Premier League

အာဆင်နယ်ရဲ့ဖလားစိန်ခေါ်မှုကို ပျက်စီးသွားစေနိုင်တဲ့ ကစားသမား ၂ ဦးကို ပြောပြခဲ့တဲ့ ဖာဒီနန်

ရီယို ဖာဒီနန်က အာဆင်နယ်အသင်းရဲ့ ပရီးမီးယားလိဂ်ဆုဖလားစိန်ခေါ်မှုဟာ ဝီလီယံ ဆာလီဘာ သို့မဟုတ် ဂါဘရီယဲလ် ဂျေဆူးစ်သာ ဒဏ်ရာရရှိသွားခဲ့မယ်ဆိုရင် ပြီးဆုံးသွားလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ချဲလ်ဆီးအသင်းကို ၁-၀ နဲ့ အထင်ကြီးဖွယ် နိုင်ပွဲနဲ့အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ အရှိန်အဟုန်နဲ့ ဆက်လက် ဦးဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဆာလီဘာက နောက်ထပ်တစ်ကြိမ် အာဆင်နယ်ရဲ့ ဗဟိုခံစစ်မှာ အထင်ကြီးဖွယ်ခြေစွမ်း ပြသခဲ့ပြီး ဂျေဆူးစ်ကလည်း ပြိုင်ပွဲစုံ ၉ ပွဲအထိ ဂိုးပေါက်ဆက်လက်ပျောက်ဆုံးခဲ့ပေမယ့်လည်း ဂန်းနားတို့အတွက် တိုက်စစ်မှာ အဓိကသော့ချက်ဖြစ်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ဆုဖလားတိုက်ပွဲအတွက် မန်စီးတီးနဲ့ ယှဉ်ပြိုင်ရာမှာ နှေးကွေးလာတဲ့ လက္ခဏာမျိုး မပြသသေးပေမယ့်လည်း ဖာဒီနန်က ဂန်းနားတို့အနေနဲ့ ဆာလီဘာနဲ့ ဂျေဆူးစ်တို့သာ မပါဝင်ဘူးဆိုရင် စွမ်းဆောင်ရည်အဆင့်အတန်းက သိသိသာသာ ကျဆင်းလာလိမ့်မယ်လို့ ယုံကြည်နေတာ ဖြစ်ပါတယ်။ သောမတ်စ် ပါတေးက အာဆင်နယ်ရဲ့ အရေးအပါဆုံးကစားသမားလို့ ပြောဆိုမှုတွေ ရှိနေပေမယ့်လည်း ဖာဒီနန်က “ကျွန်တော် သဘောမတူပါဘူး။ ခင်ဗျားရဲ့ အရေးအပါဆုံး ကစားသမားက ဆာလီဘာနဲ့ ဂျေဆူးစ်ပဲ”

“ဒီကစားသမားတွေသာ အသင်းထဲမှာ မပါဝင်ဘူးဆိုရင် လက်ရှိ ပြသနေတဲ့ အဆင့်အတန်းကနေ အကြီးကြီး ကျဆင်းသွားနိင်တယ်။ ခင်ဗျား ပါတေးရဲ့ နေရာမှာ ချာကာကို ကစားခိုင်းလို့ရပြီး ပွဲစဉ်တော်တော်များများကို ဖြတ်သန်းလို့ရတယ်။ ပြဿနာမဟုတ်ဘူး။ ဒါပေမယ့်လည်း ဂျေဆူးစ် ဒါမှမဟုတ် ဆာလီဘာရဲ့ နေရာမှာ ခင်ဗျား နကီးတီးယားနဲ့ ဟိုးဒင်းတို့ ဝင်ကစားခိုင်းရင် တူညီတဲ့ ရလဒ်မျိုးတော့ ရနိုင်တော့မှာမဟုတ်ပါဘူး။ ထိန်းချုပ်မှုက ဘောလုံးမပါဝင်ဘဲ အဓိကလုပ်ဆောင်နေတယ်ဆိုတာ ကျွန်တော် သဘောတူတယ်။ သူတို့ ချဲလ်ဆီးကို ထိန်းချုပ်ခဲ့တဲ့ပုံစံက ထူးဆန်းပါတယ်”

“အဲဒါက ခင်ဗျားကို နည်းပြဆီကနေ အလုပ်ပြင်းပြင်းထန်ထန် ကြိုးပမ်းမှုနဲ့ ကစားသမားတွေဆီကနေ အရည်အချင်း ပေါင်းစပ်ပြီး ဖြစ်သွားခဲ့တာကို ပြသနေတာပါ။ ဆာလီဘာက အရမ်းကို ကြီးမားတယ်။ သူက တကယ်ကောင်းကောင်း ကစားနိုင်ခဲ့တယ်။ သူ ထူးချွန်ခဲ့တယ်။ ပါတေးက ကွင်းလယ်မှာ လွှမ်းမိုးပြီး လွယ်ကူတဲ့ပုံပေါ်အောင် လုပ်ခဲ့တယ်”

“ဂျေဆူးစ်ကလည်း ဂိုးမသွင်းတာကလွဲပြီး အရာအားလုံးလုပ်ခဲ့တယ်။ ကျွန်တော် ဂိုးဧရိယာထဲကမှာ ဂိုးခြိမ်းခြောက်မှု ဖြစ်လာအောင် သူ့ရဲ့ စွမ်းဆောင်ရည်ကို နည်းနည်း အပြောင်းအလဲလုပ်ဖို့ လိုတယ်လို့ ခံစားရတယ်။ သူသာ အဲဒါကို လုပ်နိုင်ရင် ပင်နယ်တီဧရိယာအပြင်ဘက်မှာ သူလုပ်နေတာတွေ၊ ဘယ်နောက်ခံနေရာကို ကာဗာလုပ်ပေးနေတာတွေနဲ့ဆိုရင် ရူးသွပ်ချင်စရာဖြစ်လာမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီယို ဖာဒီနန္က အာဆင္နယ္အသင္းရဲ႕ ပရီးမီးယားလိဂ္ဆုဖလားစိန္ေခၚမႈဟာ ဝီလီယံ ဆာလီဘာ သို႔မဟုတ္ ဂါဘရီယဲလ္ ေဂ်ဆူးစ္သာ ဒဏ္ရာရရွိသြားခဲ့မယ္ဆိုရင္ ၿပီးဆုံးသြားလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

အာတီတာရဲ႕အသင္းဟာ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ခ်ဲလ္ဆီးအသင္းကို ၁-၀ နဲ႔ အထင္ႀကီးဖြယ္ ႏိုင္ပြဲနဲ႔အတူ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား ထိပ္ဆုံးေနရာမွာ အရွိန္အဟုန္နဲ႔ ဆက္လက္ ဦးေဆာင္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဆာလီဘာက ေနာက္ထပ္တစ္ႀကိမ္ အာဆင္နယ္ရဲ႕ ဗဟိုခံစစ္မွာ အထင္ႀကီးဖြယ္ေျခစြမ္း ျပသခဲ့ၿပီး ေဂ်ဆူးစ္ကလည္း ၿပိဳင္ပြဲစုံ ၉ ပြဲအထိ ဂိုးေပါက္ဆက္လက္ေပ်ာက္ဆုံးခဲ့ေပမယ့္လည္း ဂန္းနားတို႔အတြက္ တိုက္စစ္မွာ အဓိကေသာ့ခ်က္ျဖစ္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ဆုဖလားတိုက္ပြဲအတြက္ မန္စီးတီးနဲ႔ ယွဥ္ၿပိဳင္ရာမွာ ေႏွးေကြးလာတဲ့ လကၡဏာမ်ိဳး မျပသေသးေပမယ့္လည္း ဖာဒီနန္က ဂန္းနားတို႔အေနနဲ႔ ဆာလီဘာနဲ႔ ေဂ်ဆူးစ္တို႔သာ မပါဝင္ဘူးဆိုရင္ စြမ္းေဆာင္ရည္အဆင့္အတန္းက သိသိသာသာ က်ဆင္းလာလိမ့္မယ္လို႔ ယုံၾကည္ေနတာ ျဖစ္ပါတယ္။ ေသာမတ္စ္ ပါေတးက အာဆင္နယ္ရဲ႕ အေရးအပါဆုံးကစားသမားလို႔ ေျပာဆိုမႈေတြ ရွိေနေပမယ့္လည္း ဖာဒီနန္က “ကြၽန္ေတာ္ သေဘာမတူပါဘူး။ ခင္ဗ်ားရဲ႕ အေရးအပါဆုံး ကစားသမားက ဆာလီဘာနဲ႔ ေဂ်ဆူးစ္ပဲ”

“ဒီကစားသမားေတြသာ အသင္းထဲမွာ မပါဝင္ဘူးဆိုရင္ လက္ရွိ ျပသေနတဲ့ အဆင့္အတန္းကေန အႀကီးႀကီး က်ဆင္းသြားနိင္တယ္။ ခင္ဗ်ား ပါေတးရဲ႕ ေနရာမွာ ခ်ာကာကို ကစားခိုင္းလို႔ရၿပီး ပြဲစဥ္ေတာ္ေတာ္မ်ားမ်ားကို ျဖတ္သန္းလို႔ရတယ္။ ျပႆနာမဟုတ္ဘူး။ ဒါေပမယ့္လည္း ေဂ်ဆူးစ္ ဒါမွမဟုတ္ ဆာလီဘာရဲ႕ ေနရာမွာ ခင္ဗ်ား နကီးတီးယားနဲ႔ ဟိုးဒင္းတို႔ ဝင္ကစားခိုင္းရင္ တူညီတဲ့ ရလဒ္မ်ိဳးေတာ့ ရႏိုင္ေတာ့မွာမဟုတ္ပါဘူး။ ထိန္းခ်ဳပ္မႈက ေဘာလုံးမပါဝင္ဘဲ အဓိကလုပ္ေဆာင္ေနတယ္ဆိုတာ ကြၽန္ေတာ္ သေဘာတူတယ္။ သူတို႔ ခ်ဲလ္ဆီးကို ထိန္းခ်ဳပ္ခဲ့တဲ့ပုံစံက ထူးဆန္းပါတယ္”

“အဲဒါက ခင္ဗ်ားကို နည္းျပဆီကေန အလုပ္ျပင္းျပင္းထန္ထန္ ႀကိဳးပမ္းမႈနဲ႔ ကစားသမားေတြဆီကေန အရည္အခ်င္း ေပါင္းစပ္ၿပီး ျဖစ္သြားခဲ့တာကို ျပသေနတာပါ။ ဆာလီဘာက အရမ္းကို ႀကီးမားတယ္။ သူက တကယ္ေကာင္းေကာင္း ကစားႏိုင္ခဲ့တယ္။ သူ ထူးခြၽန္ခဲ့တယ္။ ပါေတးက ကြင္းလယ္မွာ လႊမ္းမိုးၿပီး လြယ္ကူတဲ့ပုံေပၚေအာင္ လုပ္ခဲ့တယ္”

“ေဂ်ဆူးစ္ကလည္း ဂိုးမသြင္းတာကလြဲၿပီး အရာအားလုံးလုပ္ခဲ့တယ္။ ကြၽန္ေတာ္ ဂိုးဧရိယာထဲကမွာ ဂိုးၿခိမ္းေျခာက္မႈ ျဖစ္လာေအာင္ သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို နည္းနည္း အေျပာင္းအလဲလုပ္ဖို႔ လိုတယ္လို႔ ခံစားရတယ္။ သူသာ အဲဒါကို လုပ္ႏိုင္ရင္ ပင္နယ္တီဧရိယာအျပင္ဘက္မွာ သူလုပ္ေနတာေတြ၊ ဘယ္ေနာက္ခံေနရာကို ကာဗာလုပ္ေပးေနတာေတြနဲ႔ဆိုရင္ ႐ူးသြပ္ခ်င္စရာျဖစ္လာမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.