Other

ဖလားယူပြီး အိမ်ပြန်အရောက်မှာ စစ်တပ်ရဲ့ဖမ်းဆီးခြင်းခံခဲ့ရတဲ့ အီရန်သဲသောင်ပြင်အသင်း

အီရန်နိုင်ငံက တာဝန်ရှိသူတွေဟာ အီရန်လက်ရွေးစင် သဲသောင်ပြင်ဘောလုံးအသင်းတစ်သင်းလုံးကို ဖမ်းဆီးဖို့အတွက် စစ်တပ်ရဲ့ အကူအညီကို ရယူခဲ့တယ်လို့ သိရပါတယ်။

ကစားသမားတွေဟာ နိုင်ငံတကာအဆင့်မှာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြတောင်းဆိုသူတွေနဲ့ တစ်သားတည်း ရှိကြောင်း ပြသဖို့ ရွေးချယ်ခဲ့ပြီးနောက် အခုလို အခြေအနေ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ အီရန်အသင်းဟာ ယူအေအီးမှာ ကျင်းပပြုလုပ်နေတဲ့ အမ်းမရိတ်စ် တိုက်ကြီးများကြား သဲသောင်ပြင်ဘောလုံးဖလားပြိုင်ပွဲမှာ ဘရာဇီးလ်ကို အနိုင်ရရှိပြီး ဖလားရရှိခဲ့တာဖြစ်ပြီး ဆာအိဒ် ပီရာမွန်းက ဗိုလ်လုပွဲ နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီပွဲစဉ်ဟာ ကစားသမားတွေအတွက်တော့ အစိုးရရဲ့စံနှုန်းများအရ Hijab ဝတ်ဆင်ခြင်းမရှိမှုကြောင့် ဖမ်းဆီးခံရပြီးနောက် တဟီရန်က ဆေးရုံမှာ သံသယဖြစ်ဖွယ်အခြေအနေနဲ့ သေဆုံးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် မာဆာ အေမီနီနဲ့ပတ်သက်ပြီး တိုင်ပြည်တွင်း နိုင်ငံရေး မငြိမ်မသက်မှုတွေအပေါ် ခံစားချက်တွေကို ဖွင့်ဟဖို့ အခွင့်အရေးအဖြစ် အသုံးပြုခြင်းခံခဲ့ရတာဖြစ်ပါတယ်။ အေမီနီဟာ hijab ကို ကောင်းစွာ ဝတ်ဆင်ခြင်းမရှိမှုကြောင့် ဖမ်းဆီးခံခဲ့ရပေမယ့်လည်း ရဲတပ်ဖွဲ့က ချုပ်နှောင်ထိန်းသိမ်းထားစဉ် သေဆုံးခဲ့တာကြောင့် ဒေသတွင်းမှာ လူစုလူဝေးနဲ့ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဘရာဇီးလ်နဲ့ အီရန်တို့ ကစားခဲ့တဲ့ပွဲမတိုင်ခင် အီရန် ကစားသမားတွေဟာ နိုင်ငံတော်သီချင်းကို မသီဆိုဘဲ မတ်တပ်ရပ်နေခဲ့ကြတာဖြစ်ပြီး ပွဲစဉ်အတွင်းမှာလည်း ပီရာမွန်းက အနိုင်ဂိုးကို သွင်းယူပြီးနောက် ၎င်းရဲ့ ဆံပင်ကို ဆွဲပြီး ညှပ်တဲ့ပုံစံလုပ်ပြပြီး အီရန်က အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် ထောက်ခံတဲ့ အပြုအမူကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။


ကစားသမားတွေဟာ ဘရာဇီးလ်အသင်းကို အနိုင်ရရှိပြီး အမ်းမရိတ်စ် တိုက်ကြီးများကြားသဲသောင်ပြင်ဘောလုံးဖလား ရရှိခဲ့မှုကို အောင်ပွဲခံဖို့လည်း ငြင်းပယ်ခဲ့တယ်လို့ နားလည်ရပြီး ၎င်းတို့ရဲ့ ရပ်တည်ချက်ဟာ ဘောလုံးအသိုင်းအဝိုင်းဆီကနေ ချီးကျူးမှုတွေ များစွာ ရရှိခဲ့ပေမယ့်လည်း အီရန် တာဝန်ရှိသူတွေအတွက်တော့ နှစ်သက်စရာမဟုတ်ခဲ့ပုံမပေါ်တာဖြစ်ပါတယ်။

အီရန် ဘောလုံးအဖွဲ့ချုပ်က နိုင်ငံရေးနဲ့ပတ်သက်တဲ့ လုပ်ရပ်ကို လုပ်ဆောင်ခဲ့တဲ့ ဆန္ဒပြသူတွေဟာ အရေးယူခြင်းခံရမယ်လို့ ထုတ်ပြန်ကြေညာချက်ထဲမှာ ခြိမ်းခြောက်ခဲ့ပါတယ်။

လက်ရှိမှာတော့ Viral Tab ရဲ့ ဖော်ပြချက်အရ စစ်သားတွေဟာ အီရန်သဲသောင်ပြင်ဘောလုံးအသင်းကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီလို့ သိရပြီး ကစားသမားတွေဟာ ယူအေအီးကနေ အိမ်ကို ပြန်လည်ရောက်ရှိပြီးနောက် ယူနီဖောင်းဝတ်ထားတဲ့ အမျိုးသား ၁၅ ဦးထက်ပိုတဲ့ လူအုပ်စုရဲ့ ဘယ်နေရာမှန်းမသိတဲ့ နေရာကို အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခြင်းခံခဲ့ရတယ်လို့ ယင်းသတင်းက ဖော်ပြခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အီရန္ႏိုင္ငံက တာဝန္ရွိသူေတြဟာ အီရန္လက္ေ႐ြးစင္ သဲေသာင္ျပင္ေဘာလုံးအသင္းတစ္သင္းလုံးကို ဖမ္းဆီးဖို႔အတြက္ စစ္တပ္ရဲ႕ အကူအညီကို ရယူခဲ့တယ္လို႔ သိရပါတယ္။

ကစားသမားေတြဟာ ႏိုင္ငံတကာအဆင့္မွာ အစိုးရ ဆန႔္က်င္ေရး ဆႏၵျပေတာင္းဆိုသူေတြနဲ႔ တစ္သားတည္း ရွိေၾကာင္း ျပသဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီးေနာက္ အခုလို အေျခအေန ျဖစ္လာခဲ့တာျဖစ္ပါတယ္။ အီရန္အသင္းဟာ ယူေအအီးမွာ က်င္းပျပဳလုပ္ေနတဲ့ အမ္းမရိတ္စ္ တိုက္ႀကီးမ်ားၾကား သဲေသာင္ျပင္ေဘာလုံးဖလားၿပိဳင္ပြဲမွာ ဘရာဇီးလ္ကို အႏိုင္ရရွိၿပီး ဖလားရရွိခဲ့တာျဖစ္ၿပီး ဆာအိဒ္ ပီရာမြန္းက ဗိုလ္လုပြဲ ေနာက္ဆုံးမိနစ္မွာ အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဒီပြဲစဥ္ဟာ ကစားသမားေတြအတြက္ေတာ့ အစိုးရရဲ႕စံႏႈန္းမ်ားအရ Hijab ဝတ္ဆင္ျခင္းမရွိမႈေၾကာင့္ ဖမ္းဆီးခံရၿပီးေနာက္ တဟီရန္က ေဆး႐ုံမွာ သံသယျဖစ္ဖြယ္အေျခအေနနဲ႔ ေသဆုံးခဲ့တဲ့ အသက္ ၂၂ ႏွစ္အ႐ြယ္ မာဆာ ေအမီနီနဲ႔ပတ္သက္ၿပီး တိုင္ျပည္တြင္း ႏိုင္ငံေရး မၿငိမ္မသက္မႈေတြအေပၚ ခံစားခ်က္ေတြကို ဖြင့္ဟဖို႔ အခြင့္အေရးအျဖစ္ အသုံးျပဳျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ေအမီနီဟာ hijab ကို ေကာင္းစြာ ဝတ္ဆင္ျခင္းမရွိမႈေၾကာင့္ ဖမ္းဆီးခံခဲ့ရေပမယ့္လည္း ရဲတပ္ဖြဲ႕က ခ်ဳပ္ေႏွာင္ထိန္းသိမ္းထားစဥ္ ေသဆုံးခဲ့တာေၾကာင့္ ေဒသတြင္းမွာ လူစုလူေဝးနဲ႔ ဆႏၵျပမႈေတြ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဘရာဇီးလ္နဲ႔ အီရန္တို႔ ကစားခဲ့တဲ့ပြဲမတိုင္ခင္ အီရန္ ကစားသမားေတြဟာ ႏိုင္ငံေတာ္သီခ်င္းကို မသီဆိုဘဲ မတ္တပ္ရပ္ေနခဲ့ၾကတာျဖစ္ၿပီး ပြဲစဥ္အတြင္းမွာလည္း ပီရာမြန္းက အႏိုင္ဂိုးကို သြင္းယူၿပီးေနာက္ ၎ရဲ႕ ဆံပင္ကို ဆြဲၿပီး ညႇပ္တဲ့ပုံစံလုပ္ျပၿပီး အီရန္က အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးအတြက္ ေထာက္ခံတဲ့ အျပဳအမူကို ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။

ကစားသမားေတြဟာ ဘရာဇီးလ္အသင္းကို အႏိုင္ရရွိၿပီး အမ္းမရိတ္စ္ တိုက္ႀကီးမ်ားၾကားသဲေသာင္ျပင္ေဘာလုံးဖလား ရရွိခဲ့မႈကို ေအာင္ပြဲခံဖို႔လည္း ျငင္းပယ္ခဲ့တယ္လို႔ နားလည္ရၿပီး ၎တို႔ရဲ႕ ရပ္တည္ခ်က္ဟာ ေဘာလုံးအသိုင္းအဝိုင္းဆီကေန ခ်ီးက်ဴးမႈေတြ မ်ားစြာ ရရွိခဲ့ေပမယ့္လည္း အီရန္ တာဝန္ရွိသူေတြအတြက္ေတာ့ ႏွစ္သက္စရာမဟုတ္ခဲ့ပုံမေပၚတာျဖစ္ပါတယ္။

အီရန္ ေဘာလုံးအဖြဲ႕ခ်ဳပ္က ႏိုင္ငံေရးနဲ႔ပတ္သက္တဲ့ လုပ္ရပ္ကို လုပ္ေဆာင္ခဲ့တဲ့ ဆႏၵျပသူေတြဟာ အေရးယူျခင္းခံရမယ္လို႔ ထုတ္ျပန္ေၾကညာခ်က္ထဲမွာ ၿခိမ္းေျခာက္ခဲ့ပါတယ္။

လက္ရွိမွာေတာ့ Viral Tab ရဲ႕ ေဖာ္ျပခ်က္အရ စစ္သားေတြဟာ အီရန္သဲေသာင္ျပင္ေဘာလုံးအသင္းကို ဖမ္းဆီး ထိန္းသိမ္းလိုက္ၿပီလို႔ သိရၿပီး ကစားသမားေတြဟာ ယူေအအီးကေန အိမ္ကို ျပန္လည္ေရာက္ရွိၿပီးေနာက္ ယူနီေဖာင္းဝတ္ထားတဲ့ အမ်ိဳးသား ၁၅ ဦးထက္ပိုတဲ့ လူအုပ္စုရဲ႕ ဘယ္ေနရာမွန္းမသိတဲ့ ေနရာကို အတင္းအဓမၼဖမ္းဆီး ေခၚေဆာင္သြားျခင္းခံခဲ့ရတယ္လို႔ ယင္းသတင္းက ေဖာ္ျပခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.