International World Cup

နေမာတောင် မျက်လုံးပြူးခဲ့ရတဲ့ မာတီနယ်လီပါဝင်လာမှုကို ဖြေရှင်းလိုက်တဲ့ တီတီ

ဘရာဇီးလ်လက်ရွေးစင်နည်းပြ တီတီက နေမာတောင်မှ မာတီနယ်လီကို လက်ရွေးစင်လူစာရင်းထဲ ရွေးချယ်ခဲ့တာ အံ့အားသင့်သွားခဲ့တယ်လို့ ထင်မြင်နေကြချိန်မှာ ဘာကြောင့် အာဆင်နယ်ကြယ်ပွင့်ကို လူစာရင်းထဲ ထည့်သွင်းခဲ့တာလဲဆိုတာကို ရှင်းလင်းပြောကြားလိုက်ပါတယ်။

အသက် ၂၁ နှစ်အရွယ် တောင်ပံတိုက်စစ်ကစားသမားဟာ ယခုရာသီမှာ အာဆင်နယ်အသင်းအတွက် အကောင်းဆုံးပုံစံ ပြသနေသူဖြစ်ပြီး ပရီးမီးယားလိဂ် ၁၃ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပြီးနောက် ဂန်းနားတွေကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ကူညီနိုင်ခဲ့တာဖြစ်ပါတယ်။

မာတီနယ်လီဟာ အာဆင်နယ်အသင်းအတွက် အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပြသနေပေမယ့်လည်း စက်တင်ဘာလက နိုင်ငံတကာပွဲစဉ်တွေအတွက် ဘရာဇီးလ် လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်းမှာလည်း ထပ်မံလွဲချော်ဦးမယ်လို့ ထင်မြင်ခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တနင်္လာနေ့မှာ အာဆင်နယ်ကြယ်ပွင့်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်လက်ရွေးစင်အသင်းအတွက် ကိုယ်စားပြု ပါဝင်ကစားပေးခွင့် ရရှိမှာဖြစ်တယ်လို့ အတည်ပြုခြင်းခံခဲ့ရပြီး လီဗာပူးလ်ကြယ်ပွင့် ဖာမီနိုနဲ့ အက်သလက်တီကို မက်ဒရစ်ကြယ်ပွင့် ကွန်ညာတို့လို ကစားသမားတွေက ချန်လှပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

မာတီနယ်လီဟာ ဘရာဇီးလ်အသင်းလူစာရင်းထဲမှာ နိုင်ငံတကာပွဲစဉ်အတွေ့အကြုံ အနည်းပါးဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး အာဆင်နယ်ကြယ်ပွင့်ထက် နိုင်ငံတကာပွဲစဉ် ပါဝင်ကစားပေးထားတဲ့အရေအတွက် ပိုမိုနည်းပါးသူဆိုလို့ ဂျူဗင်တပ်နောက်ခံလူ ဘရီမာနဲ့ ဖလာမင်ဂို တိုက်စစ်မှူး ပက်ဒရိုတို့သာ ရှိတော့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဘရာဇီးလ်နည်းပြ တီတီက အာဆင်နယ်ကြယ်ပွင့်ရဲ့ အရည်အချင်းကို ယုံကြည်မှု အပြည့်ရှိနေပြီး လျင်မြန်မှုနဲ့ တစ်ဦးချင်း ဖြတ်ကျော်နိုင်စွမ်းက ဘရာဇီးလ်လူစာရင်းထဲက တစ်နေရာ ရရှိစေခဲ့တာဖြစ်တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“ကျွန်တော်တို့ မာတီနယ်လီရဲ့ ခပ်ကြမ်းကြမ်းကစားနိုင်တဲ့အစွမ်းကို သဘောကျပါတယ်။ သူက ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်ရဲ့ ထိပ်တန်းကစားသမားတွေထဲက တစ်ဦးပါ။ သူက တစ်ဦးချင်းရင်ဆိုင်ရာမှာ ကောင်းမွန်ပြီး အကူးအပြောင်းမှာလည်း အရမ်းကို လျင်မြန်ပါတယ်။ သူက ကောင်းမွန်တဲ့အဆင့်အတန်းတစ်ခုမှာ တည်တည်ငြိမ်ငြိမ်နဲ့ ကစားနေခဲ့တာပါ”လို့ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘရာဇီးလ္လက္ေ႐ြးစင္နည္းျပ တီတီက ေနမာေတာင္မွ မာတီနယ္လီကို လက္ေ႐ြးစင္လူစာရင္းထဲ ေ႐ြးခ်ယ္ခဲ့တာ အံ့အားသင့္သြားခဲ့တယ္လို႔ ထင္ျမင္ေနၾကခ်ိန္မွာ ဘာေၾကာင့္ အာဆင္နယ္ၾကယ္ပြင့္ကို လူစာရင္းထဲ ထည့္သြင္းခဲ့တာလဲဆိုတာကို ရွင္းလင္းေျပာၾကားလိုက္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ေတာင္ပံတိုက္စစ္ကစားသမားဟာ ယခုရာသီမွာ အာဆင္နယ္အသင္းအတြက္ အေကာင္းဆုံးပုံစံ ျပသေနသူျဖစ္ၿပီး ပရီးမီးယားလိဂ္ ၁၃ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ၿပီးေနာက္ ဂန္းနားေတြကို အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္ေအာင္ ကူညီႏိုင္ခဲ့တာျဖစ္ပါတယ္။

မာတီနယ္လီဟာ အာဆင္နယ္အသင္းအတြက္ အလြန္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ျပသေနေပမယ့္လည္း စက္တင္ဘာလက ႏိုင္ငံတကာပြဲစဥ္ေတြအတြက္ ဘရာဇီးလ္ လူစာရင္းမွာ ခ်န္လွပ္ျခင္းခံခဲ့ရၿပီးေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ လူစာရင္းမွာလည္း ထပ္မံလြဲေခ်ာ္ဦးမယ္လို႔ ထင္ျမင္ခဲ့ၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တနလၤာေန႔မွာ အာဆင္နယ္ၾကယ္ပြင့္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းအတြက္ ကိုယ္စားျပဳ ပါဝင္ကစားေပးခြင့္ ရရွိမွာျဖစ္တယ္လို႔ အတည္ျပဳျခင္းခံခဲ့ရၿပီး လီဗာပူးလ္ၾကယ္ပြင့္ ဖာမီႏိုနဲ႔ အက္သလက္တီကို မက္ဒရစ္ၾကယ္ပြင့္ ကြန္ညာတို႔လို ကစားသမားေတြက ခ်န္လွပ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

မာတီနယ္လီဟာ ဘရာဇီးလ္အသင္းလူစာရင္းထဲမွာ ႏိုင္ငံတကာပြဲစဥ္အေတြ႕အႀကဳံ အနည္းပါးဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး အာဆင္နယ္ၾကယ္ပြင့္ထက္ ႏိုင္ငံတကာပြဲစဥ္ ပါဝင္ကစားေပးထားတဲ့အေရအတြက္ ပိုမိုနည္းပါးသူဆိုလို႔ ဂ်ဴဗင္တပ္ေနာက္ခံလူ ဘရီမာနဲ႔ ဖလာမင္ဂို တိုက္စစ္မႉး ပက္ဒ႐ိုတို႔သာ ရွိေတာ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဘရာဇီးလ္နည္းျပ တီတီက အာဆင္နယ္ၾကယ္ပြင့္ရဲ႕ အရည္အခ်င္းကို ယုံၾကည္မႈ အျပည့္ရွိေနၿပီး လ်င္ျမန္မႈနဲ႔ တစ္ဦးခ်င္း ျဖတ္ေက်ာ္ႏိုင္စြမ္းက ဘရာဇီးလ္လူစာရင္းထဲက တစ္ေနရာ ရရွိေစခဲ့တာျဖစ္တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“ကြၽန္ေတာ္တို႔ မာတီနယ္လီရဲ႕ ခပ္ၾကမ္းၾကမ္းကစားႏိုင္တဲ့အစြမ္းကို သေဘာက်ပါတယ္။ သူက ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးက အာဆင္နယ္ရဲ႕ ထိပ္တန္းကစားသမားေတြထဲက တစ္ဦးပါ။ သူက တစ္ဦးခ်င္းရင္ဆိုင္ရာမွာ ေကာင္းမြန္ၿပီး အကူးအေျပာင္းမွာလည္း အရမ္းကို လ်င္ျမန္ပါတယ္။ သူက ေကာင္းမြန္တဲ့အဆင့္အတန္းတစ္ခုမွာ တည္တည္ၿငိမ္ၿငိမ္နဲ႔ ကစားေနခဲ့တာပါ”လို႔ ရွင္းလင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.