Analysis Match Report Other Premier League

EPL ကို တန်းတက်လာမယ့် ဖူလ်ဟမ်ရဲ့ လူတန်ကို ဝုန်းပွဲနဲ နောက်က လိုက်လာကြမယ့်သူတွေ

ပရီးမီးယားလိဂ်အသင်းဟောင်း ဖူလ်ဟမ်ကတော့ ဒီရာသီ လိဂ်ချန်ပီယံရှစ်မှာ အကောင်းဆုံး ခြေစွမ်းပြသနေပြီး လက်ရှိအချိန်အထိ ၄၅ ပွဲ ကစားအပြီးမှာ ၂၇ ပွဲနိုင် ၉ ပွဲသရေ ၉ ပွဲရှုံး၊ ရမှတ် ၉၀ နဲ့ ဒုတိယနေရာက ဘုန်းမောက်ကို တစ်ပွဲပိုကစား ၈ မှတ်ဖြတ်ထားခဲ့ပြီး ဒီနေ့မှာလည်း လူတန် အသင်းကို ခုနစ်ဂိုးပြတ် ဝုန်းလိုက်တာဖြစ်ပါတယ်။

အသင်းတိုက်စစ်မှူး အလက်ဇန်းဒါး မီထရိုဗစ်ချ်ရဲ့ ခြေစွမ်းအပြဆုံး ရာသီလည်းဖြစ်ပြီး ဒီနေ့ပွဲမှာ သွင်းယူခဲ့တဲ့ နှစ်ဂိုးနဲ့ဆိုရင် ဆားဘီးယားသားရဲ့ သွင်းဂိုးက ၄၂ ပွဲမှာ ၄၃ ဂိုးအထိ ရှိလာခဲ့ပြီး ဂိုးသွင်းစံချိန်သစ် တင်ခဲ့ချိန်မှာ လီဗာပူးလ်တောင်ပံကစားသမားဟောင်း ဟာရီ ဝီလ်ဆန်ကလည်း အသင်းရဲ့ ဒုတိယ ဂိုးသွင်းအများဆုံးနဲ့ Assist King အဖြစ် ၁၉ ဂိုးအထိ ဖန်တီးပေးထားတာပါ။

လူတန်နဲ့ အိမ်ကွင်း ကရာဗင်ကော့တေ့ချ်မှာ ကစားရာမှာတော့ ညာခြမ်းက ဟာရီ ဝီလ်ဆန်ရဲ့ ပေးပို့မှုကို အသင်းခေါင်းဆောင် ကဲရ်နေးက ပွဲချိန် ၂၉ မိနစ်မှာ ပိတ်သွင်းပြီး အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သလို ပွဲချိန် ၃၉ မိနစ်မှာတော့ တစ်ဖက်ခံစစ်က ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ညာနောက်ခံလူ ကင်နီ တီတီက ဧရိယာထိပ်ကနေ အနိမ့်ဘောလှမ်းကန်ပြီး ပထမပိုင်းမှာ နှစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၄ မိနစ်မှာတော့ မီထရိုဗစ်ချ် ပေးလိုက်တဲ့ ဘောလုံးကို ဝီလ်ဆန်ကပဲ လီဗာပူးလ်ကို မရောက်တရောက်ဖြစ်နေတဲ့ ဖာဘီယို ကာဗာလ်ယိုရဲ့ လမ်းကြောင်းထဲ ထည့်ပေးရာမှာ အသက် ၁၉ နှစ်အရွယ် လူငယ်ကစားသမားက ဂိုးသမား ပိတ်ထားတဲ့အထဲက အဝေးတိုင်ဘက် ကန်သွင်းပြီး တတိယဂိုး ရယူခဲ့တာပါ။

ပွဲချိန် ၆၂ မိနစ်မှာတော့ ဝီလ်ဆန်ပေးတာကို မီထရိုဗစ်ချ်က ကန်သွင်းရာမှာ ခံစစ်နဲ့ ထိပြီး ပြန်လည်ထွက်လာခဲ့တာကို သူကိုယ်တိုင်ပဲ ထပ်ပိတ်ပြီး စတုတ္ထဂိုးကို ရယူနိုင်ခဲ့ပြီး ပွဲချိန် ၆၅ မိနစ်မှာတော့ ကာဗာလ်ယို ပေးတာကို ဘော်ဘီ ဒီကော်ဒိုဗာ-ရိဒ်က နောက်တန်းနှစ်ယောက်ကာထားတဲ့ကြားကနေ လှည့်ထွက်ပြီး ပဉ္စမဂိုး ရယူပေးခဲ့ပါတယ်။

ပွဲချိန် ၇၉ မိနစ်မှာတော့ လူတန်ခံစစ်က ရှင်းထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို ယွန်း-မီရှယ် ဆယ်ရီက လူကြားထဲကနေ အနိမ့်ဘော အပြင်းကန်သွင်းပြီး ဧရိယာအပြင်ကနေ ဂိုးရယူသွားခဲ့သလို ပွဲသိမ်းဂိုးကိုတော့ နာကျင်အချိန်ပို ၂ မိနစ်မှာ ဝီလ်ဆန်ပဲ ဖန်တီးပေးတာကို မီထရိုဗစ်ချ်က ဂိုးသမားရဲ့ ဘေးကနေ အဝေးတိုင်ဘက်ကို ချိုးကန်ပြီး အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမှာတော့ ဝေးလ်စ်တောင်ပံသမား ဟာရီ ဝီလ်ဆန်က Assist Hat-Trick ရသွားခဲ့သလို ဖူလ်ဟမ်တို့ကတော့ သူတို့ရဲ့ ဂိုးသွင်းအား Fire Power ကို ပြသသွားခဲ့ပြီး ပရီးမီးယားလိဂ်ကို ဆက်လက်ယူဆောင်လာနိုင်မလား စောင့်ကြည့်ရမယ့်အချိန်မှာ EFL လိဂ်ချန်ပီယံရှစ်ရဲ့ အပိတ်ပွဲစဉ် အဖြစ်တော့ ရှက်ဖီးလ်ဒ်ယူနိုက်တက်နဲ့ အဝေးကွင်းမှာ ကစားရတော့မှာပါ။

၂၀၂၁-၂၂ လိဂ်ချန်ပီယံရှစ်ကနေ ဖူလ်ဟမ်က ချန်ပီယံအဖြစ် အဆင့် ၁ ကနေ တိုက်ရိုက်တန်းတက်လာမှာဖြစ်ပြီး ဒုတိယနေရာအတွက်တော့ ဘုန်းမောက်က လက်ရှိမှာ ရပ်တည်နေပေမယ့် ပွဲစဉ် ၄၅ မှာ တတိယနေရာက သုံးမှတ်ပဲကွာနေတဲ့ နော့တင်ဟမ်ဖောရက်စ်ကို ရှုံးနိမ့်ခဲ့ရင် နေရာအပြောင်းအလဲဖြစ်သွားနိုင်သလို Play-off မကစားရဖို့နဲ့ တိုက်ရိုက်တန်းတက်ဖို့ တိုက်ပွဲကတော့ ပြင်းထန်နေခဲ့တာပါ။

စတုတ္ထနေရာက ဟတ်ဒါစ်ဖီးလ်ကတော့ ဖောရက်စ်နဲ့ အမှတ်တူနေပေမယ့် ၄၅ ပွဲ ကစားပြီးဖြစ်တာကြောင့် ရှေ့က ဘုန်းမောက်နဲ့ ဖောရက်စ်တို့ နှစ်သင်းကို လိုက်မီဖို့ အခွင့်အရေးနည်းနေသလို သူများတွေ ဂိုးကွာခြားချက် ၃၀ ကျော် ပလပ်စ်ထွက်ချိန်မှာ သူက ၁၅ ဂိုးသာ ကွာခြားချက်ယူထားနိုင်တာ ကလည်း Play-off သွားရဖို့ပဲ ဖြစ်လာနိုင်ပါတယ်။

လက်ကျန် နှစ်နေရာအတွက် အဆင့် ၅ နဲ့ ၆ မှာတော့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ လူတန်တို့က ၄၅ ပွဲ ကစားထားပြီး တစ်ပွဲသာ ကျန်တော့ချိန်မှာ ၇၂ မှတ်စီနဲ့ အထက်အောက်ဖြစ်နေပြီး သူတို့ကိုတော့ အဆင့် ၇ နဲ့ ၈ က မစ်ဒယ်လ်ဘရော့နဲ့ မီးလ်ဝေါလ်တို့က ခြေချော်ရင် နေရာဝင်လုဖို့ အခွင့်အရေး ရှိနေဆဲဖြစ်ပါတယ်။

ဒါကြောင့် မေလ ၄ ရက်နေ့မှာ ကစားရမယ့် ဘုန်းမောက်-ဖောရက်စ်ပွဲစဉ်က စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေသလို မေလ ၇ ရက်နေ့မှာ ကစားရမယ့် ပွဲစဉ် ၄၆ မှာတော့ Play-off လက်ကျန် ၅ နဲ့ ၆ နှစ်နေရာအတွက် လေးသင်းထဲက ဘယ်နှစ်သင်းဖြစ်လာမယ်ဆိုတာကလည်း နောက်ထပ် စိတ်ဝင်စားစရာတစ်ခုဖြစ်နေပြီး လိဂ်ချန်ပီယံရှစ်ဆိုတာလည်း စောင့်ကြည့်ရဖို့ ထိုက်တန်တဲ့ ပြိုင်ပွဲတစ်ခုဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပရီးမီးယားလိဂ္အသင္းေဟာင္း ဖူလ္ဟမ္ကေတာ့ ဒီရာသီ လိဂ္ခ်န္ပီယံရွစ္မွာ အေကာင္းဆုံး ေျခစြမ္းျပသေနၿပီး လက္ရွိအခ်ိန္အထိ ၄၅ ပြဲ ကစားအၿပီးမွာ ၂၇ ပြဲႏိုင္ ၉ ပြဲသေရ ၉ ပြဲရႈံး၊ ရမွတ္ ၉၀ နဲ႔ ဒုတိယေနရာက ဘုန္းေမာက္ကို တစ္ပြဲပိုကစား ၈ မွတ္ျဖတ္ထားခဲ့ၿပီး ဒီေန႔မွာလည္း လူတန္ အသင္းကို ခုနစ္ဂိုးျပတ္ ဝုန္းလိုက္တာျဖစ္ပါတယ္။

အသင္းတိုက္စစ္မႉး အလက္ဇန္းဒါး မီထ႐ိုဗစ္ခ်္ရဲ႕ ေျခစြမ္းအျပဆုံး ရာသီလည္းျဖစ္ၿပီး ဒီေန႔ပြဲမွာ သြင္းယူခဲ့တဲ့ ႏွစ္ဂိုးနဲ႔ဆိုရင္ ဆားဘီးယားသားရဲ႕ သြင္းဂိုးက ၄၂ ပြဲမွာ ၄၃ ဂိုးအထိ ရွိလာခဲ့ၿပီး ဂိုးသြင္းစံခ်ိန္သစ္ တင္ခဲ့ခ်ိန္မွာ လီဗာပူးလ္ေတာင္ပံကစားသမားေဟာင္း ဟာရီ ဝီလ္ဆန္ကလည္း အသင္းရဲ႕ ဒုတိယ ဂိုးသြင္းအမ်ားဆုံးနဲ႔ Assist King အျဖစ္ ၁၉ ဂိုးအထိ ဖန္တီးေပးထားတာပါ။

လူတန္နဲ႔ အိမ္ကြင္း ကရာဗင္ေကာ့ေတ့ခ်္မွာ ကစားရာမွာေတာ့ ညာျခမ္းက ဟာရီ ဝီလ္ဆန္ရဲ႕ ေပးပို႔မႈကို အသင္းေခါင္းေဆာင္ ကဲရ္ေနးက ပြဲခ်ိန္ ၂၉ မိနစ္မွာ ပိတ္သြင္းၿပီး အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့သလို ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ တစ္ဖက္ခံစစ္က ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ညာေနာက္ခံလူ ကင္နီ တီတီက ဧရိယာထိပ္ကေန အနိမ့္ေဘာလွမ္းကန္ၿပီး ပထမပိုင္းမွာ ႏွစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၅၄ မိနစ္မွာေတာ့ မီထ႐ိုဗစ္ခ်္ ေပးလိုက္တဲ့ ေဘာလုံးကို ဝီလ္ဆန္ကပဲ လီဗာပူးလ္ကို မေရာက္တေရာက္ျဖစ္ေနတဲ့ ဖာဘီယို ကာဗာလ္ယိုရဲ႕ လမ္းေၾကာင္းထဲ ထည့္ေပးရာမွာ အသက္ ၁၉ ႏွစ္အ႐ြယ္ လူငယ္ကစားသမားက ဂိုးသမား ပိတ္ထားတဲ့အထဲက အေဝးတိုင္ဘက္ ကန္သြင္းၿပီး တတိယဂိုး ရယူခဲ့တာပါ။

ပြဲခ်ိန္ ၆၂ မိနစ္မွာေတာ့ ဝီလ္ဆန္ေပးတာကို မီထ႐ိုဗစ္ခ်္က ကန္သြင္းရာမွာ ခံစစ္နဲ႔ ထိၿပီး ျပန္လည္ထြက္လာခဲ့တာကို သူကိုယ္တိုင္ပဲ ထပ္ပိတ္ၿပီး စတုတၳဂိုးကို ရယူႏိုင္ခဲ့ၿပီး ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ ကာဗာလ္ယို ေပးတာကို ေဘာ္ဘီ ဒီေကာ္ဒိုဗာ-ရိဒ္က ေနာက္တန္းႏွစ္ေယာက္ကာထားတဲ့ၾကားကေန လွည့္ထြက္ၿပီး ပၪၥမဂိုး ရယူေပးခဲ့ပါတယ္။

ပြဲခ်ိန္ ၇၉ မိနစ္မွာေတာ့ လူတန္ခံစစ္က ရွင္းထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို ယြန္း-မီရွယ္ ဆယ္ရီက လူၾကားထဲကေန အနိမ့္ေဘာ အျပင္းကန္သြင္းၿပီး ဧရိယာအျပင္ကေန ဂိုးရယူသြားခဲ့သလို ပြဲသိမ္းဂိုးကိုေတာ့ နာက်င္အခ်ိန္ပို ၂ မိနစ္မွာ ဝီလ္ဆန္ပဲ ဖန္တီးေပးတာကို မီထ႐ိုဗစ္ခ်္က ဂိုးသမားရဲ႕ ေဘးကေန အေဝးတိုင္ဘက္ကို ခ်ိဳးကန္ၿပီး အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမွာေတာ့ ေဝးလ္စ္ေတာင္ပံသမား ဟာရီ ဝီလ္ဆန္က Assist Hat-Trick ရသြားခဲ့သလို ဖူလ္ဟမ္တို႔ကေတာ့ သူတို႔ရဲ႕ ဂိုးသြင္းအား Fire Power ကို ျပသသြားခဲ့ၿပီး ပရီးမီးယားလိဂ္ကို ဆက္လက္ယူေဆာင္လာႏိုင္မလား ေစာင့္ၾကည့္ရမယ့္အခ်ိန္မွာ EFL လိဂ္ခ်န္ပီယံရွစ္ရဲ႕ အပိတ္ပြဲစဥ္ အျဖစ္ေတာ့ ရွက္ဖီးလ္ဒ္ယူႏိုက္တက္နဲ႔ အေဝးကြင္းမွာ ကစားရေတာ့မွာပါ။

၂၀၂၁-၂၂ လိဂ္ခ်န္ပီယံရွစ္ကေန ဖူလ္ဟမ္က ခ်န္ပီယံအျဖစ္ အဆင့္ ၁ ကေန တိုက္႐ိုက္တန္းတက္လာမွာျဖစ္ၿပီး ဒုတိယေနရာအတြက္ေတာ့ ဘုန္းေမာက္က လက္ရွိမွာ ရပ္တည္ေနေပမယ့္ ပြဲစဥ္ ၄၅ မွာ တတိယေနရာက သုံးမွတ္ပဲကြာေနတဲ့ ေနာ့တင္ဟမ္ေဖာရက္စ္ကို ရႈံးနိမ့္ခဲ့ရင္ ေနရာအေျပာင္းအလဲျဖစ္သြားႏိုင္သလို Play-off မကစားရဖို႔နဲ႔ တိုက္႐ိုက္တန္းတက္ဖို႔ တိုက္ပြဲကေတာ့ ျပင္းထန္ေနခဲ့တာပါ။

စတုတၳေနရာက ဟတ္ဒါစ္ဖီးလ္ကေတာ့ ေဖာရက္စ္နဲ႔ အမွတ္တူေနေပမယ့္ ၄၅ ပြဲ ကစားၿပီးျဖစ္တာေၾကာင့္ ေရွ႕က ဘုန္းေမာက္နဲ႔ ေဖာရက္စ္တို႔ ႏွစ္သင္းကို လိုက္မီဖို႔ အခြင့္အေရးနည္းေနသလို သူမ်ားေတြ ဂိုးကြာျခားခ်က္ ၃၀ ေက်ာ္ ပလပ္စ္ထြက္ခ်ိန္မွာ သူက ၁၅ ဂိုးသာ ကြာျခားခ်က္ယူထားႏိုင္တာ ကလည္း Play-off သြားရဖို႔ပဲ ျဖစ္လာႏိုင္ပါတယ္။

လက္က်န္ ႏွစ္ေနရာအတြက္ အဆင့္ ၅ နဲ႔ ၆ မွာေတာ့ ရွက္ဖီးလ္ယူႏိုက္တက္နဲ႔ လူတန္တို႔က ၄၅ ပြဲ ကစားထားၿပီး တစ္ပြဲသာ က်န္ေတာ့ခ်ိန္မွာ ၇၂ မွတ္စီနဲ႔ အထက္ေအာက္ျဖစ္ေနၿပီး သူတို႔ကိုေတာ့ အဆင့္ ၇ နဲ႔ ၈ က မစ္ဒယ္လ္ဘေရာ့နဲ႔ မီးလ္ေဝါလ္တို႔က ေျခေခ်ာ္ရင္ ေနရာဝင္လုဖို႔ အခြင့္အေရး ရွိေနဆဲျဖစ္ပါတယ္။

ဒါေၾကာင့္ ေမလ ၄ ရက္ေန႔မွာ ကစားရမယ့္ ဘုန္းေမာက္-ေဖာရက္စ္ပြဲစဥ္က စိတ္ဝင္စားစရာအေကာင္းဆုံးျဖစ္ေနသလို ေမလ ၇ ရက္ေန႔မွာ ကစားရမယ့္ ပြဲစဥ္ ၄၆ မွာေတာ့ Play-off လက္က်န္ ၅ နဲ႔ ၆ ႏွစ္ေနရာအတြက္ ေလးသင္းထဲက ဘယ္ႏွစ္သင္းျဖစ္လာမယ္ဆိုတာကလည္း ေနာက္ထပ္ စိတ္ဝင္စားစရာတစ္ခုျဖစ္ေနၿပီး လိဂ္ခ်န္ပီယံရွစ္ဆိုတာလည္း ေစာင့္ၾကည့္ရဖို႔ ထိုက္တန္တဲ့ ၿပိဳင္ပြဲတစ္ခုျဖစ္ေၾကာင္း ေဖာ္ျပေပးလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.