Carabao & FA Match Report Premier League

အဲဗာတန်နဲ့ လမ်းပတ်ရဲ့ အလှူမှာ အဝစားပြီး နောက်တစ်ဆင့်တက်တဲ့ ဘုန်းမောက်

ဘုန်းမောက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ထရေဗာစ်၊ ခံစစ်မှာ မက်ဖမ်၊ စတီဖင်စ်၊ စတေဆီနဲ့ ဇီမူရာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရော့သ်ဝဲလ်၊ ပီယာဆန်၊ ခရစ္စတီး၊ စတန်နီစလတ်စ်နဲ့ အန်ထော်နီတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ လိုးဝ်တစ်ယောက်တည်းကို တင်ကစားခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် အဲဗာတန်တို့ကတော့ ဂိုးသမား ဘီဂိုဗစ်ချ်၊ ခံစစ်မှာ ယယ်ရီ မီနာ၊ မိုက်ကယ် ကီးန်နဲ့ ဟိုလ်ဂိတ်တို့ကို ၃-၅-၂ ပုံစံနဲ့ နေရာချထားခဲ့ပြီး ကွင်းလယ်မှာတော့ တွမ်ဒေးဗီးစ်၊ ဒူကူရေး၊ ဂါနာ၊ ပက်တာဆန်နဲ့ ဗီနာဂရီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ မော်ပေနဲ့ ဂေါ်ဒန်တို့အတွဲကို သုံးပြီး နည်းပြ လမ်းပတ်အနေနဲ့ သူ့ရဲ့ ပရီးမီးယားလိဂ်မှာ တိုင်ပတ်နေမှုကို ကစားကွက်သစ်နဲ့ ပြောင်းလဲနိုင်မလား စမ်းကြည့်ခဲ့တာပါ။

ပွဲချိန် ၇ မိနစ်မှာကတည်းက အိမ်ရှင် ဘုန်းမောက်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ စတန်နီစလတ်စ် ထိုးပေးတဲ့ ဘောလုံးကို ဧရိယာဘယ်ခြမ်းကနေ လိုးဝ်က လှမ်းကန်သွင်းရာမှာ အဲဗာတန်ကွင်းလယ်လူ ဂါနာနဲ့ ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့လို့ ဂိုးသမား ဘီဂိုဗစ်ချ် ကာကွယ်ဖို့ မတတ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်းကို ဘုန်းမောက်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ၄၇ မိနစ်မှာတော့ အိမ်ရှင်ချယ်ရီတွေပဲ နောက်ထပ် ဦးဆောင်ဂိုး ထပ်မံရရှိခဲ့သလို ဒီဂိုးကိုတော့ ညာခြမ်းက ခရစ္စတီး ထိုးပေးတာကို လိုးဝ်က ထောင့်ကျဉ်းအနေအထားက ကန်သွင်းဖို့ ကြိုးစားရာမှာ ယယ်ရီ မီနာ ဝင်တားလို့ ထွက်လာတဲ့ ဘောလုံးကို ဘယ်ခြမ်းမှာ လိုက်လာတဲ့ စတန်နီစလတ်စ်က အနီးကပ် ကန်သွင်းသွားခဲ့တာပါ။

ပွဲချိန် ၅၂ မိနစ်မှာတော့ အဲဗာတန်တို့ဘက်က ဟိုလ်ဂိတ်၊ ဂေါ်ဒန်နဲ့ ဂါနာတို့အစား မက်နီးလ်၊ ဂရေးနဲ့ အီဝိုဘီတို့ကို ထည့်သွင်းပြီး ၄-၃-၃ ပြန်ပြောင်းကစားသွားခဲ့သလို ဘုန်းမောက်တို့ကတော့ ဇီမူရာအစား ဖရက်ဒရစ်ခ်နဲ့ စတန်နီစလတ်စ်အစား မာကွန်ဒက်စ်တို့ကို ထည့်ပြီး အပြောင်းအလဲ လုပ်လာခဲ့ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ အဲဗာတန်တို့ ချေပဂိုးတစ်ဂိုး ပြန်လည်ရှာဖွေနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အီဝိုဘီ ထိုးပေးတဲ့‌ ဘောလုံးကို မော်ပေက ဧရိယာထဲမှာ တစ်ချက်ထိနဲ့ ပြန်ချပေးရာမှာ လူစားဝင်ကစားသမား ဂရေးက တစ်ချက်ထိန်းပြီး ညာဘက်ထောင့်ကို အမြန်ကန်သွင်းနိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးပြန်ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၇၈ မိနစ်မှာတော့ ဘုန်းမောက်တို့ တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး အဲဗာတန်တို့ရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးခဲ့သလို ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဖြတ်ပို့ပေးတဲ့ အနိမ့်ဘောကို ဧရိယာထဲမှာ အဖွင့်ဂိုးရှင် လိုးဝ်က ကန်သွင်းရာမှာ ဂိုးသမား ဘီဂိုဗစ်ချ် ပုတ်ထုတ်နိုင်ခဲ့ပေမယ့် လူမကျွံဘဲ စောင့်နေခဲ့တဲ့ မာကွန်ဒက်စ်က အနီးကပ် ထပ်ပိတ်သွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၈၂ မိနစ်မှာတော့ ဘုန်းမောက်တို့ အနိုင်သေချာစေမယ့် စတုတ္ထ အနိုင်ဂိုးကို ရရှိခဲ့ကြပြီး ခံစစ်မှာ‌ ဘောလုံးပေးမှားတဲ့ ပက်တာဆန်ဆီကနေ လူစားဝင်ကစားသမား ဒမ်ဘီလီက ဖြတ်လုပြီး ဧရိယာထဲအထိ ဆွဲပြေးပြီးမှ အတွင်းကို ပြန်ချိုးပေးတာကို အန်ထော်နီက ခံစစ်လိုက်ကူတဲ့ မက်နီးလ်ကို တစ်ချက်ခေါက်ပြီး ကန်သွင်းနိုင်ခဲ့လို့ ဒီနေ့မှာ ဖုန်းတစ်ဂိုးရှင်ဖြစ်နေတဲ့ ဘီဂိုဗစ်ချ် ထပ်ပြီး နာမည်ပျက်ခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ လူတိုင်း အားပေးနေကျ အလှူတော်မင်္ဂလာ လမ်းပတ်နဲ့ အဲဗာတန်တို့ကို ပရီးမီးယားလိဂ်မှာ ကစားပုံနဲ့ ရလဒ် ကိုက်ညီမှု မရှိဘဲ အမှတ်ရနည်းနေတဲ့ ဘုန်းမောက်နဲ့ နည်းပြ အိုနီးလ်တို့က လေးဂိုး-တစ်ဂိုးရလဒ်နဲ့ နိုင်ပွဲဆင်သွားနိုင်ခဲ့ကြပြီး ကာရာဘောင်းဖလားရဲ့ စတုတ္ထအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘုန္းေမာက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ထေရဗာစ္၊ ခံစစ္မွာ မက္ဖမ္၊ စတီဖင္စ္၊ စေတဆီနဲ႔ ဇီမူရာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေရာ့သ္ဝဲလ္၊ ပီယာဆန္၊ ခရစၥတီး၊ စတန္နီစလတ္စ္နဲ႔ အန္ေထာ္နီတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ လိုးဝ္တစ္ေယာက္တည္းကို တင္ကစားခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ အဲဗာတန္တို႔ကေတာ့ ဂိုးသမား ဘီဂိုဗစ္ခ်္၊ ခံစစ္မွာ ယယ္ရီ မီနာ၊ မိုက္ကယ္ ကီးန္နဲ႔ ဟိုလ္ဂိတ္တို႔ကို ၃-၅-၂ ပုံစံနဲ႔ ေနရာခ်ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ တြမ္ေဒးဗီးစ္၊ ဒူကူေရး၊ ဂါနာ၊ ပက္တာဆန္နဲ႔ ဗီနာဂရီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ေမာ္ေပနဲ႔ ေဂၚဒန္တို႔အတြဲကို သုံးၿပီး နည္းျပ လမ္းပတ္အေနနဲ႔ သူ႔ရဲ႕ ပရီးမီးယားလိဂ္မွာ တိုင္ပတ္ေနမႈကို ကစားကြက္သစ္နဲ႔ ေျပာင္းလဲႏိုင္မလား စမ္းၾကည့္ခဲ့တာပါ။

ပြဲခ်ိန္ ၇ မိနစ္မွာကတည္းက အိမ္ရွင္ ဘုန္းေမာက္တို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန စတန္နီစလတ္စ္ ထိုးေပးတဲ့ ေဘာလုံးကို ဧရိယာဘယ္ျခမ္းကေန လိုးဝ္က လွမ္းကန္သြင္းရာမွာ အဲဗာတန္ကြင္းလယ္လူ ဂါနာနဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့လို႔ ဂိုးသမား ဘီဂိုဗစ္ခ်္ ကာကြယ္ဖို႔ မတတ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။

ပထမပိုင္းကို ဘုန္းေမာက္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္း ၄၇ မိနစ္မွာေတာ့ အိမ္ရွင္ခ်ယ္ရီေတြပဲ ေနာက္ထပ္ ဦးေဆာင္ဂိုး ထပ္မံရရွိခဲ့သလို ဒီဂိုးကိုေတာ့ ညာျခမ္းက ခရစၥတီး ထိုးေပးတာကို လိုးဝ္က ေထာင့္က်ဥ္းအေနအထားက ကန္သြင္းဖို႔ ႀကိဳးစားရာမွာ ယယ္ရီ မီနာ ဝင္တားလို႔ ထြက္လာတဲ့ ေဘာလုံးကို ဘယ္ျခမ္းမွာ လိုက္လာတဲ့ စတန္နီစလတ္စ္က အနီးကပ္ ကန္သြင္းသြားခဲ့တာပါ။

ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ အဲဗာတန္တို႔ဘက္က ဟိုလ္ဂိတ္၊ ေဂၚဒန္နဲ႔ ဂါနာတို႔အစား မက္နီးလ္၊ ဂေရးနဲ႔ အီဝိုဘီတို႔ကို ထည့္သြင္းၿပီး ၄-၃-၃ ျပန္ေျပာင္းကစားသြားခဲ့သလို ဘုန္းေမာက္တို႔ကေတာ့ ဇီမူရာအစား ဖရက္ဒရစ္ခ္နဲ႔ စတန္နီစလတ္စ္အစား မာကြန္ဒက္စ္တို႔ကို ထည့္ၿပီး အေျပာင္းအလဲ လုပ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ အဲဗာတန္တို႔ ေခ်ပဂိုးတစ္ဂိုး ျပန္လည္ရွာေဖြႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန အီဝိုဘီ ထိုးေပးတဲ့‌ ေဘာလုံးကို ေမာ္ေပက ဧရိယာထဲမွာ တစ္ခ်က္ထိနဲ႔ ျပန္ခ်ေပးရာမွာ လူစားဝင္ကစားသမား ဂေရးက တစ္ခ်က္ထိန္းၿပီး ညာဘက္ေထာင့္ကို အျမန္ကန္သြင္းႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျပန္ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ ဘုန္းေမာက္တို႔ တတိယ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၾကၿပီး အဲဗာတန္တို႔ရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို ဖ်က္ဆီးခဲ့သလို ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ျဖတ္ပို႔ေပးတဲ့ အနိမ့္ေဘာကို ဧရိယာထဲမွာ အဖြင့္ဂိုးရွင္ လိုးဝ္က ကန္သြင္းရာမွာ ဂိုးသမား ဘီဂိုဗစ္ခ်္ ပုတ္ထုတ္ႏိုင္ခဲ့ေပမယ့္ လူမကြၽံဘဲ ေစာင့္ေနခဲ့တဲ့ မာကြန္ဒက္စ္က အနီးကပ္ ထပ္ပိတ္သြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ ဘုန္းေမာက္တို႔ အႏိုင္ေသခ်ာေစမယ့္ စတုတၳ အႏိုင္ဂိုးကို ရရွိခဲ့ၾကၿပီး ခံစစ္မွာ‌ ေဘာလုံးေပးမွားတဲ့ ပက္တာဆန္ဆီကေန လူစားဝင္ကစားသမား ဒမ္ဘီလီက ျဖတ္လုၿပီး ဧရိယာထဲအထိ ဆြဲေျပးၿပီးမွ အတြင္းကို ျပန္ခ်ိဳးေပးတာကို အန္ေထာ္နီက ခံစစ္လိုက္ကူတဲ့ မက္နီးလ္ကို တစ္ခ်က္ေခါက္ၿပီး ကန္သြင္းႏိုင္ခဲ့လို႔ ဒီေန႔မွာ ဖုန္းတစ္ဂိုးရွင္ျဖစ္ေနတဲ့ ဘီဂိုဗစ္ခ်္ ထပ္ၿပီး နာမည္ပ်က္ခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ လူတိုင္း အားေပးေနက် အလႉေတာ္မဂၤလာ လမ္းပတ္နဲ႔ အဲဗာတန္တို႔ကို ပရီးမီးယားလိဂ္မွာ ကစားပုံနဲ႔ ရလဒ္ ကိုက္ညီမႈ မရွိဘဲ အမွတ္ရနည္းေနတဲ့ ဘုန္းေမာက္နဲ႔ နည္းျပ အိုနီးလ္တို႔က ေလးဂိုး-တစ္ဂိုးရလဒ္နဲ႔ ႏိုင္ပြဲဆင္သြားႏိုင္ခဲ့ၾကၿပီး ကာရာေဘာင္းဖလားရဲ႕ စတုတၳအဆင့္ကို တက္ေရာက္သြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.