Other

ယူအက်စ်အိုးပင်းဖလားကို ၄ ကြိမ်မြောက် ဗိုလ်စွဲခဲ့တဲ့ နိုဗက် ဂျိုကိုဗစ်

နိုဗက် ဂျိုကိုဗစ်ဟာ တနင်္ဂနွေနေ့ညက ၂၀၂၂ ခုနှစ်မှာ ဘန်းခံခဲ့ရတဲ့ Flushing Meadows ကို အချိုမြိန်ဆုံးပုံစံနဲ့ပြန်လာခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ အသက်အရွယ်အကြီးရင့်ဆုံး ချန်ပီယံဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

အသက် ၃၆ နှစ်အရွယ် ဆားဘီးယားတင်းနစ်ကြယ်ပွင့်ဟာ ဒန်နီလ် မက်ဒ်ဒက်ဗ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရပြီး ၆-၃၊ ၇-၆၊ ၆-၃ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၅ နှစ်အတွင်း ပထမဆုံး ယူအက်စ်အိုးပင်းဖလားကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဂျိုကိုဗစ်အတွက်တော့ ဝင်ဘယ်ဒန်မှာ ကစားခဲ့တဲ့ ၃၆ ကြိမ်မြောက် ဗိုလ်လုပွဲမှာ ၂၄ ကြိမ်မြောက် ဂရန်းစလန်းရရှိမှု ဖြစ်ခဲ့ပြီး ရာဖေးလ် နာဒယ်ထက် ၂ ကြိမ် အသာစီး ရရှိသွားခဲ့ပြီဖြစ်တာကြောင့် အစောပိုင်းကာလတုန်းက မာဂရက်ကော့တ်ရဲ့ စံချိန်ကို လိုက်မီတာထက် ပိုအဓိပ္ပာယ်ရှိခဲ့မှာဖြစ်ပါတယ်။

ဂျိုကိုဗစ်ဟာ မက်ဒ်ဒက်ဗ်နဲ့ နောက်ဆုံး ၁၄ ကြိမ် တွေ့ဆုံမှုမှာ ၉ ကြိမ်အထိ အနိုင်ရရှိခဲ့ပြီဖြစ်ပြီး အဲဒီထဲက ရှုံးပွဲတွေဟာ နောက်ဆုံး ၂ နှစ်အတွင်း အရေးအပါဆုံးပွဲစဉ်တွေမှာ ရှုံးနိမ့်ခဲ့တာဖြစ်တာကြောင့် ရုရှားတင်းနစ်ကြယ်ပွင့်ကို အကောင်းဆုံး ပြန်လည်လက်စားချေနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဒ်ဒက်ဗ်ရဲ့ ဗိုလ်လုပွဲကို တက်လာတဲ့ လမ်းကြောင်းက ဂျိုကိုဗစ်ထက်စာရင် အများကြီး ပိုမိုခက်ခဲခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်မှာ ကားလို့စ် အယ်လ်ကာရက်ဇ်ကို ခက်ခက်ခဲခဲ အနိုင်ယူခဲ့ရတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: ႏိုဗက္ ဂ်ိဳကိုဗစ္ဟာ တနဂၤေႏြေန႔ညက ၂၀၂၂ ခုႏွစ္မွာ ဘန္းခံခဲ့ရတဲ့ Flushing Meadows ကို အခ်ိဳၿမိန္ဆုံးပုံစံနဲ႔ျပန္လာခဲ့ၿပီး ၂၀၂၃ ခုႏွစ္မွာ အသက္အ႐ြယ္အႀကီးရင့္ဆုံး ခ်န္ပီယံျဖစ္လာခဲ့ၿပီ ျဖစ္ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ဆားဘီးယားတင္းနစ္ၾကယ္ပြင့္ဟာ ဒန္နီလ္ မက္ဒ္ဒက္ဗ္နဲ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ကစားခဲ့ရၿပီး ၆-၃၊ ၇-၆၊ ၆-၃ ရလဒ္နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ၅ ႏွစ္အတြင္း ပထမဆုံး ယူအက္စ္အိုးပင္းဖလားကို အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ဂ်ိဳကိုဗစ္အတြက္ေတာ့ ဝင္ဘယ္ဒန္မွာ ကစားခဲ့တဲ့ ၃၆ ႀကိမ္ေျမာက္ ဗိုလ္လုပြဲမွာ ၂၄ ႀကိမ္ေျမာက္ ဂရန္းစလန္းရရွိမႈ ျဖစ္ခဲ့ၿပီး ရာေဖးလ္ နာဒယ္ထက္ ၂ ႀကိမ္ အသာစီး ရရွိသြားခဲ့ၿပီျဖစ္တာေၾကာင့္ အေစာပိုင္းကာလတုန္းက မာဂရက္ေကာ့တ္ရဲ႕ စံခ်ိန္ကို လိုက္မီတာထက္ ပိုအဓိပၸာယ္ရွိခဲ့မွာျဖစ္ပါတယ္။

ဂ်ိဳကိုဗစ္ဟာ မက္ဒ္ဒက္ဗ္နဲ႔ ေနာက္ဆုံး ၁၄ ႀကိမ္ ေတြ႕ဆုံမႈမွာ ၉ ႀကိမ္အထိ အႏိုင္ရရွိခဲ့ၿပီျဖစ္ၿပီး အဲဒီထဲက ရႈံးပြဲေတြဟာ ေနာက္ဆုံး ၂ ႏွစ္အတြင္း အေရးအပါဆုံးပြဲစဥ္ေတြမွာ ရႈံးနိမ့္ခဲ့တာျဖစ္တာေၾကာင့္ ႐ုရွားတင္းနစ္ၾကယ္ပြင့္ကို အေကာင္းဆုံး ျပန္လည္လက္စားေခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဒ္ဒက္ဗ္ရဲ႕ ဗိုလ္လုပြဲကို တက္လာတဲ့ လမ္းေၾကာင္းက ဂ်ိဳကိုဗစ္ထက္စာရင္ အမ်ားႀကီး ပိုမိုခက္ခဲခဲ့ၿပီး ဆီမီးဖိုင္နယ္အဆင့္မွာ ကားလို႔စ္ အယ္လ္ကာရက္ဇ္ကို ခက္ခက္ခဲခဲ အႏိုင္ယူခဲ့ရတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.