Other

ရောဂါကြောင့်မဟုတ်ဘဲ အသတ်ခံခဲ့ရလို့ ကွယ်လွန်ခဲ့တဲ့ မာရာဒိုနာ

အာဂျင်တီးနားဂန္တဝင် ဒီယေဂို မာရာဒိုနာရဲ့သားဖြစ်သူ အာမန်ဒို မာရာဒိုနာဂျူနီယာက သူ့ရဲ့ ဖခင်ဟာ ရောဂါကြောင့် ကွယ်လွန်ခဲ့တာမဟုတ်ဘဲ အသတ်ခံခဲ့ရတာဖြစ်ပြီး ဘယ်သူက တရားခံလဲဆိုတာကိုလည်း သိတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီယေဂို မာရာဒိုနာဟာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလမှာ နှလုံးရောဂါနဲ့ အဆုတ်ရောင် ရောဂါတို့ကြောင့် ကွယ်လွန်သွားခဲ့တာဖြစ်ပြီး အဲဒီအချိန်မှာ ဦးနှောက်ခွဲစိတ်မှုကနေ ပြန်လည်သက်သာလာဖို့ ဗွေနို ဆိုင်းရပ်စ်က အိမ်မှာ အနားယူနေခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း မာရာဒိုနာကို ကုသခဲ့မှုမှာ ပါဝင်ခဲ့တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ အခြား ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေဟာ လက်ရှိမှာ အာဂျင်တီးနားတရားရုံးမှာ လူသတ်မှုနဲ့ တရားရင်ဆိုင်နေရတာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်း ၈ ဦးဟာ ပေါ့ဆမှုကြောင့် လူသေဆုံးစေမှုနဲ့ တရားစွဲဆိုခံခဲ့ရပေမယ့်လည်း Aljazeera ရဲ့ ဖော်ပြချက်အရ မာရာဒိုနာရဲ့ ရင်ခွဲစစ်ဆေးမှုအရ ဓမ္မတာအတိုင်း သေဆုံးခဲ့မှုဖြစ်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

မာရာဒိုနာရဲ့ သားဖြစ်သူက ဖခင်ဖြစ်သူရဲ့ သေဆုံးခဲ့မှုအတွက် တိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး “စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ ကျွန်တော်တို့ အာဂျင်တီးနားရဲ့ တရားစီရင်ရေးအပေါ်မှာ ယုံကြည်မှု အများကြီးရှိပါတယ်။ ဒီကိစ္စက ဒီလိုပဲ မပြီးဆုံးခဲ့သင့်ဘူးဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။ သူတို့တွေ ကျွန်တော့်အဖေကို သတ်ခဲ့ကြတာ။ ဘယ်သူလုပ်တာလဲဆိုတာကို ပြောဖို့ ကျွန်တော့်အလုပ်မဟုတ်ပေမယ့် ကျွန်တော့်ဘာသာ သိထားတာရှိပါတယ်။ ဒါပေမယ့် အဲဒါကို ကျွန်တော်ပြောလို့မရဘူး။ သူတို့တွေ တစ်ခုခု လုပ်နိုင်ခဲ့တဲ့အချိန်မှာ အဖေ့ကို ဒီတိုင်းပစ်ထားခဲ့ကြတယ်။ ကျွန်တော် ကတိပေးတယ်။ ကျွန်တော့်ဘဝရဲ့ နောက်ဆုံးနေ့အထိ တရားမျှတမှုအတွက် တိုက်ပွဲဝင်သွားမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီယေဂို မာရာဒိုနာဟာ ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပြီး ကစားသမားဘဝအတွင်း အာဂျင်တီးနားတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ၄ ကြိမ်အထိ ရရှိခဲ့သလို ၁၉၈၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အာဂ်င္တီးနားဂႏၲဝင္ ဒီေယဂို မာရာဒိုနာရဲ႕သားျဖစ္သူ အာမန္ဒို မာရာဒိုနာဂ်ဴနီယာက သူ႔ရဲ႕ ဖခင္ဟာ ေရာဂါေၾကာင့္ ကြယ္လြန္ခဲ့တာမဟုတ္ဘဲ အသတ္ခံခဲ့ရတာျဖစ္ၿပီး ဘယ္သူက တရားခံလဲဆိုတာကိုလည္း သိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဒီေယဂို မာရာဒိုနာဟာ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလမွာ ႏွလုံးေရာဂါနဲ႔ အဆုတ္ေရာင္ ေရာဂါတို႔ေၾကာင့္ ကြယ္လြန္သြားခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္မွာ ဦးေႏွာက္ခြဲစိတ္မႈကေန ျပန္လည္သက္သာလာဖို႔ ေဗြႏို ဆိုင္းရပ္စ္က အိမ္မွာ အနားယူေနခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း မာရာဒိုနာကို ကုသခဲ့မႈမွာ ပါဝင္ခဲ့တဲ့ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ အျခား ေဆးဘက္ဆိုင္ရာ ဝန္ထမ္းေတြဟာ လက္ရွိမွာ အာဂ်င္တီးနားတရား႐ုံးမွာ လူသတ္မႈနဲ႔ တရားရင္ဆိုင္ေနရတာျဖစ္ပါတယ္။ က်န္းမာေရးဝန္ထမ္း ၈ ဦးဟာ ေပါ့ဆမႈေၾကာင့္ လူေသဆုံးေစမႈနဲ႔ တရားစြဲဆိုခံခဲ့ရေပမယ့္လည္း Aljazeera ရဲ႕ ေဖာ္ျပခ်က္အရ မာရာဒိုနာရဲ႕ ရင္ခြဲစစ္ေဆးမႈအရ ဓမၼတာအတိုင္း ေသဆုံးခဲ့မႈျဖစ္ေၾကာင္း ေတြ႕ရွိခဲ့ရတယ္လို႔ သိရပါတယ္။

မာရာဒိုနာရဲ႕ သားျဖစ္သူက ဖခင္ျဖစ္သူရဲ႕ ေသဆုံးခဲ့မႈအတြက္ တိုက္ပြဲဝင္သြားမွာျဖစ္တယ္လို႔ ေျပာဆိုခဲ့ၿပီး “စုံစမ္း စစ္ေဆးမႈေတြ ျပဳလုပ္ေနတယ္။ ကြၽန္ေတာ္တို႔ အာဂ်င္တီးနားရဲ႕ တရားစီရင္ေရးအေပၚမွာ ယုံၾကည္မႈ အမ်ားႀကီးရွိပါတယ္။ ဒီကိစၥက ဒီလိုပဲ မၿပီးဆုံးခဲ့သင့္ဘူးဆိုတာ ကြၽန္ေတာ္ ယုံၾကည္ပါတယ္။ သူတို႔ေတြ ကြၽန္ေတာ့္အေဖကို သတ္ခဲ့ၾကတာ။ ဘယ္သူလုပ္တာလဲဆိုတာကို ေျပာဖို႔ ကြၽန္ေတာ့္အလုပ္မဟုတ္ေပမယ့္ ကြၽန္ေတာ့္ဘာသာ သိထားတာရွိပါတယ္။ ဒါေပမယ့္ အဲဒါကို ကြၽန္ေတာ္ေျပာလို႔မရဘူး။ သူတို႔ေတြ တစ္ခုခု လုပ္ႏိုင္ခဲ့တဲ့အခ်ိန္မွာ အေဖ့ကို ဒီတိုင္းပစ္ထားခဲ့ၾကတယ္။ ကြၽန္ေတာ္ ကတိေပးတယ္။ ကြၽန္ေတာ့္ဘဝရဲ႕ ေနာက္ဆုံးေန႔အထိ တရားမွ်တမႈအတြက္ တိုက္ပြဲဝင္သြားမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒီေယဂို မာရာဒိုနာဟာ ေဘာလုံးသမိုင္းတေလွ်ာက္ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရသူျဖစ္ၿပီး ကစားသမားဘဝအတြင္း အာဂ်င္တီးနားတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ၄ ႀကိမ္အထိ ရရွိခဲ့သလို ၁၉၈၆ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ေအာင္ျမင္မႈရရွိေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.