La Liga Match Report

အိုဆာဆူနာကို ဆယ်ယောက်နဲ့ အနိုင်ယူပြီး ရီးရဲလ်ကို ငါးမှတ်ဖြတ်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ ခရစ္စတင်ဆန်၊ မားကို့စ် အလွန်ဆို၊ အဲလက်စ် ဘာလ်ဒီနဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဆာဂျီယို ဘူးစ်ကွက်စ်၊ ပက်ဒရီနဲ့ ဒီယုံးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ လီဗန်ဒေါ့ဗ်စကီး၊ ဖယ်ရန် တောရက်စ်နဲ့ ဒမ်ဘီလီတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အိုဆာဆူနာအသင်းကတော့ ဂိုးသမား အီတာ ဖာနန်ဒက်ဇ်၊ ဒေးဗစ် ဂါစီယာ၊ အူနိုင်း ဂါစီယာ၊ ဟွမ် ခရုဇ်နဲ့ နာချို ဗီဒယ်လ်တို့ကို ခံစစ်မှာ ထားကစားခဲ့ပြီး ကွင်းလယ်မှာတော့ မွန်ကာယိုလာ၊ လူးကပ်စ် တိုရို၊ မွာဂိုမက်ဇ်နဲ့ ရူဘင် ဂါစီယာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အိုင်းမား အိုရော့ဇ်နဲ့ အာဗီလာတို့ကို အသုံးပြုလာခဲ့တာပါ။

ဘာစီလိုနာခံစစ်က ခြေထောက်ခဲဆွဲထားသလိုဖြစ်နေတဲ့ လူအိုခြေကျတွေနဲ့ သူတို့ရဲ့ ဘောလုံးပေးကစားပုံတွေက ဘုန်းကြီးနဲ့ ဘီးလိုဖြစ်နေသလို မားကို့စ် အလွန်ဆိုနဲ့ ဆာဂျီယို ဘူးစ်ကွက်စ်တို့ကို ဖိအားပေးရင်း ပွဲစပြီး မကြာခင်မှာပဲ မွန်ကာယိုလာနဲ့ ‌ရူဘင် ဂါစီယာတို့က ခြိမ်းခြောက်ခဲ့ကြလို့ ဇယားထိပ်က ပုဂ္ဂိုလ်တွေ မျက်လုံးပြူးခဲ့ရတာဖြစ်ပါတယ်။

ပွဲချိန် ၆ မိနစ်မှာကတည်းက အိုဆာဆူနာတို့ အဖွင့်ဂိုး သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ရူဘင် ဂါစီယာကြောင့် ရတဲ့ ထောင့်ကန်ဘောကို သူကိုယ်တိုင်ပဲ ညာခြမ်းကနေ ကန်တင်ပေးရာမှာ ရှင်းထုတ်ဖို့ထက် လက်ထောင်ပြဖို့ကို ပိုအားသန်နေတဲ့ ဘူးစ်ကွက်စ်ကြောင့် ရှေ့ကနေ ဒေးဗစ် ဂါစီယာက ခေါင်းဖြတ်တိုက်ပြီး သွင်းယူသွားခဲ့တာပါ။

အသင်းကပ္ပတိန်ချင်း တွေ့ရာမှာ ဒေးဗစ် ဂါစီယာ ဂိုးသွင်းသွားတာကို ခံလိုက်ရတဲ့ ဘူးစ်ကွက်စ်အနေနဲ့ ဘောလုံးမလာခင်မှာ ခရစ္စတင်ဆန်နဲ့ အလွန်ဆိုတို့ ဧရိယာထဲမှာ လဲကျပြီး ပြစ်ဒဏ်ကျူးလွန်ခံရတယ်လို့ ဒိုင်လူကြီးကို ဘာစီလိုနာအသင်းသားတွေနဲ့အတူ ဝိုင်းဝန်းပြီး စောဒကတက်ခဲ့ကြပေမယ့် ပယ်ချခံခဲ့ရပြီး ရယ်စရာလည်းဖြစ်ခဲ့ရပါတယ်။

ခံစစ်မှာ အမှားမျိုးစုံ ကျူးလွန်နေတဲ့ ဘူးစ်ကွက်စ်ရဲ့ ရောင်းချမှုတွေကို အိုဆာဆူနာဘက်က မဝယ်ယူနိုင်ခဲ့လို့သာ ကာတာလန်သားတွေ သက်သာခဲ့ရသလို တိုက်စစ်မှူး လီဗန်ဒေါ့ဗ်စကီးကတော့ ဒီပွဲမှာ ဂိုးပေါက်တည်ကြိမ်သာ တည့်ခဲ့သလို ပွဲချိန် ၁၁ မိနစ်နဲ့ ၃၁ မိနစ်တွေမှာ အဝါတစ်ကတ်စီ ရယူသွားခဲ့တာကြောင့် စောစောစီးစီး အထုတ်ခံခဲ့ရတာကြောင့် ဧည့်သည်တွေ ၁၀ ယောက်နဲ့ ကစားရဖို့ ကြုံလာခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာ ဖယ်ရန် တောရက်စ်က ချေပဂိုးသွင်းပေမယ့် လူကျွံနေခဲ့ပြီး ပထမပိုင်းပြီးဆုံးချိန်မှာတော့ အိုဆာဆူနာတို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နိုင်ခဲ့သလို ဒီကနေ အဝတ်လဲခန်းထဲအသွားမှာ ဒိုင်လူကြီး ဟေဆူး ဟေးလ်ကို ပေါက်ပေါက်သွားဖောက်တဲ့ ပီကေးကတော့ တိုက်ရိုက်အနီကတ် ချီးမြှင့်ခံခဲ့ရလို့ ဘာစီလိုနာတို့ ပေါက်ကွဲစရာဖြစ်လာခဲ့ပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၈ မိနစ်မှာတော့ ဘာစီလိုနာတို့ ချေပဂိုး ပြန်လည်ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဂျော်ဒီ အယ်လ်ဘာက ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်တင်ပေးခဲ့ရာမှာ ရှင်းထုတ်ပုံ မပီပြင်တဲ့ အိုဆာဆူနာခံစစ်ကြောင့် လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေးရသွားခဲ့တဲ့ ပက်ဒရီက အပြင်းကန်သွင်းရယူသွားခဲ့တာပါ။

ဒီနောက်မှာတော့ အိုဆာဆူနာတို့ဘက်က လူးကပ်စ် တိုရို၊ အိုင်းမား အိုရော့ဇ်၊ ရူဘင် ဂါစီယာ၊ အာဗီလာနဲ့ မွာဂိုမက်ဇ်တို့အစား ကီကေး ဂါစီယာ၊ ဘရက်ရှာနက်၊ ရူဘင် ပီညာ၊ ဘူဒီမီယာနဲ့ ကီကေး ဘာဟာတို့ကို ထည့်သွင်းသွားခဲ့ပြီး ဘာစီလိုနာတို့ဘက်ကတော့ ခရစ္စတင်ဆန်၊ ဒမ်ဘီလီနဲ့ ဖယ်ရန် တောရက်စ်တို့အစား ဂါဗီ၊ ရာဖင်ညာနဲ့ အန်ဆူ ဖာတီတို့ကို လူစားလဲသွားခဲ့ကြပါတယ်။

ပွဲချိန် ၈၅ မိနစ်မှာတော့ ဘာစီလိုနာတို့ လိုအပ်နေတဲ့ အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ခံစစ်ကနေ ဒီယုံးက အိုဆာဆူနာ နောက်တန်းတွေကို ကျော်ပြီး တင်ပေးလိုက်တဲ့ ဘောလုံးကို ရာဖင်ညာက လူကျွံထောင်ချောက်ကို ဖြတ်ကျော်ပြေးထွက်ပြီး ထိန်းမနေတော့ဘဲ အလျင်အမြန် ခေါင်းတိုက်သွင်းယူနိုင်ခဲ့လို့ အိမ်ရှင်တွေ ငုတ်တုတ်မေ့ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ အဝေးကွင်းမှာ အိုဆာဆူနာကို ဆယ်ယောက်ကျန် ဘာစီလိုနာတို့ နှစ်ဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ကြပြီး ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်တို့ မကစားခင်မှာ ၅ မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီး လာလီဂါ အမှတ်ပေးဇယားကို ပြတ်ပြတ်သားသား ဦးဆောင်နိုင်ခဲ့သလို ချန်ပီယံလိဂ်မှာ ရလဒ်မကောင်းတဲ့ နည်းပြ ဇာဗီအတွက်တော့ မျက်နှာရစရာဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ ခရစၥတင္ဆန္၊ မားကို႔စ္ အလြန္ဆို၊ အဲလက္စ္ ဘာလ္ဒီနဲ႔ ေဂ်ာ္ဒီ အယ္လ္ဘာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဆာဂ်ီယို ဘူးစ္ကြက္စ္၊ ပက္ဒရီနဲ႔ ဒီယုံးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ လီဗန္ေဒါ့ဗ္စကီး၊ ဖယ္ရန္ ေတာရက္စ္နဲ႔ ဒမ္ဘီလီတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ အိုဆာဆူနာအသင္းကေတာ့ ဂိုးသမား အီတာ ဖာနန္ဒက္ဇ္၊ ေဒးဗစ္ ဂါစီယာ၊ အူႏိုင္း ဂါစီယာ၊ ဟြမ္ ခ႐ုဇ္နဲ႔ နာခ်ိဳ ဗီဒယ္လ္တို႔ကို ခံစစ္မွာ ထားကစားခဲ့ၿပီး ကြင္းလယ္မွာေတာ့ မြန္ကာယိုလာ၊ လူးကပ္စ္ တို႐ို၊ မြာဂိုမက္ဇ္နဲ႔ ႐ူဘင္ ဂါစီယာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အိုင္းမား အိုေရာ့ဇ္နဲ႔ အာဗီလာတို႔ကို အသုံးျပဳလာခဲ့တာပါ။

ဘာစီလိုနာခံစစ္က ေျခေထာက္ခဲဆြဲထားသလိုျဖစ္ေနတဲ့ လူအိုေျခက်ေတြနဲ႔ သူတို႔ရဲ႕ ေဘာလုံးေပးကစားပုံေတြက ဘုန္းႀကီးနဲ႔ ဘီးလိုျဖစ္ေနသလို မားကို႔စ္ အလြန္ဆိုနဲ႔ ဆာဂ်ီယို ဘူးစ္ကြက္စ္တို႔ကို ဖိအားေပးရင္း ပြဲစၿပီး မၾကာခင္မွာပဲ မြန္ကာယိုလာနဲ႔ ‌႐ူဘင္ ဂါစီယာတို႔က ၿခိမ္းေျခာက္ခဲ့ၾကလို႔ ဇယားထိပ္က ပုဂၢိဳလ္ေတြ မ်က္လုံးျပဴးခဲ့ရတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆ မိနစ္မွာကတည္းက အိုဆာဆူနာတို႔ အဖြင့္ဂိုး သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ႐ူဘင္ ဂါစီယာေၾကာင့္ ရတဲ့ ေထာင့္ကန္ေဘာကို သူကိုယ္တိုင္ပဲ ညာျခမ္းကေန ကန္တင္ေပးရာမွာ ရွင္းထုတ္ဖို႔ထက္ လက္ေထာင္ျပဖို႔ကို ပိုအားသန္ေနတဲ့ ဘူးစ္ကြက္စ္ေၾကာင့္ ေရွ႕ကေန ေဒးဗစ္ ဂါစီယာက ေခါင္းျဖတ္တိုက္ၿပီး သြင္းယူသြားခဲ့တာပါ။

အသင္းကပၸတိန္ခ်င္း ေတြ႕ရာမွာ ေဒးဗစ္ ဂါစီယာ ဂိုးသြင္းသြားတာကို ခံလိုက္ရတဲ့ ဘူးစ္ကြက္စ္အေနနဲ႔ ေဘာလုံးမလာခင္မွာ ခရစၥတင္ဆန္နဲ႔ အလြန္ဆိုတို႔ ဧရိယာထဲမွာ လဲက်ၿပီး ျပစ္ဒဏ္က်ဴးလြန္ခံရတယ္လို႔ ဒိုင္လူႀကီးကို ဘာစီလိုနာအသင္းသားေတြနဲ႔အတူ ဝိုင္းဝန္းၿပီး ေစာဒကတက္ခဲ့ၾကေပမယ့္ ပယ္ခ်ခံခဲ့ရၿပီး ရယ္စရာလည္းျဖစ္ခဲ့ရပါတယ္။

ခံစစ္မွာ အမွားမ်ိဳးစုံ က်ဴးလြန္ေနတဲ့ ဘူးစ္ကြက္စ္ရဲ႕ ေရာင္းခ်မႈေတြကို အိုဆာဆူနာဘက္က မဝယ္ယူႏိုင္ခဲ့လို႔သာ ကာတာလန္သားေတြ သက္သာခဲ့ရသလို တိုက္စစ္မႉး လီဗန္ေဒါ့ဗ္စကီးကေတာ့ ဒီပြဲမွာ ဂိုးေပါက္တည္ႀကိမ္သာ တည့္ခဲ့သလို ပြဲခ်ိန္ ၁၁ မိနစ္နဲ႔ ၃၁ မိနစ္ေတြမွာ အဝါတစ္ကတ္စီ ရယူသြားခဲ့တာေၾကာင့္ ေစာေစာစီးစီး အထုတ္ခံခဲ့ရတာေၾကာင့္ ဧည့္သည္ေတြ ၁၀ ေယာက္နဲ႔ ကစားရဖို႔ ႀကဳံလာခဲ့တာပါ။

ပြဲခ်ိန္ ၄၅ မိနစ္မွာ ဖယ္ရန္ ေတာရက္စ္က ေခ်ပဂိုးသြင္းေပမယ့္ လူကြၽံေနခဲ့ၿပီး ပထမပိုင္းၿပီးဆုံးခ်ိန္မွာေတာ့ အိုဆာဆူနာတို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ႏိုင္ခဲ့သလို ဒီကေန အဝတ္လဲခန္းထဲအသြားမွာ ဒိုင္လူႀကီး ေဟဆူး ေဟးလ္ကို ေပါက္ေပါက္သြားေဖာက္တဲ့ ပီေကးကေတာ့ တိုက္႐ိုက္အနီကတ္ ခ်ီးျမႇင့္ခံခဲ့ရလို႔ ဘာစီလိုနာတို႔ ေပါက္ကြဲစရာျဖစ္လာခဲ့ပါတယ္။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၈ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ ေခ်ပဂိုး ျပန္လည္ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေဂ်ာ္ဒီ အယ္လ္ဘာက ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္တင္ေပးခဲ့ရာမွာ ရွင္းထုတ္ပုံ မပီျပင္တဲ့ အိုဆာဆူနာခံစစ္ေၾကာင့္ လြတ္လြတ္ကြၽတ္ကြၽတ္ အခြင့္အေရးရသြားခဲ့တဲ့ ပက္ဒရီက အျပင္းကန္သြင္းရယူသြားခဲ့တာပါ။

ဒီေနာက္မွာေတာ့ အိုဆာဆူနာတို႔ဘက္က လူးကပ္စ္ တို႐ို၊ အိုင္းမား အိုေရာ့ဇ္၊ ႐ူဘင္ ဂါစီယာ၊ အာဗီလာနဲ႔ မြာဂိုမက္ဇ္တို႔အစား ကီေကး ဂါစီယာ၊ ဘရက္ရွာနက္၊ ႐ူဘင္ ပီညာ၊ ဘူဒီမီယာနဲ႔ ကီေကး ဘာဟာတို႔ကို ထည့္သြင္းသြားခဲ့ၿပီး ဘာစီလိုနာတို႔ဘက္ကေတာ့ ခရစၥတင္ဆန္၊ ဒမ္ဘီလီနဲ႔ ဖယ္ရန္ ေတာရက္စ္တို႔အစား ဂါဗီ၊ ရာဖင္ညာနဲ႔ အန္ဆူ ဖာတီတို႔ကို လူစားလဲသြားခဲ့ၾကပါတယ္။

ပြဲခ်ိန္ ၈၅ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ လိုအပ္ေနတဲ့ အႏိုင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ခံစစ္ကေန ဒီယုံးက အိုဆာဆူနာ ေနာက္တန္းေတြကို ေက်ာ္ၿပီး တင္ေပးလိုက္တဲ့ ေဘာလုံးကို ရာဖင္ညာက လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ေျပးထြက္ၿပီး ထိန္းမေနေတာ့ဘဲ အလ်င္အျမန္ ေခါင္းတိုက္သြင္းယူႏိုင္ခဲ့လို႔ အိမ္ရွင္ေတြ ငုတ္တုတ္ေမ့ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အေဝးကြင္းမွာ အိုဆာဆူနာကို ဆယ္ေယာက္က်န္ ဘာစီလိုနာတို႔ ႏွစ္ဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိခဲ့ၾကၿပီး ဒီႏိုင္ပြဲေၾကာင့္ ရီးရဲလ္မက္ဒရစ္တို႔ မကစားခင္မွာ ၅ မွတ္အထိ ျဖတ္ထားႏိုင္ခဲ့ၿပီး လာလီဂါ အမွတ္ေပးဇယားကို ျပတ္ျပတ္သားသား ဦးေဆာင္ႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္မွာ ရလဒ္မေကာင္းတဲ့ နည္းျပ ဇာဗီအတြက္ေတာ့ မ်က္ႏွာရစရာျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.