Other

အာရှဖလားဗိုလ်လုပွဲမှာ ချန်ပီယံဘွဲ့ကာကွယ်သွားဖို့ ရေပန်းစားနေတဲ့ အိမ်ရှင်ကာတာ

အိမ်ရှင် ကာတာအသင်းဟာ ယနေ့မှာ ကစားသွားမယ့် အာရှဖလားဗိုလ်လုပွဲမှာ အနိုင်ယူပြီး ချန်ပီယံဘွဲ့ကို ကာကွယ်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။

ကာတာဟာ အာရှဖလားပြိုင်ပွဲကို ချန်ပီယံအဖြစ်နဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပေမယ့်လည်း ပြိုင်ပွဲအစမှာ ဂျပန်၊ တောင်ကိုရီးယား၊ ဆော်ဒီအာရေဗျတို့လို ထိပ်တန်းအသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ ဆိုးရွားတဲ့မှတ်တမ်းတွေကြောင့် ဆုဖလားရဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ထည့်တွက်ခြင်းမခံခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း တင်တင် မားကွက်ဇ် လိုပက်ဇ်ရဲ့ အသင်းဟာ ဘယ်သူမှ မမျှော်လင့်ထားတာတွေကို လုပ်ပြနိုင်ခဲ့ပြီး ၂ ကြိမ်ဆက်တိုက် အာရှဖလား ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အိမ်ရှင်ကာတာတွေက ဗိုလ်စွဲဖို့ မျှော်မှန်းခံထားရတဲ့ ဖိအားတွေ ရှိနေပေမယ့်လည်း ဂျော်ဒန်ကတော့ ပထမဆုံးကစားရမယ့် အာရှဖလားဗိုလ်လုပွဲမှာ ဘာမှ ဆုံးရှုံးစရာမရှိဘူးဆိုတဲ့စိတ်နဲ့ ကစားသွားမှာပါ။

ဒီပြိုင်ပွဲမှာ အံ့အားသင့်စရာ ဗိုလ်လုပွဲအထိ တက်လာခဲ့တဲ့ ဂျော်ဒန်ဟာ အုပ်စုတုန်းက အဆင့် ၃ နဲ့ ရှုံးထွက်ကို ပွတ်ကာသီကာ တက်လာခဲ့တာဖြစ်ပြီး အင်အားကြီးအသင်းတွေဖြစ်တဲ့ အီရတ်နဲ့ တောင်ကိုရီးယားတို့ကို ရှုံးထွက်အဆင့်တွေမှာ ဖြုတ်ချနိုင်ခဲ့တာပါ။

ဒါက ၂၀၂၃ ခုနှစ်အတွင်း ကစားခဲ့တဲ့ ၇ ပွဲစလုံးမှာ နိုင်ပွဲတစ်ပွဲမှ မရခဲ့တဲ့ မော်ရိုကိုလူမျိုးနည်းပြ ဟူစိန် အမ်မူတာအတွက်တော့ ကြီးမားတဲ့ အောင်ပွဲဖြစ်ခဲ့ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ဂျော်ဒန်ရဲ့ ဆီမီးဖိုင်နယ်နိုင်ပွဲမှာ အပြောင်းအလဲ ၄ ခုလုပ်ခဲ့ပြီး ဘာရာ မာရီ၊ အယ်လ်-ရက်ရှ်ဒန်နဲ့ မိုဟာမက် အဘူ ဟာရှိတို့ဟာ ဆာလမ် အယ်လ်-အဂျာလင်၊ ရာဂျေး အာယက်နဲ့ အလီ အိုဝမ်တို့နေရာမှာ ပါဝင်ခဲ့တာပါ။ အီဆန် ဟက်ဒက်ဟာ ဒီနေ့မှာ နိုင်ငံတကာပွဲ ၇၅ ပွဲမြောက်အဖြစ် ပါဝင်လာနိုင်ပြီး မိုဟာမက် အဘူ ဇရေးလည်း ၂၅ ပွဲမြောက် ပါဝင်ကစားပေးသွားမှာပါ။

ဆာလား ဇာကာရီယာကတော့ ဒဏ်ရာရနေဆဲဖြစ်ပြီး ယနေ့ ကာတာအတွက် ပါဝင်ကစားပေးနိုင်ဖွယ်မရှိတဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ပါတယ်။ ကာတာဟာ အီရန်နဲ့ကစားခဲ့တဲ့ ပွဲမှာ ပွဲထွက်လူစာရင်း ၁၁ ဦးထဲကို ကစားသမားအသစ် ၂ ဦးထည့်ခဲ့ပြီး ယူဆွတ်ဖ် အက်ဘ်ဒူရီဆက်ဂျ်နဲ့ ဟိုမန် အာမက်တို့နေရာမှာ ဟာဆန် အယ်လ်-ဟေးဒေါ့စ်၊ တာရက် ဆယ်လ်မန်တို့ကို အသုံးပြုခဲ့တာပါ။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

ဂျော်ဒန်-အဘူလေလာ၊ အယ်လ်-အာရက်၊ မာရီ၊ ဟက်ဒက်၊ အယ်လ်-ရက်ရှ်ဒန်၊ အယ်လ်-ရာဝါဒါး၊ အဘူ ဟာရှီး၊ အယ်လ်-တာမာရီ၊ အိုဝမ်၊ အယ်လ်-နိုင်မတ်။

ကာတာ-ဘာရှမ်၊ ရို-ရို၊ မန်ဒက်စ်၊ မူခတာ၊ ဝက်ဒ်၊ ဂဘာ၊ ဖာတီဟီ၊ အယ်လ်-ဟေးဒေါ့စ်၊ အာမက်၊ အလီ၊ အဖစ်။

ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်း

ဂျော်ဒန်နဲ့ ကာတာတို့ဟာ ပြိုင်ပွဲနဲ့ ခြေစမ်းပွဲတွေမှာ ၂၃ ကြိမ်အထိ တွေ့ဆုံခဲ့ဖူးပြီး နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ခြေစမ်းပွဲမှာ ဂျော်ဒန်က ၂-၀ နဲ့ ရှုံးနိမ့်ခဲ့တာပါ။ ကာတာက ၁၂ ကြိမ်နိုင် ၅ ကြိမ်သရေ ဂျော်ဒန်က ၆ ကြိမ်အနိုင်ရခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

အဓိကဆုဖလားပြိုင်ပွဲကြီးတွေရဲ့ ဗိုလ်လုပွဲဟာ ဘယ်တုန်းကမှ ခန့်မှန်းရမလွယ်ကူခဲ့ဘဲ ဂိုးမပေးရဖို့ ပိတ်ကစားကြမယ့်ပွဲဖြစ်မယ်လို့ ခန့်မှန်းမိပြီး နှစ်သင်းစလုံးဟာ ဒီပွဲကို အနိုင်ယူဖို့ နည်းလမ်းအမျိုးမျိုး ရှာထားမှာပါ။ ဒါပေမယ့် အိမ်ရှင်ကာတာက မှော်ဆန်တဲ့ အခိုက်အတန့်တွေကို ဖန်တီးနိုင်စွမ်းရှိတဲ့ ကစားသမား ပိုများပြီး ဒီလိုပွဲစဉ်တွေမှာ ကွဲပြားခြားနားမှုတွေ လုပ်ပြနိုင်ခဲ့တာလည်း အဲဒီလို ကစားသမားတွေကြောင့်ပါ။ ဒီပွဲမှာတော့ အားလုံး မျှော်လင့်ထားတဲ့အတိုင်းပဲ အိမ်ရှင်ကာတာက ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရပြီး ချန်ပီယံဘွဲ့ကို ကာကွယ်သွားပါလိမ့်မယ်။

ခန့်မှန်းပွဲပြီးရလဒ်(ဂျော်ဒန် ၀-၁ ကာတာ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI: အိမ္ရွင္ ကာတာအသင္းဟာ ယေန႔မွာ ကစားသြားမယ့္ အာရွဖလားဗိုလ္လုပြဲမွာ အႏိုင္ယူၿပီး ခ်န္ပီယံဘြဲ႕ကို ကာကြယ္ဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။

ကာတာဟာ အာရွဖလားၿပိဳင္ပြဲကို ခ်န္ပီယံအျဖစ္နဲ႔ ယွဥ္ၿပိဳင္ခဲ့တာျဖစ္ေပမယ့္လည္း ၿပိဳင္ပြဲအစမွာ ဂ်ပန္၊ ေတာင္ကိုရီးယား၊ ေဆာ္ဒီအာေရဗ်တို႔လို ထိပ္တန္းအသင္းႀကီးေတြနဲ႔ ရင္ဆိုင္ခဲ့တဲ့ ဆိုး႐ြားတဲ့မွတ္တမ္းေတြေၾကာင့္ ဆုဖလားရဖို႔ ေရပန္းအစားဆုံးအသင္းအျဖစ္ ထည့္တြက္ျခင္းမခံခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္လည္း တင္တင္ မားကြက္ဇ္ လိုပက္ဇ္ရဲ႕ အသင္းဟာ ဘယ္သူမွ မေမွ်ာ္လင့္ထားတာေတြကို လုပ္ျပႏိုင္ခဲ့ၿပီး ၂ ႀကိမ္ဆက္တိုက္ အာရွဖလား ဗိုလ္လုပြဲကို တက္ေရာက္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။ အိမ္ရွင္ကာတာေတြက ဗိုလ္စြဲဖို႔ ေမွ်ာ္မွန္းခံထားရတဲ့ ဖိအားေတြ ရွိေနေပမယ့္လည္း ေဂ်ာ္ဒန္ကေတာ့ ပထမဆုံးကစားရမယ့္ အာရွဖလားဗိုလ္လုပြဲမွာ ဘာမွ ဆုံးရႈံးစရာမရွိဘူးဆိုတဲ့စိတ္နဲ႔ ကစားသြားမွာပါ။

ဒီၿပိဳင္ပြဲမွာ အံ့အားသင့္စရာ ဗိုလ္လုပြဲအထိ တက္လာခဲ့တဲ့ ေဂ်ာ္ဒန္ဟာ အုပ္စုတုန္းက အဆင့္ ၃ နဲ႔ ရႈံးထြက္ကို ပြတ္ကာသီကာ တက္လာခဲ့တာျဖစ္ၿပီး အင္အားႀကီးအသင္းေတြျဖစ္တဲ့ အီရတ္နဲ႔ ေတာင္ကိုရီးယားတို႔ကို ရႈံးထြက္အဆင့္ေတြမွာ ျဖဳတ္ခ်ႏိုင္ခဲ့တာပါ။

ဒါက ၂၀၂၃ ခုႏွစ္အတြင္း ကစားခဲ့တဲ့ ၇ ပြဲစလုံးမွာ ႏိုင္ပြဲတစ္ပြဲမွ မရခဲ့တဲ့ ေမာ္႐ိုကိုလူမ်ိဳးနည္းျပ ဟူစိန္ အမ္မူတာအတြက္ေတာ့ ႀကီးမားတဲ့ ေအာင္ပြဲျဖစ္ခဲ့ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

ေဂ်ာ္ဒန္ရဲ႕ ဆီမီးဖိုင္နယ္ႏိုင္ပြဲမွာ အေျပာင္းအလဲ ၄ ခုလုပ္ခဲ့ၿပီး ဘာရာ မာရီ၊ အယ္လ္-ရက္ရွ္ဒန္နဲ႔ မိုဟာမက္ အဘူ ဟာရွိတို႔ဟာ ဆာလမ္ အယ္လ္-အဂ်ာလင္၊ ရာေဂ်း အာယက္နဲ႔ အလီ အိုဝမ္တို႔ေနရာမွာ ပါဝင္ခဲ့တာပါ။ အီဆန္ ဟက္ဒက္ဟာ ဒီေန႔မွာ ႏိုင္ငံတကာပြဲ ၇၅ ပြဲေျမာက္အျဖစ္ ပါဝင္လာႏိုင္ၿပီး မိုဟာမက္ အဘူ ဇေရးလည္း ၂၅ ပြဲေျမာက္ ပါဝင္ကစားေပးသြားမွာပါ။

ဆာလား ဇာကာရီယာကေတာ့ ဒဏ္ရာရေနဆဲျဖစ္ၿပီး ယေန႔ ကာတာအတြက္ ပါဝင္ကစားေပးႏိုင္ဖြယ္မရွိတဲ့ တစ္ဦးတည္းေသာ ကစားသမားျဖစ္ပါတယ္။ ကာတာဟာ အီရန္နဲ႔ကစားခဲ့တဲ့ ပြဲမွာ ပြဲထြက္လူစာရင္း ၁၁ ဦးထဲကို ကစားသမားအသစ္ ၂ ဦးထည့္ခဲ့ၿပီး ယူဆြတ္ဖ္ အက္ဘ္ဒူရီဆက္ဂ်္နဲ႔ ဟိုမန္ အာမက္တို႔ေနရာမွာ ဟာဆန္ အယ္လ္-ေဟးေဒါ့စ္၊ တာရက္ ဆယ္လ္မန္တို႔ကို အသုံးျပဳခဲ့တာပါ။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

ေဂ်ာ္ဒန္-အဘူေလလာ၊ အယ္လ္-အာရက္၊ မာရီ၊ ဟက္ဒက္၊ အယ္လ္-ရက္ရွ္ဒန္၊ အယ္လ္-ရာဝါဒါး၊ အဘူ ဟာရွီး၊ အယ္လ္-တာမာရီ၊ အိုဝမ္၊ အယ္လ္-ႏိုင္မတ္။

ကာတာ-ဘာရွမ္၊ ႐ို-႐ို၊ မန္ဒက္စ္၊ မူခတာ၊ ဝက္ဒ္၊ ဂဘာ၊ ဖာတီဟီ၊ အယ္လ္-ေဟးေဒါ့စ္၊ အာမက္၊ အလီ၊ အဖစ္။

ထိပ္တိုက္ေတြ႕ဆုံမႈမွတ္တမ္း

ေဂ်ာ္ဒန္နဲ႔ ကာတာတို႔ဟာ ၿပိဳင္ပြဲနဲ႔ ေျခစမ္းပြဲေတြမွာ ၂၃ ႀကိမ္အထိ ေတြ႕ဆုံခဲ့ဖူးၿပီး ေနာက္ဆုံးေတြ႕ဆုံခဲ့တဲ့ ၂၀၁၈ ခုႏွစ္တုန္းက ေျခစမ္းပြဲမွာ ေဂ်ာ္ဒန္က ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့တာပါ။ ကာတာက ၁၂ ႀကိမ္ႏိုင္ ၅ ႀကိမ္သေရ ေဂ်ာ္ဒန္က ၆ ႀကိမ္အႏိုင္ရခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

အဓိကဆုဖလားၿပိဳင္ပြဲႀကီးေတြရဲ႕ ဗိုလ္လုပြဲဟာ ဘယ္တုန္းကမွ ခန႔္မွန္းရမလြယ္ကူခဲ့ဘဲ ဂိုးမေပးရဖို႔ ပိတ္ကစားၾကမယ့္ပြဲျဖစ္မယ္လို႔ ခန႔္မွန္းမိၿပီး ႏွစ္သင္းစလုံးဟာ ဒီပြဲကို အႏိုင္ယူဖို႔ နည္းလမ္းအမ်ိဳးမ်ိဳး ရွာထားမွာပါ။ ဒါေပမယ့္ အိမ္ရွင္ကာတာက ေမွာ္ဆန္တဲ့ အခိုက္အတန႔္ေတြကို ဖန္တီးႏိုင္စြမ္းရွိတဲ့ ကစားသမား ပိုမ်ားၿပီး ဒီလိုပြဲစဥ္ေတြမွာ ကြဲျပားျခားနားမႈေတြ လုပ္ျပႏိုင္ခဲ့တာလည္း အဲဒီလို ကစားသမားေတြေၾကာင့္ပါ။ ဒီပြဲမွာေတာ့ အားလုံး ေမွ်ာ္လင့္ထားတဲ့အတိုင္းပဲ အိမ္ရွင္ကာတာက က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အႏိုင္ရၿပီး ခ်န္ပီယံဘြဲ႕ကို ကာကြယ္သြားပါလိမ့္မယ္။

ခန႔္မွန္းပြဲၿပီးရလဒ္(ေဂ်ာ္ဒန္ ၀-၁ ကာတာ)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.