Other

စူပါလိဂ်နဲ့ပတ်သက်ပြီး အရူးထနေတဲ့အသင်းတွေကို ဒဲ့ပြောလိုက်တဲ့ ယူအီးအက်ဖ်အေဥက္ကဌ

ယူအီးအက်ဖ်အေဥက္ကဌ အလက်ဆန်းဒါး ဆီဖီရင်က စူပါလိဂ်ကို အားပေးအားမြှောက်လုပ်နေကြတဲ့ အသင်းတွေဟာ ကိုယ် ဘယ်လမ်းကို လျှောက်မိနေလဲဆိုတာကို သတိမပြုမိကြဘူးလို့ ပြောဆိုခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဆီဖီရင်က ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ကို လှောင်ပြောင်ခဲ့ပြီး စူပါလိဂ်မှာ အသင်း ၂ သင်းလောက်ပဲ ပါဝင်ယှဉ်ပြိုင်နိုင်ခြေရှိတယ်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ကျွန်တော်တို့ သူတို့ကို တားဆီးသွားမှာမဟုတ်ပါဘူး။ အရင်တုန်းကတောင်မှ ကျွန်တော်တို့ သူတို့ကို တားဆီးဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ပါဘူး။ သူတို့တွေ ဖန်တီးချင်တာကို ဖန်တီးလို့ရတယ်။ သူတို့တွေရဲ့ ထူးခြားဆန်းကြယ်တဲ့ပြိုင်ပွဲကို အသင်း ၂ သင်းတည်းနဲ့ စတင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့တွေ လုပ်နေတာက ဘာလဲဆိုတာ သူတို့သိမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ အဲဒါနဲ့ပတ်သက်ပြီး သိပ်မသေချာပါဘူး။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေဥက္ကဌ ဆီဖီရင်ရဲ့ မှတ်ချက်ဟာ ဥရောပ တရားရုံးက ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ဟာ ပြိုင်ပွဲဥပဒေနဲ့ဆန့်ကျင်တဲ့ လုပ်ရပ်အဖြစ် စူပါလိဂ် ဖွဲ့စည်းမှုကို ကြားဝင်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက် ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း စူပါလိဂ်ကို ကျင်းပလို့ရကြောင်း ရှင်းလင်းသွားပြီဖြစ်တာကြောင့် ၂၀၂၅ ခုနှစ် အစောပိုင်းလောက်မှာ စတင်ကျင်းပနိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး စူပါလိဂ်နောက်ကွယ်မှာ ရှိနေတဲ့ ကုမ္ပဏီဖြစ်တဲ့ A22 Sports က ပြိုင်ပွဲကျင်းပမယ့်ပုံစံကို အသေးစိတ်ရှင်းပြထားတဲ့ ဗီဒီယိုဖိုင်တောင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆီဖိရင်က စူပါလိဂ်ကို အင်္ဂလန်မှာ ဘယ်လောက်အထိ သဘောမကျဖြစ်နေကြလဲဆိုတာကိုလည်း မှတ်ချက်ပေးခဲ့ပြီး ခရစ္စမတ်အတွက် လက်ဆောင်တွေနဲ့ နှိုင်းယှဉ်ပြီး A22 Sports နဲ့ပတ်သက်ပြီး ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် အင်္ဂလိပ်ပရိသတ်တွေ ဦးဆောင်ပြီးလုပ်တဲ့ သတင်းဌာနတွေမှာ အဲဒါကို ဖုတ်ကောင်လိဂ်လို့ ခေါ်နေကြတာ မြင်ခဲ့ရတယ်။ ခရစ္စမတ်ကလည်း နီးနေပြီ။ သူတို့တွေ ခရစ္စမတ်သစ်ပင်အောက်မှာ သေတ္တာလေးမြင်တွေ့ခဲ့ပြီး စပြီး အောင်ပွဲခံခဲ့ကြတယ်။ ဒါပေမယ့် သူတို့တွေ အဲဒီသေတ္တာကို ဖွင့်ကြည့်တော့ အထဲထဲမှာ ဘာမှ များများစားစားမပါတာ သိသွားကြပါလိမ့်မယ်။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ယူအီးအက်ဖ်အေဥက္ကဌ အလက်ဆန်းဒါး ဆီဖီရင်က စူပါလိဂ်ကို အားပေးအားမြှောက်လုပ်နေကြတဲ့ အသင်းတွေဟာ ကိုယ် ဘယ်လမ်းကို လျှောက်မိနေလဲဆိုတာကို သတိမပြုမိကြဘူးလို့ ပြောဆိုခဲ့ပါတယ်။