Other

မက်ဆီနဲ့ ရော်နယ်လ်ဒိုတို့ ကွင်းထဲမှာ ဘယ်လိုပြုမူလဲဆိုတာ ပြောပြခဲ့တဲ့ ဒိုင်လူကြီး

ဟွန်ဒူးရပ်စ်ဒိုင်လူကြီး ဆက်ဒ် မာတီနက်ဇ်က ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီယွန်နယ် မက်ဆီတို့ရဲ့ ကွင်းအတွင်းက ကိုယ်ရည်ကိုယ်သွေးကို နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။

မာတီနက်ဇ်က အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ အလွန်အေးဆေးတည်ငြိမ်တဲ့ ကစားသမားဖြစ်ပြီး ပေါ်တူဂီဂန္တဝင်တိုက်စစ်မှူးကတော့ နည်းနည်း ပိုပြီး ထုတ်ဖော်ပြောဆိုတတ်တဲ့သူမျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“သူတို့တွေက လုံးဝကို ကွဲပြားခြားနားတဲ့ ကိုယ်ရည်ကိုယ်သွေးရှိကြတဲ့သူတွေပါ။ ဒါပေမယ့် နှစ်ယောက်စလုံးက အရမ်းကောင်းတဲ့ကစားသမားတွေပါ။ သူတို့ထဲက တစ်ဦးတစ်ယောက်က ပိုပြီးတော့ သာလွန်နေတယ်လို့ ကျွန်တော် မထင်ပါဘူး။ မက်ဆီကို ကိုင်တွယ်ရတာက နည်းနည်း ပိုပြီး အေးအေးဆေးဆေးရှိပါတယ်။ သူက ဘောလုံးပဲ ကစားတတ်ပြီး သူ့ပွဲစဉ်နဲ့ပတ်သက်တဲ့အရာကို တခြားဟာတွေထက်ပိုပြီး တွေးတောလေ့ရှိပါတယ်။ ခရစ္စတီယာနိုကျတော့ မလေးမစားပြောတာမဟုတ်ပေမယ့် နည်းနည်း ပိုပြီး ထုတ်ဖော်ပြသတတ်သူပါ။ ဒါပေမယ့် သူတို့ကို ကိုင်တွယ်ရတာက ဘယ်သူမဆို ရချင်မယ့် အထူးအခွင့်အရေးကြီးဆိုတာ သံသယမရှိပါဘူး။ သူတို့နှစ်ယောက်စလုံး အလွတ်တည်ကန်ဘောကနေ ဂိုးကန်သွင်းတာကို မြင်ရတာက ကျွန်တော် ဘယ်တော့မှ မေ့ပျောက်သွားမှာမဟုတ်တဲ့အခိုက်အတန့်ပါ”

“မက်ဆီနဲ့တုန်းက ကျွန်တော်တို့ ပွဲမတိုင်ခင် လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်။ ကျွန်တော် သူ့ကို ကြိုဆိုခဲ့ပြီး သူကလည်း ကျွန်တော့်ကို ကျေးဇူးတင်ခဲ့တယ်။ ပွဲအပြီးမှာ အားလုံးက သူ့နာမည်ကို ကြွေးကြော်နေကြတာကို ကျွန်တော် မှတ်မိပါသေးတယ်။ သူ ကျွန်တော့်ကို လက်ဆွဲလာနှုတ်ဆက်ခဲ့တယ်။ ကျွန်တော် အဲဒါကို အမြဲတမ်း အမှတ်ရနေမှာပါ”

“ခရစ္စတီယာနိုနဲ့ကျတော့ သူက ကျွန်တော့်ကို စောဒကတက်တယ်။ ကျွန်တော့်ကို ထိပ်တိုက်ရင်ဆိုင်တယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် သူ့သွင်းဂိုးတွေထဲက ၂ ဂိုးကို ခွင့်မပြုခဲ့လို့ပါ။ သူက VAR ကိုတောင် အယုံအကြည်မရှိခဲ့ပါဘူး။ ဒုတိယပိုင်းမစတင်ခင်မှာ ကျွန်တော် သူ့ကို ခေါ်ပြီး သူ ကျွန်တော့်ကို လာပြီး ပြောတဲ့ပုံစံကို သဘောမကျဘူးလို့ အသိပေးခဲ့တယ်။ သူ မှားသွားတယ်ဆိုတာကို ဝန်ခံခဲ့ပြီး ကျွန်တော်ပြောတာ သဘောတူခဲ့ပါတယ်။ ပြီးတော့ သူ ပွဲကစားတဲ့အပေါ်မှာ အာရုံစိုက်ခဲ့ပြီး သူ့အသင်း အနိုင်ရစေမယ့် အလွန်ကောင်းမွန်တဲ့ အလွတ်တည်ကန်ဘောကနေ တိုက်ရိုက်ကန်သွင်းမှုကို ပြုလုပ်ခဲ့တယ်။ ”လို့ ပြောကြားခဲ့ပါတယ်။

မာတီနက်ဇ်ဟာ ဘောလုံးလောကရဲ့ တသက်တာအကောင်းဆုံးကစားသမား ၂ ဦးစလုံးကို ကိုင်တွယ်ခွင့်ရခဲ့တဲ့ ရှားရှားပါးပါး ဒိုင်လူကြီးဖြစ်ခဲ့ပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂၀၂၃ ရွှေဖလားဗိုလ်လုပွဲမှာ တာဝန်ပေးခြင်းခံခဲ့ရသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ဟြန္ဒူးရပ္စ္ဒိုင္လူႀကီး ဆက္ဒ္ မာတီနက္ဇ္က ခရစၥတီယာႏို ေရာ္နယ္လ္ဒိုနဲ႔ လီယြန္နယ္ မက္ဆီတို႔ရဲ႕ ကြင္းအတြင္းက ကိုယ္ရည္ကိုယ္ေသြးကို ႏႈိင္းယွဥ္ေျပာဆိုခဲ့ပါတယ္။

မာတီနက္ဇ္က အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ အလြန္ေအးေဆးတည္ၿငိမ္တဲ့ ကစားသမားျဖစ္ၿပီး ေပၚတူဂီဂႏၲဝင္တိုက္စစ္မႉးကေတာ့ နည္းနည္း ပိုၿပီး ထုတ္ေဖာ္ေျပာဆိုတတ္တဲ့သူမ်ိဳးျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

“သူတို႔ေတြက လုံးဝကို ကြဲျပားျခားနားတဲ့ ကိုယ္ရည္ကိုယ္ေသြးရွိၾကတဲ့သူေတြပါ။ ဒါေပမယ့္ ႏွစ္ေယာက္စလုံးက အရမ္းေကာင္းတဲ့ကစားသမားေတြပါ။ သူတို႔ထဲက တစ္ဦးတစ္ေယာက္က ပိုၿပီးေတာ့ သာလြန္ေနတယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ မက္ဆီကို ကိုင္တြယ္ရတာက နည္းနည္း ပိုၿပီး ေအးေအးေဆးေဆးရွိပါတယ္။ သူက ေဘာလုံးပဲ ကစားတတ္ၿပီး သူ႔ပြဲစဥ္နဲ႔ပတ္သက္တဲ့အရာကို တျခားဟာေတြထက္ပိုၿပီး ေတြးေတာေလ့ရွိပါတယ္။ ခရစၥတီယာႏိုက်ေတာ့ မေလးမစားေျပာတာမဟုတ္ေပမယ့္ နည္းနည္း ပိုၿပီး ထုတ္ေဖာ္ျပသတတ္သူပါ။ ဒါေပမယ့္ သူတို႔ကို ကိုင္တြယ္ရတာက ဘယ္သူမဆို ရခ်င္မယ့္ အထူးအခြင့္အေရးႀကီးဆိုတာ သံသယမရွိပါဘူး။ သူတို႔ႏွစ္ေယာက္စလုံး အလြတ္တည္ကန္ေဘာကေန ဂိုးကန္သြင္းတာကို ျမင္ရတာက ကြၽန္ေတာ္ ဘယ္ေတာ့မွ ေမ့ေပ်ာက္သြားမွာမဟုတ္တဲ့အခိုက္အတန႔္ပါ”

“မက္ဆီနဲ႔တုန္းက ကြၽန္ေတာ္တို႔ ပြဲမတိုင္ခင္ လက္ဆြဲႏႈတ္ဆက္ခဲ့ၾကတယ္။ ကြၽန္ေတာ္ သူ႔ကို ႀကိဳဆိုခဲ့ၿပီး သူကလည္း ကြၽန္ေတာ့္ကို ေက်းဇူးတင္ခဲ့တယ္။ ပြဲအၿပီးမွာ အားလုံးက သူ႔နာမည္ကို ေႂကြးေၾကာ္ေနၾကတာကို ကြၽန္ေတာ္ မွတ္မိပါေသးတယ္။ သူ ကြၽန္ေတာ့္ကို လက္ဆြဲလာႏႈတ္ဆက္ခဲ့တယ္။ ကြၽန္ေတာ္ အဲဒါကို အၿမဲတမ္း အမွတ္ရေနမွာပါ”

“ခရစၥတီယာႏိုနဲ႔က်ေတာ့ သူက ကြၽန္ေတာ့္ကို ေစာဒကတက္တယ္။ ကြၽန္ေတာ့္ကို ထိပ္တိုက္ရင္ဆိုင္တယ္။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ သူ႔သြင္းဂိုးေတြထဲက ၂ ဂိုးကို ခြင့္မျပဳခဲ့လို႔ပါ။ သူက VAR ကိုေတာင္ အယုံအၾကည္မရွိခဲ့ပါဘူး။ ဒုတိယပိုင္းမစတင္ခင္မွာ ကြၽန္ေတာ္ သူ႔ကို ေခၚၿပီး သူ ကြၽန္ေတာ့္ကို လာၿပီး ေျပာတဲ့ပုံစံကို သေဘာမက်ဘူးလို႔ အသိေပးခဲ့တယ္။ သူ မွားသြားတယ္ဆိုတာကို ဝန္ခံခဲ့ၿပီး ကြၽန္ေတာ္ေျပာတာ သေဘာတူခဲ့ပါတယ္။ ၿပီးေတာ့ သူ ပြဲကစားတဲ့အေပၚမွာ အာ႐ုံစိုက္ခဲ့ၿပီး သူ႔အသင္း အႏိုင္ရေစမယ့္ အလြန္ေကာင္းမြန္တဲ့ အလြတ္တည္ကန္ေဘာကေန တိုက္႐ိုက္ကန္သြင္းမႈကို ျပဳလုပ္ခဲ့တယ္။ ”လို႔ ေျပာၾကားခဲ့ပါတယ္။

မာတီနက္ဇ္ဟာ ေဘာလုံးေလာကရဲ႕ တသက္တာအေကာင္းဆုံးကစားသမား ၂ ဦးစလုံးကို ကိုင္တြယ္ခြင့္ရခဲ့တဲ့ ရွားရွားပါးပါး ဒိုင္လူႀကီးျဖစ္ခဲ့ၿပီး ၂၀၂၂ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔ ၂၀၂၃ ေ႐ႊဖလားဗိုလ္လုပြဲမွာ တာဝန္ေပးျခင္းခံခဲ့ရသူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.