Other

ဖီဖာရဲ့ The Best ဆုကို ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းလိုက်တဲ့ ခရိုအေးရှားနည်းပြ

ခရိုအေးရှားလက်ရွေးစင်အသင်းနည်းပြ ဇလက်ကို ဒါလစ်ဟာ ဖီဖာရဲ့ ၂၀၂၂ The Best ဆုပေးပွဲမှာ အသိအမှတ်ပြုမှု ကင်းမဲ့ခဲ့တဲ့အပေါ်မှာ ၎င်းရဲ့ စိတ်ပျက်မှုကို ထုတ်ဖော်ပြောကြားခဲ့ပြီး ဖီဖာကို ပြင်းပြင်းထန်ထန် ပြစ်တင်ကြိမ်းမောင်းခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာ ခရိုအေးရှားနည်းပြအဖြစ် ခန့်အပ်ခြင်းခံခဲ့ရတဲ့ ဒါလစ်ဟာ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မျှော်မှန်းချက်တွေနဲ့ ဆန့်ကျင်ပြီး ဗိုလ်လုပွဲအထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၅၆ နှစ်အရွယ် ခရိုအေးရှားနည်းပြဟာ ၂၀၁၈ ကမ္ဘာ့ဖလားအပြီးမှာ အသင်းကို ဆက်လက်တာဝန်ယူကိုင်တွယ်ခဲ့တာဖြစ်ပြီး ၂၀၂၂-၂၀၂၃ နေးရှင်းလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။

ဒါလစ်ရဲ့ အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း နောက်ထပ်တစ်ကြိမ် မျှော်မှန်းချက်တွေကို ဆန့်ကျင်နိုင်ခဲ့ပြီး ခရိုအေးရှားအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့တဲ့ လမ်းခရီးမှာ ဘရာဇီးလ်လိုမျိုး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းကို အနိုင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ်လည်း ခရိုအေးရှားဟာ ၂ ကြိမ်ဆက်တိုက် ဗိုလ်လုပွဲတော့ တက်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ နောက်ဆုံးမှာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ အာဂျင်တီးနားအသင်းကို ၃-၀ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

Diario AS ရဲ့ ဖော်ပြချက်အရ ဒါလစ်ဟာ ဖီဖာရဲ့ The Best ဆုပေးပွဲမှာ မဲပေးဖို့ ငြင်းဆန်ခဲ့ပြီး ခရိုအေးရှားအသင်းဟာ ၎င်းတို့ ရရှိခဲ့တဲ့အောင်မြင်မှုကြောင့် လေးစားမှု ပိုမိုရရှိဖို့ ထိုက်တန်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။ “ခရိုအေးရှာအသင်းအပေါ်ထားတဲ့ ဖီဖာရဲ့ သဘောထားနဲ့ပတ်သက်ပြီး ကျွန်တော် စိတ်ပျက်မိခဲ့ပါတယ်။ ကျွန်တော်တို့ ရရှိခဲ့တဲ့ အောင်မြင်မှုအားလုံးအပေါ်မှာ အခြေခံပြီး ကျွန်တော်တို့အနေနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့အစည်းဆီကနေ ခုရရှိခဲ့တာထက် ပိုတဲ့ လေးစားမှုမျိုး ရရှိခဲ့သင့်တယ်လို့ ယုံကြည်ပါတယ်”

“ကျွန်တော်တို့က ကမ္ဘာ့ဖလားနဲ့ နေးရှင်းလိဂ်မှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်ခဲ့တဲ့ တစ်သင်းတည်းသောအသင်းဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့က ကမ္ဘာတလွှားက သတင်းခေါင်းစည်းတွေမှာ နေရာယူနိုင်ခဲ့တယ်။ ဘရာဇီးလ်ကို အနိုင်ယူခဲ့တယ်။ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းပါ။ ပြင်စသ်နဲ့အတူ ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ခုမှာ ဆုတံဆိပ် ၂ ခု ရှိခဲ့တဲ့ တစ်သင်းတည်းသောအသင်းပါ။ ဒီနှစ်မှာ ကျွန်တော်တို့ ပဲရစ်မှာ ပြင်သစ်ကို အနိုင်ယူခဲ့တယ်။ ကိုပင်ဟေဂင်မှာ ဒိန်းမတ်ကို အနိုင်ယူခဲ့ပြီး ဘရာဇီးလ်နဲ့ ဘယ်လ်ဂျီယမ်တို့ကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ဖြုတ်ပစ်နိုင်ခဲ့တယ်”

“ယူရို ၂၀၂၀ နောက်ပိုင်းကတည်းက ကျွန်တော်တို့ ကစားခဲ့တဲ့ ၂၃ ပွဲမှာ ၂ ပွဲပဲ ရှုံးနိမ်ခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကြယ်ပွင့် လူကာ မိုဒရစ်ဟာ ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ၁၄ ဦးစာရင်းထဲမှာ ပါဝင်ခဲ့တဲ့ တစ်ဦးတည်းသော ခရိုအေးရှားကစားသမားဖြစ်ခဲ့တာ ဖြစ်ပြီး ဒါလစ်က ကိုဗာချစ်နဲ့ ဂွါဒီယောလ်တို့ ၂ ဦးစလုံးဟာ ဖီဖာရဲ့ဆုအတွက် လစ်လျူရှုခြင်းခံခဲ့ရတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ဖီဖာရဲ့ The Best အမျိုးသားကစားသမားဆုအတွက် ဆန်ခါတင် ၁၄ ဦးစာရင်းကို ကြည့်လိုက်ပါ။ လူကာ မိုဒရစ်ကလွဲပြီး တခြား ခရိုအေးရှားကစားသမားတွေ ဘယ်မှာပါလို့လဲ။ ကျွန်တော် တခြားကစားသမားတွေကို မထိုက်တန်ဘူးလို့ ပြောချင်တာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ဆန်ခါတင်စာရင်းဝင်တဲ့ ကစားသမားတွေနဲ့ နည်းပြ တစ်ဦးချင်းစီအပေါ်မှာ ကြီးမားတဲ့ လေးစားမှု ရှိလို့ပါ။ ဒါပေမယ့်လည်း ကိုဗာချစ်အတွက် တကယ်ပဲ နေရာမရှိတာလား။ ဂွါဒီယောလ်အတွက် နေရာကရော။ သူက ကမ္ဘာ့ဖလားနဲ့ ဘွန်ဒက်စ်လီဂါပြိုင်ပွဲ ၂ ခုစလုံးရဲ့ အကောင်းဆုံး ၁၁ ဦးအသင်းထဲမှာ ရွေးချယ်ခံခဲ့ရတယ်။ ကာတာမှာ လုပ်ခဲ့တဲ့အရာအားလုံးအပြီးမှာ လီဗာကိုဗစ်က အကောင်းဆုံးဂိုးသမားဆုအတွက် နောက်ဆုံး ဆန်ခါတင် ၅ ဦးထဲက တစ်ဦးဖြစ်ဖို့တောင် မထိုက်တန်ခဲ့ဘူးလား”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခ႐ိုေအးရွားလက္ေ႐ြးစင္အသင္းနည္းျပ ဇလက္ကို ဒါလစ္ဟာ ဖီဖာရဲ႕ ၂၀၂၂ The Best ဆုေပးပြဲမွာ အသိအမွတ္ျပဳမႈ ကင္းမဲ့ခဲ့တဲ့အေပၚမွာ ၎ရဲ႕ စိတ္ပ်က္မႈကို ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီး ဖီဖာကို ျပင္းျပင္းထန္ထန္ ျပစ္တင္ႀကိမ္းေမာင္းခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္မွာ ခ႐ိုေအးရွားနည္းျပအျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရတဲ့ ဒါလစ္ဟာ ၂၀၁၈ ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေမွ်ာ္မွန္းခ်က္ေတြနဲ႔ ဆန႔္က်င္ၿပီး ဗိုလ္လုပြဲအထိ တက္ေရာက္ႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အသက္ ၅၆ ႏွစ္အ႐ြယ္ ခ႐ိုေအးရွားနည္းျပဟာ ၂၀၁၈ ကမာၻ႔ဖလားအၿပီးမွာ အသင္းကို ဆက္လက္တာဝန္ယူကိုင္တြယ္ခဲ့တာျဖစ္ၿပီး ၂၀၂၂-၂၀၂၃ ေနးရွင္းလိဂ္ၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏိုင္ေအာင္ ကူညီေပးခဲ့တာျဖစ္ပါတယ္။

ဒါလစ္ရဲ႕ အသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း ေနာက္ထပ္တစ္ႀကိမ္ ေမွ်ာ္မွန္းခ်က္ေတြကို ဆန႔္က်င္ႏိုင္ခဲ့ၿပီး ခ႐ိုေအးရွားအသင္းဟာ ဆီမီးဖိုင္နယ္အဆင့္ကို တက္ေရာက္ခဲ့တဲ့ လမ္းခရီးမွာ ဘရာဇီးလ္လိုမ်ိဳး ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးအသင္းကို အႏိုင္ယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ္လည္း ခ႐ိုေအးရွားဟာ ၂ ႀကိမ္ဆက္တိုက္ ဗိုလ္လုပြဲေတာ့ တက္ေရာက္ႏိုင္ခဲ့ျခင္းမရွိဘဲ ေနာက္ဆုံးမွာ ကမာၻ႔ဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ အာဂ်င္တီးနားအသင္းကို ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

Diario AS ရဲ႕ ေဖာ္ျပခ်က္အရ ဒါလစ္ဟာ ဖီဖာရဲ႕ The Best ဆုေပးပြဲမွာ မဲေပးဖို႔ ျငင္းဆန္ခဲ့ၿပီး ခ႐ိုေအးရွားအသင္းဟာ ၎တို႔ ရရွိခဲ့တဲ့ေအာင္ျမင္မႈေၾကာင့္ ေလးစားမႈ ပိုမိုရရွိဖို႔ ထိုက္တန္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။ “ခ႐ိုေအးရွာအသင္းအေပၚထားတဲ့ ဖီဖာရဲ႕ သေဘာထားနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္ စိတ္ပ်က္မိခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ ရရွိခဲ့တဲ့ ေအာင္ျမင္မႈအားလုံးအေပၚမွာ အေျခခံၿပီး ကြၽန္ေတာ္တို႔အေနနဲ႔ ကမာၻ႔ေဘာလုံးအဖြဲ႕အစည္းဆီကေန ခုရရွိခဲ့တာထက္ ပိုတဲ့ ေလးစားမႈမ်ိဳး ရရွိခဲ့သင့္တယ္လို႔ ယုံၾကည္ပါတယ္”

“ကြၽန္ေတာ္တို႔က ကမာၻ႔ဖလားနဲ႔ ေနးရွင္းလိဂ္မွာ ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏိုင္ခဲ့တဲ့ တစ္သင္းတည္းေသာအသင္းျဖစ္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔က ကမာၻတလႊားက သတင္းေခါင္းစည္းေတြမွာ ေနရာယူႏိုင္ခဲ့တယ္။ ဘရာဇီးလ္ကို အႏိုင္ယူခဲ့တယ္။ ကမာၻေပၚက အေကာင္းဆုံးအသင္းပါ။ ျပင္စသ္နဲ႔အတူ ကြၽန္ေတာ္တို႔ဟာ ၿပီးခဲ့တဲ့ ကမာၻ႔ဖလားၿပိဳင္ပြဲ ၂ ခုမွာ ဆုတံဆိပ္ ၂ ခု ရွိခဲ့တဲ့ တစ္သင္းတည္းေသာအသင္းပါ။ ဒီႏွစ္မွာ ကြၽန္ေတာ္တို႔ ပဲရစ္မွာ ျပင္သစ္ကို အႏိုင္ယူခဲ့တယ္။ ကိုပင္ေဟဂင္မွာ ဒိန္းမတ္ကို အႏိုင္ယူခဲ့ၿပီး ဘရာဇီးလ္နဲ႔ ဘယ္လ္ဂ်ီယမ္တို႔ကို ကမာၻ႔ဖလားၿပိဳင္ပြဲကေန ျဖဳတ္ပစ္ႏိုင္ခဲ့တယ္”

“ယူ႐ို ၂၀၂၀ ေနာက္ပိုင္းကတည္းက ကြၽန္ေတာ္တို႔ ကစားခဲ့တဲ့ ၂၃ ပြဲမွာ ၂ ပြဲပဲ ရႈံးနိမ္ခဲ့တာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ရီးရဲလ္မက္ဒရစ္ကြင္းလယ္ၾကယ္ပြင့္ လူကာ မိုဒရစ္ဟာ ဖီဖာရဲ႕ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုအတြက္ ဆန္ခါတင္ ၁၄ ဦးစာရင္းထဲမွာ ပါဝင္ခဲ့တဲ့ တစ္ဦးတည္းေသာ ခ႐ိုေအးရွားကစားသမားျဖစ္ခဲ့တာ ျဖစ္ၿပီး ဒါလစ္က ကိုဗာခ်စ္နဲ႔ ဂြါဒီေယာလ္တို႔ ၂ ဦးစလုံးဟာ ဖီဖာရဲ႕ဆုအတြက္ လစ္လ်ဴရႈျခင္းခံခဲ့ရတယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

“ဖီဖာရဲ႕ The Best အမ်ိဳးသားကစားသမားဆုအတြက္ ဆန္ခါတင္ ၁၄ ဦးစာရင္းကို ၾကည့္လိုက္ပါ။ လူကာ မိုဒရစ္ကလြဲၿပီး တျခား ခ႐ိုေအးရွားကစားသမားေတြ ဘယ္မွာပါလို႔လဲ။ ကြၽန္ေတာ္ တျခားကစားသမားေတြကို မထိုက္တန္ဘူးလို႔ ေျပာခ်င္တာမဟုတ္ပါဘူး။ ဘာလို႔လဲဆိုေတာ့ ဆန္ခါတင္စာရင္းဝင္တဲ့ ကစားသမားေတြနဲ႔ နည္းျပ တစ္ဦးခ်င္းစီအေပၚမွာ ႀကီးမားတဲ့ ေလးစားမႈ ရွိလို႔ပါ။ ဒါေပမယ့္လည္း ကိုဗာခ်စ္အတြက္ တကယ္ပဲ ေနရာမရွိတာလား။ ဂြါဒီေယာလ္အတြက္ ေနရာကေရာ။ သူက ကမာၻ႔ဖလားနဲ႔ ဘြန္ဒက္စ္လီဂါၿပိဳင္ပြဲ ၂ ခုစလုံးရဲ႕ အေကာင္းဆုံး ၁၁ ဦးအသင္းထဲမွာ ေ႐ြးခ်ယ္ခံခဲ့ရတယ္။ ကာတာမွာ လုပ္ခဲ့တဲ့အရာအားလုံးအၿပီးမွာ လီဗာကိုဗစ္က အေကာင္းဆုံးဂိုးသမားဆုအတြက္ ေနာက္ဆုံး ဆန္ခါတင္ ၅ ဦးထဲက တစ္ဦးျဖစ္ဖို႔ေတာင္ မထိုက္တန္ခဲ့ဘူးလား”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.