International World Cup

ကြောက်မက်ဖွယ်တိုက်စစ်မှူးတွေပြည့်နှက်နေတဲ့ ကမ္ဘာ့ဖလားလူစာရင်းကို ကြေညာခဲ့တဲ့ ပြင်သစ်

ပြင်သစ်လက်ရွေးစင်အသင်းဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်းကို ကြေညာလိုက်ပြီဖြစ်ပြီး ဒက်စ်ချမ့်ရဲ့အသင်းမှာ တိုက်စစ်ကြယ်ပွင့်တွေ ပြည့်နှက်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူး ခီလီယန် အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဘလွန်ဒေါဆုရှင် ဘန်ဇီးမားတို့ဟာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒက်စ်ချမ့်ရဲ့ လူစာရင်းမှာ ပါဝင်နေတဲ့ ကြယ်ပွင့်ကစားသမားတွေထဲမှာ အကြီးမားဆုံးကြယ်ပွင့် ၂ ဦးဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာ့ဖလားချန်ပီယံတွေရဲ့ လူစာရင်းမှာ ခရစ္စတိုဖာ အန်ကွန်ကူ၊ အော်ရယ်လီယန် ချူအာမေနီ၊ ရာဖေးလ် ဗာရွမ်း၊ ဝီလီယံ ဆာလီဘာနဲ့ အီဘရာဟီမာ ကိုနာတေတို့လည်း ပါဝင်ခဲ့ပါတယ်။

လူစာရင်းရွေးချယ်မှုနဲ့ပတ်သက်ပြီး ပြင်သစ်လက်ရွေးစင်နည်းပြ ဒက်စ်ချမ့်က “လုံးဝ ရိုးရိုးသားသားပြောရရင် ဒီဟာက အလွယ်ကူဆုံး ရွေးချယ်မှုတော့ မဟုတ်ခဲ့ပါဘူး။ တခြားကျန်တဲ့ လက်ရွေးစင်နည်းပြအားလုံးနဲ့ အတူတူပါပဲ။ ကစားသမားတွေက ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီး မနေ့ညမှာ ကစားတွေ ဒဏ်ရာရတယ်။ ဒီနေ့ညမှာ ဒဏ်ရာရနိုင်တဲ့ ကစားသမားတွေရှိတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ်အသင်းဟာ လာမယ့် နိုဝင်ဘာ ၂၂ ရက်နေ့မှာ သြစတြေးလျနဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ကို စတင်ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ၂၆ နဲ့ ၃၀ ရက်နေ့တို့မှာ ဒိန်းမတ်၊ တူနီးရှားတို့နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းဟာ ကာတာမှာ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ဖို့ ရေပန်းအစားဆုံးအသင်းတွေထဲမှာ အပါအဝင်ဖြစ်ပြီး ရီယို ဖာဒီနန်က ၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံတွေကို ကမ္ဘာ့ဖလားမှာ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းလို့ ပြောဆိုခဲ့ပါတယ်။

“ကျွန်တော် အင်္ဂလန်ရဲ့ ခံစစ်ပိုင်းကို စိုးရိမ်မိတယ်။ ဒဏ်ရာပြဿနာတွေန့ ကစားသမားတွေက သူတို့ ကလပ်အသင်းတွေအတွက် လုံလုံလောက်လောက် ကစားနေရတာမရှိဘူး။ အဲဒါက ခက်ခဲလာတော့မှာပါ။ ပြင်သစ်၊ ဘရာဇီးလ်၊ အာဂျင်တီးနားတို့က ထူးချွန်တဲ့အသင်းတွေပါ။ သူတို့ရဲ့ လူစာရင်းရဲ့ အရည်အသွေးက ကောင်းမွန်ပါတယ်။ အထူးသဖြင့် ပြင်သစ်နဲ့ ဘရာဇီးလ်လူစာရင်းအရည်အသွေးက ရူးသွပ်ချင်စရာပါ”

“ကျွန်တော်တို့ အင်္ဂလန်မှာ အဲဒီလို အရည်အသွေးမျိုးမရှိဘူးလို့ ထင်တယ်။ ကျွန်တော်တို့ သူတို့ကို လိုက်မီဖို့ဆိုရင် ရုပ်ပိုင်းဆိုင်ရာအရ ပြီးပြည့်စုံနေမှ ရပါမယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ျပင္သစ္လက္ေ႐ြးစင္အသင္းဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ လူစာရင္းကို ေၾကညာလိုက္ၿပီျဖစ္ၿပီး ဒက္စ္ခ်မ့္ရဲ႕အသင္းမွာ တိုက္စစ္ၾကယ္ပြင့္ေတြ ျပည့္ႏွက္ေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉး ခီလီယန္ အမ္ဘာေပနဲ႔ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ဘလြန္ေဒါဆုရွင္ ဘန္ဇီးမားတို႔ဟာ ၂၀၂၂ ကာတာ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ဒက္စ္ခ်မ့္ရဲ႕ လူစာရင္းမွာ ပါဝင္ေနတဲ့ ၾကယ္ပြင့္ကစားသမားေတြထဲမွာ အႀကီးမားဆုံးၾကယ္ပြင့္ ၂ ဦးျဖစ္ပါတယ္။ လက္ရွိ ကမာၻ႔ဖလားခ်န္ပီယံေတြရဲ႕ လူစာရင္းမွာ ခရစၥတိုဖာ အန္ကြန္ကူ၊ ေအာ္ရယ္လီယန္ ခ်ဴအာေမနီ၊ ရာေဖးလ္ ဗာ႐ြမ္း၊ ဝီလီယံ ဆာလီဘာနဲ႔ အီဘရာဟီမာ ကိုနာေတတို႔လည္း ပါဝင္ခဲ့ပါတယ္။

လူစာရင္းေ႐ြးခ်ယ္မႈနဲ႔ပတ္သက္ၿပီး ျပင္သစ္လက္ေ႐ြးစင္နည္းျပ ဒက္စ္ခ်မ့္က “လုံးဝ ႐ိုး႐ိုးသားသားေျပာရရင္ ဒီဟာက အလြယ္ကူဆုံး ေ႐ြးခ်ယ္မႈေတာ့ မဟုတ္ခဲ့ပါဘူး။ တျခားက်န္တဲ့ လက္ေ႐ြးစင္နည္းျပအားလုံးနဲ႔ အတူတူပါပဲ။ ကစားသမားေတြက ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီး မေန႔ညမွာ ကစားေတြ ဒဏ္ရာရတယ္။ ဒီေန႔ညမွာ ဒဏ္ရာရႏိုင္တဲ့ ကစားသမားေတြရွိတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

ျပင္သစ္အသင္းဟာ လာမယ့္ ႏိုဝင္ဘာ ၂၂ ရက္ေန႔မွာ ၾသစေၾတးလ်နဲ႔ ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္ကို စတင္ယွဥ္ၿပိဳင္ကစားသြားရမွာျဖစ္ၿပီး ၂၆ နဲ႔ ၃၀ ရက္ေန႔တို႔မွာ ဒိန္းမတ္၊ တူနီးရွားတို႔နဲ႔ ယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

ျပင္သစ္အသင္းဟာ ကာတာမွာ ကမာၻ႔ဖလားကို ကိုင္ေျမႇာက္ႏိုင္ဖို႔ ေရပန္းအစားဆုံးအသင္းေတြထဲမွာ အပါအဝင္ျဖစ္ၿပီး ရီယို ဖာဒီနန္က ၂၀၁၈ ကမာၻ႔ဖလား ခ်န္ပီယံေတြကို ကမာၻ႔ဖလားမွာ အေကာင္းဆုံးအသင္းေတြထဲက တစ္သင္းလို႔ ေျပာဆိုခဲ့ပါတယ္။

“ကြၽန္ေတာ္ အဂၤလန္ရဲ႕ ခံစစ္ပိုင္းကို စိုးရိမ္မိတယ္။ ဒဏ္ရာျပႆနာေတြန႔ ကစားသမားေတြက သူတို႔ ကလပ္အသင္းေတြအတြက္ လုံလုံေလာက္ေလာက္ ကစားေနရတာမရွိဘူး။ အဲဒါက ခက္ခဲလာေတာ့မွာပါ။ ျပင္သစ္၊ ဘရာဇီးလ္၊ အာဂ်င္တီးနားတို႔က ထူးခြၽန္တဲ့အသင္းေတြပါ။ သူတို႔ရဲ႕ လူစာရင္းရဲ႕ အရည္အေသြးက ေကာင္းမြန္ပါတယ္။ အထူးသျဖင့္ ျပင္သစ္နဲ႔ ဘရာဇီးလ္လူစာရင္းအရည္အေသြးက ႐ူးသြပ္ခ်င္စရာပါ”

“ကြၽန္ေတာ္တို႔ အဂၤလန္မွာ အဲဒီလို အရည္အေသြးမ်ိဳးမရွိဘူးလို႔ ထင္တယ္။ ကြၽန္ေတာ္တို႔ သူတို႔ကို လိုက္မီဖို႔ဆိုရင္ ႐ုပ္ပိုင္းဆိုင္ရာအရ ၿပီးျပည့္စုံေနမွ ရပါမယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.