Other

မစ်ဒယ်ဝိတ်ခါးပတ်အတွက် တိုက်ပွဲဝင်သွားကြမယ့် ရိုင်နီယာနဲ့ မာလီခင်

ဒီနေ့ည ကာတာမှာ ဝမ်းချန်ပီယံရှစ် ပွဲကြီးပွဲကောင်းအဖြစ် မစ်ဒယ်ဝိတ်ချန်ပီယံဆုအတွက် ရိုင်နီယာ ဒီရစ်ဒါနဲ့ အနာတိုလီ မာလီခင်တို့ကြား တိုက်ပွဲဝင်သွားကြမှာပါ။

ဒီလက်ဝှေ့ကျော် ၂ ဦးကတော့ တစ်ယောက်နဲ့တစ်ယောက် အစိမ်းသက်သက်တော့မဟုတ်ဘဲ ပြီးခဲ့တဲ့တခေါက်တွေ့ဆုံမှုမှာ မာလီခင်က ကေအိုနဲ့ အနိုင်ရပြီး လိုက်ဟဲဗီးဝိတ်ခါးပတ်ကို ရရှိခဲ့ပြီးနောက် ဒုတိယအကြိမ် ပြန်ဆုံကြမှာပါ။ ဒီနေ့ည ဝမ်းချန်ပီယံရှစ်ပွဲစဉ်တွေကို မြန်မာစံတော်ချိန် ၇ နာရီ ၃၀ မိနစ်မှာ စတင်ကျင်းပသွားမှာဖြစ်ပြီး စုစုပေါင်း တွဲဆိုင်း ၄ တွဲ ပါဝင်ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

အခြားတွဲဆိုင်းတွေကတော့ ဂျိုရွှာ ပါစီယိုနဲ့ ဂျားရတ် ဘရွတ်ခ်စ်တို့က စထရော်ဝိတ်ခါးပတ်အတွက် တိုက်ပွဲဝင်သွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ တခေါက်တွေ့ဆုံမှုမှာ အမေရိကန်လက်ဝှေ့ကျော်က ဒိုင်ဆုံးဖြတ်ချက်နဲ့ ၂၅ မိနစ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်တုန်းက ပါစီယိုဟာ စထရော်ဝိတ်ချန်ပီယံဖြစ်ပြီး ဘရွတ်ခ်စ်က စိန်ခေါ်ထိုးသတ်သူ ဖြစ်ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဖိလစ်ပိုင်လက်ဝှေ့ကျော်က စထရော်ဝိတ်ချန်ပီယံဘွဲ့ကို တတိယအကြိမ်မြောက် ရယူသွားဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

နောက်တစ်ပွဲကလည်း ပြန်ထိုးပွဲဖြစ်ပြီး တန် ကိုင်နဲ့ သန်လီတို့ဟာ ဖယ်သာဝိတ်ချန်ပီယံဘွဲ့ကို လုသွားကြမှာဖြစ်ပြီး နောက်တစ်ပွဲကတော့ ဘူလာနဲ့ အလီယက်ဘာရီတို့ရဲ့ ဟဲဗီးဝိတ်တန်း ထိုးသတ်မယ့်ပွဲစဉ်ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဒီေန႔ည ကာတာမွာ ဝမ္းခ်န္ပီယံရွစ္ ပြဲႀကီးပြဲေကာင္းအျဖစ္ မစ္ဒယ္ဝိတ္ခ်န္ပီယံဆုအတြက္ ႐ိုင္နီယာ ဒီရစ္ဒါနဲ႔ အနာတိုလီ မာလီခင္တို႔ၾကား တိုက္ပြဲဝင္သြားၾကမွာပါ။

ဒီလက္ေဝွ႔ေက်ာ္ ၂ ဦးကေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အစိမ္းသက္သက္ေတာ့မဟုတ္ဘဲ ၿပီးခဲ့တဲ့တေခါက္ေတြ႕ဆုံမႈမွာ မာလီခင္က ေကအိုနဲ႔ အႏိုင္ရၿပီး လိုက္ဟဲဗီးဝိတ္ခါးပတ္ကို ရရွိခဲ့ၿပီးေနာက္ ဒုတိယအႀကိမ္ ျပန္ဆုံၾကမွာပါ။ ဒီေန႔ည ဝမ္းခ်န္ပီယံရွစ္ပြဲစဥ္ေတြကို ျမန္မာစံေတာ္ခ်ိန္ ၇ နာရီ ၃၀ မိနစ္မွာ စတင္က်င္းပသြားမွာျဖစ္ၿပီး စုစုေပါင္း တြဲဆိုင္း ၄ တြဲ ပါဝင္ထိုးသတ္သြားမွာ ျဖစ္ပါတယ္။

အျခားတြဲဆိုင္းေတြကေတာ့ ဂ်ိဳ႐ႊာ ပါစီယိုနဲ႔ ဂ်ားရတ္ ဘ႐ြတ္ခ္စ္တို႔က စထေရာ္ဝိတ္ခါးပတ္အတြက္ တိုက္ပြဲဝင္သြားမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ တေခါက္ေတြ႕ဆုံမႈမွာ အေမရိကန္လက္ေဝွ႔ေက်ာ္က ဒိုင္ဆုံးျဖတ္ခ်က္နဲ႔ ၂၅ မိနစ္နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

အဲဒီအခ်ိန္တုန္းက ပါစီယိုဟာ စထေရာ္ဝိတ္ခ်န္ပီယံျဖစ္ၿပီး ဘ႐ြတ္ခ္စ္က စိန္ေခၚထိုးသတ္သူ ျဖစ္ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ ဖိလစ္ပိုင္လက္ေဝွ႔ေက်ာ္က စထေရာ္ဝိတ္ခ်န္ပီယံဘြဲ႕ကို တတိယအႀကိမ္ေျမာက္ ရယူသြားဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

ေနာက္တစ္ပြဲကလည္း ျပန္ထိုးပြဲျဖစ္ၿပီး တန္ ကိုင္နဲ႔ သန္လီတို႔ဟာ ဖယ္သာဝိတ္ခ်န္ပီယံဘြဲ႕ကို လုသြားၾကမွာျဖစ္ၿပီး ေနာက္တစ္ပြဲကေတာ့ ဘူလာနဲ႔ အလီယက္ဘာရီတို႔ရဲ႕ ဟဲဗီးဝိတ္တန္း ထိုးသတ္မယ့္ပြဲစဥ္ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.