ရာသီအစမှာ ကျွန်တော်တို့ ချန်ပီယံလိဂ်ဖလား ရနိုင်တယ်လို့ ဘယ်သူကမှ မထင်ခဲ့ပေမယ့် မော်ရင်ညိုက လူအုပ်စုတစ်ခု၊ စစ်သည်တော်တွေနဲ့အတူ ရူးသွပ်စရာကောင်းတဲ့ တစ်စုံတရာကို လုပ်ခဲ့တယ်။ ကျွန်တော် ကင်မရွန်းကိုလည်း အဲဒီလို တူညီတဲ့အရာကို လုပ်စေချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆမ္ျမဴရယ္ အီတူးက ကင္မ႐ြန္းအသင္းဟာ ဒီဇင္ဘာ ၁၈ ရက္ေန႔မွာ ေရပန္းမစားတဲ့ ေမာ္႐ိုကိုအသင္းကို အာဖရိကအသင္းခ်င္း ေတြ႕ဆုံတဲ့ ဗိုလ္လုပြဲမွာ အႏိုင္ယူၿပီး ကမာၻ႔ဖလားသမိုင္းမွာ အႀကီးမားဆုံးအံ့အားသင့္စရာတစ္ခုကို လုပ္ျပႏိုင္လိမ့္မယ္လို႔ ထင္ျမင္ေနပါတယ္။

ဘာစီလိုနာ၊ အင္တာမီလန္နဲ႔ ခ်ဲလ္ဆီးတိုက္စစ္မႉးေဟာင္းဟာ ၿပီးခဲ့တဲ့ႏွစ္မွာ ကင္မ႐ြန္း ေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌအျဖစ္ ေ႐ြးေကာက္တင္ေျမာက္ျခင္း ခံခဲ့ရသူျဖစ္ၿပီး ကင္မ႐ြန္းအသင္းနဲ႔ ၁၇ ႏွစ္ၾကာ လက္ေ႐ြးစင္ကစားသမားဘဝအတြင္း ကမာၻ႔ဖလားၿပိဳင္ပြဲကို ၄ ႀကိမ္အထိ ပါဝင္ကစားေပးခဲ့သူျဖစ္ပါတယ္။ အီတူးဟာ ကမာၻ႔ဖလားၿပိဳင္ရဲ႕ ရႈံးထြက္အဆင့္ကို လက္ေ႐ြးစင္အသင္းနဲ႔အတူ တက္ေရာက္ႏိုင္ျခင္းမရွိခဲ့ေပမယ့္လည္း လက္ရွိ ကင္မ႐ြန္းၾကယ္ပြင့္ေတြဟာ ယခုေဆာင္းရာသီ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ရႈံးထြက္အဆင့္ထက္ပိုတဲ့ေနရာကို သြားႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

တကယ္ေတာ့ အီတူးဟာ ႐ိုဂိုဘာ့တ္ ေဆာင္းရဲ႕ အသင္းဟာ ေဘာလုံးေလာကရဲ႕ အႀကီးမားဆုံး ဆုဖလားႀကီးကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ဗိုလ္လုပြဲမွာ ေမာ္႐ိုကိုအသင္းကို အႏိုင္ယူႏိုင္လိမ့္မယ္လို႔ ေဟာကိန္းထုတ္ခဲ့တာ ျဖစ္ပါတယ္။ ESPN ရဲ႕ အင္တာဗ်ဴးမွာ အသက္ ၄၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးေဟာင္းက လာမယ့္ရက္သတၱပတ္ေတြအတြင္း ကင္မ႐ြန္းနဲ႔ ေမာ္႐ိုကိုတို႔ ဘယ္လို ဗိုလ္လုပြဲအထိ တက္ေရာက္သြားႏိုင္မလဲဆိုတာကို အေလးအနက္ ေဟာကိန္းထုတ္ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

“အာဖရိက က အၿမဲတမ္း ကမာၻ႔ဖလားမွာ ေအာင္ျမင္မႈရဖို႔ အလားအလာရွိခဲ့တာပါ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ အခုအခ်ိန္အထိ ကြၽန္ေတာ္တို႔ရဲ႕ အေကာင္းဆုံးပုံစံကို မျပသႏိုင္ခဲ့ပါဘူး။ ဒီႏွစ္ေတြအတြင္းမွာ အာဖရိကအသင္းေတြဟာ အေတြ႕အႀကဳံေတြ ပိုပိုၿပီး ရလာခဲ့ၿပီး သူတို႔ေတြက ကမာၻ႔ဖလားကို ပါဝင္ယွဥ္ၿပိဳင္ဖို႔ အဆင္သင့္ျဖစ္႐ုံတင္မကဘဲ ဗိုလ္စြဲဖို႔ပါ အဆင္သင့္ျဖစ္ေနၿပီလို႔ ကြၽန္ေတာ္ ထင္ပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

အီတူးက ေမာ္႐ိုကိုအသင္းဟာ ေပၚတူဂီ၊ စပိန္နဲ႔ ျပင္သစ္တို႔ကို အႏိုင္ယူၿပီး ကမာၻ႔ဖလားဗိုလ္လုပြဲအဆင့္အထိ တက္လွမ္းလာမွာျဖစ္ၿပီး ကင္မ႐ြန္းကလည္း ဘယ္လ္ဂ်ီယမ္ကို ကြာတားဖိုင္နယ္အဆင့္၊ ဆီနီေဂါကို ဆီမီးဖိုင္နယ္အဆင့္မွာ အႏိုင္ယူႏိုင္လိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကင္မ႐ြန္းက ကမာၻ႔ဖလား ဗိုလ္လုပြဲမွာ ေမာ္႐ိုကိုကို အႏိုင္ရသြားပါလိမ့္မယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ဆက္လက္ၿပီး အီတူးက ကင္မ႐ြန္းကို ၂၀၁၀ တုန္းက ၎ရဲ႕အသင္းေဟာင္း အင္တာမီလန္ဟာ အားလုံး မထင္မွတ္ထားတာေတြကို လုပ္ျပၿပီး ေရပန္းအစားဆုံးျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္ကို အႏိုင္ယူၿပီး နည္းျပ ေမာ္ရင္ညိဳနဲ႔အတူ သမိုင္းဝင္ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့တာကို အတုယူဖို႔ တိုက္တြန္းခဲ့ပါတယ္။

“ကြၽန္ေတာ္တို႔ ဘာေၾကာင့္ ကမာၻ႔ဖလား မရႏိုင္ရမွာလဲ။ ကြၽန္ေတာ္တို႔ ကမာၻ႔ဖလားကို အႏိုင္ရဖို႔အတြက္ ခင္ဗ်ား သတၱဝါႀကီး ဒါမွမဟုတ္ ၿဂိဳဟ္သားေတြ ျဖစ္ေနဖို႔မလိုပါဘူး။ ခင္ဗ်ားမွာ ေကာင္းမြန္တဲ့ ႀကိဳတင္ျပင္ဆင္မႈ၊ စိတ္ပိုင္းဆိုင္ရာ အားေကာင္းမႈနဲ႔ ႐ူးသြပ္မႈတို႔ပဲ လိုအပ္ပါတယ္။ ကြၽန္ေတာ္ အၿမဲတမ္း အင္တာကို ဥပမာအေနနဲ႔ ထားတယ္။ ၂၀၀၉-၂၀၁၀ ရာသီအစမွာ ကြၽန္ေတာ္တို႔ ခ်န္ပီယံလိဂ္ဖလား ရႏိုင္တယ္လို႔ ဘယ္သူကမွ မထင္ခဲ့ေပမယ့္ ေမာ္ရင္ညိဳက လူအုပ္စုတစ္ခု၊ စစ္သည္ေတာ္ေတြနဲ႔အတူ ႐ူးသြပ္စရာေကာင္းတဲ့ တစ္စုံတရာကို လုပ္ခဲ့တယ္။ ကြၽန္ေတာ္ ကင္မ႐ြန္းကိုလည္း အဲဒီလို တူညီတဲ့အရာကို လုပ္ေစခ်င္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.