International Premier League World Cup

အာဆင်နယ်ကြယ်ပွင့်ထက် ဂေါင်းကြီးကို ယားပြီး ဆောက်ဂိတ်သုံးမှာစိုးနေတဲ့ အင်္ဂလန်ဂန္တဝင်

အင်္ဂလန်ဂန္တဝင် တိုက်စစ်မှူး အလန် ရှီးယားရားက ဆောက်ဂိတ်အနေနဲ့ ၎င်းရဲ့ ကမ္ဘာ့ဖလားလူစာရင်းထဲကို မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားကို ထည့်သွင်းပြီး ကြီးမားတဲ့ အလောင်အစားပြုလုပ်သွားမှာကို ကြောက်ရွံ့နေပါတယ်။

အင်္ဂလန်လက်ရွေးစင်နည်းပြဟာ ၎င်းရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် လူစာရင်းကို ကြာသပတေးနေ့မှာ ကြေညာသွားမှာဖြစ်ပေမယ့်လည်း ပုံမှန်ရွေးချယ်နေကျကစားသမားတွေရဲ့ ခြေစွမ်းနဲ့ ကြံ့ခိုင်မှုဟာ ဆောက်ဂိတ်အတွက် စိုးရိမ်စရာ ဖြစ်နေတာဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ အထူးသဖြင့် ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပုံမှန်ပါဝင်ကစားခွင့် မရခဲ့တဲ့ ခံစစ်ကစားသမား ဟာရီ မက်ဂွိုင်းယားနဲ့ပတ်သက်ပြီး စိုးရိမ်နေမှာဖြစ်ပြီး အသက် ၂၉ နှစ်အရွယ် နောက်ခံကစားသမားရဲ့ ဆိုးရွားတဲ့ ယခုရာသီအစ ဘရိုက်တန်နဲ့ ဘရန့်တ်ဖို့ဒ်တို့နဲ့ပွဲစဉ်က စွမ်းဆောင်ရည်ကြောင့် အင်္ဂလန်လူစာရင်းမှာ ချန်လှပ်ခဲ့ဖို့ တောင်းဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။

မက်ဂွိုင်းယားဟာ စက်တင်ဘာလက အင်္ဂလန်အသင်းရဲ့ ဂျာမနီနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ကြီးမားတဲ့ အမှား ၂ ခုကို ကျူးလွန်ခဲ့ပြီး ရှီးယားရားက ဆောက်ဂိတ်အနေနဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံလူကို နောက်ထပ်တစ်ကြိမ် ရွေးချယ်ပြီး မှန်ကန်ကြောင်း သက်သေပြသလို့ မရနိုင်ဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

မက်ဂွိုင်းယားရဲ့နေရာမှာ အာဆင်နယ်အတွက် ယခုရာသီမှာ ပုံမှန်ကစားနေကျမဟုတ်တဲ့ ညာနောက်ခံနေရာမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသနေတဲ့ ဘန် ဝှိုက်ကို ရွေးချယ်ဖို့ ရှီးယားရားက တောင်းဆိုခဲ့တာဖြစ်ပြီး ဂန်းနားကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရတာ ဖြစ်ပါတယ်။

“သူ့ခံစစ် တိုးတက်လာနေတဲ့ပုံစံက ဒါမှမဟုတ် ဆန့်ကျင်ဘက် ပိုပြီးဖြစ်နေတဲ့ပုံစံက သူ အိပ်ပျော်ဖို့ခက်တဲ့ အခြေအနေပါ။ အဲဒါက ကြံ့ခိုင်မှုအပိုင်း မေးခွန်းထုတ်စရာချည်းပဲ မဟုတ်ပါဘူး။ ခြေစွမ်းပိုင်းလည်း ပါပါတယ်။ ကိုင်လီ ဝေါ်ကာရဲ့ ကြံ့ခိုင်မှုနဲ့အတူ သြဂုတ်လကတည်းက မန်ချက်စတာယူနိုက်တက်အတွက် လိဂ် တစ်ပွဲပဲ ပွဲထွက်ပါဝင်ကစားပေးခဲ့ရလို့ ပွဲကစားချိန် မရခဲ့တဲ့ ဟာရီ မက်ဂွိုင်းယားရဲ့ ခြေစွမ်းလည်း ပါပါတယ်။ အဲရစ် ဒိုင်ယာ၊ လုခ်ရှော၊ အလက်ဇန်းဒါး-အာနိုးတို့ရဲ့ ခြေစွမ်းလည်း ပါပါတယ်။ ထရစ်ပီယာက အခုအချိန် အသင်းလူစာရင်းထဲမှာ ပထမဦးစားပေး နောက်ခံကစားသမားတွေထဲက တစ်ဦးဖြစ်ရပါမယ်။ ဘန် ဝှိုက်က အာဆင်နယ်မှာ ယုံကြည်မှုအပြည့်ရှိနေပြီး ဒီနေရာနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်ဖို့ ကြီးမားတဲ့ တောင်းဆိုမှုအချို့ရှိနေပါတယ်”

“ခင်ဗျား ပြိုင်ပွဲထဲကို မျက်စိစုံမှိတ်ပြီး ဝင်ကစားရတဲ့အချိန်အခါမျိုးတွေ ရှိပါတယ်။ ကျွန်တော် အဲဒါကို အများစုထက် ပိုပြီးတော့ သိပါတယ်။ ကျွန်တော် ယူရို ၉၆ မတိုင်ခင် အင်္ဂလန်အတွက် နှစ်တော်တော်များများ ဂိုမးသွင်းနိုင်ခဲ့ဘဲ အီယန် ရိုက်၊ လက်စ် ဖာဒီနန်၊ အန်ဒီ ကိုး၊ ရော်ဘီ ဖောင်လာ၊ ရှယ်ရင်ဟမ်တို့လို တကယ်ကောင်းတဲ့ကစားသမားတွေက ကျွန်တော့်ရဲ့နေရာကို ဝင်ယူခဲ့ကြတယ်။ ကျွန်တော့်ကို ချန်လှပ်ခဲ့တဲ့အတွက် တော်တော်လေး အငြင်းအခုံဖြစ်ခဲ့ကြပါတယ်။ တန်ပြန်ငြင်းခုံမှုက ကျွန်တော် ဘလက်ဘန်း ရိုးဗားစ်အတွက် ၃၅ ပွဲမှာ လိဂ်သွင်းဂိုး ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တယ်ဆိုတာပါ။ မက်ဂွိုင်းယားက ပါဝင်ကစားပေးရတာတောင် ရှားပါတယ်။ သူ့ရဲ့ ဂျာမနီနဲ့ ၃-၃ သရေကျခဲ့တဲ့ နေးရှင်းလိဂ်ပွဲက ခြေစွမ်းကို ပြန်ကြည့်ရင် ယုံကြည်မှုရအောင် လှုံ့ဆော်ပေးနိုင်ဖို့ တော်တော်ခက်ပါတယ်”

“သူ့ကို ခင်ဗျားရဲ့ ပွဲထွက် ၁၁ ဦးစာရင်းထဲ ရွေးချယ်တာက ကြီးမားတဲ့ အလောင်းအစားကြီးလုပ်တာပါပဲ။ ဒါပေမယ့် ပြဿနာက မက်ဂွိုင်းယားဟာ သီးခြား ဥပမာတစ်ခု မဟုတ်တာပါ။ အသုံးမပြုတာကြာလို့ ခြေစွမ်းမထက်မြက်မှုနဲ့ မလုံခြုံတဲ့ ခံစားချက်တွေ ပိုမို ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။ ကျွန်တော် ခံစစ် ၃ ဦးကစားကွက်နဲ့ ဂါးရတ် သွားမယ်လို့ သံသယရှိမိပါတယ်။ ကျွန်တော်ဆိုရင်တော့ အဲဒီလို မသွားပါဘူး။ ကျွန်တော်ကတော့ ခံစစ် ၄ ဦးနဲ့ပဲ သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဂၤလန္ဂႏၲဝင္ တိုက္စစ္မႉး အလန္ ရွီးယားရားက ေဆာက္ဂိတ္အေနနဲ႔ ၎ရဲ႕ ကမာၻ႔ဖလားလူစာရင္းထဲကို မန္ခ်က္စတာယူႏိုက္တက္အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားကို ထည့္သြင္းၿပီး ႀကီးမားတဲ့ အေလာင္အစားျပဳလုပ္သြားမွာကို ေၾကာက္႐ြံ႕ေနပါတယ္။

အဂၤလန္လက္ေ႐ြးစင္နည္းျပဟာ ၎ရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ လူစာရင္းကို ၾကာသပေတးေန႔မွာ ေၾကညာသြားမွာျဖစ္ေပမယ့္လည္း ပုံမွန္ေ႐ြးခ်ယ္ေနက်ကစားသမားေတြရဲ႕ ေျခစြမ္းနဲ႔ ႀကံ့ခိုင္မႈဟာ ေဆာက္ဂိတ္အတြက္ စိုးရိမ္စရာ ျဖစ္ေနတာျဖစ္ပါတယ္။ ေဆာက္ဂိတ္ဟာ အထူးသျဖင့္ ယခုရာသီမွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ ပုံမွန္ပါဝင္ကစားခြင့္ မရခဲ့တဲ့ ခံစစ္ကစားသမား ဟာရီ မက္ဂြိဳင္းယားနဲ႔ပတ္သက္ၿပီး စိုးရိမ္ေနမွာျဖစ္ၿပီး အသက္ ၂၉ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားရဲ႕ ဆိုး႐ြားတဲ့ ယခုရာသီအစ ဘ႐ိုက္တန္နဲ႔ ဘရန႔္တ္ဖို႔ဒ္တို႔နဲ႔ပြဲစဥ္က စြမ္းေဆာင္ရည္ေၾကာင့္ အဂၤလန္လူစာရင္းမွာ ခ်န္လွပ္ခဲ့ဖို႔ ေတာင္းဆိုမႈေတြ ရွိေနတာျဖစ္ပါတယ္။

မက္ဂြိဳင္းယားဟာ စက္တင္ဘာလက အဂၤလန္အသင္းရဲ႕ ဂ်ာမနီနဲ႔ ကစားခဲ့တဲ့ ေျခစမ္းပြဲစဥ္မွာ ႀကီးမားတဲ့ အမွား ၂ ခုကို က်ဴးလြန္ခဲ့ၿပီး ရွီးယားရားက ေဆာက္ဂိတ္အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူကို ေနာက္ထပ္တစ္ႀကိမ္ ေ႐ြးခ်ယ္ၿပီး မွန္ကန္ေၾကာင္း သက္ေသျပသလို႔ မရႏိုင္ဘူးလို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

မက္ဂြိဳင္းယားရဲ႕ေနရာမွာ အာဆင္နယ္အတြက္ ယခုရာသီမွာ ပုံမွန္ကစားေနက်မဟုတ္တဲ့ ညာေနာက္ခံေနရာမွာ အထင္ႀကီးဖြယ္ေျခစြမ္းျပသေနတဲ့ ဘန္ ဝႈိက္ကို ေ႐ြးခ်ယ္ဖို႔ ရွီးယားရားက ေတာင္းဆိုခဲ့တာျဖစ္ၿပီး ဂန္းနားၾကယ္ပြင့္ဟာ ၿပီးခဲ့တဲ့ အဂၤလန္အသင္းရဲ႕ လူစာရင္းမွာ ေ႐ြးခ်ယ္ျခင္း မခံခဲ့ရတာ ျဖစ္ပါတယ္။

“သူ႔ခံစစ္ တိုးတက္လာေနတဲ့ပုံစံက ဒါမွမဟုတ္ ဆန႔္က်င္ဘက္ ပိုၿပီးျဖစ္ေနတဲ့ပုံစံက သူ အိပ္ေပ်ာ္ဖို႔ခက္တဲ့ အေျခအေနပါ။ အဲဒါက ႀကံ့ခိုင္မႈအပိုင္း ေမးခြန္းထုတ္စရာခ်ည္းပဲ မဟုတ္ပါဘူး။ ေျခစြမ္းပိုင္းလည္း ပါပါတယ္။ ကိုင္လီ ေဝၚကာရဲ႕ ႀကံ့ခိုင္မႈနဲ႔အတူ ၾသဂုတ္လကတည္းက မန္ခ်က္စတာယူႏိုက္တက္အတြက္ လိဂ္ တစ္ပြဲပဲ ပြဲထြက္ပါဝင္ကစားေပးခဲ့ရလို႔ ပြဲကစားခ်ိန္ မရခဲ့တဲ့ ဟာရီ မက္ဂြိဳင္းယားရဲ႕ ေျခစြမ္းလည္း ပါပါတယ္။ အဲရစ္ ဒိုင္ယာ၊ လုခ္ေရွာ၊ အလက္ဇန္းဒါး-အာႏိုးတို႔ရဲ႕ ေျခစြမ္းလည္း ပါပါတယ္။ ထရစ္ပီယာက အခုအခ်ိန္ အသင္းလူစာရင္းထဲမွာ ပထမဦးစားေပး ေနာက္ခံကစားသမားေတြထဲက တစ္ဦးျဖစ္ရပါမယ္။ ဘန္ ဝႈိက္က အာဆင္နယ္မွာ ယုံၾကည္မႈအျပည့္ရွိေနၿပီး ဒီေနရာနဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ခ်က္ခ်မွတ္ဖို႔ ႀကီးမားတဲ့ ေတာင္းဆိုမႈအခ်ိဳ႕ရွိေနပါတယ္”

“ခင္ဗ်ား ၿပိဳင္ပြဲထဲကို မ်က္စိစုံမွိတ္ၿပီး ဝင္ကစားရတဲ့အခ်ိန္အခါမ်ိဳးေတြ ရွိပါတယ္။ ကြၽန္ေတာ္ အဲဒါကို အမ်ားစုထက္ ပိုၿပီးေတာ့ သိပါတယ္။ ကြၽန္ေတာ္ ယူ႐ို ၉၆ မတိုင္ခင္ အဂၤလန္အတြက္ ႏွစ္ေတာ္ေတာ္မ်ားမ်ား ဂိုမးသြင္းႏိုင္ခဲ့ဘဲ အီယန္ ႐ိုက္၊ လက္စ္ ဖာဒီနန္၊ အန္ဒီ ကိုး၊ ေရာ္ဘီ ေဖာင္လာ၊ ရွယ္ရင္ဟမ္တို႔လို တကယ္ေကာင္းတဲ့ကစားသမားေတြက ကြၽန္ေတာ့္ရဲ႕ေနရာကို ဝင္ယူခဲ့ၾကတယ္။ ကြၽန္ေတာ့္ကို ခ်န္လွပ္ခဲ့တဲ့အတြက္ ေတာ္ေတာ္ေလး အျငင္းအခုံျဖစ္ခဲ့ၾကပါတယ္။ တန္ျပန္ျငင္းခုံမႈက ကြၽန္ေတာ္ ဘလက္ဘန္း ႐ိုးဗားစ္အတြက္ ၃၅ ပြဲမွာ လိဂ္သြင္းဂိုး ၃၁ ဂိုးအထိ သြင္းယူႏိုင္ခဲ့တယ္ဆိုတာပါ။ မက္ဂြိဳင္းယားက ပါဝင္ကစားေပးရတာေတာင္ ရွားပါတယ္။ သူ႔ရဲ႕ ဂ်ာမနီနဲ႔ ၃-၃ သေရက်ခဲ့တဲ့ ေနးရွင္းလိဂ္ပြဲက ေျခစြမ္းကို ျပန္ၾကည့္ရင္ ယုံၾကည္မႈရေအာင္ လႈံ႕ေဆာ္ေပးႏိုင္ဖို႔ ေတာ္ေတာ္ခက္ပါတယ္”

“သူ႔ကို ခင္ဗ်ားရဲ႕ ပြဲထြက္ ၁၁ ဦးစာရင္းထဲ ေ႐ြးခ်ယ္တာက ႀကီးမားတဲ့ အေလာင္းအစားႀကီးလုပ္တာပါပဲ။ ဒါေပမယ့္ ျပႆနာက မက္ဂြိဳင္းယားဟာ သီးျခား ဥပမာတစ္ခု မဟုတ္တာပါ။ အသုံးမျပဳတာၾကာလို႔ ေျခစြမ္းမထက္ျမက္မႈနဲ႔ မလုံၿခဳံတဲ့ ခံစားခ်က္ေတြ ပိုမို က်ယ္က်ယ္ျပန႔္ျပန႔္ ရွိေနပါတယ္။ ကြၽန္ေတာ္ ခံစစ္ ၃ ဦးကစားကြက္နဲ႔ ဂါးရတ္ သြားမယ္လို႔ သံသယရွိမိပါတယ္။ ကြၽန္ေတာ္ဆိုရင္ေတာ့ အဲဒီလို မသြားပါဘူး။ ကြၽန္ေတာ္ကေတာ့ ခံစစ္ ၄ ဦးနဲ႔ပဲ သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.