Premier League

စပိန်ကြယ်ပွင့်ကို ခေါ်ယူချင်ပေမယ့် စီးတီးရဲ့ ကွက်ကျော်မြင်မှုကြောင့် ဒုက္ခရောက်နေတဲ့ တန်ဟက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ အေစီမီလန်မှာ အငှားနဲ့ ကစားနေတဲ့ ဘရာဟင် ဒီယက်ဇ်ကို ခေါ်ယူချင်နေပေမယ့် သာမန်မဟုတ်တဲ့ စာချုပ်ပါအချက်ကြောင့် အပြောင်းအရွှေ့ပြုလုပ်လို့မရဖို့ များနေတယ်လို့ သိရပါတယ်။

အဲရစ် တန်ဟက်ဟာ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ လူစာရင်းထဲကို နောက်ထပ်တိုက်စစ်ကစားသမားတစ်ဦး ထပ်မံဖြည့်တင်းဖို့အတွက် ရှာဖွေနေတာဖြစ်ပြီး ရော်နယ်လ်ဒိုရဲ့ အနာဂတ်က အဓိက စိုးရိမ်စရာဖြစ်နေချိန်မှာ အန်သိုနီ မာစီယယ်လ်ကလည်း ဒဏ်ရာရနေတာကြောင့် ဒီရာသီမှာ တိုက်စစ်ရွေးချယ်စရာက နည်းပါးနေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက Daily Mirror က တန်ဟက်ဟာ တိုက်စစ်ကို အင်အားဖြည့်တင်းဖို့ ကစားသမား ၃ ဦးကို ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းခဲ့ပြီး အဲဒီစာရင်းထဲမှာ လေဗာကူဆင်ကြယ်ပွင့် ပက်ထရစ် ရှစ်ခ်က ဦးဆောင်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း Manchester Evening News က အဲဒီအချိန်ကတည်းက မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ကစားသမားသစ်ခေါ်ယူဖို့ လှုပ်ရှားမှုပြုလုပ်ဖို့ အစီအစဉ်မရှိဘူးလို့ ဖော်ပြခဲ့တာဖြစ်ပြီး ဒတ်ချ်နည်းပြရဲ့ လူစာရင်းကို ပြန်လည်တည်ဆောက်ဖို့အတွက် လာမယ့် နွေရာသီအထိ စောင့်ဆိုင်းရမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကောလာဟလတွေက ဆက်လက် ထွက်ပေါ်နေဆဲဖြစ်ပြီး စပိန်သတင်းဌာန El Nacional ရဲ့ ဖော်ပြချက်အရ တန်ဟက်ဟာ စပိန်ကွင်းလယ်လူ ဘရာဟင် ဒီယက်ဇ်ကို အလွန်စွဲလမ်းနေတာကြောင့် အိုးထရက်ဖို့ဒ်ကို ခေါ်ယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ သိရပါတယ်။

ဒီယက်ဇ်ဟာ လက်ရှိမှာ မိခင်ကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကနေ အေစီမီလန်ကို အငှားနဲ့ လာကစားနေသူဖြစ်ပြီး ဆန်စီရိုမှာ အငှားကစားသမားအဖြစ် ၃ ရာသီမြောက်အဖြစ် ကစားပေးနေတာ ဖြစ်ပါတယ်။ စပိန်ကွင်းလယ်လူကို အေစီမီလန်အသင်းအနေနဲ့ အပြီးသတ် ခေါ်ယူချင်တယ်ဆိုရင် ယူရို ၅၅ သန်း ဝန်းကျင် ကုန်ကျမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့်လည်း စီးရီးအေကလပ်အသင်းဟာ အငှားစာချုပ် ကုန်ဆုံးတဲ့အချိန်ကျရင် ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားကို အပြီးသတ်ခေါ်ယူနိုင်တဲ့ ရွေးချယ်စရာ ရှိနေတာ ဖြစ်ပါတယ်။

ဘရာဟင်ရဲ့ အီတလီက ကစားသမားဘဝဟာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရှိနေခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ စီးရီးအေကလပ်အသင်းကို ကနဦး ပြောင်းရွှေ့လာပြီးကတည်းက ၁၈ ဂိုး သွင်းယူထားနိုင်ခဲ့တာကြောင့် အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ ဆန်စီရိုကို အပြီးသတ်ပြောင်းရွှေ့ဖို့က ဖြစ်နိုင်ခြေရှိနေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဒီယက်ဇ်ကို ခေါ်ယူဖို့အတွက် ကြိုးပမ်းမှုမှာ တခြားပြဿနာရှိနေတာက စပိန်ကွင်းလယ်လူဟာ မန်ချက်စတာစီးတီးအတွက် ကစားပေးခဲ့သူဖြစ်ပြီး အဲဒါက ပြဿနာမဟုတ်ပေမယ့်လည်း Gazzetta dello Sport ရဲ့ အောက်တိုဘာလတုန်းက ဖော်ပြချက်အရ ဂွါဒီယိုလာရဲ့အသင်းဟာ ရီးရဲလ်မက်ဒရစ်ကို ရောင်းချမယ့်သဘောတူညီမှုထဲမှာ ‘မန်ယူဆန့်ကျင်ရေး’အချက်တစ်ခုကို ထည့်သွင်းခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ပက် ဂွါဒီယိုလာရဲ့ အသင်းဟာ တကယ်လို့ ဘရာဟင် ဒီယက်ဇ်ကို မန်ချက်စတာယူနိုက်တက်အသင်းက အပြီးသတ်ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ပြောင်းရွှေ့ကြေးရဲ့ ၄၀ ရာခိုင်နှုန်းအထိ ရရှိသွားမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဒီယက်ဇ်ကို ခေါ်ယူပြီး လူအင်အားဖြည့်တင်းသွားမှာ သံသယဖြစ်စရာမရှိပေမယ့်လည်း မြို့ခံပြိုင်ဘက်အသင်းကို တိုက်ရိုက် ဘဏ္ဍာရေးအင်အားဖြည့်တင်းပေးသလို ဖြစ်သွားမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေအစီမီလန္မွာ အငွားနဲ႔ ကစားေနတဲ့ ဘရာဟင္ ဒီယက္ဇ္ကို ေခၚယူခ်င္ေနေပမယ့္ သာမန္မဟုတ္တဲ့ စာခ်ဳပ္ပါအခ်က္ေၾကာင့္ အေျပာင္းအေ႐ႊ႕ျပဳလုပ္လို႔မရဖို႔ မ်ားေနတယ္လို႔ သိရပါတယ္။

အဲရစ္ တန္ဟက္ဟာ လာမယ့္ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ကာလမွာ လူစာရင္းထဲကို ေနာက္ထပ္တိုက္စစ္ကစားသမားတစ္ဦး ထပ္မံျဖည့္တင္းဖို႔အတြက္ ရွာေဖြေနတာျဖစ္ၿပီး ေရာ္နယ္လ္ဒိုရဲ႕ အနာဂတ္က အဓိက စိုးရိမ္စရာျဖစ္ေနခ်ိန္မွာ အန္သိုနီ မာစီယယ္လ္ကလည္း ဒဏ္ရာရေနတာေၾကာင့္ ဒီရာသီမွာ တိုက္စစ္ေ႐ြးခ်ယ္စရာက နည္းပါးေနခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လက Daily Mirror က တန္ဟက္ဟာ တိုက္စစ္ကို အင္အားျဖည့္တင္းဖို႔ ကစားသမား ၃ ဦးကို ပစ္မွတ္စာရင္းထဲမွာ ထည့္သြင္းခဲ့ၿပီး အဲဒီစာရင္းထဲမွာ ေလဗာကူဆင္ၾကယ္ပြင့္ ပက္ထရစ္ ရွစ္ခ္က ဦးေဆာင္ေနတယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း Manchester Evening News က အဲဒီအခ်ိန္ကတည္းက မန္ခ်က္စတာယူႏိုက္တက္ဟာ လာမယ့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ကစားသမားသစ္ေခၚယူဖို႔ လႈပ္ရွားမႈျပဳလုပ္ဖို႔ အစီအစဥ္မရွိဘူးလို႔ ေဖာ္ျပခဲ့တာျဖစ္ၿပီး ဒတ္ခ်္နည္းျပရဲ႕ လူစာရင္းကို ျပန္လည္တည္ေဆာက္ဖို႔အတြက္ လာမယ့္ ေႏြရာသီအထိ ေစာင့္ဆိုင္းရမယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။

ဒါေပမယ့္လည္း ေကာလာဟလေတြက ဆက္လက္ ထြက္ေပၚေနဆဲျဖစ္ၿပီး စပိန္သတင္းဌာန El Nacional ရဲ႕ ေဖာ္ျပခ်က္အရ တန္ဟက္ဟာ စပိန္ကြင္းလယ္လူ ဘရာဟင္ ဒီယက္ဇ္ကို အလြန္စြဲလမ္းေနတာေၾကာင့္ အိုးထရက္ဖို႔ဒ္ကို ေခၚယူဖို႔ စိတ္ပိုင္းျဖတ္ထားတယ္လို႔ သိရပါတယ္။

ဒီယက္ဇ္ဟာ လက္ရွိမွာ မိခင္ကလပ္အသင္းျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကေန ေအစီမီလန္ကို အငွားနဲ႔ လာကစားေနသူျဖစ္ၿပီး ဆန္စီ႐ိုမွာ အငွားကစားသမားအျဖစ္ ၃ ရာသီေျမာက္အျဖစ္ ကစားေပးေနတာ ျဖစ္ပါတယ္။ စပိန္ကြင္းလယ္လူကို ေအစီမီလန္အသင္းအေနနဲ႔ အၿပီးသတ္ ေခၚယူခ်င္တယ္ဆိုရင္ ယူ႐ို ၅၅ သန္း ဝန္းက်င္ ကုန္က်မွာျဖစ္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ေပမယ့္လည္း စီးရီးေအကလပ္အသင္းဟာ အငွားစာခ်ဳပ္ ကုန္ဆုံးတဲ့အခ်ိန္က်ရင္ ရီးရဲလ္မက္ဒရစ္ကြင္းလယ္ကစားသမားကို အၿပီးသတ္ေခၚယူႏိုင္တဲ့ ေ႐ြးခ်ယ္စရာ ရွိေနတာ ျဖစ္ပါတယ္။

ဘရာဟင္ရဲ႕ အီတလီက ကစားသမားဘဝဟာ သိသာထင္ရွားတဲ့ တိုးတက္မႈေတြ ရွိေနခဲ့တာျဖစ္ၿပီး ၂၀၂၀ ခုႏွစ္မွာ စီးရီးေအကလပ္အသင္းကို ကနဦး ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ၁၈ ဂိုး သြင္းယူထားႏိုင္ခဲ့တာေၾကာင့္ အသက္ ၂၃ ႏွစ္အ႐ြယ္ ကစားသမားဟာ ဆန္စီ႐ိုကို အၿပီးသတ္ေျပာင္းေ႐ႊ႕ဖို႔က ျဖစ္ႏိုင္ေျခရွိေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ဒီယက္ဇ္ကို ေခၚယူဖို႔အတြက္ ႀကိဳးပမ္းမႈမွာ တျခားျပႆနာရွိေနတာက စပိန္ကြင္းလယ္လူဟာ မန္ခ်က္စတာစီးတီးအတြက္ ကစားေပးခဲ့သူျဖစ္ၿပီး အဲဒါက ျပႆနာမဟုတ္ေပမယ့္လည္း Gazzetta dello Sport ရဲ႕ ေအာက္တိုဘာလတုန္းက ေဖာ္ျပခ်က္အရ ဂြါဒီယိုလာရဲ႕အသင္းဟာ ရီးရဲလ္မက္ဒရစ္ကို ေရာင္းခ်မယ့္သေဘာတူညီမႈထဲမွာ ‘မန္ယူဆန႔္က်င္ေရး’အခ်က္တစ္ခုကို ထည့္သြင္းခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ပက္ ဂြါဒီယိုလာရဲ႕ အသင္းဟာ တကယ္လို႔ ဘရာဟင္ ဒီယက္ဇ္ကို မန္ခ်က္စတာယူႏိုက္တက္အသင္းက အၿပီးသတ္ေခၚယူႏိုင္ခဲ့မယ္ဆိုရင္ ေျပာင္းေ႐ႊ႕ေၾကးရဲ႕ ၄၀ ရာခိုင္ႏႈန္းအထိ ရရွိသြားမွာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ဒီယက္ဇ္ကို ေခၚယူၿပီး လူအင္အားျဖည့္တင္းသြားမွာ သံသယျဖစ္စရာမရွိေပမယ့္လည္း ၿမိဳ႕ခံၿပိဳင္ဘက္အသင္းကို တိုက္႐ိုက္ ဘ႑ာေရးအင္အားျဖည့္တင္းေပးသလို ျဖစ္သြားမယ့္ အေျခအေနနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.