Carabao & FA Match Report Premier League

မြေခွေးအိုကြီး ဗာဒီရဲ့ သွင်းဂိုးတွေနဲ့ နောက်တစ်ဆင့်တက်တဲ့ လက်စတာ

လက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဗာဆန်၊ ခံစစ်မှာ ဖေးစ်၊ အီဗန်စ်၊ ဂျပ်စတင်နဲ့ သောမတ်စ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ အန်ဒီဒီ၊ ဆူမာ‌ရေးနဲ့ ပရက်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဟာဗီ ဘန်းစ်၊ အယိုဇေ ပီရက်ဇ်နဲ့ ဗာဒီတို့ကို ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။

ဧည့်သည် နယူးပို့ကောင်တီအသင်းကတော့ ဂိုးသမား တောင်းဆန်း၊ ခံစစ်မှာ နော်မန်၊ ဖာကူဟာ၊ ဒီမီထရီယူ၊ အာရွန် လူးဝစ္စနဲ့ အက်ဒမ် လူးဝစ္စတို့ကို စုဖွဲ့လာခဲ့ပြီး ကွင်းလယ်မှာတော့ မိုရီယာ-ဝဲလ့်ရှ်၊ ဒိုလန်နဲ့ ဝိတ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ကောလင်းစ်နဲ့ ဘိုဂယ်လ်တို့ကို တင်ကစားလာခဲ့တာပါ။

ပွဲစကတည်းက လူစုံနီးပါး ထုတ်ကစားခဲ့တဲ့ အိမ်ရှင် လက်စတာတို့အနေနဲ့ ဖိဖိစီးစီးကစားနိုင်ခဲ့ပြီး ကွင်းလယ်မှာ အန်ဒီဒီက အဖျက်ကစားရင်း ဆူမာရေးက တိုက်စစ်ကို တာဝန်ယူသွားခဲ့သလို ဘောလုံးပိုင်ဆိုင်မှု ၇၈ ရာခိုင်နှုန်းအထိ ရယူနိုင်ခဲ့ချိန်မှာ ကာရာဘောင်းဖလားပွဲစဉ်က သူတို့တွေအတွက် အခက်အခဲ မရှိဘဲ ခြေသွေးသလိုဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၄၄ မိနစ်မှာ လက်စတာတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းကမှာ ဆူမာရေး၊ အယိုဇီ ပီရက်ဇ်နဲ့ ဂျပ်စတင်တို့ စိတ်ကြိုက် အပေးအယူလုပ်ပြီးမှ အာရုံထွေပြားသွားခဲ့တဲ့ နယူးပို့ခံစစ်ကို ဂျပ်စတင်ကပဲ ဘောလုံးထုတ်ဖို့ လာကူတဲ့ ပရက်နဲ့ ဝမ်းတူးရိုက်ရပြီး ဘယ်ခြေနဲ့ ကန်သွင်းခဲ့ရာမှာ အဝေးတိုင်ဘက်ကို ကပ်ဝင်သွားခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုး-ဂိုးမရှိဖြစ်နေခဲ့တာပါ။

ဒုတိယပိုင်းမှာတော့ လက်စတာတို့ဘက်က ဂျပ်စတင်၊ အယိုဇေ ပီရက်ဇ်၊ ဆူမာရေး၊ အန်ဒီဒီနဲ့ ဖေးစ်တို့ကို အနားပေးသွားခဲ့ကြပြီး အော်လ်ဘရိုက်တန်၊ အီဟန်နာချို၊ တီးလီးမန်းစ်၊ ဘရေးဘရွတ်ခ်နဲ့ ဗက်စတာဂါ့ဒ်တို့ကို ထည့်သွင်းခဲ့သလို နိုင်ပွဲကို ပြတ်သားစေဖို့ နည်းပြ ဘရန်ဒန် ရော့ဂျားစ်က လုပ်ဆောင်လာခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာ လက်စတာတို့ ဒုတိယ ဦးဆောင်ဂိုး ရရှိသွားခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ အီဟန်နာချို ဖြန့်ပေးတဲ့ ဘောလုံးကို ညာခြမ်းကနေ အော်လ်ဘရိုက်တန် ဖြတ်ပို့ပေးတဲ့ ဖန်တီးမှုကို ဗာဒီက ဧရိယာထိပ်ကနေ ခေါင်းတိုက်သွင်းယူခဲ့ရာမှာ နယူးပို့ဂိုးသမား တောင်းဆန်း မကာကွယ်နိုင်ခဲ့လို့ ဂိုးဖြစ်သွားခဲ့တာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ လက်စတာတို့ပဲ တတိယ အနိုင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး တန်ပြန်တိုက်စစ်ကနေ ဟာဗီ ဘန်းစ်က ဘောလုံးဆွဲပြေးပြီး ခင်းပေးရာမှာ လူကျွံထောင်ချောက်ကို ဖြတ်ကျော်နိုင်ခဲ့တဲ့ ဗာဒီက ဂိုးသမား တောင်းဆန်းနဲ့ နောက်ခံလူတစ်ယောက်ကိုပါ လိမ်ခေါက်ပြီးမှ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ လက်စတာစီးတီးတို့ သုံးဂိုး-ဂိုးမရှိနဲ့ အိမ်ကွင်း ကင်းပါဝါမှာ လွယ်ကူတဲ့ နိုင်ပွဲတစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပြီး နယူးပို့ကောင်တီအသင်းကို ကျော်ဖြတ်ပြီး ကာရာဘောင်းဖလားမှာ အောင်ပွဲခံခဲ့သလို ပြိုင်ပွဲရဲ့ နောက်တစ်ဆင့်ဖြစ်တဲ့ စတုတ္ထအဆင့်ကို တက်ရောက် သွားနိုင်ခဲ့ကြပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လက္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဗာဆန္၊ ခံစစ္မွာ ေဖးစ္၊ အီဗန္စ္၊ ဂ်ပ္စတင္နဲ႔ ေသာမတ္စ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ အန္ဒီဒီ၊ ဆူမာ‌ေရးနဲ႔ ပရက္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဟာဗီ ဘန္းစ္၊ အယိုေဇ ပီရက္ဇ္နဲ႔ ဗာဒီတို႔ကို ပြဲထုတ္လာခဲ့တာ ျဖစ္ပါတယ္။

ဧည့္သည္ နယူးပို႔ေကာင္တီအသင္းကေတာ့ ဂိုးသမား ေတာင္းဆန္း၊ ခံစစ္မွာ ေနာ္မန္၊ ဖာကူဟာ၊ ဒီမီထရီယူ၊ အာ႐ြန္ လူးဝစၥနဲ႔ အက္ဒမ္ လူးဝစၥတို႔ကို စုဖြဲ႕လာခဲ့ၿပီး ကြင္းလယ္မွာေတာ့ မိုရီယာ-ဝဲလ့္ရွ္၊ ဒိုလန္နဲ႔ ဝိတ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ေကာလင္းစ္နဲ႔ ဘိုဂယ္လ္တို႔ကို တင္ကစားလာခဲ့တာပါ။

ပြဲစကတည္းက လူစုံနီးပါး ထုတ္ကစားခဲ့တဲ့ အိမ္ရွင္ လက္စတာတို႔အေနနဲ႔ ဖိဖိစီးစီးကစားႏိုင္ခဲ့ၿပီး ကြင္းလယ္မွာ အန္ဒီဒီက အဖ်က္ကစားရင္း ဆူမာေရးက တိုက္စစ္ကို တာဝန္ယူသြားခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈ ၇၈ ရာခိုင္ႏႈန္းအထိ ရယူႏိုင္ခဲ့ခ်ိန္မွာ ကာရာေဘာင္းဖလားပြဲစဥ္က သူတို႔ေတြအတြက္ အခက္အခဲ မရွိဘဲ ေျခေသြးသလိုျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၄၄ မိနစ္မွာ လက္စတာတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းကမွာ ဆူမာေရး၊ အယိုဇီ ပီရက္ဇ္နဲ႔ ဂ်ပ္စတင္တို႔ စိတ္ႀကိဳက္ အေပးအယူလုပ္ၿပီးမွ အာ႐ုံေထြျပားသြားခဲ့တဲ့ နယူးပို႔ခံစစ္ကို ဂ်ပ္စတင္ကပဲ ေဘာလုံးထုတ္ဖို႔ လာကူတဲ့ ပရက္နဲ႔ ဝမ္းတူး႐ိုက္ရၿပီး ဘယ္ေျခနဲ႔ ကန္သြင္းခဲ့ရာမွာ အေဝးတိုင္ဘက္ကို ကပ္ဝင္သြားခဲ့လို႔ ပထမပိုင္းမွာ တစ္ဂိုး-ဂိုးမရွိျဖစ္ေနခဲ့တာပါ။

ဒုတိယပိုင္းမွာေတာ့ လက္စတာတို႔ဘက္က ဂ်ပ္စတင္၊ အယိုေဇ ပီရက္ဇ္၊ ဆူမာေရး၊ အန္ဒီဒီနဲ႔ ေဖးစ္တို႔ကို အနားေပးသြားခဲ့ၾကၿပီး ေအာ္လ္ဘ႐ိုက္တန္၊ အီဟန္နာခ်ိဳ၊ တီးလီးမန္းစ္၊ ဘေရးဘ႐ြတ္ခ္နဲ႔ ဗက္စတာဂါ့ဒ္တို႔ကို ထည့္သြင္းခဲ့သလို ႏိုင္ပြဲကို ျပတ္သားေစဖို႔ နည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္က လုပ္ေဆာင္လာခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာ လက္စတာတို႔ ဒုတိယ ဦးေဆာင္ဂိုး ရရွိသြားခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန အီဟန္နာခ်ိဳ ျဖန႔္ေပးတဲ့ ေဘာလုံးကို ညာျခမ္းကေန ေအာ္လ္ဘ႐ိုက္တန္ ျဖတ္ပို႔ေပးတဲ့ ဖန္တီးမႈကို ဗာဒီက ဧရိယာထိပ္ကေန ေခါင္းတိုက္သြင္းယူခဲ့ရာမွာ နယူးပို႔ဂိုးသမား ေတာင္းဆန္း မကာကြယ္ႏိုင္ခဲ့လို႔ ဂိုးျဖစ္သြားခဲ့တာပါ။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ လက္စတာတို႔ပဲ တတိယ အႏိုင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး တန္ျပန္တိုက္စစ္ကေန ဟာဗီ ဘန္းစ္က ေဘာလုံးဆြဲေျပးၿပီး ခင္းေပးရာမွာ လူကြၽံေထာင္ေခ်ာက္ကို ျဖတ္ေက်ာ္ႏိုင္ခဲ့တဲ့ ဗာဒီက ဂိုးသမား ေတာင္းဆန္းနဲ႔ ေနာက္ခံလူတစ္ေယာက္ကိုပါ လိမ္ေခါက္ၿပီးမွ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ လက္စတာစီးတီးတို႔ သုံးဂိုး-ဂိုးမရွိနဲ႔ အိမ္ကြင္း ကင္းပါဝါမွာ လြယ္ကူတဲ့ ႏိုင္ပြဲတစ္ရပ္ကို ဖန္တီးႏိုင္ခဲ့ၿပီး နယူးပို႔ေကာင္တီအသင္းကို ေက်ာ္ျဖတ္ၿပီး ကာရာေဘာင္းဖလားမွာ ေအာင္ပြဲခံခဲ့သလို ၿပိဳင္ပြဲရဲ႕ ေနာက္တစ္ဆင့္ျဖစ္တဲ့ စတုတၳအဆင့္ကို တက္ေရာက္ သြားႏိုင္ခဲ့ၾကပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.