International Other Leagues World Cup

တစ်ပွဲတည်း အနီကတ် ၁၀ ကတ်အထိ စံချိန်တင်ပြသခဲ့တဲ့ ကမ္ဘာ့ဖလားဒိုင်လူကြီး

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ယူကိုင်တွယ်ခွင့်ပေးအပ်ခြင်းခံထားရတဲ့ ဒိုင်လူကြီးတစ်ဦးဟာ အာဂျင်တီးနားက ဘောလုံးပွဲစဉ်တစ်ပွဲတည်းမှာ အနီကတ်ကို စံချိန်တင် ပြသပြီး စံချိန်သစ် ရေးထိုးခဲ့ပါတယ်။

ကွင်းလယ်ဒိုင် ဖာကွန်ဒို တယ်လိုဟာ ကာတာနိုင်ငံမှာ ယခုလနှောင်းပိုင်းမှာ ကျင်းမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို တာဝန်ယူကိုင်တွယ်မယ့် ဒိုင်လူကြီးတွေထဲက တစ်ဦးဖြစ်ပြီး အနောက်ဘက်ဘောင်းဘီအိတ်ကပ်ထဲက အနီကတ်ကို ၁၀ ကြိမ်အထိ အံ့အားသင့်ဖွယ် ထုတ်ပြခဲ့တာဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့ Trophy of Champions ဗိုလ်လုပွဲစဉ်အတွင်း အနီကတ်တွေ ပလူပျံခဲ့တာဖြစ်ပြီး ရေးဆင်းကလပ်ဟာ ဘိုကာ ဂျူနီယာအသင်းကို ဝရုန်းသုန်းကားအဖြစ်အပျက်တွေကြားကနေ ၂-၁ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။

မယုံနိုင်စရာကောင်းလောက်အောင်ပဲ ဘိုကာ ဂျူနီယာအသင်းဟာ ကစားသမား ၇ ဦးအထိ အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ရေးဆင်းအသင်းဘက်မှာလည်း ကစားသမား ၃ ဦးအထိ အနီကတ်နဲ့ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဘောလုံးပွဲဆိုရင် ကြမ်းကြမ်းလေးမှ ကြိုက်တတ်တဲ့ ကြားနေ ပရိသတ်တွေအတွက်တော့ တော်တော်လေး ရှုပ်ထွေးတဲ့ မြင်ကွင်းတွေကြောင့် သဘောကျစရာ ဖြစ်ခဲ့တာဖြစ်ပြီး ပွဲကစားချိန်က အချိန်ပိုကို ရောက်ရှိနေချိန်မှာ ရေးဆင်းကလပ်ကစားသမား ကားလို့စ် အဲကရက်ဇ်က အသင်းအတွက် နောက်ကျအနိုင်ဂိုးကို နောက်ဆုံးမိနစ်မှာ ခေါင်းတိုက်သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။

ဂိုးသွင်းအပြီး အောင်ပွဲခံရာမှာ အဲကရက်ဇ်က ရှပ်အင်္ကျီကို ချွတ်ပြီး ဘိုကာ ဂျူနီယာအသင်းပရိသတ်တွေကို ဒေါသထွက်အောင် အောင်ပွဲခံပြခဲ့တဲ့အတွက် ရေသန့်ဗူးတွေနဲ့ ပစ်ပေါက်ခြင်းကို ခံခဲ့ရပြီး ဘိုကာ ဂျူနီယာကစားသမားတွေကလည်း ရေးဆင်းကြယ်ပွင့်ကို လည်ပင်းညှစ်ပြီး နားရွက်ပါ ဆွဲခဲ့တဲ့အထိ ပွဲကြမ်းခဲ့ပြန်တာဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ကနေ အဲကရက်ဇ်ကိုယ်တိုင်ရော ၎င်းရဲ့ အသင်းဖော် ဂျော်နသန် ဂယ်လ်ဗင်တို့ဟာ အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရပြီး ဘိုကာ ဂျူနီယာကစားသမား ၅ ဦးကလည်း ခိုက်ရန်ဖြစ်ပွားမှုမှာ ပါဝင်ပတ်သက်မှုကြောင့် အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီအချိန်မှာ ရေးဆင်းနဲ့ ဘိုကာ ဂျူနီယာတို့ပွဲစဉ်အတွင်း အနီကတ် ၃ ကတ်အထိ ပြသထားပြီးဖြစ်တာကြောင့် စုစုပေါင်း အနီကတ် ၁၀ ကတ် ပြည့်မြောက်သွားခဲ့တာဖြစ်ပြီး ဒီလို အစုလိုက်အပြုံလိုက် ထုတ်ပယ်ခံရမှုကြောင့် ကွင်းထဲမှာ ဘိုကာ ဂျူနီယာကစားသမား ၄ ဦးနဲ့ ရေးဆင်းကလပ်ကစားသမား ၈ ဦး စုစုပေါင်း ၁၂ ဦးသာ ကွင်းထဲမှာ ပွဲပြီးဆုံးအောင် ကစားခဲ့ရတာ ဖြစ်ပါတယ်။

တယ်လိုကလည်း အနီကတ် ၁၀ ကတ်အထိ ပြသခဲ့တာကြောင့် ဘောလုံးပွဲစဉ်တစ်ပွဲအတွင်းမှာ အနီကတ်အများဆုံး ပြသခဲ့တဲ့ ဒိုင်လူကြီးအဖြစ် မှတ်တမ်းတင်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ယှဉ်ပြိုင်ကစားသွားမယ့်အသင်းတွေကတော့ ဒီဒိုင်လူကြီးနဲ့ မတွေ့ရဖို့ အခုကတည်းက ဆုတောင်းနေလောက်ပြီဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ တာဝန္ယူကိုင္တြယ္ခြင့္ေပးအပ္ျခင္းခံထားရတဲ့ ဒိုင္လူႀကီးတစ္ဦးဟာ အာဂ်င္တီးနားက ေဘာလုံးပြဲစဥ္တစ္ပြဲတည္းမွာ အနီကတ္ကို စံခ်ိန္တင္ ျပသၿပီး စံခ်ိန္သစ္ ေရးထိုးခဲ့ပါတယ္။

ကြင္းလယ္ဒိုင္ ဖာကြန္ဒို တယ္လိုဟာ ကာတာႏိုင္ငံမွာ ယခုလေႏွာင္းပိုင္းမွာ က်င္းမယ့္ ကမာၻ႔ဖလားၿပိဳင္ပြဲကို တာဝန္ယူကိုင္တြယ္မယ့္ ဒိုင္လူႀကီးေတြထဲက တစ္ဦးျဖစ္ၿပီး အေနာက္ဘက္ေဘာင္းဘီအိတ္ကပ္ထဲက အနီကတ္ကို ၁၀ ႀကိမ္အထိ အံ့အားသင့္ဖြယ္ ထုတ္ျပခဲ့တာျဖစ္ပါတယ္။ အာဂ်င္တီးနားရဲ႕ Trophy of Champions ဗိုလ္လုပြဲစဥ္အတြင္း အနီကတ္ေတြ ပလူပ်ံခဲ့တာျဖစ္ၿပီး ေရးဆင္းကလပ္ဟာ ဘိုကာ ဂ်ဴနီယာအသင္းကို ဝ႐ုန္းသုန္းကားအျဖစ္အပ်က္ေတြၾကားကေန ၂-၁ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ပါတယ္။

မယုံႏိုင္စရာေကာင္းေလာက္ေအာင္ပဲ ဘိုကာ ဂ်ဴနီယာအသင္းဟာ ကစားသမား ၇ ဦးအထိ အနီကတ္နဲ႔ ထုတ္ပယ္ျခင္း ခံခဲ့ရတာျဖစ္ၿပီး ေရးဆင္းအသင္းဘက္မွာလည္း ကစားသမား ၃ ဦးအထိ အနီကတ္နဲ႔ ထုတ္ပယ္ျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ေဘာလုံးပြဲဆိုရင္ ၾကမ္းၾကမ္းေလးမွ ႀကိဳက္တတ္တဲ့ ၾကားေန ပရိသတ္ေတြအတြက္ေတာ့ ေတာ္ေတာ္ေလး ရႈပ္ေထြးတဲ့ ျမင္ကြင္းေတြေၾကာင့္ သေဘာက်စရာ ျဖစ္ခဲ့တာျဖစ္ၿပီး ပြဲကစားခ်ိန္က အခ်ိန္ပိုကို ေရာက္ရွိေနခ်ိန္မွာ ေရးဆင္းကလပ္ကစားသမား ကားလို႔စ္ အဲကရက္ဇ္က အသင္းအတြက္ ေနာက္က်အႏိုင္ဂိုးကို ေနာက္ဆုံးမိနစ္မွာ ေခါင္းတိုက္သြင္းယူေပးသြားခဲ့တာျဖစ္ပါတယ္။

ဂိုးသြင္းအၿပီး ေအာင္ပြဲခံရာမွာ အဲကရက္ဇ္က ရွပ္အက်ႌကို ခြၽတ္ၿပီး ဘိုကာ ဂ်ဴနီယာအသင္းပရိသတ္ေတြကို ေဒါသထြက္ေအာင္ ေအာင္ပြဲခံျပခဲ့တဲ့အတြက္ ေရသန႔္ဗူးေတြနဲ႔ ပစ္ေပါက္ျခင္းကို ခံခဲ့ရၿပီး ဘိုကာ ဂ်ဴနီယာကစားသမားေတြကလည္း ေရးဆင္းၾကယ္ပြင့္ကို လည္ပင္းညႇစ္ၿပီး နား႐ြက္ပါ ဆြဲခဲ့တဲ့အထိ ပြဲၾကမ္းခဲ့ျပန္တာျဖစ္ပါတယ္။

အဲဒီျဖစ္စဥ္ကေန အဲကရက္ဇ္ကိုယ္တိုင္ေရာ ၎ရဲ႕ အသင္းေဖာ္ ေဂ်ာ္နသန္ ဂယ္လ္ဗင္တို႔ဟာ အနီကတ္နဲ႔ ထုတ္ပယ္ျခင္း ခံခဲ့ရၿပီး ဘိုကာ ဂ်ဴနီယာကစားသမား ၅ ဦးကလည္း ခိုက္ရန္ျဖစ္ပြားမႈမွာ ပါဝင္ပတ္သက္မႈေၾကာင့္ အနီကတ္နဲ႔ ထုတ္ပယ္ျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

အဲဒီအခ်ိန္မွာ ေရးဆင္းနဲ႔ ဘိုကာ ဂ်ဴနီယာတို႔ပြဲစဥ္အတြင္း အနီကတ္ ၃ ကတ္အထိ ျပသထားၿပီးျဖစ္တာေၾကာင့္ စုစုေပါင္း အနီကတ္ ၁၀ ကတ္ ျပည့္ေျမာက္သြားခဲ့တာျဖစ္ၿပီး ဒီလို အစုလိုက္အၿပဳံလိုက္ ထုတ္ပယ္ခံရမႈေၾကာင့္ ကြင္းထဲမွာ ဘိုကာ ဂ်ဴနီယာကစားသမား ၄ ဦးနဲ႔ ေရးဆင္းကလပ္ကစားသမား ၈ ဦး စုစုေပါင္း ၁၂ ဦးသာ ကြင္းထဲမွာ ပြဲၿပီးဆုံးေအာင္ ကစားခဲ့ရတာ ျဖစ္ပါတယ္။

တယ္လိုကလည္း အနီကတ္ ၁၀ ကတ္အထိ ျပသခဲ့တာေၾကာင့္ ေဘာလုံးပြဲစဥ္တစ္ပြဲအတြင္းမွာ အနီကတ္အမ်ားဆုံး ျပသခဲ့တဲ့ ဒိုင္လူႀကီးအျဖစ္ မွတ္တမ္းတင္ခဲ့ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ကစားသြားမယ့္အသင္းေတြကေတာ့ ဒီဒိုင္လူႀကီးနဲ႔ မေတြ႕ရဖို႔ အခုကတည္းက ဆုေတာင္းေနေလာက္ၿပီျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.