Premier League

အာရှသားလေးကို မခေါ်ယူမိတာ ဘဝမှာ အကြီးမားဆုံးနောင်တလို့ ဝန်ခံခဲ့တဲ့ ကလော့ပ်

လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က အသင်းအတွက် တော့တင်ဟမ်ဟော့စပါးရဲ့ ကမ္ဘာ့အဆင့် တိုက်စစ်မှူးကို မခေါ်ယူခဲ့မိတာ နောင်တရမိတယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်ဟာ ပြီးခဲ့တဲ့အပတ်မှာ တော့တင်ဟမ်ဟော့စပါးကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး နော်တင်ဟမ် ဖောရက်စ်နဲ့ လိဒ်စ်တို့ကို ရှုံးနိမ့်ခဲ့တဲ့ ကလော့ပ်ရဲ့ အသင်းအတွက် မဖြစ်မနေ လိုအပ်နေတဲ့ အနိုင် ၃ မှတ် ရရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ရာသီကို ခက်ခဲစွာ စတင်နိုင်ခဲ့ပြီးနောက် အဆင့် ၈ နေရာမှာ ရပ်တည်နေပေမယ့်လည်း လက်ရှိမှာ အဆင့် ၄ နေရာက တော့တင်ဟမ်ဟော့စပါးနဲ့ ၇ မှတ်သာ ကွာဟတော့တာ ဖြစ်ပါတယ်။

အန်တိုနီယို ကွန်တီရဲ့ အသင်းကလည်း ပုံမှန်ခြေစွမ်း မပြသနိုင်မှုနဲ့ ကြံ့ခိုင်မှု ပြဿနာတွေကြောင့် ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ရုန်းကန်ခဲ့ရတာဖြစ်ပြီး ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကြယ်ပွင့်တိုက်စစ်မှူး ဆွန်ဟောင်မင် မပါဝင်ဘဲ လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့အပတ်က မာဆေးလ်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရရှိခဲ့တဲ့ မျက်လုံးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲကိုပါ လွဲချော်မယ့်အရေးနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဆွန်ဟောင်မင် မပါဝင်နိုင်မှုက လီဗာပူးလ်အတွက် အကူအညီဖြစ်စေခဲ့တာဖြစ်ပြီး ယာဂန် ကလော့ပ်က ၎င်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် တောင်ကိုရီးယားတိုက်စစ်မှူးအနေနဲ့ ပြန်လည်သက်သာလာတာကို မြင်တွေ့ရဖို့ မျှော်လင့်မိတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်နည်းပြက မာဆေးဆိုဒ်အသင်းအတွက် တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်တိုက်စစ်မှူးကို မခေါ်ယူခဲ့တာက အမှားပြုလုပ်မိခဲ့တာဖြစ်တယ်လို့လည်း ဝန်ခံ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော့်ဘဝမှာ အကြီးမားဆုံး အမှားတွေထဲက တစ်ခုက ဆွန်ကို မခေါ်ယူခဲ့တာပါ။ ထူးချွန်တယ်။ ကမ္ဘာ့အဆင့်ကစားသမားပါ။ ကမ္ဘာပေါ်က အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးပါ။ ကျွန်တော် ကြားခဲ့တာက သူ အဆင်ပြေသွားမှာပါတဲ့။ မျက်နှာဖုံးစွပ်တပ်ဖို့ လိုအပ်ကောင်း လိုအပ်နိုင်ပေမယ့် မျက်နှာဖုံးစွပ်နဲ့ဆိုရင်တောင်မှ သူက အဆင်ပြေပါလိမ့်မယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ လွန်ခဲ့တဲ့ ၇ နှစ်က လေဗာကူဆင်အသင်းကနေ တော့တင်ဟမ်ဟော့စပါးကို ပေါင် ၂၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး အဲဒီအချိန်တည်းက ကမ္ဘာ့ဘောလုံးလောကမှာ ကြောက်မက်ဖွယ်အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ဦးဖြစ်လာခဲ့သူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လီဗာပူးလ္နည္းျပ ယာဂန္ ကေလာ့ပ္က အသင္းအတြက္ ေတာ့တင္ဟမ္ေဟာ့စပါးရဲ႕ ကမာၻ႔အဆင့္ တိုက္စစ္မႉးကို မေခၚယူခဲ့မိတာ ေနာင္တရမိတယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

လီဗာပူးလ္ဟာ ၿပီးခဲ့တဲ့အပတ္မွာ ေတာ့တင္ဟမ္ေဟာ့စပါးကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ လိဒ္စ္တို႔ကို ရႈံးနိမ့္ခဲ့တဲ့ ကေလာ့ပ္ရဲ႕ အသင္းအတြက္ မျဖစ္မေန လိုအပ္ေနတဲ့ အႏိုင္ ၃ မွတ္ ရရွိခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္ဟာ ရာသီကို ခက္ခဲစြာ စတင္ႏိုင္ခဲ့ၿပီးေနာက္ အဆင့္ ၈ ေနရာမွာ ရပ္တည္ေနေပမယ့္လည္း လက္ရွိမွာ အဆင့္ ၄ ေနရာက ေတာ့တင္ဟမ္ေဟာ့စပါးနဲ႔ ၇ မွတ္သာ ကြာဟေတာ့တာ ျဖစ္ပါတယ္။

အန္တိုနီယို ကြန္တီရဲ႕ အသင္းကလည္း ပုံမွန္ေျခစြမ္း မျပသႏိုင္မႈနဲ႔ ႀကံ့ခိုင္မႈ ျပႆနာေတြေၾကာင့္ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ႐ုန္းကန္ခဲ့ရတာျဖစ္ၿပီး ၿပီးခဲ့တဲ့တနဂၤေႏြေန႔က ၾကယ္ပြင့္တိုက္စစ္မႉး ဆြန္ေဟာင္မင္ မပါဝင္ဘဲ လီဗာပူးလ္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ဟာ ၿပီးခဲ့တဲ့အပတ္က မာေဆးလ္ကို အႏိုင္ရရွိခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ရရွိခဲ့တဲ့ မ်က္လုံးဒဏ္ရာကို ခြဲစိတ္ကုသမႈ ခံယူခဲ့ရၿပီးေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲကိုပါ လြဲေခ်ာ္မယ့္အေရးနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ မပါဝင္ႏိုင္မႈက လီဗာပူးလ္အတြက္ အကူအညီျဖစ္ေစခဲ့တာျဖစ္ၿပီး ယာဂန္ ကေလာ့ပ္က ၎အေနနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲမတိုင္ခင္ ေတာင္ကိုရီးယားတိုက္စစ္မႉးအေနနဲ႔ ျပန္လည္သက္သာလာတာကို ျမင္ေတြ႕ရဖို႔ ေမွ်ာ္လင့္မိတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္နည္းျပက မာေဆးဆိုဒ္အသင္းအတြက္ ေတာ့တင္ဟမ္ေဟာ့စပါးၾကယ္ပြင့္တိုက္စစ္မႉးကို မေခၚယူခဲ့တာက အမွားျပဳလုပ္မိခဲ့တာျဖစ္တယ္လို႔လည္း ဝန္ခံ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ့္ဘဝမွာ အႀကီးမားဆုံး အမွားေတြထဲက တစ္ခုက ဆြန္ကို မေခၚယူခဲ့တာပါ။ ထူးခြၽန္တယ္။ ကမာၻ႔အဆင့္ကစားသမားပါ။ ကမာၻေပၚက အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးပါ။ ကြၽန္ေတာ္ ၾကားခဲ့တာက သူ အဆင္ေျပသြားမွာပါတဲ့။ မ်က္ႏွာဖုံးစြပ္တပ္ဖို႔ လိုအပ္ေကာင္း လိုအပ္ႏိုင္ေပမယ့္ မ်က္ႏွာဖုံးစြပ္နဲ႔ဆိုရင္ေတာင္မွ သူက အဆင္ေျပပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ဟာ လြန္ခဲ့တဲ့ ၇ ႏွစ္က ေလဗာကူဆင္အသင္းကေန ေတာ့တင္ဟမ္ေဟာ့စပါးကို ေပါင္ ၂၂ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး အဲဒီအခ်ိန္တည္းက ကမာၻ႔ေဘာလုံးေလာကမွာ ေၾကာက္မက္ဖြယ္အေကာင္းဆုံးတိုက္စစ္မႉးေတြထဲက တစ္ဦးျဖစ္လာခဲ့သူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.