International Premier League World Cup

မာတီနယ်လီ လက်ရွေးစင်ထဲပါလာတဲ့အပေါ် နေမာရဲ့တုံ့ပြန်မှုကို သတိပြုမိခဲ့တဲ့ ပရိသတ်များ

လူမှုကွန်ရက်ပေါ်က ပရိသတ်အချို့ဟာ အာဆင်နယ်ကြယ်ပွင့် ဂါဘရီယဲလ် မာတီနယ်လီရဲ့နာမည်ကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်လက်ရွေးစင်လူစာရင်းကြေညာချိန်အတွင်း ကြေညာခဲ့ချိန်မှာ နေမာရဲ့ မျက်နှာက အံ့အားသင့်ပုံပေါ်သွားခဲ့တယ်လို့ ထင်မြင်နေကြပါတယ်။

တနင်္လာနေ့ညနေမှာ ဘရာဇီးလ်လက်ရွေးစင်နည်းပြ တီတီဟာ ကာတာမှာ ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်လက်ရွေးစင် ၂၆ ဦးစာရင်းကို အတည်ပြု ကြေညာခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် အန်တိုနီ၊ ပုံမှန်ခြေစွမ်းပြသနေတဲ့ နယူးကာဆယ်လ်ကြယ်ပွင့် ဘရူနို ဂီမာရေးစ်တို့အပါအဝင် ကစားသမားအများအပြား ပါဝင်ခဲ့တာဖြစ်ပါတယ်။

အန်တိုနီနဲ့ ဘရူနို ဂီမာရေးစ်တို့ဟာ ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံခဲ့ရတာကြောင့် အောင်ပွဲခံခဲ့တဲ့ ဗီဒီယိုဖိုင်တွေ လူမှုကွန်ရက်ပေါ် တင်ခဲ့ကြတာဖြစ်ပြီး နေမာလို ကြယ်ပွင့်ကစားသမားတောင်မှ အဲဒီလို လက်ရွေးစင်လူစာရင်း ကြေညာတာကို စောင့်မျှော်နားထောင်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးဟာ ၎င်းရဲ့နာမည် ခေါ်မှာကို စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းနေခဲ့ပေမယ့် ပရိသတ်တွေက ဂါဘရီယဲလ် ဂျေဆူးစ်နဲ့ ဂါဘရီယဲလ် မာတီနယ်လီတို့ကို ရွေးချယ်မှုနဲ့ပတ်သက်ပြီး နေမာရဲ့ တုံ့ပြန်မှုကို မြင်တွေ့ခဲ့ကြတာဖြစ်ပါတယ်။

ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရချက်အရ အာဆင်နယ် တိုက်စစ်မှူး ဂါဘရီယဲလ် ဂျေဆူးစ်က တီတီရဲ့ ၂၆ ဦးလူစာရင်းထဲမှာ ပထမဆုံးကြေညာခြင်းခံခဲ့ရတဲ့ တိုက်စစ်မှူးဖြစ်ပြီး ပြီးတဲ့နောက်မှာတော့ ဂါဘရီယဲလ် မာတီနယ်လီရဲ့နာမည်ကို ကြေညာခဲ့တာ ဖြစ်ပါတယ်။ တွစ်တာအကောင့်@afcstuff က “ဘရာဇီးလ်အထင်ကရတိုက်စစ်မှူး နေမာရဲ့ ဂါဘရီယဲလ် မာတီနယ်လီရဲ့ နာမည် ဘရာဇီးလ်လက်ရွေးစင်လူစာရင်းထဲ ဒီနေ့ ညနေ ကြေညာခြင်းခံခဲ့ရတာကို အံ့သြတကြီး တုံ့ပြန်မှု”လို့ ရေးသားခဲ့တာဖြစ်ပြီး နောက်ထပ်ပရိသတ်တစ်ဦးက “သူက ဂါဘရီယဲလ် ဂျေဆူးစ်အတွက် ပျော်ရွှင်ခဲ့ပေမယ့် မာတီနယ်လီနဲ့ပတ်သက်ပြီးတော့ အံ့အားသင့်ခဲ့တယ်လို့ ခင်ဗျား ပြောလို့ရတယ်”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

မာတီနယ်လီဟာ တီတီရဲ့ ကမ္ဘာ့ဖလားလူစာရင်းမကြေညာခင်မှာ ရွေးချယ်ခြင်းခံရမှာမဟုတ်ဘူးလု့ိ ပြောဆိုမှုတွေ ရှိနေခဲ့တာဖြစ်ပြီး တနင်္လာနေ့နံနက်မှာ ဘရာဇီးလ်ဂျာနယ်လစ် ဘရူနို အန်ဒရာဂျီက အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူးမဝင်တဲ့ ဘရာဇီးလ် ၂၆ ဦး လူစာရင်းကို တင်ခဲ့တာဖြစ်ပါတယ်။

မာတီနယ်လီအစား ဘရာဇီးလ်လက်ရွေးစင်အသင်းမှာ ရွေးချယ်ခြင်း မခံခဲ့ရတာကတော့ လီဗာပူးလ်ကြယ်ပွင့် ရောဘတ်တို ဖာမီနိုဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ကက်စမီရို၊ လီဗာပူးလ်ကြယ်ပွင့်တွေဖြစ်တဲ့ ဖာဘင်ညို၊ အယ်လစ်ဆန်နဲ့ လူးကပ်စ် ပါကယ်တာ၊ သီယေဂို ဆေးလ်ဗားနဲ့ ရစ်ချာလီဆန်တို့လည်း မာတီနယ်လီနဲ့အတူ ကာတာကို လိုက်ပါရမှာ ဖြစ်ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးလ်ရဲ့ ၂၆ ဦး လူစာရင်း

ဂိုး-အယ်လစ်ဆန်(လီဗာပူးလ်)၊အီဒါဆန်(မန်စီးတီး)၊ဝီဗာတန်(ပါးမီးရပ်စ်)

နောက်တန်း-ဒန်နီ အဲဗက်စ်(ပူးမက်စ်)၊ဒါနီလို(ဂျူဗင်တပ်)၊ အဲလက်စ် ဆန်ဒရို(ဂျူဗင်တပ်)၊ အဲလက်စ် တဲလက်စ်(ဆီဗီလာ)၊ ဘရီမာ(ဂျူဗင်တပ်)၊ အီဒါ မီလီတာအို(ရီးရဲလ်)၊ မာကင်ညို့စ်(ပီအက်စ်ဂျီ)၊ သီယေဂို ဆေးလ်ဗား(ချဲလ်ဆီး)

ကွင်းလယ်-ဘရူနို ဂီမာရေးစ်(နယူးကာဆယ်လ်)၊ ကက်စမီရို(မန်ချက်စတာယူနိုက်တက်)၊ ဖာဘင်ညို(လီဗာပူးလ်)၊ ဖရက်ဒ်(မန်ချက်စတာယူနိုက်တက်)၊ အဲဗာတန် ရီဘဲရိုး(ဖလာမင်ဂို)၊ လူးကပ်စ် ပါကယ်တာ(ဝက်စ်ဟမ်း)

ရှေ့တန်း-အန်တိုနီ(မန်ချက်စတာယူနိုက်တက်)၊ ဂါဘရီယဲလ် ဂျေဆူးစ်(အာဆင်နယ်)၊ ဂါဘရီယဲလ် မာတီနယ်လီ(အာဆင်နယ်)၊ နေမာ(ပီအက်စ်ဂျီ)၊ ပက်ဒရို(ဖလာမင်ဂို)၊ ရာဖင်ညာ(ဘာစီလိုနာ)၊ ရစ်ချာလီဆန်(စပါးစ်)၊ ရိုဒရီဂို(ရီးရဲလ်)၊ ဗင်နီးရှပ်စ် ဂျူနီယာ(ရီးရဲလ်)။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

လူမႈကြန္ရက္ေပၚက ပရိသတ္အခ်ိဳ႕ဟာ အာဆင္နယ္ၾကယ္ပြင့္ ဂါဘရီယဲလ္ မာတီနယ္လီရဲ႕နာမည္ကို ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ဘရာဇီးလ္လက္ေ႐ြးစင္လူစာရင္းေၾကညာခ်ိန္အတြင္း ေၾကညာခဲ့ခ်ိန္မွာ ေနမာရဲ႕ မ်က္ႏွာက အံ့အားသင့္ပုံေပၚသြားခဲ့တယ္လို႔ ထင္ျမင္ေနၾကပါတယ္။

တနလၤာေန႔ညေနမွာ ဘရာဇီးလ္လက္ေ႐ြးစင္နည္းျပ တီတီဟာ ကာတာမွာ က်င္းပမယ့္ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ဘရာဇီးလ္လက္ေ႐ြးစင္ ၂၆ ဦးစာရင္းကို အတည္ျပဳ ေၾကညာခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ အန္တိုနီ၊ ပုံမွန္ေျခစြမ္းျပသေနတဲ့ နယူးကာဆယ္လ္ၾကယ္ပြင့္ ဘ႐ူႏို ဂီမာေရးစ္တို႔အပါအဝင္ ကစားသမားအမ်ားအျပား ပါဝင္ခဲ့တာျဖစ္ပါတယ္။

အန္တိုနီနဲ႔ ဘ႐ူႏို ဂီမာေရးစ္တို႔ဟာ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရတာေၾကာင့္ ေအာင္ပြဲခံခဲ့တဲ့ ဗီဒီယိုဖိုင္ေတြ လူမႈကြန္ရက္ေပၚ တင္ခဲ့ၾကတာျဖစ္ၿပီး ေနမာလို ၾကယ္ပြင့္ကစားသမားေတာင္မွ အဲဒီလို လက္ေ႐ြးစင္လူစာရင္း ေၾကညာတာကို ေစာင့္ေမွ်ာ္နားေထာင္ခဲ့တာျဖစ္ပါတယ္။ ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးဟာ ၎ရဲ႕နာမည္ ေခၚမွာကို စိတ္ရွည္ရွည္နဲ႔ ေစာင့္ဆိုင္းေနခဲ့ေပမယ့္ ပရိသတ္ေတြက ဂါဘရီယဲလ္ ေဂ်ဆူးစ္နဲ႔ ဂါဘရီယဲလ္ မာတီနယ္လီတို႔ကို ေ႐ြးခ်ယ္မႈနဲ႔ပတ္သက္ၿပီး ေနမာရဲ႕ တုံ႔ျပန္မႈကို ျမင္ေတြ႕ခဲ့ၾကတာျဖစ္ပါတယ္။

ဗီဒီယိုဖိုင္ထဲမွာ ျမင္ေတြ႕ရခ်က္အရ အာဆင္နယ္ တိုက္စစ္မႉး ဂါဘရီယဲလ္ ေဂ်ဆူးစ္က တီတီရဲ႕ ၂၆ ဦးလူစာရင္းထဲမွာ ပထမဆုံးေၾကညာျခင္းခံခဲ့ရတဲ့ တိုက္စစ္မႉးျဖစ္ၿပီး ၿပီးတဲ့ေနာက္မွာေတာ့ ဂါဘရီယဲလ္ မာတီနယ္လီရဲ႕နာမည္ကို ေၾကညာခဲ့တာ ျဖစ္ပါတယ္။ တြစ္တာအေကာင့္@afcstuff က “ဘရာဇီးလ္အထင္ကရတိုက္စစ္မႉး ေနမာရဲ႕ ဂါဘရီယဲလ္ မာတီနယ္လီရဲ႕ နာမည္ ဘရာဇီးလ္လက္ေ႐ြးစင္လူစာရင္းထဲ ဒီေန႔ ညေန ေၾကညာျခင္းခံခဲ့ရတာကို အံ့ၾသတႀကီး တုံ႔ျပန္မႈ”လို႔ ေရးသားခဲ့တာျဖစ္ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးက “သူက ဂါဘရီယဲလ္ ေဂ်ဆူးစ္အတြက္ ေပ်ာ္႐ႊင္ခဲ့ေပမယ့္ မာတီနယ္လီနဲ႔ပတ္သက္ၿပီးေတာ့ အံ့အားသင့္ခဲ့တယ္လို႔ ခင္ဗ်ား ေျပာလို႔ရတယ္”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

မာတီနယ္လီဟာ တီတီရဲ႕ ကမာၻ႔ဖလားလူစာရင္းမေၾကညာခင္မွာ ေ႐ြးခ်ယ္ျခင္းခံရမွာမဟုတ္ဘူးလု႔ိ ေျပာဆိုမႈေတြ ရွိေနခဲ့တာျဖစ္ၿပီး တနလၤာေန႔နံနက္မွာ ဘရာဇီးလ္ဂ်ာနယ္လစ္ ဘ႐ူႏို အန္ဒရာဂ်ီက အသက္ ၂၁ ႏွစ္အ႐ြယ္ တိုက္စစ္မႉးမဝင္တဲ့ ဘရာဇီးလ္ ၂၆ ဦး လူစာရင္းကို တင္ခဲ့တာျဖစ္ပါတယ္။

မာတီနယ္လီအစား ဘရာဇီးလ္လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ျခင္း မခံခဲ့ရတာကေတာ့ လီဗာပူးလ္ၾကယ္ပြင့္ ေရာဘတ္တို ဖာမီႏိုျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူ ကက္စမီ႐ို၊ လီဗာပူးလ္ၾကယ္ပြင့္ေတြျဖစ္တဲ့ ဖာဘင္ညိဳ၊ အယ္လစ္ဆန္နဲ႔ လူးကပ္စ္ ပါကယ္တာ၊ သီေယဂို ေဆးလ္ဗားနဲ႔ ရစ္ခ်ာလီဆန္တို႔လည္း မာတီနယ္လီနဲ႔အတူ ကာတာကို လိုက္ပါရမွာ ျဖစ္ပါတယ္။

၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ ဘရာဇီးလ္ရဲ႕ ၂၆ ဦး လူစာရင္း

ဂိုး-အယ္လစ္ဆန္(လီဗာပူးလ္)၊အီဒါဆန္(မန္စီးတီး)၊ဝီဗာတန္(ပါးမီးရပ္စ္)

ေနာက္တန္း-ဒန္နီ အဲဗက္စ္(ပူးမက္စ္)၊ဒါနီလို(ဂ်ဴဗင္တပ္)၊ အဲလက္စ္ ဆန္ဒ႐ို(ဂ်ဴဗင္တပ္)၊ အဲလက္စ္ တဲလက္စ္(ဆီဗီလာ)၊ ဘရီမာ(ဂ်ဴဗင္တပ္)၊ အီဒါ မီလီတာအို(ရီးရဲလ္)၊ မာကင္ညိဳ႕စ္(ပီအက္စ္ဂ်ီ)၊ သီေယဂို ေဆးလ္ဗား(ခ်ဲလ္ဆီး)

ကြင္းလယ္-ဘ႐ူႏို ဂီမာေရးစ္(နယူးကာဆယ္လ္)၊ ကက္စမီ႐ို(မန္ခ်က္စတာယူႏိုက္တက္)၊ ဖာဘင္ညိဳ(လီဗာပူးလ္)၊ ဖရက္ဒ္(မန္ခ်က္စတာယူႏိုက္တက္)၊ အဲဗာတန္ ရီဘဲ႐ိုး(ဖလာမင္ဂို)၊ လူးကပ္စ္ ပါကယ္တာ(ဝက္စ္ဟမ္း)

ေရွ႕တန္း-အန္တိုနီ(မန္ခ်က္စတာယူႏိုက္တက္)၊ ဂါဘရီယဲလ္ ေဂ်ဆူးစ္(အာဆင္နယ္)၊ ဂါဘရီယဲလ္ မာတီနယ္လီ(အာဆင္နယ္)၊ ေနမာ(ပီအက္စ္ဂ်ီ)၊ ပက္ဒ႐ို(ဖလာမင္ဂို)၊ ရာဖင္ညာ(ဘာစီလိုနာ)၊ ရစ္ခ်ာလီဆန္(စပါးစ္)၊ ႐ိုဒရီဂို(ရီးရဲလ္)၊ ဗင္နီးရွပ္စ္ ဂ်ဴနီယာ(ရီးရဲလ္)။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.